HomeCelebs Update NewsInternationalအခက်အခဲတွေကို နှစ်ယောက်တူတူ ရင်ဆိုင်ရင်း ပိုမိုခိုင်မြဲလာကြတဲ့ Zayn နဲ့ Gigi 

အခက်အခဲတွေကို နှစ်ယောက်တူတူ ရင်ဆိုင်ရင်း ပိုမိုခိုင်မြဲလာကြတဲ့ Zayn နဲ့ Gigi 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဟောလိဝုဒ်ရဲ့ နာမည်ကျော်ဆယ်လီစုံတွဲတွေထဲမှာ Zayn နဲ့ Gigi Hadid တို့အတွဲဟာလည်း ပရိသတ်တွေ အားကျစိတ်ဝင်စားရတဲ့ အတွဲတစ်တွဲ ဖြစ်ပါတယ်။ Zayn ဟာ လူငယ်ပရိသတ်တွေ တခဲနက်အားပေးခံခဲ့ရတဲ့ One Direction အဖွဲ့ဝင်ဟောင်းဖြစ်သလို solo artist အနေနဲ့ပါ အောင်မြင်ကျော်ကြားမှုကို အသက်ငယ်ငယ်လေးနဲ့ ရရှိထားသူဖြစ်သလို တစ်ဖက်မှာလည်း Gigi Hadid ဟာ နာမည်ကျော် စူပါမော်ဒယ်လ်တစ်ယောက် ဖြစ်ရုံသာမက မျိုးဆက်သစ်တွေကြားမှာ လူသိအများဆုံး personality တစ်ဦးလည်း ဖြစ်တာကြောင့် သူတို့နှစ်ဦးရဲ့အချစ်ရေးဟာ ချောမွေ့ဖို့ထက် အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။

သူတို့စုံတွဲဟာ ပြတ်လိုက်၊ တွဲလိုက်နဲ့ အကြိမ်ပေါင်းများစွာ ဖြစ်ခဲ့ဖူးပြီး နောက်ဆုံးမှာတော့ ချစ်ခြင်းတရားက အနိုင်ရရှိကာ အခုဆိုရင် Gigi မှာ Zayn နဲ့ရတဲ့ ကိုယ်ဝန်ကိုပါ လွယ်ထားရပြီ ဖြစ်ပါတယ်။ ဒီနာမည်ကျော်စုံတွဲရဲ့ အချစ်ခရီးလမ်းတစ်လျှောက် ဖြတ်သန်းခဲ့ရတဲ့ ဖြစ်စဉ်တွေကို ပြန်ပြောင်းကြည့်လိုက်မယ်ဆိုရင်တော့ …

Photo: gigi_and_zayn/ Instagram
Zayn နဲ့ Gigi တို့နှစ်ဦးစလုံးဟာ anxiety လို့ခေါ်တဲ့ စိတ်ပူပန်မှုဝေဒနာကို ခံစားခဲ့ကြရပါတယ်။

anxiety ဆိုတာဟာ စိတ်ဖိစီးမှုတွေ များပြားလာတဲ့အခါ ခန္ဓာကိုယ်က သဘာဝအလျောက် တုံ့ပြန်တဲ့အရာဖြစ်ပြီး တစ်ခုခုလုပ်ဖို့ကို သောကများတာ၊ ပူပန်ပြီး နေမရထိုင်မရ ဖြစ်တာမျိုးကို ခေါ်ဆိုပါတယ်။ သူတို့လို လူအများကြီးရှေ့ကို အမြဲတမ်း ထွက်ပြီး ဖျော်ဖြေနေရတဲ့သူတွေအဖို့မှာတော့ ဒီစိတ်အခြေအနေဟာ အမြဲလိုလို ဖြစ်နေတတ်တာကြောင့် စိတ်ကျန်းမာရေးကိုပါ အနေအထားတစ်ခုအထိ ထိခိုက်မှု ဖြစ်စေပါတယ်။

ဒီစိတ်အခြေအနေကြောင့်ပဲ Zayn နဲ့ Gigi တို့ နီးစပ်ခဲ့ရသလား၊ ဒါမှမဟုတ် သူတို့ကို ဝေးကွာစေတာလား ဆိုတာကတော့ ပြောရခက်ပါတယ်။ သို့ပေမယ့် နှစ်ယောက်စလုံးဟာ သူတို့ခံစားနေရတဲ့ စိတ်အခြေအနေတွေကို ဖုံးကွယ်မထားဘဲ ပရိသတ်တွေကို အမြဲတမ်း ဖွင့်ဟဝန်ခံခဲ့ကြပါတယ်။

Photo: zayn/ Instagram

Zayn ဟာ ထောင်နဲ့ချီတဲ့ ပရိသတ်တွေရှေ့မှာ ဖျော်ဖြေရတဲ့ အဆိုတော်တစ်ယောက်အနေနဲ့ စိတ်ပူပန်မှုဝေဒနာကို အမြဲတမ်း ခံစားခဲ့ရတဲ့အကြောင်း Time မဂ္ဂဇင်းမှာ အက်ဆေးတစ်ပုဒ်ရေးပြီး အသိပေးခဲ့ဖူးပါတယ်။ ဒါ့အပြင် သူဟာ eating disorder လို့ခေါ်တဲ့ စိတ်ဖိစီးမှုကြောင့် မူမမှန်တဲ့ စားသောက်ပုံနဲ့ နေထိုင်စားသောက်ခဲ့ကြောင်းကိုလည်း သူ့ရဲ့ပရိသတ်တွေကို ဖွင့်ဟခဲ့ပါသေးတယ်။ Zayn ဟာ anxiety က ပေးတဲ့ ဝေဒနာတွေကြောင့် ၂၀၁၆ခုနှစ်ဝန်းကျင်မှာ ရှိုးပေါင်းများစွာကို ပယ်ဖျက်ရတဲ့အထိ ဖြစ်ခဲ့ဖူးသူပါ။

Zayn လိုပဲ Gigi ဟာလည်း စိတ်ကျန်းမာရေးနဲ့ ပတ်သက်ရင် အမြဲတမ်း ဖွင့်ဟပြောဆိုတတ်သူ ဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်မှာဆိုရင် Reebok က ပြုလုပ်တဲ့ စိတ်ကျန်းမာရေး ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်ပြီး နှစ်ပေါင်းများစွာ သူမ ခံစားခဲ့ရတဲ့ anxiety အကြောင်း အတွေ့အကြုံတွေကို ဝေမျှခဲ့ပါသေးတယ်။

Photo: gigihadid/ Instagram

Gigi ဟာ အင်တာဗျူးတွေ ပြုလုပ်ရကာနီးတိုင်း၊ ပွဲအကြီးကြီးတွေရှေ့မှာ မော်ဒယ်လ်အဖြစ် လျှောက်လှမ်းရကာနီးတိုင်းမှာ anxiety ကို ခံစားရလေ့ ရှိကြောင်း ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ဆိုရှယ်မီဒီယာကြောင့်လည်း စိတ်ပူပန်ပြီး ရတက်မအေးတဲ့ ဝေဒနာတွေကို ခံစားရတယ်လို့ ဆိုထားပါသေးတယ်။ သူမဟာ စူပါမော်ဒယ်လ်တစ်ယောက်အနေနဲ့ သူမ တင်လိုက်တဲ့ ပို့စ်တစ်ခုတိုင်း၊ ဓာတ်ပုံတစ်ပုံတိုင်းက လုံးဝပြီးပြည့်စုံနေအောင် အမြဲတမ်း ကြိုးစားနေရတာကြောင့် တစ်ခါတစ်ရံမှာဆို အားလုံးကို ပစ်ချပြီး ကိုယ့်ရဲ့အတွင်းစိတ်ကသာ အရေးကြီးတဲ့အရာဖြစ်ကြောင်း ကိုယ့်ကိုယ်ကို သတိပေးရတယ်လို့လည်း ဖွင့်ဟဖူးပါတယ်။

သူတို့နှစ်ဦးဟာ နှစ်ပေါင်းများစွာ တွဲလိုက် ပြတ်လိုက် ဖြစ်ခဲ့ဖူးပါတယ်။

ဒီနှစ်ယောက် ဘယ်နှကြိမ် ပြတ်ဖူးလည်းဆိုတာ ထိုင်ပြီးရေတွက်မယ်ဆိုရင်တောင် အဆင်မပြေလောက်ပါဘူး။ သူတို့ဟာ အကြိမ်ကြိမ် လမ်းခွဲခဲ့ဖူးသလို ပြတ်နေတဲ့အချိန်မှာလည်း တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ချစ်ကြောင်း ဖွင့်ဟဝန်ခံခဲ့ကြဖူးပါတယ်။

Photo: gigi_and_zayn/ Instagram

သူတို့နှစ်ဦး စတွဲခဲ့ကြချိန်ကတော့ ၂၀၁၅ခုနှစ် နိုဝင်ဘာလမှာ ဖြစ်ပါတယ်။ သူတို့ဟာ ချစ်သူတွေ မဖြစ်ခင်တုန်းက ဆိုင်သူတွေကိုယ်စီ ရှိခဲ့ကြတာပါ။ Zayn ဟာ Gigi နဲ့ မတွဲခင်တုန်းက Little Mix အဖွဲ့က Perrie Edwards နဲ့ စေ့စပ်ထားခဲ့တာဖြစ်သလို Gigi ကလည်း Jonas Brothers အဖွဲ့က Joe Jonas နဲ့ တွဲနေခဲ့တာပါ။ နှစ်ယောက်လုံးဟာ တကယ့် နာမည်ကြီး ထိတ်ထိတ်ကျဲတွေနဲ့ တွဲခဲ့ကြတာဖြစ်ပေမယ့် ဖြစ်ပေါ်လာတဲ့ အချစ်ကို မလွန်ဆန်နိုင်ခဲ့ကြပါဘူး။

အဲ့ဒီ့နောက်ပိုင်းကစလို့ သူတို့နှစ်ဦးဟာ music video တွေ၊ မဂ္ဂဇင်းမျက်နှာဖုံးကာဗာတွေမှာ အတူတူ သရုပ်ဆောင်ခဲ့ကြသလို တစ်ယောက်ကို တစ်ယောက် ဘယ်လောက်ချစ်တဲ့အကြောင်းတွေကိုလည်း ဆိုရှယ်မီဒီယာမှာ အပြန်အလှန် ရေးသားခဲ့ကြပါတယ်။ အားလပ်ရက်တွေမှာ ခရီးတွေ အတူတူထွက်ခဲ့ကြသလို နှစ်ဘက်မိသားစုတွေနဲ့ တွေ့ဆုံပြီး ရင်းနှီးမှု ရယူခဲ့ကြပါတယ်။ လမ်းခွဲထားတဲ့အချိန်တွေမှာလည်း တစ်ယောက်ရဲ့နေအိမ်ကို တစ်ယောက်က သွားတာမျိုး ရှိခဲ့သလို တကယ်ပြတ်ပြီဆိုပြီး ပို့စ်တင်ရေးတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

Photo: gigi_and_zayn/ Instagram
anxiety ကြောင့်ပဲ မကြာခဏ လမ်းခွဲပြတ်စဲခဲ့ရပါတယ်။

Zayn ရဲ့ စိတ်ကျန်းမာရေး အခြေအနေဟာ တစ်ခါတစ်ရံမှာတော့ Gigi အတွက် ကိုင်တွယ်ရ ခက်ခဲတာမျိုး ဖြစ်စေခဲ့ပါတယ်။ ဥပမာပြောရရင် Zayn တစ်ယောက် စိတ်တွေတအားရှုပ်ပြီး ဖိအားတွေများနေတဲ့အတွက် နယ်လှည့်ဖျော်ဖြေတဲ့ Tour တွေကို တစ်နှစ်လောက် ရပ်နားပြီး စိတ်ကျန်းမာရေးကို အာရုံစိုက်ဖို့ Gigi က တိုက်တွန်းဖူးပါတယ်။

အကြောင်းကတော့ tour တွေသွားနေရင်း Zayn မှာ panic attack လိုမျိုး ကြုံလာတဲ့အခါ သူမ ဘာမှလုပ်ပေးနိုင်မှာ မဟုတ်တဲ့အတွက် စိတ်ပူလို့ ဖြစ်ပါတယ်။ Zayn ဟာ anxiety တွေ တအားများလာတဲ့အခါ panic attack လိုမျိုး ဖြစ်လေ့ရှိပြီး တစ်ခါတစ်လေဆိုရင် အသက်ရှူလို့မရတာ၊ ခန္ဓာကိုယ် လှုပ်လို့မရတော့တဲ့ အခြေအနေတွေအထိ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

Photo: gigi_and_zayn/ Instagram

နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ လူတွေနဲ့တွေ့ပြီး ပျော်ပျော်နေတတ်တဲ့ Gigi ရဲ့ lifestyle ကို သဘောမတွေ့တဲ့ Zayn ရဲ့ စိတ်ကြောင့် ဖြစ်ပါတယ်။ Gigi ဟာ လူချစ်လူခင်များပြီး သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ သွားလာစားသောက်ကာ ပျော်ပျော်ပါးပါး နေတတ်ပေမယ့် ဒီလို public ရှေ့တွေမှာ သွားလာတာမျိုးကို Zayn ကတော့ သဘောကျလေ့ မရှိပါဘူး။ နှစ်ယောက် စိတ်သဘောထား မတိုက်ဆိုင်မှုတွေကြောင့်ပဲ မကြာခဏ လမ်းခွဲမှုတွေကို ဖြစ်ပွားစေတယ်လို့ ပြောရမှာပါ။

အခက်ခဲဆုံးအချိန်တွေကို အချစ်စစ်နဲ့ ဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။

ယခုနှစ်နှောင်းပိုင်းမှာ Gigi နဲ့ Zayn တို့ရဲ့ ရင်သွေးလေး မွေးဖွားပြီးတဲ့အခါ သူတို့နှစ်ဦးရဲ့ ချစ်သက်တမ်းဟာ ငါးနှစ်ဝန်းကျင်ကို ရောက်ရှိနေမှာပါ။ Gigi နဲ့ Zayn တို့ရဲ့ ချစ်ခရီးလမ်းအတွက်ကတော့ အချိန်ကာလထက် ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေက ပိုပြီးတန်ဖိုးရှိနေမှာ အမှန်ပါပဲ။

Photo: gigihadid/ Instagram

နှစ်ဦးစလုံးဟာ ကိုယ့်နယ်ပယ်မှာကိုယ် အောင်မြင်နေပြီး သွားလေရာတိုင်းမှာ ကင်မရာသမားတွေ ဝန်းရံခံနေရတဲ့ဘဝဟာ စိတ်ကျဉ်းကျပ်ဖို့ကောင်းတာကြောင့် တစ်ခါတစ်လေမှာလည်း ကိုယ့်စိတ်တိုင်းမကျလို့ ထင်ရာကျဲမိတာတွေ ရှိကောင်းရှိကြမှာပါ။ သို့ပေမယ့် အပြန်အလှန် နားလည်မှု၊ ရင့်ကျက်မှုနဲ့ ဖေးမကူညီမှုတို့က သူတို့ရဲ့အချစ်ခရီးလမ်းကို အခုလို ခိုင်မြဲစေခဲ့တာလို့ ဆိုနိုင်ပါလိမ့်မယ်။

မကြာခင်မှာ ရင်သွေးလေးလည်း တိုးပွားလာတော့မယ့် Zayn နဲ့ Gigi တို့ရဲ့ ချစ်ခရီးလမ်းဟာလည်း နောက်ထပ် နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲပြီး ပျော်ရွှင်အေးချမ်းကြပါစေလို့ ဆုမွန်ခြွေလိုက်ရပါတယ်။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေဟာလိဝုဒ္ရဲ႕ နာမည္ေက်ာ္ဆယ္လီစုံတြဲေတြထဲမွာ Zayn နဲ႔ Gigi Hadid တို႔အတြဲဟာလည္း ပရိသတ္ေတြ အားက်စိတ္ဝင္စားရတဲ့ အတြဲတစ္တြဲ ျဖစ္ပါတယ္။ Zayn ဟာ လူငယ္ပရိသတ္ေတြ တခဲနက္အားေပးခံခဲ့ရတဲ့ One Direction အဖြဲ႕ဝင္ေဟာင္းျဖစ္သလို solo artist အေနနဲ႔ပါ ေအာင္ျမင္ေက်ာ္ၾကားမႈကို အသက္ငယ္ငယ္ေလးနဲ႔ ရရွိထားသူျဖစ္သလို တစ္ဖက္မွာလည္း Gigi Hadid ဟာ နာမည္ေက်ာ္ စူပါေမာ္ဒယ္လ္တစ္ေယာက္ ျဖစ္႐ုံသာမက မ်ိဳးဆက္သစ္ေတြၾကားမွာ လူသိအမ်ားဆုံး personality တစ္ဦးလည္း ျဖစ္တာေၾကာင့္ သူတို႔ႏွစ္ဦးရဲ႕အခ်စ္ေရးဟာ ေခ်ာေမြ႕ဖို႔ထက္ အခက္အခဲမ်ားစြာကို ရင္ဆိုင္ခဲ့ရပါတယ္။

သူတို႔စုံတြဲဟာ ျပတ္လိုက္၊ တြဲလိုက္နဲ႔ အႀကိမ္ေပါင္းမ်ားစြာ ျဖစ္ခဲ့ဖူးၿပီး ေနာက္ဆုံးမွာေတာ့ ခ်စ္ျခင္းတရားက အႏိုင္ရရွိကာ အခုဆိုရင္ Gigi မွာ Zayn နဲ႔ရတဲ့ ကိုယ္ဝန္ကိုပါ လြယ္ထားရၿပီ ျဖစ္ပါတယ္။ ဒီနာမည္ေက်ာ္စုံတြဲရဲ႕ အခ်စ္ခရီးလမ္းတစ္ေလွ်ာက္ ျဖတ္သန္းခဲ့ရတဲ့ ျဖစ္စဥ္ေတြကို ျပန္ေျပာင္းၾကည့္လိုက္မယ္ဆိုရင္ေတာ့ …

Photo: gigi_and_zayn/ Instagram
Zayn နဲ႔ Gigi တို႔ႏွစ္ဦးစလုံးဟာ anxiety လို႔ေခၚတဲ့ စိတ္ပူပန္မႈေဝဒနာကို ခံစားခဲ့ၾကရပါတယ္။

anxiety ဆိုတာဟာ စိတ္ဖိစီးမႈေတြ မ်ားျပားလာတဲ့အခါ ခႏၶာကိုယ္က သဘာဝအေလ်ာက္ တုံ႔ျပန္တဲ့အရာျဖစ္ၿပီး တစ္ခုခုလုပ္ဖို႔ကို ေသာကမ်ားတာ၊ ပူပန္ၿပီး ေနမရထိုင္မရ ျဖစ္တာမ်ိဳးကို ေခၚဆိုပါတယ္။ သူတို႔လို လူအမ်ားႀကီးေရွ႕ကို အၿမဲတမ္း ထြက္ၿပီး ေဖ်ာ္ေျဖေနရတဲ့သူေတြအဖို႔မွာေတာ့ ဒီစိတ္အေျခအေနဟာ အၿမဲလိုလို ျဖစ္ေနတတ္တာေၾကာင့္ စိတ္က်န္းမာေရးကိုပါ အေနအထားတစ္ခုအထိ ထိခိုက္မႈ ျဖစ္ေစပါတယ္။

ဒီစိတ္အေျခအေနေၾကာင့္ပဲ Zayn နဲ႔ Gigi တို႔ နီးစပ္ခဲ့ရသလား၊ ဒါမွမဟုတ္ သူတို႔ကို ေဝးကြာေစတာလား ဆိုတာကေတာ့ ေျပာရခက္ပါတယ္။ သို႔ေပမယ့္ ႏွစ္ေယာက္စလုံးဟာ သူတို႔ခံစားေနရတဲ့ စိတ္အေျခအေနေတြကို ဖုံးကြယ္မထားဘဲ ပရိသတ္ေတြကို အၿမဲတမ္း ဖြင့္ဟဝန္ခံခဲ့ၾကပါတယ္။

Photo: zayn/ Instagram

Zayn ဟာ ေထာင္နဲ႔ခ်ီတဲ့ ပရိသတ္ေတြေရွ႕မွာ ေဖ်ာ္ေျဖရတဲ့ အဆိုေတာ္တစ္ေယာက္အေနနဲ႔ စိတ္ပူပန္မႈေဝဒနာကို အၿမဲတမ္း ခံစားခဲ့ရတဲ့အေၾကာင္း Time မဂၢဇင္းမွာ အက္ေဆးတစ္ပုဒ္ေရးၿပီး အသိေပးခဲ့ဖူးပါတယ္။ ဒါ့အျပင္ သူဟာ eating disorder လို႔ေခၚတဲ့ စိတ္ဖိစီးမႈေၾကာင့္ မူမမွန္တဲ့ စားေသာက္ပုံနဲ႔ ေနထိုင္စားေသာက္ခဲ့ေၾကာင္းကိုလည္း သူ႔ရဲ႕ပရိသတ္ေတြကို ဖြင့္ဟခဲ့ပါေသးတယ္။ Zayn ဟာ anxiety က ေပးတဲ့ ေဝဒနာေတြေၾကာင့္ ၂၀၁၆ခုႏွစ္ဝန္းက်င္မွာ ရႈိးေပါင္းမ်ားစြာကို ပယ္ဖ်က္ရတဲ့အထိ ျဖစ္ခဲ့ဖူးသူပါ။

Zayn လိုပဲ Gigi ဟာလည္း စိတ္က်န္းမာေရးနဲ႔ ပတ္သက္ရင္ အၿမဲတမ္း ဖြင့္ဟေျပာဆိုတတ္သူ ျဖစ္ပါတယ္။ ၂၀၁၆ခုႏွစ္မွာဆိုရင္ Reebok က ျပဳလုပ္တဲ့ စိတ္က်န္းမာေရး ေဆြးေႏြးပြဲမွာ ပါဝင္တက္ေရာက္ၿပီး ႏွစ္ေပါင္းမ်ားစြာ သူမ ခံစားခဲ့ရတဲ့ anxiety အေၾကာင္း အေတြ႕အႀကဳံေတြကို ေဝမွ်ခဲ့ပါေသးတယ္။

Photo: gigihadid/ Instagram

Gigi ဟာ အင္တာဗ်ဴးေတြ ျပဳလုပ္ရကာနီးတိုင္း၊ ပြဲအႀကီးႀကီးေတြေရွ႕မွာ ေမာ္ဒယ္လ္အျဖစ္ ေလွ်ာက္လွမ္းရကာနီးတိုင္းမွာ anxiety ကို ခံစားရေလ့ ရွိေၾကာင္း ေျပာျပခဲ့ပါတယ္။ ဒါ့အျပင္ ဆိုရွယ္မီဒီယာေၾကာင့္လည္း စိတ္ပူပန္ၿပီး ရတက္မေအးတဲ့ ေဝဒနာေတြကို ခံစားရတယ္လို႔ ဆိုထားပါေသးတယ္။ သူမဟာ စူပါေမာ္ဒယ္လ္တစ္ေယာက္အေနနဲ႔ သူမ တင္လိုက္တဲ့ ပို႔စ္တစ္ခုတိုင္း၊ ဓာတ္ပုံတစ္ပုံတိုင္းက လုံးဝၿပီးျပည့္စုံေနေအာင္ အၿမဲတမ္း ႀကိဳးစားေနရတာေၾကာင့္ တစ္ခါတစ္ရံမွာဆို အားလုံးကို ပစ္ခ်ၿပီး ကိုယ့္ရဲ႕အတြင္းစိတ္ကသာ အေရးႀကီးတဲ့အရာျဖစ္ေၾကာင္း ကိုယ့္ကိုယ္ကို သတိေပးရတယ္လို႔လည္း ဖြင့္ဟဖူးပါတယ္။

သူတို႔ႏွစ္ဦးဟာ ႏွစ္ေပါင္းမ်ားစြာ တြဲလိုက္ ျပတ္လိုက္ ျဖစ္ခဲ့ဖူးပါတယ္။

ဒီႏွစ္ေယာက္ ဘယ္ႏွႀကိမ္ ျပတ္ဖူးလည္းဆိုတာ ထိုင္ၿပီးေရတြက္မယ္ဆိုရင္ေတာင္ အဆင္မေျပေလာက္ပါဘူး။ သူတို႔ဟာ အႀကိမ္ႀကိမ္ လမ္းခြဲခဲ့ဖူးသလို ျပတ္ေနတဲ့အခ်ိန္မွာလည္း တစ္ေယာက္ကိုတစ္ေယာက္ ဘယ္ေလာက္ခ်စ္ေၾကာင္း ဖြင့္ဟဝန္ခံခဲ့ၾကဖူးပါတယ္။

Photo: gigi_and_zayn/ Instagram

သူတို႔ႏွစ္ဦး စတြဲခဲ့ၾကခ်ိန္ကေတာ့ ၂၀၁၅ခုႏွစ္ ႏိုဝင္ဘာလမွာ ျဖစ္ပါတယ္။ သူတို႔ဟာ ခ်စ္သူေတြ မျဖစ္ခင္တုန္းက ဆိုင္သူေတြကိုယ္စီ ရွိခဲ့ၾကတာပါ။ Zayn ဟာ Gigi နဲ႔ မတြဲခင္တုန္းက Little Mix အဖြဲ႕က Perrie Edwards နဲ႔ ေစ့စပ္ထားခဲ့တာျဖစ္သလို Gigi ကလည္း Jonas Brothers အဖြဲ႕က Joe Jonas နဲ႔ တြဲေနခဲ့တာပါ။ ႏွစ္ေယာက္လုံးဟာ တကယ့္ နာမည္ႀကီး ထိတ္ထိတ္က်ဲေတြနဲ႔ တြဲခဲ့ၾကတာျဖစ္ေပမယ့္ ျဖစ္ေပၚလာတဲ့ အခ်စ္ကို မလြန္ဆန္ႏိုင္ခဲ့ၾကပါဘူး။

အဲ့ဒီ့ေနာက္ပိုင္းကစလို႔ သူတို႔ႏွစ္ဦးဟာ music video ေတြ၊ မဂၢဇင္းမ်က္ႏွာဖုံးကာဗာေတြမွာ အတူတူ သ႐ုပ္ေဆာင္ခဲ့ၾကသလို တစ္ေယာက္ကို တစ္ေယာက္ ဘယ္ေလာက္ခ်စ္တဲ့အေၾကာင္းေတြကိုလည္း ဆိုရွယ္မီဒီယာမွာ အျပန္အလွန္ ေရးသားခဲ့ၾကပါတယ္။ အားလပ္ရက္ေတြမွာ ခရီးေတြ အတူတူထြက္ခဲ့ၾကသလို ႏွစ္ဘက္မိသားစုေတြနဲ႔ ေတြ႕ဆုံၿပီး ရင္းႏွီးမႈ ရယူခဲ့ၾကပါတယ္။ လမ္းခြဲထားတဲ့အခ်ိန္ေတြမွာလည္း တစ္ေယာက္ရဲ႕ေနအိမ္ကို တစ္ေယာက္က သြားတာမ်ိဳး ရွိခဲ့သလို တကယ္ျပတ္ၿပီဆိုၿပီး ပို႔စ္တင္ေရးတာမ်ိဳးေတြလည္း ရွိခဲ့ပါတယ္။

Photo: gigi_and_zayn/ Instagram
anxiety ေၾကာင့္ပဲ မၾကာခဏ လမ္းခြဲျပတ္စဲခဲ့ရပါတယ္။

Zayn ရဲ႕ စိတ္က်န္းမာေရး အေျခအေနဟာ တစ္ခါတစ္ရံမွာေတာ့ Gigi အတြက္ ကိုင္တြယ္ရ ခက္ခဲတာမ်ိဳး ျဖစ္ေစခဲ့ပါတယ္။ ဥပမာေျပာရရင္ Zayn တစ္ေယာက္ စိတ္ေတြတအားရႈပ္ၿပီး ဖိအားေတြမ်ားေနတဲ့အတြက္ နယ္လွည့္ေဖ်ာ္ေျဖတဲ့ Tour ေတြကို တစ္ႏွစ္ေလာက္ ရပ္နားၿပီး စိတ္က်န္းမာေရးကို အာ႐ုံစိုက္ဖို႔ Gigi က တိုက္တြန္းဖူးပါတယ္။

အေၾကာင္းကေတာ့ tour ေတြသြားေနရင္း Zayn မွာ panic attack လိုမ်ိဳး ႀကဳံလာတဲ့အခါ သူမ ဘာမွလုပ္ေပးႏိုင္မွာ မဟုတ္တဲ့အတြက္ စိတ္ပူလို႔ ျဖစ္ပါတယ္။ Zayn ဟာ anxiety ေတြ တအားမ်ားလာတဲ့အခါ panic attack လိုမ်ိဳး ျဖစ္ေလ့ရွိၿပီး တစ္ခါတစ္ေလဆိုရင္ အသက္ရႉလို႔မရတာ၊ ခႏၶာကိုယ္ လႈပ္လို႔မရေတာ့တဲ့ အေျခအေနေတြအထိ ျဖစ္တတ္တယ္လို႔ ဆိုပါတယ္။

Photo: gigi_and_zayn/ Instagram

ေနာက္ထပ္အေၾကာင္းရင္းတစ္ခုကေတာ့ လူေတြနဲ႔ေတြ႕ၿပီး ေပ်ာ္ေပ်ာ္ေနတတ္တဲ့ Gigi ရဲ႕ lifestyle ကို သေဘာမေတြ႕တဲ့ Zayn ရဲ႕ စိတ္ေၾကာင့္ ျဖစ္ပါတယ္။ Gigi ဟာ လူခ်စ္လူခင္မ်ားၿပီး သူငယ္ခ်င္းအေပါင္းအသင္းေတြနဲ႔ သြားလာစားေသာက္ကာ ေပ်ာ္ေပ်ာ္ပါးပါး ေနတတ္ေပမယ့္ ဒီလို public ေရွ႕ေတြမွာ သြားလာတာမ်ိဳးကို Zayn ကေတာ့ သေဘာက်ေလ့ မရွိပါဘူး။ ႏွစ္ေယာက္ စိတ္သေဘာထား မတိုက္ဆိုင္မႈေတြေၾကာင့္ပဲ မၾကာခဏ လမ္းခြဲမႈေတြကို ျဖစ္ပြားေစတယ္လို႔ ေျပာရမွာပါ။

အခက္ခဲဆုံးအခ်ိန္ေတြကို အခ်စ္စစ္နဲ႔ ျဖတ္ေက်ာ္ႏိုင္ခဲ့ၾကပါတယ္။

ယခုႏွစ္ေႏွာင္းပိုင္းမွာ Gigi နဲ႔ Zayn တို႔ရဲ႕ ရင္ေသြးေလး ေမြးဖြားၿပီးတဲ့အခါ သူတို႔ႏွစ္ဦးရဲ႕ ခ်စ္သက္တမ္းဟာ ငါးႏွစ္ဝန္းက်င္ကို ေရာက္ရွိေနမွာပါ။ Gigi နဲ႔ Zayn တို႔ရဲ႕ ခ်စ္ခရီးလမ္းအတြက္ကေတာ့ အခ်ိန္ကာလထက္ ျဖတ္သန္းခဲ့ရတဲ့ အေတြ႕အႀကဳံေတြက ပိုၿပီးတန္ဖိုးရွိေနမွာ အမွန္ပါပဲ။

Photo: gigihadid/ Instagram

ႏွစ္ဦးစလုံးဟာ ကိုယ့္နယ္ပယ္မွာကိုယ္ ေအာင္ျမင္ေနၿပီး သြားေလရာတိုင္းမွာ ကင္မရာသမားေတြ ဝန္းရံခံေနရတဲ့ဘဝဟာ စိတ္က်ဥ္းက်ပ္ဖို႔ေကာင္းတာေၾကာင့္ တစ္ခါတစ္ေလမွာလည္း ကိုယ့္စိတ္တိုင္းမက်လို႔ ထင္ရာက်ဲမိတာေတြ ရွိေကာင္းရွိၾကမွာပါ။ သို႔ေပမယ့္ အျပန္အလွန္ နားလည္မႈ၊ ရင့္က်က္မႈနဲ႔ ေဖးမကူညီမႈတို႔က သူတို႔ရဲ႕အခ်စ္ခရီးလမ္းကို အခုလို ခိုင္ၿမဲေစခဲ့တာလို႔ ဆိုႏိုင္ပါလိမ့္မယ္။

မၾကာခင္မွာ ရင္ေသြးေလးလည္း တိုးပြားလာေတာ့မယ့္ Zayn နဲ႔ Gigi တို႔ရဲ႕ ခ်စ္ခရီးလမ္းဟာလည္း ေနာက္ထပ္ ႏွစ္ေပါင္းမ်ားစြာ တည္တံ့ခိုင္ၿမဲၿပီး ေပ်ာ္႐ႊင္ေအးခ်မ္းၾကပါေစလို႔ ဆုမြန္ေႁခြလိုက္ရပါတယ္။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular