HomeCelebs Update NewsInternationalမတွဲပါဘူးလို့ ငြင်းနေခဲ့ကြပြီးမှ အနမ်းတွေချွေနေကြတဲ့ Zendaya နဲ့ Tom Holland 

မတွဲပါဘူးလို့ ငြင်းနေခဲ့ကြပြီးမှ အနမ်းတွေချွေနေကြတဲ့ Zendaya နဲ့ Tom Holland 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Zendaya နဲ့ Tom Holland တို့ကတော့ အချစ်ဇာတ်လမ်းတွေ စတင်နေကြပုံ ရပါပြီ။ အကြောင်းကတော့ သူတို့နှစ်ဦးဟာ ယခင်က မတွဲပါဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုခဲ့ကြပေမယ့် အခုကတော့ နှစ်ဦးသား အနမ်းတွေခြွေတဲ့ အဆင့်ကိုပါ ရောက်ရှိနေတာကြောင့်ပါပဲ။

Spider-Man ဇာတ်ကားတွေမှာ အတူတွဲသရုပ်ဆောင်နေကြတဲ့ Tom Holland နဲ့ Zendaya တို့ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက Tom ရဲ့ကားထဲမှာ အကြင်နာတွေပေးနေကြကြောင်း Page Six သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Photo via Page Six

သူတို့နှစ်ဦးဟာ LA က Zendaya ရဲ့ မိခင်အိမ်မှာ အဝင်အထွက် လုပ်နေကြတာဖြစ်ပြီး အဲ့ဒီနေ့ကပဲ Zendaya ရဲ့ မိခင်ဖြစ်သူ Claire Stoermer နဲ့ပါ အပြင်အတူတူ သွားကြတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲ ငြင်းဆိုစေကာမူ မိဘအိမ်တွေအထိကိုပါ ဝင်ထွက်နေကြပြီ ဖြစ်တဲ့အတွက် ပိုလေးနက်တဲ့အဆင့်တစ်ခုကို တက်လှမ်းနေပြီလားလို့ ပရိသတ်တွေကတော့ မေးခွန်းထုတ်နေကြပါတယ်။

တကယ်တော့ ဒါဟာ သူတို့နှစ်ဦးအနေနဲ့ ပထမဆုံး သတင်းထွက်လာတာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်တည်းက နှစ်ယောက်က တွဲနေတာပါလို့ အတိအကျ သတင်းပေးသူတွေ ရှိခဲ့ပေမယ့် ကာယကံရှင်တွေကတော့ ငြင်းဆိုခဲ့ကြပါတယ်။ Tom နဲ့ Zen တို့ဟာ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်နေတတ်တာချင်းလည်း တူပြီး နှစ်ယောက်အတူတူ အချိန်ကုန်ရတာကို နှစ်သက်ကြတယ်လို့ အတွင်းသတင်းတွေက ဆိုကြပါတယ်။

Photo: tomholland2013/ Instagram

အင်တာဗျူးတွေထဲမှာ Tom ရဲ့ ဖြေကြားချက်အရ Zen ဟာ သူ့ရဲ့ လူတွေနဲ့ ရောရောထွေးထွေး မနေချင်တဲ့စိတ်ကို အကောင်းဆုံး ကုစား ဖြေဖျောက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ Zen ဘက်ကတော့ Tom ဟာ သူမရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်သာ ဖြစ်ပါတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

တကယ်တော့ Spider-Man ရုပ်ရှင်တွေက မွေးဖွားပေးလိုက်တဲ့ အချစ်ဇာတ်လမ်းတွေဟာ ဒီတစ်ခုက ပထမဆုံး မဟုတ်ပါဘူး။ ၂၀၀၂ခုနှစ်က ထွက်ရှိခဲ့တဲ့ Spider-Man ရုပ်ရှင်ကို ရိုက်ကူးခဲ့ချိန်ကလည်း Kirsten Dunst နဲ့ Tobey Maguire တို့ဟာ အပြင်မှာ တကယ်တွဲနေခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၀၇ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Spider-Man 3 ကို မရိုက်ကူးခင်မှာ လမ်းခွဲပြတ်စဲခဲ့ကြပါတယ်။

Photo: tomholland2013/ Instagram

နောက်တစ်တွဲကတော့ Emma Stone နဲ့ Andrew Garfield တို့ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ ၂၀၁၂ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Amazing Spider-Man ကို ရိုက်ကူးပြီးချိန်မှာ စတွဲခဲ့ကြတာပါ။ ဒီလိုနဲ့ ၂၀၁၅ခုနှစ်မှာတော့ လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ကြပါတယ်။ သို့သော်လည်း သူတို့နှစ်ဦးဟာ မိတ်ဆွေတွေအဖြစ်နဲ့ ဆက်ရှိနေကြပြီး တစ်ယောက်ရဲ့ အလုပ်အတွက် တစ်ယောက်က ကူညီပံ့ပိုးပေးနေဆဲလို့ သိရပါတယ်။

အခုလည်း အသက်(၂၅)နှစ်ရှိပြီ ဖြစ်တဲ့ Tom Holland နဲ့ အသက်(၂၄)နှစ် ရှိပြီဖြစ်တဲ့ Zendaya တို့ဟာ Spider-Man ဇာတ်ကားတွေကို ရိုက်ကူးရင်း ရင်းနှီးကာ နီးစပ်လာခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ တတိယမြောက် ဇာတ်ကား Spider-Man: No Way Home ကတော့ လာမယ့် ဒီဇင်ဘာလ(၁၇)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Glasgow

Source: people

(Zawgyi Version)

Zendaya နဲ႔ Tom Holland တို႔ကေတာ့ အခ်စ္ဇာတ္လမ္းေတြ စတင္ေနၾကပုံ ရပါၿပီ။ အေၾကာင္းကေတာ့ သူတို႔ႏွစ္ဦးဟာ ယခင္က မတြဲပါဘူးလို႔ အႀကိမ္ႀကိမ္ ျငင္းဆိုခဲ့ၾကေပမယ့္ အခုကေတာ့ ႏွစ္ဦးသား အနမ္းေတြေႁခြတဲ့ အဆင့္ကိုပါ ေရာက္ရွိေနတာေၾကာင့္ပါပဲ။

Spider-Man ဇာတ္ကားေတြမွာ အတူတြဲသ႐ုပ္ေဆာင္ေနၾကတဲ့ Tom Holland နဲ႔ Zendaya တို႔ဟာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔တုန္းက Tom ရဲ႕ကားထဲမွာ အၾကင္နာေတြေပးေနၾကေၾကာင္း Page Six သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

Photo via Page Six

သူတို႔ႏွစ္ဦးဟာ LA က Zendaya ရဲ႕ မိခင္အိမ္မွာ အဝင္အထြက္ လုပ္ေနၾကတာျဖစ္ၿပီး အဲ့ဒီေန႔ကပဲ Zendaya ရဲ႕ မိခင္ျဖစ္သူ Claire Stoermer နဲ႔ပါ အျပင္အတူတူ သြားၾကတာကို ေတြ႕ရတယ္လို႔ ဆိုပါတယ္။ ဘယ္လိုပဲ ျငင္းဆိုေစကာမူ မိဘအိမ္ေတြအထိကိုပါ ဝင္ထြက္ေနၾကၿပီ ျဖစ္တဲ့အတြက္ ပိုေလးနက္တဲ့အဆင့္တစ္ခုကို တက္လွမ္းေနၿပီလားလို႔ ပရိသတ္ေတြကေတာ့ ေမးခြန္းထုတ္ေနၾကပါတယ္။

တကယ္ေတာ့ ဒါဟာ သူတို႔ႏွစ္ဦးအေနနဲ႔ ပထမဆုံး သတင္းထြက္လာတာေတာ့ မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ ၂၀၁၇ခုႏွစ္တည္းက ႏွစ္ေယာက္က တြဲေနတာပါလို႔ အတိအက် သတင္းေပးသူေတြ ရွိခဲ့ေပမယ့္ ကာယကံရွင္ေတြကေတာ့ ျငင္းဆိုခဲ့ၾကပါတယ္။ Tom နဲ႔ Zen တို႔ဟာ ေပါ့ေပါ့ပါးပါးနဲ႔ ေပ်ာ္ေပ်ာ္ေနတတ္တာခ်င္းလည္း တူၿပီး ႏွစ္ေယာက္အတူတူ အခ်ိန္ကုန္ရတာကို ႏွစ္သက္ၾကတယ္လို႔ အတြင္းသတင္းေတြက ဆိုၾကပါတယ္။

Photo: tomholland2013/ Instagram

အင္တာဗ်ဴးေတြထဲမွာ Tom ရဲ႕ ေျဖၾကားခ်က္အရ Zen ဟာ သူ႔ရဲ႕ လူေတြနဲ႔ ေရာေရာေထြးေထြး မေနခ်င္တဲ့စိတ္ကို အေကာင္းဆုံး ကုစား ေျဖေဖ်ာက္ေပးခဲ့တယ္လို႔ ဆိုပါတယ္။ Zen ဘက္ကေတာ့ Tom ဟာ သူမရဲ႕ အခ်စ္ဆုံးသူငယ္ခ်င္းတစ္ေယာက္သာ ျဖစ္ပါတယ္လို႔ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

တကယ္ေတာ့ Spider-Man ႐ုပ္ရွင္ေတြက ေမြးဖြားေပးလိုက္တဲ့ အခ်စ္ဇာတ္လမ္းေတြဟာ ဒီတစ္ခုက ပထမဆုံး မဟုတ္ပါဘူး။ ၂၀၀၂ခုႏွစ္က ထြက္ရွိခဲ့တဲ့ Spider-Man ႐ုပ္ရွင္ကို ႐ိုက္ကူးခဲ့ခ်ိန္ကလည္း Kirsten Dunst နဲ႔ Tobey Maguire တို႔ဟာ အျပင္မွာ တကယ္တြဲေနခဲ့ၾကတာ ျဖစ္ပါတယ္။ အဲဒီေနာက္ ၂၀၀၇ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Spider-Man 3 ကို မ႐ိုက္ကူးခင္မွာ လမ္းခြဲျပတ္စဲခဲ့ၾကပါတယ္။

Photo: tomholland2013/ Instagram

ေနာက္တစ္တြဲကေတာ့ Emma Stone နဲ႔ Andrew Garfield တို႔ပဲ ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးကေတာ့ ၂၀၁၂ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Amazing Spider-Man ကို ႐ိုက္ကူးၿပီးခ်ိန္မွာ စတြဲခဲ့ၾကတာပါ။ ဒီလိုနဲ႔ ၂၀၁၅ခုႏွစ္မွာေတာ့ လမ္းခြဲလိုက္ၿပီ ျဖစ္ေၾကာင္း ေၾကညာခဲ့ၾကပါတယ္။ သို႔ေသာ္လည္း သူတို႔ႏွစ္ဦးဟာ မိတ္ေဆြေတြအျဖစ္နဲ႔ ဆက္ရွိေနၾကၿပီး တစ္ေယာက္ရဲ႕ အလုပ္အတြက္ တစ္ေယာက္က ကူညီပံ့ပိုးေပးေနဆဲလို႔ သိရပါတယ္။

အခုလည္း အသက္(၂၅)ႏွစ္ရွိၿပီ ျဖစ္တဲ့ Tom Holland နဲ႔ အသက္(၂၄)ႏွစ္ ရွိၿပီျဖစ္တဲ့ Zendaya တို႔ဟာ Spider-Man ဇာတ္ကားေတြကို ႐ိုက္ကူးရင္း ရင္းႏွီးကာ နီးစပ္လာခဲ့တာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦး ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ တတိယေျမာက္ ဇာတ္ကား Spider-Man: No Way Home ကေတာ့ လာမယ့္ ဒီဇင္ဘာလ(၁၇)ရက္ေန႔မွာ ႐ုံတင္ျပသသြားမွာ ျဖစ္ပါတယ္။

Glasgow

Source: people

 

RELATED ARTICLES

Most Popular