HomeEntertainmentFilmဇွန်ဘီကား နှစ်သက်သူများ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းများ 

ဇွန်ဘီကား နှစ်သက်သူများ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းများ 

အောက်တွင် ဇော်ဂျီဖြင့် ဖတ်ပါ။

ရုပ်ရှင်ချစ်သူတွေ နှစ်သက်တဲ့ ရုပ်ရှင်အမျိုးအစားတွေထဲမှာ ဇွန်ဘီဇာတ်ကားတွေလည်း ပါဝင်ပါတယ်။ အက်ရှင်တွေ၊ သည်းထိတ်ရင်ဖို ဇာတ်ကွက်တွေ၊ တစိမ့်စိမ့်နဲ့ ကြောက်စရာကောင်း၊ အသည်းယားစရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်လေ့ရှိတဲ့ ဇွန်ဘီကားတွေ အများအပြား ရှိပါတယ်။ ဒီလိုဇာတ်ကားများစွာထဲကမှ စာဖတ်သူတို့ မကြည့်ဖူးလောက်သေးမယ့် ဇာတ်ကားဟောင်းတစ်ချို့ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

(7) Blood Creek
photo via screenrant

ဒီကားဟာ ၂၀၀၉ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (5.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ပျောက်သွားတဲ့အစ်ကိုကို ရှာဖွေဖို့ ခရီးထွက်လာတဲ့ လူတစ်ယောက်ရဲ့ ဇာတ်လမ်းပါ။ သူ့ရဲ့ခရီးလမ်းတစ်နေရာမှာ အလှည့်အပြောင်းများပြီး အသက်ရှင်သန်ဖို့အတွက် ကစားရတဲ့ ကစားနည်းတစ်ခု ကျင်းပရာနေရာကို ရောက်သွားခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ သူ့အစ်ကိုကို ရှာတွေ့မှာလား၊ သူကိုယ်တိုင်ကရော ဘာတွေတွေ့ကြုံရမလည်းဆိုတာ ကြည့်ရှုရမှာပါ။

(6) Exit Humanity
photo via screenrant

Exit Humanity ဟာ ၂၀၁၁ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (5.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အမေရိကန်နိုင်ငံမှာ ပြည်တွင်းစစ်တွေ ဖြစ်ပွားပြီးတော့ အကြောင်းတစ်ခုကြောင့် လူတွေဟာ ဇွန်ဘီတွေ ဖြစ်ကုန်ကြပါတယ်။ အဲ့ဒါတွေကြောင့်ပဲ လူသားတွေဟာ မျိုးတုန်းလုနီးပါး ဖြစ်သွားပြီး လူတစ်ယောက်ဟာ အဲ့ဒီဇွန်ဘီတွေရဲ့ အန္တရာယ်က ရှောင်ရှားကာ အတတ်နိုင်ဆုံး အသက်ရှင်သန်ဖို့ ကြိုးစားရုန်းကန်ရတဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

(5) Wyrmwood: Road of the Dead
photo via screenrant

ဒီကားကတော့ ၂၀၁၄ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.2) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ပါရမီရှင် စက်ပြင်သမားတစ်ယောက်ဟာ ညီမဖြစ်သူ ပြန်ပေးဆွဲခံလိုက်ရတာကြောင့် ပြန်လည်ကယ်ဆယ်ဖို့အတွက် ပြင်ဆင်နေပါတယ်။ သို့ပေမယ့် သူရင်ဆိုင်ရမယ့်အရာဟာ ပြန်ပေးသမားတွေတင်မဟုတ်ဘဲ ဇွန်ဘီပေါင်းများစွာကိုပါ ရင်ဆိုင်ဖို့ ဖြစ်လာတဲ့အခါမှာတော့ အန္တရာယ်တောထဲကနေ အောင်အောင်မြင်မြင် ရုန်းထွက်နိုင်မှာလားဆိုတာကို ကြည့်ရှုရမှာပါ။

(4) Dead Snow
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၀၉ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ နော်ဝေနိုင်ငံက ဆေးကျောင်းသားတစ်အုပ်စုဟာ အားလပ်ရက်မှာ အပန်းဖြေပြီး နှင်းလျှောစီးဖို့အတွက် နှင်းတောင်တွေဆီကို ခရီးထွက်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့ရဲ့ပျော်စရာခရီးစဉ်ဟာ နောက်ပိုင်းမှာ ဝမ်းနည်းစရာတွေ၊ ထိတ်လန့်စရာတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ သူတို့ကို အန္တရာယ်ပေးနေတာကတော့ လူတွေမဟုတ်ဘဲနဲ့ ဇွန်ဘီတွေ ဖြစ်နေတဲ့အခါမှာတော့ အသက်ရှင်ဖို့ ကြိုးစားကြရပါတော့တယ်။

(3) Overlord
photo via screenrant

Overlord ဟာ ၂၀၁၈ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ စစ်ပွဲကြီးမစခင်မှာ အမေရိကန်စစ်သားအနည်းငယ်ဟာ ရန်သူတွေတပ်ရဲ့နောက်ဘက်မှာ နေရာယူထားကြပါတယ်။ သူတို့တွေရဲ့စစ်ဆင်ရေးဟာ ရန်သူတပ်ထဲကို ခိုးဝင်ပြီးတော့ ဆက်သွယ်ရေးကိရိယာတွေကို ဖျက်စီးဖို့နဲ့ အနီးကပ်တိုက်ခိုက်ဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီစစ်သားတွေဟာ သူတို့ရဲ့ပစ်မှတ်ကို နီးလာတာနဲ့အမျှ သူတို့ရင်ဆိုင်ရမယ့် အန္တရာယ်တွေက လူသားတွေချည်းပဲ မဟုတ်ဘူးဆိုတာကို သိလိုက်ရပါတယ်။

(2) Dead Snow 2: Red Vs. Dead
photo via screenrant

ဒီဇာတ်လမ်းကတော့ ၂၀၁၄ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.9) ရရှိထားပါတယ်။ ဒီကားဟာ အထက်မှာ ဖော်ပြထားတဲ့ Dead Snow ရဲ့အဆက် ဒုတိယမြောက်ဇာတ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လူတွေဟာ နာဇီဇွန်ဘီတွေလက်ထဲက ထွက်ပြေးနေရပြီး လူတစ်စုကတော့ ဇွန်ဘီတွေအတွက် ဆေးကို ရှာဖွေနေကြရင်းနဲ့ ဇွန်ဘီတွေကို တိုက်ခိုက်ဖို့အတွက် နည်းလမ်းအသစ်ကို သိသွားခဲ့ကြပါတယ်။ ဒီကားဟာ အကောင်းဆုံးမဟုတ်တောင်မှ ပရိသတ်တွေအတွက် စိတ်အပန်းပြေစေမယ့် ဇာတ်ကားမျိုး ဖြစ်ပါတယ်။

(1) World War Z
photo via screenrant

World War Z ဟာ ဇွန်ဘီကားတွေထဲမှာတော့ နာမည်ကြီးပါပဲ။ ဒီကားဟာ ၂၀၁၃ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.0) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အမေရိကန်နိုင်ငံမှာ လူတွေကနေ ဇွန်ဘီတွေအဖြစ် ပြောင်းလဲသွားစေတဲ့ ဗိုင်းရပ်စ်တစ်မျိုးဟာ ပျံ့နှံ့သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ မိသားစုတစ်စုဟာ ဇွန်ဘီတွေအပြင် တစ်ခြားအန္တရာယ်တွေဆီကနေ လွတ်မြောက်နိုင်ဖို့အတွက် ကြိုးစားရုန်းကန်ကြရပါတော့တယ်။ ဒါ့အပြင် ဘယ်နေရာမှာမှ မလုံခြုံဘူးဆိုတာကို သိလိုက်ရပြီးတဲ့နောက်မှာတော့ သူတို့ဟာ ဖြေဆေးကို ရှာဖို့အတွက် ကြိုးစားရပါတော့တယ်။

ဒါကတော့ ဇွန်ဘီကား နှစ်သက်သူတွေအတွက် ကြည့်ရှုလို့ အဆင်ပြေမယ့် ဇာတ်ကားလေးတွေ ရွေးချယ်ပေးထားတာပါ။ ကြိုက်နှစ်သက်တယ်ဆို မိတ်ဆွေတွေလည်း သိရအောင် ရှဲပေးသွားပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)


(7) Blood Creek
photo via screenrant


(6) Exit Humanity
photo via screenrant


(5) Wyrmwood: Road Of The Dead
photo via screenrant


(4) Dead Snow
photo via screenrant


(3) Overlord
photo via screenrant


(2) Dead Snow 2: Red Vs. Dead
photo via screenrant


(1) World War Z
photo via screenrant



Lego Les
RELATED ARTICLES

Most Popular