HomeEntertainmentFilmထွေလာအသစ် ထွက်ရှိလာတဲ့ Zootopia+ ဇာတ်လမ်းတွဲ

ထွေလာအသစ် ထွက်ရှိလာတဲ့ Zootopia+ ဇာတ်လမ်းတွဲ

မကြာခင်အချိန်မှာတော့ ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ Zootopia ရုပ်ရှင်ရဲ့ နောက်ဆက်တွဲဇာတ်လမ်းတွဲ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းတွဲကိုတော့ Zootopia+ လို့ နာမည်ပေးထားပြီး ဒီဇာတ်လမ်းတွဲရဲ့ ထွေလာလည်း ထွက်ရှိလာပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းတွဲကတော့ လာမယ့် နိုဝင်ဘာ (၉)ရက်နေ့မှာ Disney+ ကနေ ပြသသွားတော့မှာ ဖြစ်ပါတယ်။

photo via screenrant

၂၀၂၀ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ Disney Investor Day မှာတော့ စတူဒီယိုဟာ နာမည်ကြီး Animation တွေကို အခြေခံပြီး ဇာတ်လမ်းတွဲတွေ ဖန်တီးသွားမယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီဇာတ်လမ်းတွဲတွေထဲမှာတော့ Baymax! နဲ့ Zootopia+ တို့ ပါဝင်ပြီး Baymax! ကလည်း ပြီးခဲ့တဲ့ လပိုင်းကပဲ ထွက်ရှိလာခဲ့ပါတယ်။ ယခုအချိန်မှာလည်း ပရိသတ်တွေအတွက် Zootopia+ ဇာတ်လမ်းတွဲ ထွက်ရှိလာတော့မှာပါ။

ထွေလာထဲမှာ မြင်တွေ့ခဲ့ရသလိုဆိုရင် Zootopia ရုပ်ရှင်ထဲက အရံဇာတ်ကောင်တွေ အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပြီး အပိုင်းတစ်ပိုင်းဆီမှာ မတူညီတဲ့ ဇာတ်လမ်းတစ်မျိူးကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ အပိုင်း(၆) ပိုင်း ပါဝင်လာမယ်လို့ သိရပါတယ်။ အဲဒီထွေလာကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

Zootopia ရုပ်ရှင်ဟာ ပရိသတ်တွေကြားမှာ အောင်မြင်မှုတွေ အလွန်ရရှိခဲ့ပေမယ့် Disney စတူဒီယိုကတော့ ယခုအချိန်အထိ Zootopia 2 ထွက်ရှိလာမယ်လို့ မကြေညာသေးပါဘူး။ ပရိသတ်တွေဟာ ဒီရုပ်ရှင်ရဲ့ Sequel ကို တောင်းဆိုနေကြသလို ဒါရိုက်တာတွေ ဖြစ်တဲ့ Byron Howard နဲ့ Rich Moore တို့ကလည်း Sequel ဆက်လက်ဖန်တီးဖို့ စိတ်ဝင်စားနေပြီး စဉ်းစားပြီးသား ဇာတ်လမ်းလည်း ရှိပါတယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Zootopia Sequel ကို မြင်တွေ့ရဦးမလား ဆိုတာတော့ စောင့်ကြည့်ရမှာပါ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular