HomeCelebs Update NewsInternationalဇာတ်ညွှန်းရေးတဲ့ နေရာမှာလည်း ထူးချွန်ကြတဲ့ နာမည်ကြီးသရုပ်ဆောင်များ

ဇာတ်ညွှန်းရေးတဲ့ နေရာမှာလည်း ထူးချွန်ကြတဲ့ နာမည်ကြီးသရုပ်ဆောင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Hollywood က နာမည်ကြီးသရုပ်ဆောင်တွေဟာ ရုပ်ရှင်နဲ့ ပတ်သက်လာရင် သရုပ်ဆောင်ကောင်းတာတင်မကပဲ ပိုပြီးကျယ်ပြန့်တဲ့ အရည်အချင်းတွေ ရှိတတ်ကြပါတယ်။ ဒါရိုက်တာအဖြစ်နဲ့ပါ အောင်မြင်နေတဲ့ သရုပ်ဆောင်များရှိသလို ဇာတ်ညွှန်းကောင်းတွေကို ဖန်တီးတတ်တဲ့ သရုပ်ဆောင်များလည်း ရှိပါတယ်။ နှစ်အလိုက် အကောင်းဆုံး ဝေဖန်မှုတွေ ရရှိခဲ့တဲ့ ဇာတ်ညွှန်းဖန်တီးသူတွေထဲမှာ ပါဝင်ပြီး ဆုတွေရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့သူတွေ ရှိကြပါတယ်။ ဒါကြောင့်  သရုပ်ဆောင်ပိုင်းအပြင် ဇာတ်ညွှန်းပိုင်းမှာပါ ထူးချွန်တဲ့ နာမည်ကြီးသရုပ်ဆောင်များကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Sylvester Stallone
photo via IMDb

ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်သူ Stallone ဟာ ၁၉၇၆ခုနှစ်က Rocky ရုပ်ရှင်နဲ့ စတင် အောင်မြင်ကျော်ကြားလာသူ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ သူဟာ ခေါင်းဆောင်မင်းသားအဖြစ်နဲ့တင်မကပဲ ဇာတ်ညွှန်းကိုပါ ကိုယ်တိုင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Stallone ဟာ ဒီဇာတ်ညွှန်းအတွက် Muhammad Ali နဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ဘောက်ဆင်ပွဲမှာ Wepner ဘက်က အနိုင်ရရှိခဲ့တဲ့ အခြေအနေမှ စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။

သူဟာ ဒီဇာတ်ညွှန်းကို အချိန်သုံးရက်တည်းနဲ့ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ “ဒီကိစ္စကြီးတစ်ခုလုံးအတွက် ကျွန်တော် အလွန်စိတ်လှုပ်ရှားခဲ့ရပါတယ် … ” လို့ GQ မဂ္ဂဇင်းကို ပြောကြားခဲ့ပါသေးတယ်။ ဒီတစ်ကားတည်းတင် မဟုတ်ဘဲ Rambo နဲ့ The Expendables တို့လို ဇာတ်ကားတွေမှာလည်း ဇာတ်ညွှန်းဝင်ရောက် ရေးသားခဲ့ပါသေးတယ်။

Emma Thompson
photo via IMDb

ယနေ့ထိတိုင်အောင် ပရိသတ်များနဲ့ ရင်းနှီးနေတဲ့ Thompson ရဲ့ ဇာတ်လမ်းကောင်းလေးကတော့ ၁၉၉၅ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Sense and Sensibility ဖြစ်ပါတယ်။ Thompson ဟာ ဒီဇာတ်ကားမှာတော့ အဓိကသရုပ်ဆောင် ဖြစ်တဲ့ Kate Winslet နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့အပြင် ဒီဇာတ်လမ်းအတွက် Jane Austen ရဲ့ဝတ္ထုကို ကိုယ်တိုင်ပြန်လည် ဇာတ်ညွှန်းရေးသားခဲ့တာပါ။

သူမဟာ ရိုက်ကူးရေးတွေနဲ့ အလုပ်ရှုပ်နေပြီး တခြားရုပ်ရှင်တစ်ခု ရိုက်ကူးနေတဲ့ အချိန်မှာပဲ ဒီဇာတ်ညွှန်းကို ရေးသားခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ အစပိုင်းမှာ သူမအနေနဲ့ ဇာတ်ညွှန်းရေးသားရုံသာ ဖြစ်ပြီး ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ရဖို့ မသေချာခဲ့ပါဘူး။ နောက်ပိုင်းမှ ဒါရိုက်တာအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ သူမကိုပါ ပါဝင်သရုပ်ဆောင်စေခဲ့တာ ဖြစ်ပါတယ်။

Seth Rogen
photo via IMDb

ကနေဒါနိုင်ငံဖွား သရုပ်ဆောင် Rogen ဟာ အရည်အချင်းရှိတဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက် ဖြစ်တဲ့အကြောင်း လူအများစုကတော့ သတိမမူမိကြပါဘူး။ Pineapple Express အပါအဝင် သူ ဇာတ်ညွှန်းရေးခဲ့တဲ့ ရုပ်ရှင်တွေထဲမှာ ရွှေကမ္ဘာလုံးဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့တာတွေတောင် ရှိပါတယ်။

သူ့ရဲ့ ဇာတ်ညွှန်းတွေနဲ့ ပတ်သက်ပြီး အထူးတလည် အမှတ်တရ ဖြစ်စေတဲ့ အချက်ကတော့ သူ့ရဲ့ ဟာသမြောက်တဲ့ ဖန်တီးမှုတွေကြောင့်ပါပဲ။ Rogen ဟာ The Green Hornet အတွက်လည်း ဇာတ်ညွှန်းရေးသားခဲ့ပြီး ကံမကောင်းစွာပဲ သူ့ရဲ့အဆိုးဆုံးရုပ်ရှင်အဖြစ် ပရိသတ်တွေကတော့ ရှုမြင်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကတော့ Rogen ဟာ သူကိုယ်တိုင်ဖန်တီးနေတဲ့ တီဗွီဇာတ်လမ်းတွဲ Preacher အတွက် ဇာတ်ညွှန်းရေးနေခဲ့တာ ဖြစ်ပါတယ်။

Matt Damon
photo via IMDb

Matt Damon ရဲ့ ပထမဆုံးနဲ့ တစ်ခုတည်းသော အော်စကာဆု ရရှိခဲ့တဲ့ ရုပ်ရှင်ကတော့ Good Will Hunting ဖြစ်ပါတယ်။ ထူးခြားတာကတော့ Matt ဟာ ဒီဇာတ်ကားမှာ သူ့ရဲ့သရုပ်ဆောင်မှုအတွက် ဆုရရှိခဲ့တာ မဟုတ်ဘဲ ဇာတ်ညွှန်းဆုနဲ့ အော်စကာ ရရှိခဲ့တာ ဖြစ်ပါတယ်။ တကယ်တမ်း ပရိသတ်တွေ သတိမထားမိခဲ့တဲ့ အရာကတော့ ဒီဇာတ်ကားအတွက် ဇာတ်ညွှန်းကို Matt နဲ့ Ben Affleck တို့က ပူးတွဲဖန်တီးခဲ့ပြီး အော်စကာဆုကိုလည်း ပူးတွဲ ရရှိခဲ့တယ် ဆိုတာပါပဲ။

အော်စကာဆုပေးပွဲကြီးကလည်း သူတို့ကို ထိုက်ထိုက်တန်တန် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ နာမည်ကြီး မင်းသားတွေ အပြိုင်ကြဲထားတဲ့ Good Will Hunting ဟာ ၁၉၉၀ခုနှစ်များက ရုပ်ရှင်ရုံများရဲ့ အမှတ်အသားတစ်ခုတောင် ဖြစ်ခဲ့တာပါ။ နောက်ပိုင်းနှစ်တွေမှာလည်း Matt ဟာ Garry နဲ့ Promised Land တို့လို ဇာတ်ကားတွေမှာ ဇာတ်ညွှန်းရေးသားခဲ့ပြီး မကြာခင်ထွက်ရှိလာမယ့် The Last Duel ဇာတ်ကားမှာလည်း Ben Affleck နဲ့ တွဲပြီး ဇာတ်ညွှန်းရေးသားထားတယ်လို့ သိရပါတယ်။

Kristen Wiig
photo via IMDb

Saturday Night Live (SNL) အဖွဲ့ဝင် နာမည်ကြီး ဟာသ သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ Wiig ဟာ ရုပ်ရှင်အတော်များများမှာ ပါဝင်သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။ သူမဟာ ၂၀၁၁ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ နာမည်ကြီး ဟာသကား Bridesmaids မှာ Annie Mumolo နဲ့ တွဲဖက်ပြီး ဇာတ်ညွှန်းရေးသားခဲ့ပါတယ်။

ဒီဇာတ်ညွှန်းအတွက် စိတ်ကူးကိုတော့ Annie Mumolo ရဲ့ လက်ထပ်ပွဲတွေ၊ အပျိုညတွေကို သွားခဲ့ဖူးတဲ့ အတွေ့အကြုံတွေကနေ စိတ်ကူးရလို့ ဒီဇာတ်လမ်းဖြစ်လာတာပါလို့ အင်တာဗျူးတစ်ခုမှာ Wiig က ပြောကြားခဲ့ပါတယ်။ ဒီဇာတ်ကားကိုတော့ ဇာတ်လမ်းထဲမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ Paul Feig က ဒါရိုက်တာအဖြစ် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Bridesmaids ဇာတ်ကားမှာ SNL အဖွဲ့ဝင်များဖြစ်တဲ့  Maya Rudolph ၊ Terry Crews ၊ Rebel Wilson ၊ Melissa McCarthy ၊ Ben Falcone ၊ Rose Byrne နဲ့ Ellie Kemper တို့က အတူ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Ben Affleck
photo via screenrant

Good Will Hunting မှာ တွဲဖက် ဇာတ်ညွှန်းရေးပြီး အော်စကာဆု ရရှိခဲ့တဲ့ Affleck ဟာ နောက်ပိုင်း ရုပ်ရှင်အချို့မှာလည်း ဝေဖန်ရေးသမားတွေအကြိုက် ဖြစ်ခဲ့တဲ့ ဇာတ်ညွှန်းတွေကို ရေးသားခဲ့ပါတယ်။ သူ့ဇာတ်ညွှန်းတွေနဲ့ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားတွေထဲမှာ ၂၀၀၇ခုနှစ်က ထွက်ရှိခဲ့တဲ့ Gone Baby Bone နဲ့  ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့တဲ့ The Town တို့လည်း ပါဝင်ပါတယ်။ ဒါ့အပြင် Affleck ဟာ အဲဒီနှစ်ကားလုံးမှာ ဒါရိုက်တာအဖြစ်လည်း ရိုက်ကူးခဲ့တာပါ။

အဲဒီလိုတာဝန်များစွာနဲ့ The Town ကို စတင်ရိုက်ကူးခဲ့ချိန်မှာတော့ Affleck အတွက် ချီတုံချတုံ ဖြစ်စရာအချို့ ရှိခဲ့ပါသေးတယ်။ “Boston မှာ မှုခင်းရုပ်ရှင် ရိုက်ကူးလို့ ပုံသေကားကျကြီးလို့ သတ်မှတ် ပြောဆိုခံရမှာမျိုးကို သိခဲ့ပေမယ့် ကျွန်တော်ကတော့ Jeremy Renner ၊ Blake Lively နဲ့ Jon Hamm တို့လို သရုပ်ဆောင်ကောင်းတွေနဲ့ အတူလက်တွဲလုပ်ခဲ့ရပါတယ် … ”  လို့ Affleck က ရှင်းပြခဲ့ဖူးပါတယ်။

Justin Theroux
photo via screenrant

Theroux ဟာ Romy and Michele’s High School Reunion ၊ American Psycho ၊ Mulholland Drive ၊ Miami Vice နဲ့ The Girl on The Train တို့လို နာမည်ကြီးဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ အဲဒီအတောအတွင်းမှာပဲ Theroux ဟာ ဇာတ်ညွှန်းတွေကိုပါ ဖန်တီးနေခဲ့တာကိုတော့ ပရိသတ်တွေ သိပ်ပြီးသတိမထားမိခဲ့ကြပါဘူး။ တကယ်တော့ သူဟာ ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့တဲ့ MCU ရဲ့ Iron Man 2 ရုပ်ရှင်အတွက်ကိုလည်း ဇာတ်ညွှန်းရေးသားပေးခဲ့တာ ဖြစ်ပါတယ်။ Robert Downey Jr. ကို အော်စကာ စံကာတင်ဝင်စေခဲ့တဲ့ Tropic Thunder ရုပ်ရှင်မှာ ဇာတ်ညွှန်းရေးခဲ့ရာက စတင်ပြီး Theroux ဟာ MCU နဲ့ တွဲဖက် လုပ်ကိုင်ဖြစ်ခဲ့ပါတယ်။

Tina Fey
photo via screenrant

Wiig လိုပဲ SNL အဖွဲ့ဝင်တစ်ယောက် ဖြစ်တဲ့ သရုပ်ဆောင် Tina Fey ဟာလည်း နာမည်ကြီး comedy ဇာတ်ကားတွေမှာ ဇာတ်ညွှန်းရေးသားခဲ့သူ ဖြစ်ပါတယ်။ အထူးသဖြင့် ၂၀၀၄ခုနှစ်က နာမည်ကြီးခဲ့တဲ့ Mean Girls ဟာ သူမ ဖန်တီးရေးသားခဲ့တဲ့ ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ Lindsay Lohan ကို နာမည်ကြီး မင်းသမီးတစ်ယောက် ဖြစ်စေခဲ့ပြီး သူမရဲ့ နောက်ဆုံးအောင်မြင်ခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။

Mean Girls အတွက် ဇာတ်ညွှန်းရေးစဉ်က Fey ဟာ မည်သူ တစ်ဦးတစ်ယောက်ရဲ့ စိတ်ကူးဇာတ်လမ်းကိုမှ မှီငြမ်းခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ “ကျွန်မတက်ခဲ့တဲ့ အထက်တန်းကျောင်းကို ပြန်သွားလည်ပတ်ခဲ့ပြီး ရန်လိုမှုတွေ၊ မနာလိုမှုတွေ၊ ချောက်ချမှုတွေကို ကိုယ်တိုင်လေ့လာပြီးဖန်တီးထားတာပါ … ” လို့ Fey က ပြောကြားခဲ့ပါတယ်။

Angelina Jolie
photo via screenrant

Jolie ဟာ ၁၉၉၉ခုနှစ်က ထွက်ရှိခဲ့တဲ့ Girl, Interrupted ရုပ်ရှင်နဲ့ အော်စကာဆု ရရှိခဲ့ပြီးနောက်ပိုင်း ရုပ်ရှင်လောကမှာတဟုန်ထိုး အောင်မြင်မှု ရရှိခဲ့တဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ သူမဟာ နောက်ပိုင်းမှာတော့ မင်းသမီးအဖြစ်တင်မကဘဲ ဇာတ်ညွှန်းတွေပါ စတင်ရေးသားခဲ့ပါတယ်။

သူမ ပထမဆုံး လက်စွမ်းပြခဲ့တာကတော့ ဘော့စနီးယားစစ်ပွဲကို အခြေခံ ရိုက်ကူးထားတဲ့ ၂၀၁၁ခုနှစ်ထွက် In The Land of Blood and Honey ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လူအခွင့်အရေး တက်ကြွလှုပ်ရှားသူ Long Ung ရဲ့ စာအုပ်ကို အခြေခံထားတဲ့ ၂၀၁၇ခုနှစ်ထွက် ရုပ်ရှင် First They Killed My Father မှာလည်း ဇာတ်ညွှန်းရေးသားခဲ့ပါသေးတယ်။ သူမရဲ့ ခင်ပွန်းဟောင်း Brad Pitt နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတဲ့ By the Sea ဇာတ်ကားမှာလည်း သရုပ်ဆောင်၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးသားသူအဖြစ် ဦးဆောင်ရိုက်ကူးခဲ့တာကို တွေ့ရပါသေးတယ်။

George Clooney
photo via IMDb

Clooney ဟာ ဒီနေ့ခေတ် Hollywood ရဲ့ အအောင်မြင်ဆုံး မင်းသားကြီးတစ်ယောက်လို့ ပြောနိုင်ပြီး ပိတ်ကားနောက်ကွယ်မှာလည်း အလုပ်ကြိုးစားတယ်လို့ လူသိများပါတယ်။ သူဟာ ရုပ်ရှင်ထုပ်လုပ်ရေးပိုင်းမှာတင်မက ဒါရိုက်တာပိုင်း၊ သရုပ်ဆောင်ပိုင်းနဲ့ တချို့သော ရုပ်ရှင်တွေမှာ ဇတ်ညွှန်းတွေပါ ရေးသား အောင်မြင်ခဲ့တဲ့အထိကို ထူးချွန်ပါတယ်။

၂၀၀၅ခုနှစ်က ထွက်ရှိခဲ့တဲ့ Good Night, and Good Luck ရုပ်ရှင်ဇတ်ကားဟာဆိုရင် best original screenplay ဆု အပါအဝင် အော်စကာဆုပေါင်းများစွာအတွက် စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဇာတ်ညွှန်းပိုင်းမှာ အောင်မြင်ခဲ့တဲ့ Clooney ဟာ နောက်ပိုင်း ၂၀၁၄ခုနှစ်မှာတော့ The Monuments Men ဇာတ်ကားနဲ့လည်း အောင်မြင်မှုတွေ ရရှိခဲ့ပါသေးတယ်။

C 21

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

Hollywood က နာမည္ႀကီးသ႐ုပ္ေဆာင္ေတြဟာ ႐ုပ္ရွင္နဲ႔ ပတ္သက္လာရင္ သ႐ုပ္ေဆာင္ေကာင္းတာတင္မကပဲ ပိုၿပီးက်ယ္ျပန႔္တဲ့ အရည္အခ်င္းေတြ ရွိတတ္ၾကပါတယ္။ ဒါ႐ိုက္တာအျဖစ္နဲ႔ပါ ေအာင္ျမင္ေနတဲ့ သ႐ုပ္ေဆာင္မ်ားရွိသလို ဇာတ္ၫႊန္းေကာင္းေတြကို ဖန္တီးတတ္တဲ့ သ႐ုပ္ေဆာင္မ်ားလည္း ရွိပါတယ္။ ႏွစ္အလိုက္ အေကာင္းဆုံး ေဝဖန္မႈေတြ ရရွိခဲ့တဲ့ ဇာတ္ၫႊန္းဖန္တီးသူေတြထဲမွာ ပါဝင္ၿပီး ဆုေတြရရွိခဲ့တဲ့အထိ ေအာင္ျမင္ခဲ့သူေတြ ရွိၾကပါတယ္။ ဒါေၾကာင့္  သ႐ုပ္ေဆာင္ပိုင္းအျပင္ ဇာတ္ၫႊန္းပိုင္းမွာပါ ထူးခြၽန္တဲ့ နာမည္ႀကီးသ႐ုပ္ေဆာင္မ်ားကို ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။

Sylvester Stallone
photo via IMDb

ဝါရင့္သ႐ုပ္ေဆာင္တစ္ဦးျဖစ္သူ Stallone ဟာ ၁၉၇၆ခုႏွစ္က Rocky ႐ုပ္ရွင္နဲ႔ စတင္ ေအာင္ျမင္ေက်ာ္ၾကားလာသူ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းမွာ သူဟာ ေခါင္းေဆာင္မင္းသားအျဖစ္နဲ႔တင္မကပဲ ဇာတ္ၫႊန္းကိုပါ ကိုယ္တိုင္ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ Stallone ဟာ ဒီဇာတ္ၫႊန္းအတြက္ Muhammad Ali နဲ႔ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့တဲ့ ေဘာက္ဆင္ပြဲမွာ Wepner ဘက္က အႏိုင္ရရွိခဲ့တဲ့ အေျခအေနမွ စိတ္ကူးရခဲ့တာ ျဖစ္ပါတယ္။

သူဟာ ဒီဇာတ္ၫႊန္းကို အခ်ိန္သုံးရက္တည္းနဲ႔ ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ “ဒီကိစၥႀကီးတစ္ခုလုံးအတြက္ ကြၽန္ေတာ္ အလြန္စိတ္လႈပ္ရွားခဲ့ရပါတယ္ … ” လို႔ GQ မဂၢဇင္းကို ေျပာၾကားခဲ့ပါေသးတယ္။ ဒီတစ္ကားတည္းတင္ မဟုတ္ဘဲ Rambo နဲ႔ The Expendables တို႔လို ဇာတ္ကားေတြမွာလည္း ဇာတ္ၫႊန္းဝင္ေရာက္ ေရးသားခဲ့ပါေသးတယ္။

Emma Thompson
photo via IMDb

ယေန႔ထိတိုင္ေအာင္ ပရိသတ္မ်ားနဲ႔ ရင္းႏွီးေနတဲ့ Thompson ရဲ႕ ဇာတ္လမ္းေကာင္းေလးကေတာ့ ၁၉၉၅ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Sense and Sensibility ျဖစ္ပါတယ္။ Thompson ဟာ ဒီဇာတ္ကားမွာေတာ့ အဓိကသ႐ုပ္ေဆာင္ ျဖစ္တဲ့ Kate Winslet နဲ႔ တြဲဖက္သ႐ုပ္ေဆာင္ခဲ့တဲ့အျပင္ ဒီဇာတ္လမ္းအတြက္ Jane Austen ရဲ႕ဝတၳဳကို ကိုယ္တိုင္ျပန္လည္ ဇာတ္ၫႊန္းေရးသားခဲ့တာပါ။

သူမဟာ ႐ိုက္ကူးေရးေတြနဲ႔ အလုပ္ရႈပ္ေနၿပီး တျခား႐ုပ္ရွင္တစ္ခု ႐ိုက္ကူးေနတဲ့ အခ်ိန္မွာပဲ ဒီဇာတ္ၫႊန္းကို ေရးသားခဲ့တာ ျဖစ္ပါတယ္။ တကယ္ေတာ့ အစပိုင္းမွာ သူမအေနနဲ႔ ဇာတ္ၫႊန္းေရးသား႐ုံသာ ျဖစ္ၿပီး ဒီဇာတ္ကားထဲမွာ ပါဝင္သ႐ုပ္ေဆာင္ရဖို႔ မေသခ်ာခဲ့ပါဘူး။ ေနာက္ပိုင္းမွ ဒါ႐ိုက္တာအဖြဲ႕ရဲ႕ ဆုံးျဖတ္ခ်က္အရ သူမကိုပါ ပါဝင္သ႐ုပ္ေဆာင္ေစခဲ့တာ ျဖစ္ပါတယ္။

Seth Rogen
photo via IMDb

ကေနဒါႏိုင္ငံဖြား သ႐ုပ္ေဆာင္ Rogen ဟာ အရည္အခ်င္းရွိတဲ့ ဇာတ္ၫႊန္းေရးဆရာတစ္ေယာက္ ျဖစ္တဲ့အေၾကာင္း လူအမ်ားစုကေတာ့ သတိမမူမိၾကပါဘူး။ Pineapple Express အပါအဝင္ သူ ဇာတ္ၫႊန္းေရးခဲ့တဲ့ ႐ုပ္ရွင္ေတြထဲမွာ ေ႐ႊကမာၻလုံးဆုအတြက္ စံကာတင္စာရင္း ဝင္ခဲ့တာေတြေတာင္ ရွိပါတယ္။

သူ႔ရဲ႕ ဇာတ္ၫႊန္းေတြနဲ႔ ပတ္သက္ၿပီး အထူးတလည္ အမွတ္တရ ျဖစ္ေစတဲ့ အခ်က္ကေတာ့ သူ႔ရဲ႕ ဟာသေျမာက္တဲ့ ဖန္တီးမႈေတြေၾကာင့္ပါပဲ။ Rogen ဟာ The Green Hornet အတြက္လည္း ဇာတ္ၫႊန္းေရးသားခဲ့ၿပီး ကံမေကာင္းစြာပဲ သူ႔ရဲ႕အဆိုးဆုံး႐ုပ္ရွင္အျဖစ္ ပရိသတ္ေတြကေတာ့ ရႈျမင္ခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေတြကေတာ့ Rogen ဟာ သူကိုယ္တိုင္ဖန္တီးေနတဲ့ တီဗြီဇာတ္လမ္းတြဲ Preacher အတြက္ ဇာတ္ၫႊန္းေရးေနခဲ့တာ ျဖစ္ပါတယ္။

Matt Damon
photo via IMDb

Matt Damon ရဲ႕ ပထမဆုံးနဲ႔ တစ္ခုတည္းေသာ ေအာ္စကာဆု ရရွိခဲ့တဲ့ ႐ုပ္ရွင္ကေတာ့ Good Will Hunting ျဖစ္ပါတယ္။ ထူးျခားတာကေတာ့ Matt ဟာ ဒီဇာတ္ကားမွာ သူ႔ရဲ႕သ႐ုပ္ေဆာင္မႈအတြက္ ဆုရရွိခဲ့တာ မဟုတ္ဘဲ ဇာတ္ၫႊန္းဆုနဲ႔ ေအာ္စကာ ရရွိခဲ့တာ ျဖစ္ပါတယ္။ တကယ္တမ္း ပရိသတ္ေတြ သတိမထားမိခဲ့တဲ့ အရာကေတာ့ ဒီဇာတ္ကားအတြက္ ဇာတ္ၫႊန္းကို Matt နဲ႔ Ben Affleck တို႔က ပူးတြဲဖန္တီးခဲ့ၿပီး ေအာ္စကာဆုကိုလည္း ပူးတြဲ ရရွိခဲ့တယ္ ဆိုတာပါပဲ။

ေအာ္စကာဆုေပးပြဲႀကီးကလည္း သူတို႔ကို ထိုက္ထိုက္တန္တန္ ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။ နာမည္ႀကီး မင္းသားေတြ အၿပိဳင္ႀကဲထားတဲ့ Good Will Hunting ဟာ ၁၉၉၀ခုႏွစ္မ်ားက ႐ုပ္ရွင္႐ုံမ်ားရဲ႕ အမွတ္အသားတစ္ခုေတာင္ ျဖစ္ခဲ့တာပါ။ ေနာက္ပိုင္းႏွစ္ေတြမွာလည္း Matt ဟာ Garry နဲ႔ Promised Land တို႔လို ဇာတ္ကားေတြမွာ ဇာတ္ၫႊန္းေရးသားခဲ့ၿပီး မၾကာခင္ထြက္ရွိလာမယ့္ The Last Duel ဇာတ္ကားမွာလည္း Ben Affleck နဲ႔ တြဲၿပီး ဇာတ္ၫႊန္းေရးသားထားတယ္လို႔ သိရပါတယ္။

Kristen Wiig
photo via IMDb

Saturday Night Live (SNL) အဖြဲ႕ဝင္ နာမည္ႀကီး ဟာသ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္တဲ့ Wiig ဟာ ႐ုပ္ရွင္အေတာ္မ်ားမ်ားမွာ ပါဝင္သ႐ုပ္ေဆာင္ထားသူ ျဖစ္ပါတယ္။ သူမဟာ ၂၀၁၁ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ နာမည္ႀကီး ဟာသကား Bridesmaids မွာ Annie Mumolo နဲ႔ တြဲဖက္ၿပီး ဇာတ္ၫႊန္းေရးသားခဲ့ပါတယ္။

ဒီဇာတ္ၫႊန္းအတြက္ စိတ္ကူးကိုေတာ့ Annie Mumolo ရဲ႕ လက္ထပ္ပြဲေတြ၊ အပ်ိဳညေတြကို သြားခဲ့ဖူးတဲ့ အေတြ႕အႀကဳံေတြကေန စိတ္ကူးရလို႔ ဒီဇာတ္လမ္းျဖစ္လာတာပါလို႔ အင္တာဗ်ဴးတစ္ခုမွာ Wiig က ေျပာၾကားခဲ့ပါတယ္။ ဒီဇာတ္ကားကိုေတာ့ ဇာတ္လမ္းထဲမွာ ဧည့္သည္သ႐ုပ္ေဆာင္အျဖစ္ ပါဝင္ခဲ့တဲ့ Paul Feig က ဒါ႐ိုက္တာအျဖစ္ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ Bridesmaids ဇာတ္ကားမွာ SNL အဖြဲ႕ဝင္မ်ားျဖစ္တဲ့  Maya Rudolph ၊ Terry Crews ၊ Rebel Wilson ၊ Melissa McCarthy ၊ Ben Falcone ၊ Rose Byrne နဲ႔ Ellie Kemper တို႔က အတူ ပါဝင္သ႐ုပ္ေဆာင္ထားၾကပါတယ္။

Ben Affleck
photo via screenrant

Good Will Hunting မွာ တြဲဖက္ ဇာတ္ၫႊန္းေရးၿပီး ေအာ္စကာဆု ရရွိခဲ့တဲ့ Affleck ဟာ ေနာက္ပိုင္း ႐ုပ္ရွင္အခ်ိဳ႕မွာလည္း ေဝဖန္ေရးသမားေတြအႀကိဳက္ ျဖစ္ခဲ့တဲ့ ဇာတ္ၫႊန္းေတြကို ေရးသားခဲ့ပါတယ္။ သူ႔ဇာတ္ၫႊန္းေတြနဲ႔ နာမည္ႀကီးခဲ့တဲ့ ဇာတ္ကားေတြထဲမွာ ၂၀၀၇ခုႏွစ္က ထြက္ရွိခဲ့တဲ့ Gone Baby Bone နဲ႔  ၂၀၁၀ခုႏွစ္က ထြက္ရွိခဲ့တဲ့ The Town တို႔လည္း ပါဝင္ပါတယ္။ ဒါ့အျပင္ Affleck ဟာ အဲဒီႏွစ္ကားလုံးမွာ ဒါ႐ိုက္တာအျဖစ္လည္း ႐ိုက္ကူးခဲ့တာပါ။

အဲဒီလိုတာဝန္မ်ားစြာနဲ႔ The Town ကို စတင္႐ိုက္ကူးခဲ့ခ်ိန္မွာေတာ့ Affleck အတြက္ ခ်ီတုံခ်တုံ ျဖစ္စရာအခ်ိဳ႕ ရွိခဲ့ပါေသးတယ္။ “Boston မွာ မႈခင္း႐ုပ္ရွင္ ႐ိုက္ကူးလို႔ ပုံေသကားက်ႀကီးလို႔ သတ္မွတ္ ေျပာဆိုခံရမွာမ်ိဳးကို သိခဲ့ေပမယ့္ ကြၽန္ေတာ္ကေတာ့ Jeremy Renner ၊ Blake Lively နဲ႔ Jon Hamm တို႔လို သ႐ုပ္ေဆာင္ေကာင္းေတြနဲ႔ အတူလက္တြဲလုပ္ခဲ့ရပါတယ္ … ”  လို႔ Affleck က ရွင္းျပခဲ့ဖူးပါတယ္။

Justin Theroux
photo via screenrant

Theroux ဟာ Romy and Michele’s High School Reunion ၊ American Psycho ၊ Mulholland Drive ၊ Miami Vice နဲ႔ The Girl on The Train တို႔လို နာမည္ႀကီးဇာတ္ကားေတြမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ ဝါရင့္သ႐ုပ္ေဆာင္တစ္ဦး ျဖစ္ပါတယ္။ အဲဒီအေတာအတြင္းမွာပဲ Theroux ဟာ ဇာတ္ၫႊန္းေတြကိုပါ ဖန္တီးေနခဲ့တာကိုေတာ့ ပရိသတ္ေတြ သိပ္ၿပီးသတိမထားမိခဲ့ၾကပါဘူး။ တကယ္ေတာ့ သူဟာ ၂၀၁၀ခုႏွစ္က ထြက္ရွိခဲ့တဲ့ MCU ရဲ႕ Iron Man 2 ႐ုပ္ရွင္အတြက္ကိုလည္း ဇာတ္ၫႊန္းေရးသားေပးခဲ့တာ ျဖစ္ပါတယ္။ Robert Downey Jr. ကို ေအာ္စကာ စံကာတင္ဝင္ေစခဲ့တဲ့ Tropic Thunder ႐ုပ္ရွင္မွာ ဇာတ္ၫႊန္းေရးခဲ့ရာက စတင္ၿပီး Theroux ဟာ MCU နဲ႔ တြဲဖက္ လုပ္ကိုင္ျဖစ္ခဲ့ပါတယ္။

Tina Fey
photo via screenrant

Wiig လိုပဲ SNL အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္တဲ့ သ႐ုပ္ေဆာင္ Tina Fey ဟာလည္း နာမည္ႀကီး comedy ဇာတ္ကားေတြမွာ ဇာတ္ၫႊန္းေရးသားခဲ့သူ ျဖစ္ပါတယ္။ အထူးသျဖင့္ ၂၀၀၄ခုႏွစ္က နာမည္ႀကီးခဲ့တဲ့ Mean Girls ဟာ သူမ ဖန္တီးေရးသားခဲ့တဲ့ ႐ုပ္ရွင္တစ္ခု ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ဟာ Lindsay Lohan ကို နာမည္ႀကီး မင္းသမီးတစ္ေယာက္ ျဖစ္ေစခဲ့ၿပီး သူမရဲ႕ ေနာက္ဆုံးေအာင္ျမင္ခဲ့တဲ့ ႐ုပ္ရွင္လည္း ျဖစ္ပါတယ္။

Mean Girls အတြက္ ဇာတ္ၫႊန္းေရးစဥ္က Fey ဟာ မည္သူ တစ္ဦးတစ္ေယာက္ရဲ႕ စိတ္ကူးဇာတ္လမ္းကိုမွ မွီျငမ္းခဲ့တာ မဟုတ္ဘူးလို႔ ဆိုပါတယ္။ “ကြၽန္မတက္ခဲ့တဲ့ အထက္တန္းေက်ာင္းကို ျပန္သြားလည္ပတ္ခဲ့ၿပီး ရန္လိုမႈေတြ၊ မနာလိုမႈေတြ၊ ေခ်ာက္ခ်မႈေတြကို ကိုယ္တိုင္ေလ့လာၿပီးဖန္တီးထားတာပါ … ” လို႔ Fey က ေျပာၾကားခဲ့ပါတယ္။

Angelina Jolie
photo via screenrant

Jolie ဟာ ၁၉၉၉ခုႏွစ္က ထြက္ရွိခဲ့တဲ့ Girl, Interrupted ႐ုပ္ရွင္နဲ႔ ေအာ္စကာဆု ရရွိခဲ့ၿပီးေနာက္ပိုင္း ႐ုပ္ရွင္ေလာကမွာတဟုန္ထိုး ေအာင္ျမင္မႈ ရရွိခဲ့တဲ့ မင္းသမီးတစ္လက္ ျဖစ္ပါတယ္။ သူမဟာ ေနာက္ပိုင္းမွာေတာ့ မင္းသမီးအျဖစ္တင္မကဘဲ ဇာတ္ၫႊန္းေတြပါ စတင္ေရးသားခဲ့ပါတယ္။

သူမ ပထမဆုံး လက္စြမ္းျပခဲ့တာကေတာ့ ေဘာ့စနီးယားစစ္ပြဲကို အေျခခံ ႐ိုက္ကူးထားတဲ့ ၂၀၁၁ခုႏွစ္ထြက္ In The Land of Blood and Honey ႐ုပ္ရွင္ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ လူအခြင့္အေရး တက္ႂကြလႈပ္ရွားသူ Long Ung ရဲ႕ စာအုပ္ကို အေျခခံထားတဲ့ ၂၀၁၇ခုႏွစ္ထြက္ ႐ုပ္ရွင္ First They Killed My Father မွာလည္း ဇာတ္ၫႊန္းေရးသားခဲ့ပါေသးတယ္။ သူမရဲ႕ ခင္ပြန္းေဟာင္း Brad Pitt နဲ႔အတူ တြဲဖက္သ႐ုပ္ေဆာင္ထားတဲ့ By the Sea ဇာတ္ကားမွာလည္း သ႐ုပ္ေဆာင္၊ ဒါ႐ိုက္တာ၊ ဇာတ္ၫႊန္းေရးသားသူအျဖစ္ ဦးေဆာင္႐ိုက္ကူးခဲ့တာကို ေတြ႕ရပါေသးတယ္။

George Clooney
photo via IMDb

Clooney ဟာ ဒီေန႔ေခတ္ Hollywood ရဲ႕ အေအာင္ျမင္ဆုံး မင္းသားႀကီးတစ္ေယာက္လို႔ ေျပာႏိုင္ၿပီး ပိတ္ကားေနာက္ကြယ္မွာလည္း အလုပ္ႀကိဳးစားတယ္လို႔ လူသိမ်ားပါတယ္။ သူဟာ ႐ုပ္ရွင္ထုပ္လုပ္ေရးပိုင္းမွာတင္မက ဒါ႐ိုက္တာပိုင္း၊ သ႐ုပ္ေဆာင္ပိုင္းနဲ႔ တခ်ိဳ႕ေသာ ႐ုပ္ရွင္ေတြမွာ ဇတ္ၫႊန္းေတြပါ ေရးသား ေအာင္ျမင္ခဲ့တဲ့အထိကို ထူးခြၽန္ပါတယ္။

၂၀၀၅ခုႏွစ္က ထြက္ရွိခဲ့တဲ့ Good Night, and Good Luck ႐ုပ္ရွင္ဇတ္ကားဟာဆိုရင္ best original screenplay ဆု အပါအဝင္ ေအာ္စကာဆုေပါင္းမ်ားစြာအတြက္ စံကာတင္စာရင္း ဝင္ခဲ့ပါတယ္။ အဲဒီအခ်ိန္ကစၿပီး ဇာတ္ၫႊန္းပိုင္းမွာ ေအာင္ျမင္ခဲ့တဲ့ Clooney ဟာ ေနာက္ပိုင္း ၂၀၁၄ခုႏွစ္မွာေတာ့ The Monuments Men ဇာတ္ကားနဲ႔လည္း ေအာင္ျမင္မႈေတြ ရရွိခဲ့ပါေသးတယ္။

C 21

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular