HomeEntertainmentFilmလက်တွေ့ဘဝက ကြေကွဲဖွယ်ဖြစ်ရပ်တွေကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းများ

လက်တွေ့ဘဝက ကြေကွဲဖွယ်ဖြစ်ရပ်တွေကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အပြင်လောကမှာ တကယ်ဖြစ်ပျက်ခဲ့ဖူးတဲ့ အစုလိုက် အပြုံလိုက် ကံဆိုးမိုးမှောင်ကျမှု၊ ဘေးဒုက္ခရောက်ခဲ့ရမှုတွေကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားများဟာ အနိဌာရုံဆန်ပေမယ့် ထူးခြားကောင်းမွန်တယ်ဆိုတာတော့ ငြင်းမရပါဘူး။ ဒီလိုဇာတ်လမ်းမျိုးတွေဟာ သေခြင်းတရားနဲ့ စိတ်မချမ်းသာစရာတွေကိုပဲ ကြည့်ရှုရမှာ ဖြစ်ပေမယ့် တစ်ခြားတစ်ဖက်မှာတော့ လူတွေကို ဗဟုသုတ တိုးပွားစေတဲ့အပြင် ဘေးအန္တရာယ်တွေ၊ ကပ်ဆိုးတွေနဲ့ ပတ်သက်ပြီး သတိချပ်စေပါတယ်။ သို့သော်လည်း တကယ့်ကပ်ဘေးတွေကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်တိုင်းကတော့ အောင်မြင်ခဲ့တာ မဟုတ်ပါဘူး။ ဒီထဲကမှ တကယ့်ကို ကောင်းမွန်ပီပြင်ပြီး ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Everest (2015) – IMDb 7.1
photo via screenrant

ဧဝရတ်တောင်လို့ခေါ်တဲ့ ကမ္ဘာကျော် Mount Everest မှာတော့ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရပြီး အသက်ဆုံးရှုံးခဲ့ရသူတွေ မနည်းပါဘူး။ သို့ပေမယ့် “ဧဝရတ်တောင်မှ မတော်တဆမှုများ”ရယ်လို့ ခြုံကြည့်လိုက်မယ်ဆိုရင်တော့ ၁၉၉၆ခုနှစ်က ဧဝရတ်တောင်ကပ်ဘေးဟာ နာမည်အကြီးဆုံး ဖြစ်ပါတယ်။ ၁၉၉၆ခုနှစ် မေလ(၁၀)ရက်နဲ့ (၁၁)ရက်နေ့မှာ Adventure Consultants နဲ့ Mountain Madness အဖွဲ့နှစ်ဖွဲ့က လူ(၈)ယောက်ပါဝင်တဲ့ တောင်တက်အဖွဲ့ဟာ ဧဝရတ်တောင်ကို တက်ရင်း နှင်းမုန်တိုင်းမိကာ အသက်ဆုံးရှုံးခဲ့ကြပါတယ်။

တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူဖြစ်တဲ့ Jon Krakauer ကတော့ ဒီကပ်ဘေးနဲ့ ပတ်သက်ပြီး Thin Air လို့ အမည်ရတဲ့စာအုပ်ကို ရေးသားထုတ်ဝေခဲ့ကာ အရောင်းရဆုံး စာအုပ်တစ်အုပ် ဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို အခြေခံပြီး ၂၀၁၅ခုနှစ်မှာ Everest လို့ အမည်ရတဲ့ ရုပ်ရှင်ကားကို ပြန်လည်ဖန်တီးခဲ့ကြပါတယ်။ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေကတော့ Jason Clarke ၊ Josh Brolin ၊ Robin Wright ၊ Emily Watson ၊ Keira Knightley နဲ့ Jake Gyllenhaal တို့ ဖြစ်ပါတယ်။ အဲ့ဒီတုန်းက အဖြစ်အပျက်အတိုင်း အံ့မခန်း ရိုက်ကူးတင်ဆက်နိုင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

Fruitvale Station (2013) – IMDb 7.5
photo via screenrant

ဒါရိုက်တာ Ryan Coogler ရဲ့ ပွဲဦးထွက် ဇာတ်ကားဖြစ်တဲ့ Fruitvale Station ကတော့ ရုပ်ရှင်ထူးချွန်ဆုများစွာ ရရှိခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ၂၀၀၉ခုနှစ်ရဲ့ နယူးယော့ခ်မြို့ မနက်ခင်းတစ်ခုမှာ ရဲအရာရှိ Johannes Mehserle ဆိုသူက အသက်(၂၂)နှစ်အရွယ် လူမည်း အမျိုးသားတစ်ယောက်ကို လူမဆန်စွာ ရက်ရက်စက်စက် ပစ်သတ်ခဲ့တဲ့အကြောင်း ဖြစ်ပါတယ်။

မင်းသား Michael B. Jordan က Grant အဖြစ် သရုပ်ဆောင်ခဲ့ပြီး ဒါရိုက်တာ Coogler ကလည်း သူ့ရဲ့ရိုက်ကူးမှု အတတ်ပညာနဲ့ ဒီလို လူသားမဆန်တဲ့လုပ်ရပ်ကို ပီပြင်စွာ ရိုက်ကူးတင်ဆက် ပြသခဲ့ပါတယ်။ ဒါဟာ (၂၁)ရာစုမှာ အမေရိကန်နိုင်ငံအတွက် ကပ်ဘေးတစ်ခုလို ဖြစ်ပျက်နေတဲ့  ရက်စက်မှုတွေနဲ့ လူသားမဆန်မှုတွေရဲ့ ဝမ်းနည်းကြေကွဲဖွယ်အ‌ကြောင်းကို ထင်ဟပ်စေခဲ့တဲ့ ၂၀၁၃ခုနှစ်ထွက် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

Munich (2005) – IMDb 7.5
photo via screenrant

Munich ကတော့ ဒါရိုက်တာ Steven Spielberg ရဲ့ ဝမ်းနည်းဖို့ကောင်းပြီး စိတ်လှုပ်ရှားဖို့လည်းကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဖြစ်ရပ်ကတော့ ၁၉၇၂ခုနှစ် နွေရာသီကာလ Munich မြို့မှာ ကျင်းပခဲ့တဲ့ အိုလံပစ်ပွဲတော်ကို Black September လို့ခေါ်တဲ့ အဖွဲ့တစ်ဖွဲ့က အကြမ်းဖက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်သမား ငါးယောက်အပြင် လူပေါင်း(၁၇)ယောက် အသက်ဆုံးရှုံးခဲ့ရတဲ့ ဆိုးဝါးတဲ့ အဖြစ်အပျက်တစ်ခုအကြောင်း ဖြစ်ပါတယ်။

Operation Wrath of God လို့ နာမည်ကြီးခဲ့ပြီး Operation Bayonet လို့လည်း လူသိများခဲ့တဲ့ ဒီတန်ပြန်လျှို့ဝှက်စစ်ဆင်ရေးဟာ အကြမ်းဖက်မှုမှာ ပါဝင်တဲ့ အကြမ်းဖက်သမားမှန်သမျှကို ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ Munich ရဲ့ သမိုင်းဝင် မှတ်တမ်းတစ်ခုဖြစ်တဲ့ Operation Wrath of God ရဲ့ အဓိက တာဝန်ခံခေါင်းဆောင်အဖြစ် နာမည်ကျော် မင်းသား Eric Bana က သရုပ်ဆောင်ခဲ့ပါတယ်။

United 93 (2006) – IMDb 7.5
photo via screenrant

စက်တင်ဘာလ (၁၁)ရက်နေ့ဟာ အမေရိကန်နိုင်ငံရဲ့ ကြီးမားတဲ့ သမိုင်းဝင် အကြမ်းဖက်မှုကြီး ဖြစ်ပျက်ခဲ့တဲ့ နေ့ရက် ဖြစ်ပါတယ်။ အဆိုပါနေ့ရက်က အဖြစ်အပျက်တွေကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားများစွာရှိပြီး United 93 ဟာလည်း အကောင်းဆုံး ဇာတ်ကားတစ်ခုလို့ ပြောလို့ရပါတယ်။ ဒီဇာတ်ကားကတော့ ကမ္ဘာ့ကုန်သွယ်မှု အဆောက်အအုံဖြစ်တဲ့ မိုးမျှော်အမွှာတိုက်ကြီး နှစ်လုံး တိုက်ခိုက်ခံရတဲ့အကြောင်း မဟုတ်ဘဲ United Airlines Flight 93 ဆိုတဲ့ လေယာဉ်ပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ စက်တင်ဘာလ (၁၁)ရက်နေ့မှာ ဖြစ်ပျက်ခဲ့တဲ့ တစ်ပြိုင်နက် အကြမ်းဖက်မှုတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ Flight 93 ကတော့ အဲ့ဒီနေ့ရက်မှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ ခရီးသည်တင် လေယာဉ်တစ်စင်း ဖြစ်ပါတယ်။ အယ်လ်ကိုင်းဒါး အကြမ်းဖက်သမားတွေက လေယာဉ်ကို ပြန်ပေးဆွဲခဲ့ပေမယ့် လေယာဉ်ပေါ်က ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်းတွေရဲ့ ရဲဝံ့စွာ ကြိုးပမ်းကာကွယ်မှုကြောင့် လေယာဉ်ကို ပြန်လည်ထိန်းချုပ်မှု ရယူနိုင်ခဲ့ပြီး Pennsylvania က လယ်ကွင်းတစ်ခုဆီကို လေယာဉ်ဆင်းသက်နိုင်ခဲ့ပါတယ်။ ဝမ်းနည်းစရာကတော့ ဒီတိုက်ခိုက်မှုမှာ ခရီးသွားပြည်သူ အယောက် (၄၀)လောက် အသက်စတေးခဲ့ရပါတယ်။

The Impossible (2012) – IMDb 7.6
photo via screenrant

The Impossible ကတော့ ၂၀၀၄ခုနှစ်က ဆူနာမီဘေးသင့်ခဲ့တဲ့ ဖြစ်ရပ်ကနေ အသက်ရှင်လျက် လွတ်မြောက်ခဲ့တဲ့ မိသားစုတစ်ခုအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ၂၀၀၄ခုနှစ်မှာ အိန္ဒိယသမုဒ္ဒရာက စတင်ခဲ့တဲ့ ငလျင်ကြောင့် ဆူနာမီလှိုင်းလုံးကြီးတွေ တစ်ဆက်တည်း ဖြစ်ပေါ်လာပြီး ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေအပြင် လူပေါင်း နှစ်သိန်းကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီငလျင်ဟာ သမိုင်းမှတ်တမ်းမှာတော့ တတိယအကြီးမားဆုံး ဖြစ်ပြီး အသေအပျောက် အများဆုံး သဘာဝဘေးအန္တရာယ်တစ်ခုအဖြစ် ထင်ကျန်ရစ်ခဲ့ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ ဆူနာမီကပ်ဘေးအတွင်း ကံကောင်းထောက်မစွာနဲ့ အသက်ရှင်ကျန်ခဲ့တဲ့ စပိန်နိုင်ငံသူ Maria Belon နဲ့ မိသားစုရဲ့ တကယ့် ကိုယ်တွေ့ဖြစ်ရပ်ကို မှီငြမ်းရိုက်ကူးထားတာ ဖြစ်ပါတယ်။ Tom Holland ၊ Naomi Watts ၊ Ewan McGregor တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ခေါင်းဆောင်မင်းသမီးဖြစ်တဲ့ Naomi Watts ဟာ အော်စကာဆု၊ ရွှေကမ္ဘာလုံးဆုနဲ့ Teen Choice ဆုတွေမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုအဖြစ် စံကာတင် စာရင်းဝင်ခဲ့ပါတယ်။

Bonnie and Clyde (1967) – IMDb 7.8
photo via screenrant

Bonnie and Clyde ကတော့ သဘာဝကပ်ဘေးမျိုး မဟုတ်ပေမယ့် ဇာတ်လမ်းထဲမှာ ဝမ်းနည်းကြေကွဲစရာများစွာ ပါဝင်ပါတယ်။ ၁၉၃၂ခုနှစ် နဲ့ ၁၉၃၄ခုနှစ်အတွင်း အမေရိကန်နိုင်ငံက နာမည်ကြီး ဝရမ်းပြေး တောပုန်းအဖွဲ့ဖြစ်တဲ့ Barrow Gang အဖွဲ့ရဲ့ ထင်ရာစိုင်း သောင်းကြမ်းခဲ့မှုတွေကြောင့် နိုင်ငံတော်အဆင့်ထိ ဂယက်ရိုက်ခဲ့ပါတယ်။ ဒီအဖွဲ့ဟာ ပြည်တွင်းစီးပွားရေး လုပ်ငန်းများစွာနဲ့ ဘဏ်အချို့မှာ ဓားပြမှုတွေ ကျူးလွန်ခဲ့တဲ့အပြင် လူပေါင်းများစွာကိုလည်း သတ်ဖြတ်ခဲ့ပါသေးတယ်။

Bonnie နဲ့ Clyde ဟာ အလားအလာရှိတဲ့ လူငယ်တွေဖြစ်ပေမယ့် မလိုလားအပ်တဲ့ အကြမ်းဖက်၊ ရက်စက်မှုတွေနဲ့ ကျော်ကြားလိုတဲ့ စိတ်တွေကြောင့် သူတို့ရဲ့ဘဝဟာ အညွှန့်တုံးခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ၁၉၆၇ခုနှစ်မှာ ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခဲ့ပြီး Warren Beatty နဲ့ Faye Dunaway တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Titanic (1997) – IMDb 7.8
photo via screenrant

Titanic ကတော့ ဒီဘက်ခေတ်မှာ နာမည်အကြီးဆုံး ဝမ်းနည်းစရာဖြစ်ရပ်တစ်ခုကို ပြသထားတဲ့ ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ တရားဝင် ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်တွေအရ တိုက်တန်းနစ်သင်္ဘော နစ်မြုပ်မှုမှာ လူပေါင်း (၁၅၀၀)သေဆုံးတယ်လို့ ဆိုပေမယ့် ရေတွက်ဖို့ ခက်ခဲတဲ့ တချို့အနေအထားတွေကြောင့် လူပေါင်း (၁၄၉၀)ကနေ (၁၆၃၅)ယောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

ဒီဇာတ်ကားကတော့ ၁၉၁၂ခုနှစ်တုန်းက Titanic သ‌င်္ဘောကြီးရဲ့ နစ်မြုပ်မှုအကြောင်း တကယ့်ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါရိုက်တာ James Cameron ကတော့ သင်္ဘောကြီး နစ်မြုပ်မှုထက် Jack Dawson နဲ့ Rose DeWitt Bukater ဆိုတဲ့ ဇာတ်ရုပ်နှစ်ခုရဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းကို ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဝမ်းနည်းစရာကောင်းစွာ ဆုံးရှုံးသွားတဲ့ အသက်ပေါင်းများစွာကိုလည်း ကြက်သီးတဖြန်းဖြန်းထအောင် ရိုက်ကူးပြနိုင်ခဲ့ပါတယ်။ ဒါ့အပြင် Titanic ဟာ ရုပ်ရှင်လောကမှာ ကြီးမားတဲ့ အောင်မြင်မှုမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။

Into The Wild (2007) – IMDb 8.1
photo via screenrant

Into The Wild ကတော့ Fruitvale Station လိုပဲ လူတစ်ယောက်ရဲ့ သေဆုံးခြင်းနဲ့ ပတ်သက်ပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။ မတူညီတာကတော့ ဒီဝမ်းနည်းစရာ အဖြစ်အပျက်ဟာ ခေါင်းမာတဲ့ လူတစ်ယောက်ရဲ့ တဇွတ်ထိုးဆန်မှုအကြောင်း ဖြစ်နေတာပါပဲ။ Christopher McCandless ဆိုတဲ့ ဘွဲ့ရပြီးကာစ လူငယ်တစ်ယောက်ဟာ ပိုင်ဆိုင်မှုတွေနဲ့ မြို့ပြဘဝကို စွန့်လွှတ်ပြီး သဘာဝတရားနဲ့ ယှဉ်တွဲကာ သီးသန့်နေထိုင်ခဲ့သူ ဖြစ်ပါတယ်။

ဖြစ်ရပ်ကတော့ Christopher ဟာ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ပြီးနောက် သီးသန့်ဆန်ဆန် လွတ်လပ်စွာ နေထိုင်ဖို့ အလာစကာပြည်နယ်ကို ခရီးထွက်ခဲ့ပါတယ်။ သို့ပေမယ့် သူ့ရဲ့ခရီးတစ်လျှောက်မှာ ခက်ခဲမှုများစွာနဲ့ သူ့ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေပါတော့တယ်။ McCandless နေရာမှာ မင်းသား Emile Hirsch က သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Sean Penn က ကျွမ်းကျင်ပိုင်နိုင်စွာ ရိုက်ကူးထားတဲ့ ဝမ်းနည်းစရာဇာတ်လမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

Hotel Rwanda (2004) – IMDb 8.1
photo via screenrant

MGM စတူဒီယိုက ၂၀၀၄ခုနှစ်မှာ တင်ဆက်ခဲ့တဲ့ Hotel Rwanda ဟာ ရဝမ်ဒါနိုင်ငံက ကြောက်ခမန်းလိလိ လူမျိုးတုံးသတ်ဖြတ်မှုအကြောင်း ဖြစ်ပါတယ်။ ၁၉၉၄ခုနှစ်မှာ ရဝမ်ဒါနိုင်ငံမှာရှိတဲ့ ဟူတူနဲ့ တူစီ လူမျိုးနွယ်စုနှစ်ခုကြား လူမျိုးရေးခွဲခြားမှုတွေနဲ့ အာဏာရလိုမှုတွေ ဖြစ်ပွားခဲ့ပြီး အစုလိုက်အပြုံလိုက် အကြင်နာကင်းမဲ့စွာ လူမျိုးတုံးသတ်ဖြတ်မှုတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ရက်ပေါင်း တစ်ရာကျော် ကြာမြင့်ခဲ့ပြီး နိုင်ငံတွင်းက တူစီလူမျိုးတွေဟာ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီလူမျိုးတုံး သတ်ဖြတ်မှုမှာ ခန့်မှန်းချေ အသက်ပေါင်း (၈)သိန်းခန့် ဆုံးရှုံးခဲ့ရပါတယ်။

ဒီဖြစ်ရပ်မှာ Paul Rusesabagina ဆိုသူဟာ အဲ့ဒီ့ကာလကြီးမှာ ဟူတူနဲ့ တူစီ မျိုးနွယ်စုနှစ်ခုစလုံးက ဒုက္ခသည်တွေကို သူ့ရဲ့ဟိုတယ်မှာ ကယ်တင်ပေးထားခဲ့ပါတယ်။ Paul Rusesabagina ဟာ ရဝမ်ဒါနိုင်ငံက Hotel des Mille Collines ဆိုတဲ့ ဟိုတယ်တစ်ခုက မန်နေဂျာတစ်ယောက် ဖြစ်ပါတယ်။ သူဟာ သမိုင်းမှာ လူသားဆန်တဲ့လူတစ်ယောက်အဖြစ် ဂုဏ်ပြုသတ်မှတ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ရုပ်နေရာမှာတော့ မင်းသားကြီး Don Cheadle က သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ အကောင်းဆုံးဇာတ်ညွှန်းဆု၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေမှာ အော်စကာ စံကာတင်စာရင်းဝင်ခဲ့ပါတယ်။

Schindler’s List (1993) – IMDb 8.9
photo via screenrant

Schindler’s List ဟာ ကပ်ဆိုးကြီးတစ်ခုကို ဖော်ပြထားတဲ့ ဇာတ်လမ်းပဲ ဖြစ်ပြီး ဒီဇာတ်ကားတွေရဲ့ စာရင်းထဲမှာတော့ နာမည်အကြီးဆုံး ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဂျူးလူမျိုးတွေကို သန်းနဲ့ချီပြီး မီးလောင်တိုက်သွင်းကာ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ နာဇီအဖွဲ့ဝင် စက်မှုလုပ်ငန်းရှင် Oskar Schindler ဟာ သူ အမှုထမ်းတဲ့ နာဇီပါတီကို သစ္စာဖောက်ပြီး ထောင်ချီတဲ့ ဂျူးတွေရဲ့အသက်ကို ကယ်တင်ခဲ့တဲ့ သမိုင်းဝင်ဇာတ်ကြောင်း ဖြစ်ပါတယ်။ Schindler’s List ဟာရုပ်ရှင်လောကမှာ အကြီးကျယ်ဆုံး ဇာတ်ကားတစ်ကားအဖြစ် အမှတ်ရစေသလို စိတ်နှလုံး ဝမ်းနည်းကြေကွဲဖွယ်ရာ ဇာတ်ကားလည်း ဖြစ်ပါတယ်။

C 21

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

အျပင္ေလာကမွာ တကယ္ျဖစ္ပ်က္ခဲ့ဖူးတဲ့ အစုလိုက္ အၿပဳံလိုက္ ကံဆိုးမိုးေမွာင္က်မႈ၊ ေဘးဒုကၡေရာက္ခဲ့ရမႈေတြကို အေျခခံၿပီး ျပန္လည္႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ဇာတ္ကားမ်ားဟာ အနိဌာ႐ုံဆန္ေပမယ့္ ထူးျခားေကာင္းမြန္တယ္ဆိုတာေတာ့ ျငင္းမရပါဘူး။ ဒီလိုဇာတ္လမ္းမ်ိဳးေတြဟာ ေသျခင္းတရားနဲ႔ စိတ္မခ်မ္းသာစရာေတြကိုပဲ ၾကည့္ရႈရမွာ ျဖစ္ေပမယ့္ တစ္ျခားတစ္ဖက္မွာေတာ့ လူေတြကို ဗဟုသုတ တိုးပြားေစတဲ့အျပင္ ေဘးအႏၲရာယ္ေတြ၊ ကပ္ဆိုးေတြနဲ႔ ပတ္သက္ၿပီး သတိခ်ပ္ေစပါတယ္။ သို႔ေသာ္လည္း တကယ့္ကပ္ေဘးေတြကို အေျခခံၿပီး ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္တိုင္းကေတာ့ ေအာင္ျမင္ခဲ့တာ မဟုတ္ပါဘူး။ ဒီထဲကမွ တကယ့္ကို ေကာင္းမြန္ပီျပင္ၿပီး ၾကည့္ရႈသင့္တဲ့ ဇာတ္ကားေကာင္းတခ်ိဳ႕ကို ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။

Everest (2015) – IMDb 7.1
photo via screenrant

ဧဝရတ္ေတာင္လို႔ေခၚတဲ့ ကမာၻေက်ာ္ Mount Everest မွာေတာ့ အျဖစ္ဆိုးနဲ႔ ႀကဳံခဲ့ရၿပီး အသက္ဆုံးရႈံးခဲ့ရသူေတြ မနည္းပါဘူး။ သို႔ေပမယ့္ “ဧဝရတ္ေတာင္မွ မေတာ္တဆမႈမ်ား”ရယ္လို႔ ၿခဳံၾကည့္လိုက္မယ္ဆိုရင္ေတာ့ ၁၉၉၆ခုႏွစ္က ဧဝရတ္ေတာင္ကပ္ေဘးဟာ နာမည္အႀကီးဆုံး ျဖစ္ပါတယ္။ ၁၉၉၆ခုႏွစ္ ေမလ(၁၀)ရက္နဲ႔ (၁၁)ရက္ေန႔မွာ Adventure Consultants နဲ႔ Mountain Madness အဖြဲ႕ႏွစ္ဖြဲ႕က လူ(၈)ေယာက္ပါဝင္တဲ့ ေတာင္တက္အဖြဲ႕ဟာ ဧဝရတ္ေတာင္ကို တက္ရင္း ႏွင္းမုန္တိုင္းမိကာ အသက္ဆုံးရႈံးခဲ့ၾကပါတယ္။

တစ္ဦးတည္းေသာ အသက္ရွင္က်န္ရစ္သူျဖစ္တဲ့ Jon Krakauer ကေတာ့ ဒီကပ္ေဘးနဲ႔ ပတ္သက္ၿပီး Thin Air လို႔ အမည္ရတဲ့စာအုပ္ကို ေရးသားထုတ္ေဝခဲ့ကာ အေရာင္းရဆုံး စာအုပ္တစ္အုပ္ ျဖစ္ခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ကို အေျခခံၿပီး ၂၀၁၅ခုႏွစ္မွာ Everest လို႔ အမည္ရတဲ့ ႐ုပ္ရွင္ကားကို ျပန္လည္ဖန္တီးခဲ့ၾကပါတယ္။ ပါဝင္ခဲ့တဲ့ သ႐ုပ္ေဆာင္ေတြကေတာ့ Jason Clarke ၊ Josh Brolin ၊ Robin Wright ၊ Emily Watson ၊ Keira Knightley နဲ႔ Jake Gyllenhaal တို႔ ျဖစ္ပါတယ္။ အဲ့ဒီတုန္းက အျဖစ္အပ်က္အတိုင္း အံ့မခန္း ႐ိုက္ကူးတင္ဆက္ႏိုင္ခဲ့တဲ့ ဇာတ္ကားေကာင္းတစ္ကား ျဖစ္ပါတယ္။

Fruitvale Station (2013) – IMDb 7.5
photo via screenrant

ဒါ႐ိုက္တာ Ryan Coogler ရဲ႕ ပြဲဦးထြက္ ဇာတ္ကားျဖစ္တဲ့ Fruitvale Station ကေတာ့ ႐ုပ္ရွင္ထူးခြၽန္ဆုမ်ားစြာ ရရွိခဲ့တဲ့ ဇာတ္ကားေကာင္းတစ္ကား ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ၂၀၀၉ခုႏွစ္ရဲ႕ နယူးေယာ့ခ္ၿမိဳ႕ မနက္ခင္းတစ္ခုမွာ ရဲအရာရွိ Johannes Mehserle ဆိုသူက အသက္(၂၂)ႏွစ္အ႐ြယ္ လူမည္း အမ်ိဳးသားတစ္ေယာက္ကို လူမဆန္စြာ ရက္ရက္စက္စက္ ပစ္သတ္ခဲ့တဲ့အေၾကာင္း ျဖစ္ပါတယ္။

မင္းသား Michael B. Jordan က Grant အျဖစ္ သ႐ုပ္ေဆာင္ခဲ့ၿပီး ဒါ႐ိုက္တာ Coogler ကလည္း သူ႔ရဲ႕႐ိုက္ကူးမႈ အတတ္ပညာနဲ႔ ဒီလို လူသားမဆန္တဲ့လုပ္ရပ္ကို ပီျပင္စြာ ႐ိုက္ကူးတင္ဆက္ ျပသခဲ့ပါတယ္။ ဒါဟာ (၂၁)ရာစုမွာ အေမရိကန္ႏိုင္ငံအတြက္ ကပ္ေဘးတစ္ခုလို ျဖစ္ပ်က္ေနတဲ့  ရက္စက္မႈေတြနဲ႔ လူသားမဆန္မႈေတြရဲ႕ ဝမ္းနည္းေၾကကြဲဖြယ္အ‌ေၾကာင္းကို ထင္ဟပ္ေစခဲ့တဲ့ ၂၀၁၃ခုႏွစ္ထြက္ ဇာတ္ကားေကာင္းတစ္ကား ျဖစ္ပါတယ္။

Munich (2005) – IMDb 7.5
photo via screenrant

Munich ကေတာ့ ဒါ႐ိုက္တာ Steven Spielberg ရဲ႕ ဝမ္းနည္းဖို႔ေကာင္းၿပီး စိတ္လႈပ္ရွားဖို႔လည္းေကာင္းတဲ့ ဇာတ္ကားတစ္ကား ျဖစ္ပါတယ္။ ျဖစ္ရပ္ကေတာ့ ၁၉၇၂ခုႏွစ္ ေႏြရာသီကာလ Munich ၿမိဳ႕မွာ က်င္းပခဲ့တဲ့ အိုလံပစ္ပြဲေတာ္ကို Black September လို႔ေခၚတဲ့ အဖြဲ႕တစ္ဖြဲ႕က အၾကမ္းဖက္ တိုက္ခိုက္ခဲ့ၿပီး အၾကမ္းဖက္သမား ငါးေယာက္အျပင္ လူေပါင္း(၁၇)ေယာက္ အသက္ဆုံးရႈံးခဲ့ရတဲ့ ဆိုးဝါးတဲ့ အျဖစ္အပ်က္တစ္ခုအေၾကာင္း ျဖစ္ပါတယ္။

Operation Wrath of God လို႔ နာမည္ႀကီးခဲ့ၿပီး Operation Bayonet လို႔လည္း လူသိမ်ားခဲ့တဲ့ ဒီတန္ျပန္လွ်ိဳ႕ဝွက္စစ္ဆင္ေရးဟာ အၾကမ္းဖက္မႈမွာ ပါဝင္တဲ့ အၾကမ္းဖက္သမားမွန္သမွ်ကို ပစ္ခတ္သတ္ျဖတ္ခဲ့တာ ျဖစ္ပါတယ္။ Munich ရဲ႕ သမိုင္းဝင္ မွတ္တမ္းတစ္ခုျဖစ္တဲ့ Operation Wrath of God ရဲ႕ အဓိက တာဝန္ခံေခါင္းေဆာင္အျဖစ္ နာမည္ေက်ာ္ မင္းသား Eric Bana က သ႐ုပ္ေဆာင္ခဲ့ပါတယ္။

United 93 (2006) – IMDb 7.5
photo via screenrant

စက္တင္ဘာလ (၁၁)ရက္ေန႔ဟာ အေမရိကန္ႏိုင္ငံရဲ႕ ႀကီးမားတဲ့ သမိုင္းဝင္ အၾကမ္းဖက္မႈႀကီး ျဖစ္ပ်က္ခဲ့တဲ့ ေန႔ရက္ ျဖစ္ပါတယ္။ အဆိုပါေန႔ရက္က အျဖစ္အပ်က္ေတြကို ျပန္လည္႐ိုက္ကူးထားတဲ့ ဇာတ္ကားမ်ားစြာရွိၿပီး United 93 ဟာလည္း အေကာင္းဆုံး ဇာတ္ကားတစ္ခုလို႔ ေျပာလို႔ရပါတယ္။ ဒီဇာတ္ကားကေတာ့ ကမာၻ႔ကုန္သြယ္မႈ အေဆာက္အအုံျဖစ္တဲ့ မိုးေမွ်ာ္အမႊာတိုက္ႀကီး ႏွစ္လုံး တိုက္ခိုက္ခံရတဲ့အေၾကာင္း မဟုတ္ဘဲ United Airlines Flight 93 ဆိုတဲ့ ေလယာဥ္ေပၚမွာ ျဖစ္ပ်က္ခဲ့တဲ့ အေၾကာင္းအရာကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

ဒီျဖစ္ရပ္ဟာ စက္တင္ဘာလ (၁၁)ရက္ေန႔မွာ ျဖစ္ပ်က္ခဲ့တဲ့ တစ္ၿပိဳင္နက္ အၾကမ္းဖက္မႈေတြထဲမွာ ပါဝင္ခဲ့ပါတယ္။ Flight 93 ကေတာ့ အဲ့ဒီေန႔ရက္မွာ ျပန္ေပးဆြဲခံခဲ့ရတဲ့ ခရီးသည္တင္ ေလယာဥ္တစ္စင္း ျဖစ္ပါတယ္။ အယ္လ္ကိုင္းဒါး အၾကမ္းဖက္သမားေတြက ေလယာဥ္ကို ျပန္ေပးဆြဲခဲ့ေပမယ့္ ေလယာဥ္ေပၚက ခရီးသည္ေတြနဲ႔ ေလယာဥ္ဝန္ထမ္းေတြရဲ႕ ရဲဝံ့စြာ ႀကိဳးပမ္းကာကြယ္မႈေၾကာင့္ ေလယာဥ္ကို ျပန္လည္ထိန္းခ်ဳပ္မႈ ရယူႏိုင္ခဲ့ၿပီး Pennsylvania က လယ္ကြင္းတစ္ခုဆီကို ေလယာဥ္ဆင္းသက္ႏိုင္ခဲ့ပါတယ္။ ဝမ္းနည္းစရာကေတာ့ ဒီတိုက္ခိုက္မႈမွာ ခရီးသြားျပည္သူ အေယာက္ (၄၀)ေလာက္ အသက္စေတးခဲ့ရပါတယ္။

The Impossible (2012) – IMDb 7.6
photo via screenrant

The Impossible ကေတာ့ ၂၀၀၄ခုႏွစ္က ဆူနာမီေဘးသင့္ခဲ့တဲ့ ျဖစ္ရပ္ကေန အသက္ရွင္လ်က္ လြတ္ေျမာက္ခဲ့တဲ့ မိသားစုတစ္ခုအေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ၂၀၀၄ခုႏွစ္မွာ အိႏၵိယသမုဒၵရာက စတင္ခဲ့တဲ့ ငလ်င္ေၾကာင့္ ဆူနာမီလႈိင္းလုံးႀကီးေတြ တစ္ဆက္တည္း ျဖစ္ေပၚလာၿပီး ႀကီးမားတဲ့ ပ်က္စီးဆုံးရႈံးမႈေတြအျပင္ လူေပါင္း ႏွစ္သိန္းေက်ာ္ အသက္ဆုံးရႈံးခဲ့ရပါတယ္။ ဒီငလ်င္ဟာ သမိုင္းမွတ္တမ္းမွာေတာ့ တတိယအႀကီးမားဆုံး ျဖစ္ၿပီး အေသအေပ်ာက္ အမ်ားဆုံး သဘာဝေဘးအႏၲရာယ္တစ္ခုအျဖစ္ ထင္က်န္ရစ္ခဲ့ပါတယ္။

ဒီဇာတ္ကားထဲမွာေတာ့ ဆူနာမီကပ္ေဘးအတြင္း ကံေကာင္းေထာက္မစြာနဲ႔ အသက္ရွင္က်န္ခဲ့တဲ့ စပိန္ႏိုင္ငံသူ Maria Belon နဲ႔ မိသားစုရဲ႕ တကယ့္ ကိုယ္ေတြ႕ျဖစ္ရပ္ကို မွီျငမ္း႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ Tom Holland ၊ Naomi Watts ၊ Ewan McGregor တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ေခါင္းေဆာင္မင္းသမီးျဖစ္တဲ့ Naomi Watts ဟာ ေအာ္စကာဆု၊ ေ႐ႊကမာၻလုံးဆုနဲ႔ Teen Choice ဆုေတြမွာ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုအျဖစ္ စံကာတင္ စာရင္းဝင္ခဲ့ပါတယ္။

Bonnie and Clyde (1967) – IMDb 7.8
photo via screenrant

Bonnie and Clyde ကေတာ့ သဘာဝကပ္ေဘးမ်ိဳး မဟုတ္ေပမယ့္ ဇာတ္လမ္းထဲမွာ ဝမ္းနည္းေၾကကြဲစရာမ်ားစြာ ပါဝင္ပါတယ္။ ၁၉၃၂ခုႏွစ္ နဲ႔ ၁၉၃၄ခုႏွစ္အတြင္း အေမရိကန္ႏိုင္ငံက နာမည္ႀကီး ဝရမ္းေျပး ေတာပုန္းအဖြဲ႕ျဖစ္တဲ့ Barrow Gang အဖြဲ႕ရဲ႕ ထင္ရာစိုင္း ေသာင္းၾကမ္းခဲ့မႈေတြေၾကာင့္ ႏိုင္ငံေတာ္အဆင့္ထိ ဂယက္႐ိုက္ခဲ့ပါတယ္။ ဒီအဖြဲ႕ဟာ ျပည္တြင္းစီးပြားေရး လုပ္ငန္းမ်ားစြာနဲ႔ ဘဏ္အခ်ိဳ႕မွာ ဓားျပမႈေတြ က်ဴးလြန္ခဲ့တဲ့အျပင္ လူေပါင္းမ်ားစြာကိုလည္း သတ္ျဖတ္ခဲ့ပါေသးတယ္။

Bonnie နဲ႔ Clyde ဟာ အလားအလာရွိတဲ့ လူငယ္ေတြျဖစ္ေပမယ့္ မလိုလားအပ္တဲ့ အၾကမ္းဖက္၊ ရက္စက္မႈေတြနဲ႔ ေက်ာ္ၾကားလိုတဲ့ စိတ္ေတြေၾကာင့္ သူတို႔ရဲ႕ဘဝဟာ အၫႊန႔္တုံးခဲ့ရတာ ျဖစ္ပါတယ္။ သူတို႔ရဲ႕ ျဖစ္ရပ္မွန္ဇာတ္လမ္းကို ၁၉၆၇ခုႏွစ္မွာ ႐ုပ္ရွင္အျဖစ္ ျပန္လည္႐ိုက္ကူးခဲ့ၿပီး Warren Beatty နဲ႔ Faye Dunaway တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၾကပါတယ္။

Titanic (1997) – IMDb 7.8
photo via screenrant

Titanic ကေတာ့ ဒီဘက္ေခတ္မွာ နာမည္အႀကီးဆုံး ဝမ္းနည္းစရာျဖစ္ရပ္တစ္ခုကို ျပသထားတဲ့ ႐ုပ္ရွင္ကားတစ္ကား ျဖစ္ပါတယ္။ တရားဝင္ ထုတ္ျပန္ထားတဲ့ သတင္းအခ်က္အလက္ေတြအရ တိုက္တန္းနစ္သေဘၤာ နစ္ျမဳပ္မႈမွာ လူေပါင္း (၁၅၀၀)ေသဆုံးတယ္လို႔ ဆိုေပမယ့္ ေရတြက္ဖို႔ ခက္ခဲတဲ့ တခ်ိဳ႕အေနအထားေတြေၾကာင့္ လူေပါင္း (၁၄၉၀)ကေန (၁၆၃၅)ေယာက္အထိ ရွိႏိုင္တယ္လို႔ ခန႔္မွန္းခဲ့ၾကပါတယ္။

ဒီဇာတ္ကားကေတာ့ ၁၉၁၂ခုႏွစ္တုန္းက Titanic သ‌ေဘၤာႀကီးရဲ႕ နစ္ျမဳပ္မႈအေၾကာင္း တကယ့္ျဖစ္ရပ္မွန္ကို အေျခခံ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒါ႐ိုက္တာ James Cameron ကေတာ့ သေဘၤာႀကီး နစ္ျမဳပ္မႈထက္ Jack Dawson နဲ႔ Rose DeWitt Bukater ဆိုတဲ့ ဇာတ္႐ုပ္ႏွစ္ခုရဲ႕ စိတ္ဝင္စားစရာ ဇာတ္လမ္းကို ဖန္တီးဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္ ဝမ္းနည္းစရာေကာင္းစြာ ဆုံးရႈံးသြားတဲ့ အသက္ေပါင္းမ်ားစြာကိုလည္း ၾကက္သီးတျဖန္းျဖန္းထေအာင္ ႐ိုက္ကူးျပႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ Titanic ဟာ ႐ုပ္ရွင္ေလာကမွာ ႀကီးမားတဲ့ ေအာင္ျမင္မႈမွတ္တိုင္တစ္ခုကို စိုက္ထူႏိုင္ခဲ့ပါတယ္။

Into The Wild (2007) – IMDb 8.1
photo via screenrant

Into The Wild ကေတာ့ Fruitvale Station လိုပဲ လူတစ္ေယာက္ရဲ႕ ေသဆုံးျခင္းနဲ႔ ပတ္သက္ၿပီး ေဖာ္ျပထားတာ ျဖစ္ပါတယ္။ မတူညီတာကေတာ့ ဒီဝမ္းနည္းစရာ အျဖစ္အပ်က္ဟာ ေခါင္းမာတဲ့ လူတစ္ေယာက္ရဲ႕ တဇြတ္ထိုးဆန္မႈအေၾကာင္း ျဖစ္ေနတာပါပဲ။ Christopher McCandless ဆိုတဲ့ ဘြဲ႕ရၿပီးကာစ လူငယ္တစ္ေယာက္ဟာ ပိုင္ဆိုင္မႈေတြနဲ႔ ၿမိဳ႕ျပဘဝကို စြန႔္လႊတ္ၿပီး သဘာဝတရားနဲ႔ ယွဥ္တြဲကာ သီးသန႔္ေနထိုင္ခဲ့သူ ျဖစ္ပါတယ္။

ျဖစ္ရပ္ကေတာ့ Christopher ဟာ လိုအပ္တဲ့ ျပင္ဆင္မႈေတြ ျပဳလုပ္ၿပီးေနာက္ သီးသန႔္ဆန္ဆန္ လြတ္လပ္စြာ ေနထိုင္ဖို႔ အလာစကာျပည္နယ္ကို ခရီးထြက္ခဲ့ပါတယ္။ သို႔ေပမယ့္ သူ႔ရဲ႕ခရီးတစ္ေလွ်ာက္မွာ ခက္ခဲမႈမ်ားစြာနဲ႔ သူ႔ဘဝတစ္ခုလုံးကို ေျပာင္းလဲသြားေစပါေတာ့တယ္။ McCandless ေနရာမွာ မင္းသား Emile Hirsch က သ႐ုပ္ေဆာင္ထားၿပီး ဒါ႐ိုက္တာ Sean Penn က ကြၽမ္းက်င္ပိုင္ႏိုင္စြာ ႐ိုက္ကူးထားတဲ့ ဝမ္းနည္းစရာဇာတ္လမ္းေကာင္းတစ္ခု ျဖစ္ပါတယ္။

Hotel Rwanda (2004) – IMDb 8.1
photo via screenrant

MGM စတူဒီယိုက ၂၀၀၄ခုႏွစ္မွာ တင္ဆက္ခဲ့တဲ့ Hotel Rwanda ဟာ ရဝမ္ဒါႏိုင္ငံက ေၾကာက္ခမန္းလိလိ လူမ်ိဳးတုံးသတ္ျဖတ္မႈအေၾကာင္း ျဖစ္ပါတယ္။ ၁၉၉၄ခုႏွစ္မွာ ရဝမ္ဒါႏိုင္ငံမွာရွိတဲ့ ဟူတူနဲ႔ တူစီ လူမ်ိဳးႏြယ္စုႏွစ္ခုၾကား လူမ်ိဳးေရးခြဲျခားမႈေတြနဲ႔ အာဏာရလိုမႈေတြ ျဖစ္ပြားခဲ့ၿပီး အစုလိုက္အၿပဳံလိုက္ အၾကင္နာကင္းမဲ့စြာ လူမ်ိဳးတုံးသတ္ျဖတ္မႈတစ္ခု ျဖစ္ေပၚခဲ့ပါတယ္။ ဒီျဖစ္ရပ္ဟာ ရက္ေပါင္း တစ္ရာေက်ာ္ ၾကာျမင့္ခဲ့ၿပီး ႏိုင္ငံတြင္းက တူစီလူမ်ိဳးေတြဟာ ရက္စက္စြာ သတ္ျဖတ္ခံခဲ့ရတာ ျဖစ္ပါတယ္။ ဒီလူမ်ိဳးတုံး သတ္ျဖတ္မႈမွာ ခန႔္မွန္းေခ် အသက္ေပါင္း (၈)သိန္းခန႔္ ဆုံးရႈံးခဲ့ရပါတယ္။

ဒီျဖစ္ရပ္မွာ Paul Rusesabagina ဆိုသူဟာ အဲ့ဒီ့ကာလႀကီးမွာ ဟူတူနဲ႔ တူစီ မ်ိဳးႏြယ္စုႏွစ္ခုစလုံးက ဒုကၡသည္ေတြကို သူ႔ရဲ႕ဟိုတယ္မွာ ကယ္တင္ေပးထားခဲ့ပါတယ္။ Paul Rusesabagina ဟာ ရဝမ္ဒါႏိုင္ငံက Hotel des Mille Collines ဆိုတဲ့ ဟိုတယ္တစ္ခုက မန္ေနဂ်ာတစ္ေယာက္ ျဖစ္ပါတယ္။ သူဟာ သမိုင္းမွာ လူသားဆန္တဲ့လူတစ္ေယာက္အျဖစ္ ဂုဏ္ျပဳသတ္မွတ္ခံခဲ့ရသူလည္း ျဖစ္ပါတယ္။ အဲ့ဒီဇာတ္႐ုပ္ေနရာမွာေတာ့ မင္းသားႀကီး Don Cheadle က သ႐ုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္ကားဟာ အေကာင္းဆုံးဇာတ္ၫႊန္းဆု၊ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ပို႔ဆုနဲ႔ အေကာင္းဆုံး အမ်ိဳးသားဇာတ္ေဆာင္ဆုေတြမွာ ေအာ္စကာ စံကာတင္စာရင္းဝင္ခဲ့ပါတယ္။

Schindler’s List (1993) – IMDb 8.9
photo via screenrant

Schindler’s List ဟာ ကပ္ဆိုးႀကီးတစ္ခုကို ေဖာ္ျပထားတဲ့ ဇာတ္လမ္းပဲ ျဖစ္ၿပီး ဒီဇာတ္ကားေတြရဲ႕ စာရင္းထဲမွာေတာ့ နာမည္အႀကီးဆုံး ျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ ဂ်ဴးလူမ်ိဳးေတြကို သန္းနဲ႔ခ်ီၿပီး မီးေလာင္တိုက္သြင္းကာ အစုလိုက္ အၿပဳံလိုက္ သတ္ျဖတ္ခဲ့တဲ့ ျဖစ္ရပ္မွန္ကို အေျခခံ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ နာဇီအဖြဲ႕ဝင္ စက္မႈလုပ္ငန္းရွင္ Oskar Schindler ဟာ သူ အမႈထမ္းတဲ့ နာဇီပါတီကို သစၥာေဖာက္ၿပီး ေထာင္ခ်ီတဲ့ ဂ်ဴးေတြရဲ႕အသက္ကို ကယ္တင္ခဲ့တဲ့ သမိုင္းဝင္ဇာတ္ေၾကာင္း ျဖစ္ပါတယ္။ Schindler’s List ဟာ႐ုပ္ရွင္ေလာကမွာ အႀကီးက်ယ္ဆုံး ဇာတ္ကားတစ္ကားအျဖစ္ အမွတ္ရေစသလို စိတ္ႏွလုံး ဝမ္းနည္းေၾကကြဲဖြယ္ရာ ဇာတ္ကားလည္း ျဖစ္ပါတယ္။

C 21

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular