HomeEntertainmentFilmSequel ထပ်ထွက်လာသင့်တဲ့ ၂၀၀၀ ခုနှစ်ကျော်က Animation ဇာတ်ကားကောင်းများ

Sequel ထပ်ထွက်လာသင့်တဲ့ ၂၀၀၀ ခုနှစ်ကျော်က Animation ဇာတ်ကားကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ယခုခေတ်နဲ့ ယှဉ်လိုက်ရင်တော့ ကလေးလူကြီးမရွေး ကြိုက်နှစ်သက်ကြတဲ့ Animation ရုပ်ရှင်တွေဟာ ၂၀၀၀ ခုနှစ်ကျော်လောက်က ပိုပြီး ထွက်ရှိခဲ့ပါတယ်။ Animation လောကရဲ့ နာမည်ကြီးဇာတ်လမ်းတွေဟာလည်း ၂၀၀၀ ခုနှစ်ကျော်လောက်တုန်းကပဲ ထွက်ခဲ့ကြတာ များပါတယ်။ လူကြိုက်များလွန်းတဲ့ Animation တွေ ဖြစ်ပေမယ့် တချို့တဝက်သာ ဇာတ်လမ်းအဆက်တွေ ထွက်ရှိခဲ့ကြပြီး တချို့ Animation တွေကတော့ ဘယ်တုန်းကမှ Sequel တွေ ထပ်မထွက်လာခဲ့ပါဘူး။

(8) Over the Hedge
photo via screenrant

ဒီ Animation ကတော့ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.7) ရရှိထားပါတယ်။ တစ်ရက်မှာတော့ တောတွင်းတိရစ္ဆာန်လေးတွေဟာ သူတို့နေထိုင်တဲ့နေရာမှာ လူသားတွေ လာရောက်နေထိုင်နေတာကို သိလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ Raccoon လေးတစ်ကောင်ဟာ သူတို့ကို လှည့်စားဖို့ ကြိုးစားပါတော့တယ်။ Bruce Willis ၊ Garry Shandling နဲ့ Steve Carell တို့က အသံသရုပ်ဆောင်ထားပါတယ်။ ဒီ Animation ဟာ လူကြိုက်များခဲ့သလို Box Office မှာလည်း ဝင်ငွေ ဒေါ်လာသန်း (၃၄၀)ကျော် ရရှိခဲ့ပေမယ့် ဘယ်တုန်းကမှ Sequel ထပ်မံ မထွက်လာတော့ပါဘူး။

(7) Atlantis: The Lost Empire
photo via screenrant

ဒီ Animation ကတော့ ၂၀၀၁ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.9) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Milo Thatch ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ ပျောက်ဆုံးနေတဲ့ Atlantis မြို့တော်ကြီးကို ရှာဖွေဖို့အတွက် အကြောက်အရွံ့ကင်းတဲ့ စူးစမ်းရှာဖွေသူတွေနဲ့ ပူးပေါင်းခဲ့ပါတယ်။ အသံသရုပ်ဆောင်တွေကတော့ Michael J. Fox ၊ Cree Summer နဲ့ Jim Varney တို့ ပါဝင်ထားပါတယ်။

(6) Chicken Run
photo via screenrant

ဒီ Animation ကတော့ ၂၀၀၀ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.0) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မွေးမြူရေးခြံထဲက ကြက်တွေဟာ သူတို့ရဲ့ပိုင်ရှင်က သူတို့ကို သတ်ပစ်ဖို့ မွေးထားတယ်ဆိုတာကို သိလိုက်ရတာကြောင့် အဲ့ဒီမွေးမြူရေးခြံကနေ ထွက်ပြေးဖွင့် ကြိုးစားကြတဲ့အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Mel Gibson ၊ Julia Sawalha နဲ့ Miranda Richardson တို့က ပါဝင်ပြီး အသံသရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းရဲ့ ပရိသတ်တွေအတွက် သတင်းကောင်းကတော့ နှစ်ပေါင်း (၂၀)ကျော် ကြာပြီးတဲ့အချိန်မှာ Chicken Run 2 ဟာ ၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။

(5) 9
photo via screenrant

ဒီ Animation ကတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ စက်ရုပ်တွေနဲ့ လူသားတွေရဲ့ စစ်ပွဲကြီး ပြီးဆုံးသွားတဲ့အချိန်မှာတော့ ကမ္ဘာကြီးဟာ လုံးဝပျက်စီးသွားပြီ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ အရုပ်လေးတစ်ရုပ်ဟာ အသက်ရှင်လာပြီး သူဟာ လူသားတွေရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲဆိုတာကို သိလိုက်ရပါတယ်။ အသံသရုပ်ဆောင်တွေကတော့ Elijah Wood ၊ Jennifer Connelly နဲ့ Christopher Plummer တို့ ပါဝင်ထားပါတယ်။

(4) Wallace & Gromit: The Curse of the Were-Rabbit
photo via screenrant

ဒီ Animation ကတော့ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.4) ရရှိထားပါတယ်။ အသီးအနှံ ကြီးထွားနှုန်းကို ပြိုင်ဆိုင်ရမယ့် ပြိုင်ပွဲမတိုင်ခင်မှာ အမျိူးသမီးတစ်ယောက်ရဲ့ စိုက်ပျိူးခင်းဟာ ဖျက်ဆီးခံလိုက်ရပါတယ်။ ဒါကြောင့်ပဲ သူမဟာ စိုက်ပျိူးခင်းကို ဖျက်ဆီးသွားတဲ့ တရားခံကို ရှာဖွေဖို့အတွက် Wallace ကို အကူအညီတောင်းရပါတော့တယ်။ Peter Sallis ၊ Helena Bonham Carter နဲ့ Ralph Fiennes တို့က အသံသရုပ်ဆောင်အဖြစ် ပါဝင်ထားပြီး အော်စကာတစ်ဆု ရရှိထားပါတယ်။

(3) The Animatrix
photo via screenrant

ဒီ Animation ကတော့ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.4) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Matrix ရုပ်ရှင်ရဲ့ Matrix Universe နောက်ကြောင်းကို ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ လူသားတွေနဲ့ စက်ရုပ်တွေရဲ့ မူလစစ်ပွဲအကြောင်းကို မြင်တွေ့ရမှာပါ။ Keanu Reeves ၊ Carries-Anne Moss နဲ့ Tara Strong တို့ ပါဝင်ထားပါတယ်။ ဒီ Animation က ဘယ်လောက်အထိ အောင်မြင်ခဲ့လည်းဆိုရင်တော့ Matrix Trilogy နဲ့ ယှဉ်လိုက်ရင်တောင် ဒီ Animation ရဲ့ ဇာတ်လမ်းက ပိုကောင်းတယ်လို့ ယူဆထားတဲ့ ပရိသတ်တွေတောင် ရှိပါတယ်။

(2) Up
photo via screenrant

ဒီ Animation ကလည်း ၂၀၀၉ ခုနှစ်မှာပဲ ထွက်ရှိထားပြီး IMDb (8.2) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အဘိုးကြီး Carl ဟာ သူ့ရဲ့ကွယ်လွန်သွားတဲ့ ဇနီးရဲ့ အိပ်မက်ဖြစ်တဲ့ Paradise Falls ကို ရှာဖွေဖို့ စွန့်စားခန်းခရီးထွက်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အသံသရုပ်ဆောင်တွေကတော့ Ed Asner ၊ Jordan Nagai နဲ့ Pete Docter တို့ ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ကတော့ အော်စကာဆု နှစ်ခု ရရှိထားတဲ့အထိ အောင်မြင်ထားပေမယ့်လည်း အခုချိန်ထိ Sequel ထွက်လာမယ်ဆိုတဲ့ သတင်းမျိူး မကြားရသေးပါဘူး။ ဒါပေမယ့်လည်း ဒီရုပ်ရှင်ထဲက ခွေးကလေးအကြောင်း ရိုက်ကူးထားတဲ့ Dug Days ဆိုတဲ့ Spin-Off ဇာတ်လမ်းတွဲတစ်ခုတော့ မကြာသေးခင်ကပဲ ထွက်ရှိထားပါတယ်။

(1) Spirited Away
photo via screenrant

ဒီ Anime ကတော့ ၂၀၀၁ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ဆယ်နှစ်အရွယ် ကောင်မလေး ချီဟီရိုဟာ မိဘတွေနဲ့အတူ လူသူမရှိ တိတ်ဆိတ်နေတဲ့ အပန်းဖြေဥယျာဉ်ကြီးထဲကို ရောက်သွားခဲ့ပါတယ်။ မထင်မှတ်ထားဘဲ မိဘနှစ်ပါးစလုံးက လူအဖြစ်ကနေ ဝက်တွေအဖြစ် အသွင်ပြောင်းသွားခဲ့ရာမှ အဆိုပါနေရာကြီးဟာ ဝိဉာဉ်လောကသားတွေရဲ့ အနားယူ အပန်းဖြေရာနေရာမှန်း သိလာခဲ့ပါတော့တယ်။ ဒီအခါမှာ ချီဟီရိုတစ်ယောက် မိဘတွေရော၊ သူမ ကိုယ်တိုင်ရော အဲ့ဒီ့နေရာကြီးကနေ လွတ်မြောက်ဖို့ ဘယ်လို ကြိုးစားရမလည်းဆိုတာ ကြည့်ရှုရမှာပါ။ ဒီ Anime ကတော့ အော်စကာဆုတစ်ခု ရရှိထားပြီး အခုချိန်ထိ နာမည်ကြီးနေဆဲ ဖြစ်ပေမယ့်လည်း Sequel ထွက်လာဖို့တော့ အစီအစဉ် မရှိပါဘူး။

ဒါကတော့ နောက်ဆက်တွဲ ဇာတ်လမ်း Sequel ထပ်ထွက်လာသင့်တဲ့ animation ဇာတ်ကားကောင်းအချို့ပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ ကြိုက်နှစ်သက်တဲ့ အလားတူ ဇာတ်ကားမျိုးရှိရင်လည်း ပြန်လည်မျှဝေခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ယခုေခတ္နဲ႔ ယွဥ္လိုက္ရင္ေတာ့ ကေလးလူႀကီးမေရြး ႀကိဳက္ႏွစ္သက္ၾကတဲ့ Animation ႐ုပ္ရွင္ေတြဟာ ၂၀၀၀ ခုႏွစ္ေက်ာ္ေလာက္က ပိုၿပီး ထြက္ရွိခဲ့ပါတယ္။ Animation ေလာကရဲ့ နာမည္ႀကီးဇာတ္လမ္းေတြဟာလည္း ၂၀၀၀ ခုႏွစ္ေက်ာ္ေလာက္တုန္းကပဲ ထြက္ခဲ့ၾကတာ မ်ားပါတယ္။ လူႀကိဳက္မ်ားလြန္းတဲ့ Animation ေတြ ျဖစ္ေပမယ့္ တခ်ိဳ႕တဝက္သာ ဇာတ္လမ္းအဆက္ေတြ ထြက္ရွိခဲ့ၾကၿပီး တခ်ိဳ႕ Animation ေတြကေတာ့ ဘယ္တုန္းကမွ Sequel ေတြ ထပ္မထြက္လာခဲ့ပါဘူး။

(8) Over the Hedge
photo via screenrant

ဒီ Animation ကေတာ့ ၂၀၀၆ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (6.7) ရရွိထားပါတယ္။ တစ္ရက္မွာေတာ့ ေတာတြင္းတိရစၧာန္ေလးေတြဟာ သူတို႔ေနထိုင္တဲ့ေနရာမွာ လူသားေတြ လာေရာက္ေနထိုင္ေနတာကို သိလိုက္ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Raccoon ေလးတစ္ေကာင္ဟာ သူတို႔ကို လွည့္စားဖို႔ ႀကိဳးစားပါေတာ့တယ္။ Bruce Willis ၊ Garry Shandling နဲ႔ Steve Carell တို႔က အသံသ႐ုပ္ေဆာင္ထားပါတယ္။ ဒီ Animation ဟာ လူႀကိဳက္မ်ားခဲ့သလို Box Office မွာလည္း ဝင္ေငြ ေဒၚလာသန္း (၃၄၀)ေက်ာ္ ရရွိခဲ့ေပမယ့္ ဘယ္တုန္းကမွ Sequel ထပ္မံ မထြက္လာေတာ့ပါဘူး။

(7) Atlantis: The Lost Empire
photo via screenrant

ဒီ Animation ကေတာ့ ၂၀၀၁ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (6.9) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Milo Thatch ဆိုတဲ့ လူငယ္ေလးတစ္ေယာက္ဟာ ေပ်ာက္ဆုံးေနတဲ့ Atlantis ၿမိဳ႕ေတာ္ႀကီးကို ရွာေဖြဖို႔အတြက္ အေၾကာက္အရြံ့ကင္းတဲ့ စူးစမ္းရွာေဖြသူေတြနဲ႔ ပူးေပါင္းခဲ့ပါတယ္။ အသံသ႐ုပ္ေဆာင္ေတြကေတာ့ Michael J. Fox ၊ Cree Summer နဲ႔ Jim Varney တို႔ ပါဝင္ထားပါတယ္။

(6) Chicken Run
photo via screenrant

ဒီ Animation ကေတာ့ ၂၀၀၀ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.0) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ေမြးျမဴေရးၿခံထဲက ၾကက္ေတြဟာ သူတို႔ရဲ့ပိုင္ရွင္က သူတို႔ကို သတ္ပစ္ဖို႔ ေမြးထားတယ္ဆိုတာကို သိလိုက္ရတာေၾကာင့္ အဲ့ဒီေမြးျမဴေရးၿခံကေန ထြက္ေျပးဖြင့္ ႀကိဳးစားၾကတဲ့အေၾကာင္း ရိုက္ကူးထားတာ ျဖစ္ပါတယ္။ Mel Gibson ၊ Julia Sawalha နဲ႔ Miranda Richardson တို႔က ပါဝင္ၿပီး အသံသ႐ုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္လမ္းရဲ့ ပရိသတ္ေတြအတြက္ သတင္းေကာင္းကေတာ့ ႏွစ္ေပါင္း (၂၀)ေက်ာ္ ၾကာၿပီးတဲ့အခ်ိန္မွာ Chicken Run 2 ဟာ ၂၀၂၃ ခုႏွစ္မွာ ထြက္ရွိလာမယ္လို႔ သိရပါတယ္။

(5) 9
photo via screenrant

ဒီ Animation ကေတာ့ ၂၀၀၉ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.1) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ စက္႐ုပ္ေတြနဲ႔ လူသားေတြရဲ့ စစ္ပြဲႀကီး ၿပီးဆုံးသြားတဲ့အခ်ိန္မွာေတာ့ ကမၻာႀကီးဟာ လုံးဝပ်က္စီးသြားၿပီ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ အ႐ုပ္ေလးတစ္႐ုပ္ဟာ အသက္ရွင္လာၿပီး သူဟာ လူသားေတြရဲ့ တစ္ခုတည္းေသာ ေမၽွာ္လင့္ခ်က္ပဲဆိုတာကို သိလိုက္ရပါတယ္။ အသံသ႐ုပ္ေဆာင္ေတြကေတာ့ Elijah Wood ၊ Jennifer Connelly နဲ႔ Christopher Plummer တို႔ ပါဝင္ထားပါတယ္။

(4) Wallace & Gromit: The Curse of the Were-Rabbit
photo via screenrant

ဒီ Animation ကေတာ့ ၂၀၀၅ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.4) ရရွိထားပါတယ္။ အသီးအႏွံ ႀကီးထြားႏွုန္းကို ၿပိဳင္ဆိုင္ရမယ့္ ၿပိဳင္ပြဲမတိုင္ခင္မွာ အမ်ိဴးသမီးတစ္ေယာက္ရဲ့ စိုက္ပ်ိဴးခင္းဟာ ဖ်က္ဆီးခံလိုက္ရပါတယ္။ ဒါေၾကာင့္ပဲ သူမဟာ စိုက္ပ်ိဴးခင္းကို ဖ်က္ဆီးသြားတဲ့ တရားခံကို ရွာေဖြဖို႔အတြက္ Wallace ကို အကူအညီေတာင္းရပါေတာ့တယ္။ Peter Sallis ၊ Helena Bonham Carter နဲ႔ Ralph Fiennes တို႔က အသံသ႐ုပ္ေဆာင္အျဖစ္ ပါဝင္ထားၿပီး ေအာ္စကာတစ္ဆု ရရွိထားပါတယ္။

(3) The Animatrix
photo via screenrant

ဒီ Animation ကေတာ့ ၂၀၀၃ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.4) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Matrix ႐ုပ္ရွင္ရဲ့ Matrix Universe ေနာက္ေၾကာင္းကို ဖန္တီးထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ လူသားေတြနဲ႔ စက္႐ုပ္ေတြရဲ့ မူလစစ္ပြဲအေၾကာင္းကို ျမင္ေတြ႕ရမွာပါ။ Keanu Reeves ၊ Carries-Anne Moss နဲ႔ Tara Strong တို႔ ပါဝင္ထားပါတယ္။ ဒီ Animation က ဘယ္ေလာက္အထိ ေအာင္ျမင္ခဲ့လည္းဆိုရင္ေတာ့ Matrix Trilogy နဲ႔ ယွဥ္လိုက္ရင္ေတာင္ ဒီ Animation ရဲ့ ဇာတ္လမ္းက ပိုေကာင္းတယ္လို႔ ယူဆထားတဲ့ ပရိသတ္ေတြေတာင္ ရွိပါတယ္။

(2) Up
photo via screenrant

ဒီ Animation ကလည္း ၂၀၀၉ ခုႏွစ္မွာပဲ ထြက္ရွိထားၿပီး IMDb (8.2) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ အဘိုးႀကီး Carl ဟာ သူ႔ရဲ့ကြယ္လြန္သြားတဲ့ ဇနီးရဲ့ အိပ္မက္ျဖစ္တဲ့ Paradise Falls ကို ရွာေဖြဖို႔ စြန႔္စားခန္းခရီးထြက္တာကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ အသံသ႐ုပ္ေဆာင္ေတြကေတာ့ Ed Asner ၊ Jordan Nagai နဲ႔ Pete Docter တို႔ ပါဝင္ထားပါတယ္။ ဒီ႐ုပ္ရွင္ကေတာ့ ေအာ္စကာဆု ႏွစ္ခု ရရွိထားတဲ့အထိ ေအာင္ျမင္ထားေပမယ့္လည္း အခုခ်ိန္ထိ Sequel ထြက္လာမယ္ဆိုတဲ့ သတင္းမ်ိဴး မၾကားရေသးပါဘူး။ ဒါေပမယ့္လည္း ဒီ႐ုပ္ရွင္ထဲက ေခြးကေလးအေၾကာင္း ရိုက္ကူးထားတဲ့ Dug Days ဆိုတဲ့ Spin-Off ဇာတ္လမ္းတြဲတစ္ခုေတာ့ မၾကာေသးခင္ကပဲ ထြက္ရွိထားပါတယ္။

(1) Spirited Away
photo via screenrant

ဒီ Anime ကေတာ့ ၂၀၀၁ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.6) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ဆယ္ႏွစ္အရြယ္ ေကာင္မေလး ခ်ီဟီရိုဟာ မိဘေတြနဲ႔အတူ လူသူမရွိ တိတ္ဆိတ္ေနတဲ့ အပန္းေျဖဥယ်ာဥ္ႀကီးထဲကို ေရာက္သြားခဲ့ပါတယ္။ မထင္မွတ္ထားဘဲ မိဘႏွစ္ပါးစလုံးက လူအျဖစ္ကေန ဝက္ေတြအျဖစ္ အသြင္ေျပာင္းသြားခဲ့ရာမွ အဆိုပါေနရာႀကီးဟာ ဝိဉာဥ္ေလာကသားေတြရဲ့ အနားယူ အပန္းေျဖရာေနရာမွန္း သိလာခဲ့ပါေတာ့တယ္။ ဒီအခါမွာ ခ်ီဟီရိုတစ္ေယာက္ မိဘေတြေရာ၊ သူမ ကိုယ္တိုင္ေရာ အဲ့ဒီ့ေနရာႀကီးကေန လြတ္ေျမာက္ဖို႔ ဘယ္လို ႀကိဳးစားရမလည္းဆိုတာ ၾကည့္ရွုရမွာပါ။ ဒီ Anime ကေတာ့ ေအာ္စကာဆုတစ္ခု ရရွိထားၿပီး အခုခ်ိန္ထိ နာမည္ႀကီးေနဆဲ ျဖစ္ေပမယ့္လည္း Sequel ထြက္လာဖို႔ေတာ့ အစီအစဥ္ မရွိပါဘူး။

ဒါကေတာ့ ေနာက္ဆက္တြဲ ဇာတ္လမ္း Sequel ထပ္ထြက္လာသင့္တဲ့ animation ဇာတ္ကားေကာင္းအခ်ိဳ႕ပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႀကိဳက္ႏွစ္သက္တဲ့ အလားတူ ဇာတ္ကားမ်ိဳးရွိရင္လည္း ျပန္လည္မၽွေဝခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular