HomeKnowledgeကမာၻ႕အထိမ္းအမွတ္ေနရာေတြရဲ႕ ေနာက္ကြယ္က စိတ္၀င္စားစရာ ဇာတ္လမ္းမ်ား

ကမာၻ႕အထိမ္းအမွတ္ေနရာေတြရဲ႕ ေနာက္ကြယ္က စိတ္၀င္စားစရာ ဇာတ္လမ္းမ်ား

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ယေန႔ကမာၻႀကီးရဲ႕ ေက်ာ္ၾကားတဲ့ အထိမ္းအမွတ္ အေဆာက္အဦးေတြဟာ တစ္ခ်ိန္မူလတည္ေဆာက္သူေတြေခတ္တုန္းက မတူညီတဲ့ ရည္ရြယ္ခ်က္ေတြနဲ႔ တည္ေဆာက္ပုံေတြ ရိွခဲ့ပါတယ္။ ဘယ္လိုစိတ္၀င္စားစရာအခ်က္ေတြနဲ႔ လွ်ိဳ႕၀ွက္ခ်က္ေတြ ရိွေနမလည္းဆိုတာ ဖတ္ၾကည့္လိုက္ပါဦး။

အီဂ်စ္ျပည္က ဂီဇာပိရမစ္မ်ား
Photo Credit: newsreforms.com

အီဂ်စ္ျပည္က ပိရမစ္ေတြဟာ မူလတည္ေဆာက္တုန္းက အေပၚယံမွာ ေရာင္ျပန္သေဘာ အလုပ္လုပ္တဲ့ အလႊာတစ္မ်ိဳး ပါ၀င္ပါတယ္။ ထုံးေက်ာက္အျဖဴကေနမွ အလင္းေရာင္ျပန္ေအာင္ ျပဳလုပ္ထားတာပါ။ ရည္ရြယ္ခ်က္ကေတာ့ အျမင္မွာ ဖိတ္ဖိတ္ေတာက္ေနၿပီး ဖာရိုဘုရင္မ်ားရဲ႕ ႀကီးျမတ္မႈကို ေဖာ္ေဆာင္တဲ့ သေကၤတျဖစ္တယ္လို႔ ဆိုၾကပါတယ္။ အခ်ိဳ႕ေသာ ကၽြမ္းက်င္ပညာရွင္မ်ားကေတာ့ အဆိုပါ ေရာင္ျပန္အလႊာမ်ားဟာ ဧရာမ ဆိုလာဘက္ထရီမ်ား ျဖစ္တယ္လို႔ ဆိုပါတယ္။ ဖိတ္ဖိတ္လက္တဲ့ ေရာင္ျပန္အလႊာေၾကာင့္ အစၥေရးလ္က ေတာင္တန္းေတြေပၚက ၾကည့္ရင္ ျမင္ႏိုင္သလို အာကာသ ၾကည့္ရင္ေတာင္ ျမင္ရႏိုင္တယ္လို႔ ဆိုျပန္ပါတယ္။ သို႔ေပမယ့္လည္း ၁၃၀၁ခုႏွစ္မွာ ျဖစ္ပြားခဲ့တဲ့ အင္အားျပင္းငလ်င္ေၾကာင့္ အျပင္ဘက္က ေက်ာက္တုံးႀကီးေတြ ၿပိဳက်ပ်က္စီးခဲ့ရၿပီး အဆိုပါ အေပၚယံေရာင္ျပန္အလႊာေတြလည္း ကြာက်ပ်က္စီးခဲ့ရပါတယ္။

စပိန္ႏိုင္ငံက The Sagrada Familia ဘုရားေက်ာင္း
Photo Credit: newsreforms.com

ရာဇ၀င္တြင္တဲ့ ဒီနာမည္ႀကီး ဘုရားရိွခိုးေက်ာင္းႀကီးကိုေတာ့ ၁၈၈၂ခုႏွစ္က စတင္ၿပီး တည္ေဆာက္ခဲ့တာပါ။ ဘုရားေက်ာင္းႀကီးရဲ႕ ဖန္တီးသူ အန္တိုနီ ေဂၚဒီရဲ႕ တြက္ခ်က္မႈအရ (၁၉)ရာစုေႏွာင္းပိုင္းမွာ ရရိွေနၿပီျဖစ္တဲ့ နည္းပညာေတြနဲ႔ ေဆာက္လုပ္မယ္ဆိုရင္ (၃)ရာစုကေန (၄)ရာစုအထိ ေဆာက္လုပ္ခ်ိန္ ၾကာျမင့္မယ္လို႔ ဆိုထားပါတယ္။ ဘုရားေက်ာင္းရဲ႕ မူလအမာခံ၀တ္ျပဳဆုေတာင္းသူေတြရဲ႕ အလွဴေငြေတြနဲ႔သာ လည္ပတ္ရျခင္းကလည္း တည္ေဆာက္မႈကို ၾကာျမင့္ေစတဲ့ အေၾကာင္းအရင္းတစ္ခု ျဖစ္ပါတယ္။ ကံေကာင္းစြာနဲ႔ပဲ ယေန႔ေခတ္ တိုးတက္ေနတဲ့ နည္းပညာေတြနဲ႔ တည္ေဆာက္လိုက္တဲ့အခါမွာေတာ့ မူလဥာဏ္ႀကီးရွင္ ဗိသုကာပညာရွင္ႀကီး ကြယ္လြန္ၿပီး ႏွစ္တစ္ရာအၾကာ ၂၀၂၆ခုႏွစ္မွာ ၿပီးေျမာက္မယ္လို႔ လ်ာထားပါတယ္။

အီတလီႏိုင္ငံက The Colosseum
Photo Credit: newsreforms.com

နာမည္ေက်ာ္ Colosseum ႀကီးဟာ ေအဒီ (၁)ရာစုကတည္းက တည္ေဆာက္ထားတာ ျဖစ္ပါတယ္။ သူ႔ကိုတည္ေဆာက္ထားတဲ့ ရည္ရြယ္ခ်က္ကေတာ့ ေဖ်ာ္ေျဖေရးက႑မွာ အသုံးျပဳဖို႔ပါ။ ႏွစ္တစ္ေထာင္ေက်ာ္ သက္တမ္းရိွေနၿပီျဖစ္တဲ့ ထိုပြဲၾကည့္စင္ႀကီးကို ေခတ္အဆက္ဆက္က ဗိသုကာပညာရွင္ေတြက မူလလက္ရာမပ်က္ေအာင္ ထိန္းသိမ္းေစာင့္ေရွာက္ထားခဲ့တာ ျဖစ္ပါတယ္။ (၁၄)ရာစုအလယ္ပိုင္းကို ေရာက္တဲ့အခါမွာေတာ့ အင္အားျပင္းငလ်င္ လႈပ္ခတ္မႈေၾကာင့္ ပြဲၾကည့္စင္ႀကီးရဲ႕ ေတာင္ဘက္အျခမ္းဟာ ၿပိဳက်ပ်က္စီးသြားခဲ့ရပါတယ္။ အဲ့ဒီ့ေနာက္ပိုင္းကစလို႔ အေဆာက္အအုံသစ္ေတြ တည္ေဆာက္ဖို႔အတြက္ မွီျငမ္းရာ ရင္းျမစ္တစ္ခု ျဖစ္လာခဲ့ပါတယ္။

အိႏိၵယတာ၀ါ
Photo Credit: newsreforms.com

အိႏိၵယတာ၀ါကေတာ့ မြမ္ဘိုင္းၿမိဳ႕မွာ တည္ေဆာက္ထားတဲ့အတြက္ အလြန္တရာကိုမွ ျမင့္မားတဲ့ မိုးေမွ်ာ္အေဆာက္အဦးႀကီး ျဖစ္ပါတယ္။ အဲ့ဒီ့မိုးေမွ်ာ္တိုက္ႀကီးဟာ ဒူဘိုင္းမွာရိွတဲ့ Burj Khalifa အေဆာက္အဦးႀကီးၿပီးရင္ ကမာၻ႕ဒုတိယအျမင့္ဆုံး မိုးေမွ်ာ္တိုက္ႀကီးျဖစ္မယ္လို႔ ေမွ်ာ္မွန္းထားၾကတာပါ။ နာမည္ႀကီးဒီဇိုင္နာ ေဂ်ာ္ဂ်ီယို အာမာနီကိုယ္တိုင္ကေတာင္ အတြင္းပိုင္းဒီဇိုင္းေတြကို ၀င္လုပ္ခဲ့ေသးတယ္လို႔လည္း ဆိုပါတယ္။ ကံမေကာင္းစြာနဲ႔ပဲ တည္ေဆာက္မႈဟာ ၂၀၁၁ခုႏွစ္မွာ ရပ္ဆိုင္းလိုက္ရပါတယ္။

ဂရိႏိုင္ငံ The Parthenon ဘုရားေက်ာင္း
Photo Credit: newsreforms.com

Parthenon ဘုရားေက်ာင္းႀကီးဟာ ေနာင္လာေနာက္သားမ်ားအတြက္ ေရွးလူေတြ ခ်န္ထားခဲ့တဲ့ သမိုင္း၀င္ ေရွးေဟာင္းဗိသုကာလက္ရာတစ္ခု ျဖစ္ပါတယ္။ အသီနာ နတ္ဘုရားမကို ၀တ္ျပဳကိုးကြယ္ဖို႔အတြက္ ေရွးေခတ္ဂရိလူမ်ိဳးေတြ တည္ေဆာက္ခဲ့တဲ့ ဘုရားေက်ာင္းႀကီးျဖစ္သလို ေခတ္အဆက္ဆက္ ရႈပ္ေထြးတဲ့ သမိုင္းမ်ားစြာကိုလည္း ပိုင္ဆိုင္ထားပါတယ္။ သမိုင္းတစ္ေလွ်ာက္ အျဖစ္အပ်က္မ်ားစြာမွာ အေတာ္ေလး ဒူေပနာေပ ခံထားရတဲ့ အေဆာက္အဦးႀကီး ျဖစ္ပါတယ္။ အာဏာရွင္ဆိုးေတြရဲ႕ လက္စားေခ်မႈေတြ၊ အသစ္ျပန္လည္ျပင္ဆင္ၿပီး ေဆာက္လုပ္ဖို႔ ႀကိဳးပမ္းမႈေတြ၊ စစ္မက္ေတြ၊ မီးေလာင္မႈေတြ၊ ေသနတ္ဒဏ္၊ ဗုံးဒဏ္စတာေတြကို ခံစားခဲ့ရပါတယ္။ ဒါတင္မက တစ္ခါမွာေတာ့ ခရစ္ယာန္ဘုရားရိွခိုးေက်ာင္းအျဖစ္ ေျပာင္းလဲအသုံးျပဳခံခဲ့ရၿပီး အဲ့ဒီ့ေနာက္ ဗလီအျဖစ္လည္း ေျပာင္းလဲခံခဲ့ရပါေသးတယ္။ ယေန႔ေခတ္ လက္ရိွအေျခအေနမွာေတာ့ အစိတ္အပိုင္း ေတာ္ေတာ္မ်ားမ်ားဟာ ပ်က္စီးယိုယြင္းေနၿပီ ျဖစ္ပါတယ္။

ဒူဘိုင္းက Burj Al Alam
Photo Credit: newsreforms.com

ခရစ္စတယ္လ္ေခာ်င္းႀကီးတစ္ေခ်ာင္း ေျမေပၚမွာ ေထာင္ထားသလို ျမင္ေတြ႕ရမယ့္ ဧရာမ မိုးေမွ်ာ္တိုက္ႀကီးကေတာ့ ဒူဘိုင္းက ေနာက္ထပ္ စီမံကိန္းတစ္ခုျဖစ္ပါတယ္။ အျမင့္ (၅၁၀)မီတာရိွၿပီး ၂၀၀၉ခုႏွစ္မွာ ၿပီးေျမာက္မယ္လို႔ ခန္႔မွန္းထားေပမယ့္ ကမာၻ႕စီးပြားေရး က်ပ္တည္းမႈေၾကာင့္ ရပ္နားလိုက္ၿပီး ၂၀၁၃ခုႏွစ္မွာေတာ့ လုံး၀စြန္႔ပစ္ခံခဲ့ရပါတယ္။

Xei

Source: newsreforms

(Unicode Version)

ယနေ့ကမ္ဘာကြီးရဲ့ ကျော်ကြားတဲ့ အထိမ်းအမှတ် အဆောက်အဦးတွေဟာ တစ်ချိန်မူလတည်ဆောက်သူတွေခေတ်တုန်းက မတူညီတဲ့ ရည်ရွယ်ချက်တွေနဲ့ တည်ဆောက်ပုံတွေ ရှိခဲ့ပါတယ်။ ဘယ်လိုစိတ်ဝင်စားစရာအချက်တွေနဲ့ လျှို့ဝှက်ချက်တွေ ရှိနေမလည်းဆိုတာ ဖတ်ကြည့်လိုက်ပါဦး။

အီဂျစ်ပြည်က ဂီဇာပိရမစ်များ
Photo Credit: newsreforms.com

အီဂျစ်ပြည်က ပိရမစ်တွေဟာ မူလတည်ဆောက်တုန်းက အပေါ်ယံမှာ ရောင်ပြန်သဘော အလုပ်လုပ်တဲ့ အလွှာတစ်မျိုး ပါဝင်ပါတယ်။ ထုံးကျောက်အဖြူကနေမှ အလင်းရောင်ပြန်အောင် ပြုလုပ်ထားတာပါ။ ရည်ရွယ်ချက်ကတော့ အမြင်မှာ ဖိတ်ဖိတ်တောက်နေပြီး ဖာရိုဘုရင်များရဲ့ ကြီးမြတ်မှုကို ဖော်ဆောင်တဲ့ သင်္ကေတဖြစ်တယ်လို့ ဆိုကြပါတယ်။ အချို့သော ကျွမ်းကျင်ပညာရှင်များကတော့ အဆိုပါ ရောင်ပြန်အလွှာများဟာ ဧရာမ ဆိုလာဘက်ထရီများ ဖြစ်တယ်လို့ ဆိုပါတယ်။ ဖိတ်ဖိတ်လက်တဲ့ ရောင်ပြန်အလွှာကြောင့် အစ္စရေးလ်က တောင်တန်းတွေပေါ်က ကြည့်ရင် မြင်နိုင်သလို အာကာသ ကြည့်ရင်တောင် မြင်ရနိုင်တယ်လို့ ဆိုပြန်ပါတယ်။ သို့ပေမယ့်လည်း ၁၃၀၁ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် အပြင်ဘက်က ကျောက်တုံးကြီးတွေ ပြိုကျပျက်စီးခဲ့ရပြီး အဆိုပါ အပေါ်ယံရောင်ပြန်အလွှာတွေလည်း ကွာကျပျက်စီးခဲ့ရပါတယ်။

စပိန်နိုင်ငံက The Sagrada Familia
Photo Credit: newsreforms.com

ဘုရားကျောင်းရာဇဝင်တွင်တဲ့ ဒီနာမည်ကြီး ဘုရားရှိခိုးကျောင်းကြီးကိုတော့ ၁၈၈၂ခုနှစ်က စတင်ပြီး တည်ဆောက်ခဲ့တာပါ။ ဘုရားကျောင်းကြီးရဲ့ ဖန်တီးသူ အန်တိုနီ ဂေါ်ဒီရဲ့ တွက်ချက်မှုအရ (၁၉)ရာစုနှောင်းပိုင်းမှာ ရရှိနေပြီဖြစ်တဲ့ နည်းပညာတွေနဲ့ ဆောက်လုပ်မယ်ဆိုရင် (၃)ရာစုကနေ (၄)ရာစုအထိ ဆောက်လုပ်ချိန် ကြာမြင့်မယ်လို့ ဆိုထားပါတယ်။ ဘုရားကျောင်းရဲ့ မူလအမာခံဝတ်ပြုဆုတောင်းသူတွေရဲ့ အလှူငွေတွေနဲ့သာ လည်ပတ်ရခြင်းကလည်း တည်ဆောက်မှုကို ကြာမြင့်စေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ ကံကောင်းစွာနဲ့ပဲ ယနေ့ခေတ် တိုးတက်နေတဲ့ နည်းပညာတွေနဲ့ တည်ဆောက်လိုက်တဲ့အခါမှာတော့ မူလဉာဏ်ကြီးရှင် ဗိသုကာပညာရှင်ကြီး ကွယ်လွန်ပြီး နှစ်တစ်ရာအကြာ ၂၀၂၆ခုနှစ်မှာ ပြီးမြောက်မယ်လို့ လျာထားပါတယ်။

အီတလီနိုင်ငံက The Colosseum
Photo Credit: newsreforms.com

နာမည်ကျော် Colosseum ကြီးဟာ အေဒီ (၁)ရာစုကတည်းက တည်ဆောက်ထားတာ ဖြစ်ပါတယ်။ သူ့ကိုတည်ဆောက်ထားတဲ့ ရည်ရွယ်ချက်ကတော့ ဖျော်ဖြေရေးကဏ္ဍမှာ အသုံးပြုဖို့ပါ။ နှစ်တစ်ထောင်ကျော် သက်တမ်းရှိနေပြီဖြစ်တဲ့ ထိုပွဲကြည့်စင်ကြီးကို ခေတ်အဆက်ဆက်က ဗိသုကာပညာရှင်တွေက မူလလက်ရာမပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ထားခဲ့တာ ဖြစ်ပါတယ်။ (၁၄)ရာစုအလယ်ပိုင်းကို ရောက်တဲ့အခါမှာတော့ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ပွဲကြည့်စင်ကြီးရဲ့ တောင်ဘက်အခြမ်းဟာ ပြိုကျပျက်စီးသွားခဲ့ရပါတယ်။ အဲ့ဒီ့နောက်ပိုင်းကစလို့ အဆောက်အအုံသစ်တွေ တည်ဆောက်ဖို့အတွက် မှီငြမ်းရာ ရင်းမြစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

အိန္ဒိယတာဝါ
Photo Credit: newsreforms.com

အိန္ဒိယတာဝါကတော့ မွမ်ဘိုင်းမြို့မှာ တည်ဆောက်ထားတဲ့အတွက် အလွန်တရာကိုမှ မြင့်မားတဲ့ မိုးမျှော်အဆောက်အဦးကြီး ဖြစ်ပါတယ်။ အဲ့ဒီ့မိုးမျှော်တိုက်ကြီးဟာ ဒူဘိုင်းမှာရှိတဲ့ Burj Khalifa အဆောက်အဦးကြီးပြီးရင် ကမ္ဘာ့ဒုတိယအမြင့်ဆုံး မိုးမျှော်တိုက်ကြီးဖြစ်မယ်လို့ မျှော်မှန်းထားကြတာပါ။ နာမည်ကြီးဒီဇိုင်နာ ဂျော်ဂျီယို အာမာနီကိုယ်တိုင်ကတောင် အတွင်းပိုင်းဒီဇိုင်းတွေကို ဝင်လုပ်ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။ ကံမကောင်းစွာနဲ့ပဲ တည်ဆောက်မှုဟာ ၂၀၁၁ခုနှစ်မှာ ရပ်ဆိုင်းလိုက်ရပါတယ်။

ဂရိနိုင်ငံ The Parthenon ဘုရားကျောင်း
Photo Credit: newsreforms.com

Parthenon ဘုရားကျောင်းကြီးဟာ နောင်လာနောက်သားများအတွက် ရှေးလူတွေ ချန်ထားခဲ့တဲ့ သမိုင်းဝင် ရှေးဟောင်းဗိသုကာလက်ရာတစ်ခု ဖြစ်ပါတယ်။ အသီနာ နတ်ဘုရားမကို ဝတ်ပြုကိုးကွယ်ဖို့အတွက် ရှေးခေတ်ဂရိလူမျိုးတွေ တည်ဆောက်ခဲ့တဲ့ ဘုရားကျောင်းကြီးဖြစ်သလို ခေတ်အဆက်ဆက် ရှုပ်ထွေးတဲ့ သမိုင်းများစွာကိုလည်း ပိုင်ဆိုင်ထားပါတယ်။ သမိုင်းတစ်လျှောက် အဖြစ်အပျက်များစွာမှာ အတော်လေး ဒူပေနာပေ ခံထားရတဲ့ အဆောက်အဦးကြီး ဖြစ်ပါတယ်။ အာဏာရှင်ဆိုးတွေရဲ့ လက်စားချေမှုတွေ၊ အသစ်ပြန်လည်ပြင်ဆင်ပြီး ဆောက်လုပ်ဖို့ ကြိုးပမ်းမှုတွေ၊ စစ်မက်တွေ၊ မီးလောင်မှုတွေ၊ သေနတ်ဒဏ်၊ ဗုံးဒဏ်စတာတွေကို ခံစားခဲ့ရပါတယ်။ ဒါတင်မက တစ်ခါမှာတော့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းအဖြစ် ပြောင်းလဲအသုံးပြုခံခဲ့ရပြီး အဲ့ဒီ့နောက် ဗလီအဖြစ်လည်း ပြောင်းလဲခံခဲ့ရပါသေးတယ်။ ယနေ့ခေတ် လက်ရှိအခြေအနေမှာတော့ အစိတ်အပိုင်း တော်တော်များများဟာ ပျက်စီးယိုယွင်းနေပြီ ဖြစ်ပါတယ်။

ဒူဘိုင်းက Burj Al Alam
Photo Credit: newsreforms.com

ခရစ်စတယ်လ်ခောျင်းကြီးတစ်ချောင်း မြေပေါ်မှာ ထောင်ထားသလို မြင်တွေ့ရမယ့် ဧရာမ မိုးမျှော်တိုက်ကြီးကတော့ ဒူဘိုင်းက နောက်ထပ် စီမံကိန်းတစ်ခုဖြစ်ပါတယ်။ အမြင့် (၅၁၀)မီတာရှိပြီး ၂၀၀၉ခုနှစ်မှာ ပြီးမြောက်မယ်လို့ ခန့်မှန်းထားပေမယ့် ကမ္ဘာ့စီးပွားရေး ကျပ်တည်းမှုကြောင့် ရပ်နားလိုက်ပြီး ၂၀၁၃ခုနှစ်မှာတော့ လုံးဝစွန့်ပစ်ခံခဲ့ရပါတယ်။

Xei

Source: newsreforms

 

 

RELATED ARTICLES

Most Popular