HomeCelebs Update NewsInternational၂၀၁၉ခုနှစ် အောက်တိုဘာလ ပထမပတ်အတွက် အသစ်ထွက်သီချင်းကောင်းများ

၂၀၁၉ခုနှစ် အောက်တိုဘာလ ပထမပတ်အတွက် အသစ်ထွက်သီချင်းကောင်းများ

အောက်တိုဘာလ ပထမအပတ် ကုန်ဆုံးသွားပြီမို့ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ထွက်ရှိထားတဲ့ နိုင်ငံတကာသီချင်းများစွာထဲက ကောင်းနိုးရာရာများကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

Charlie Puth – Cheating On You

ဒီသီချင်းကတော့ ၂၀၁၉ခုနှစ်မှာ ထွက်ရှိလာမယ့် Charlie Puth ရဲ့ အယ်လ်ဘမ်အသစ် “SICK” ထဲမှာ ပါဝင်မယ့် တတိယမြောက် ဆင်ဂယ်လ်သီချင်း ဖြစ်ပါတယ်။ သီချင်းအကြောင်းအရာဟာ သီချင်းခေါင်းစဉ်အတိုင်း ချစ်သူကို သစ္စာဖောက်တဲ့အကြောင်းတော့ မဟုတ်ပါဘူး။ ချစ်သူကို ထားခဲ့ပြီး ထွက်သွားချင်ပေမယ့် မပြတ်နိုင်ဘဲ သံယောဇဉ်တွယ်နေမိတဲ့အကြောင်းကို beat အမိုက်စားလေးနဲ့ သီဆိုထားတာ ဖြစ်ပါတယ်။ အောက်တိုဘာလ(၂)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၄.၅)သန်းကျော် ရှိနေပါတယ်။

Dan + Shay, Justin Bieber – 10,000 Hours

ဒီသီချင်းကတော့ Country Duo အဖွဲ့ဖြစ်တဲ့ Dan + Shay နဲ့ JB တို့ collab လုပ်ထားတဲ့ အချစ်သီချင်းအေးအေးလေးတစ်ပုဒ် ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ JB နဲ့ Hailey Baldwin တို့ရဲ့ မင်္ဂလာဆောင်အမှတ်တရအနေနဲ့ ထုတ်လွှင့်ထားတာ ဖြစ်ပါတယ်။ MV ထဲမှာလည်း နှစ်ယောက်ရဲ့ အမှတ်တရပုံရိပ်တွေကို ထည့်သွင်းထားပါသေးတယ်။ အောက်တိုဘာလ(၄)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိမှာတော့ ကြည့်ရှုနားဆင်သူပေါင်း(၁၁.၄)သန်းကျော် ရှိနေပါတယ်။

Camila Cabello – Cry For Me

ဒီသီချင်းကတော့ Camila ရဲ့ မကြာခင်မှာ ထွက်ရှိလာမယ့် အယ်လ်ဘမ်အသစ် “Romance” ထဲမှာ ပါဝင်မယ့် တတိယမြောက် ဆင်ဂယ်လ်သီချင်း ဖြစ်ပါတယ်။ သီချင်းအကြောင်းအရာကတော့ ပြတ်သွားတဲ့ ချစ်သူကို သူမ ခံစားရသလိုမျိုး ရူးမတတ် ခံစားရစေချင်တဲ့အကြောင်းကို သီဆိုထားတာ ဖြစ်ပါတယ်။ အောက်တိုဘာလ(၄)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၃.၂)သန်းကျော် ရှိနေပါတယ်။

Niall Horan – Nice To Meet Ya

ဒီသီချင်းကတော့ ၂၀၁၉ထဲမှာပဲ ထွက်ရှိလာမယ့် One Direction အဖွဲ့ဝင်ဟောင်း Niall Horan ရဲ့ ဒုတိယအယ်လ်ဘမ်ထဲမှာ ပါဝင်မယ့် ဆင်ဂယ်လ်သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ သီချင်းကတော့ vintage mood နဲ့ ခပ်မြောက်မြောက် ခံစားမှုကို ခံစားရမှာပါ။ အောက်တိုဘာလ(၄)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိမှာ ကြည့်ရှုခံစားသူပေါင်း (၂.၈)သန်းကျော် ရှိနေပါတယ်။

Ed Sheeran Featuring Camila Cabello & Cardi B – South of the Border

ဒီသီချင်းကတော့ Audio ထွက်ပြီးတာ ကြာပေမယ့် official MV က အောက်တိုဘာလ(၄)ရက်နေ့ကမှ ထွက်ရှိလာတာ ဖြစ်ပါတယ်။ သီချင်းအကြောင်းအရာကတော့ တောင်ဘက်ကမ်းရိုးတန်းဘက်ဆီကို ချစ်သူလေးကိုခေါ်ပြီး အေးဆေးငြိမ့်မယ့်အကြောင်းလေးကို သီဆိုထားတာပါ။ လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၇)သန်းကျော် ရှိနေပါတယ်။

Andrea Bocelli Featuring Ellie Goulding – Return to Love

ဂန္ထဝင်အဆိုတော်ကြီး Andrea Bocelli နဲ့ Ellie Goulding တို့ collab လုပ်ထားတဲ့ သီချင်းလှလှလေးတစ်ပုဒ် ဖြစ်ပါတယ်။ Classical Pop နဲ့ Operatic Pop ပုံစံရောထားတဲ့ သီချင်းပုံစံဖြစ်ပြီး ဆွဲဆွဲငင်ငင် သီချင်းအေးအေး ကြိုက်သူတွေအတွက်ကတော့ တကယ့်ရွှေပါပဲ။ ဒီသီချင်းဟာ ၂၀၁၉ထဲမှာ ထွက်ရှိလာမယ့် Andrea Bocelli ရဲ့ Yes Forever (The Diamond Edition) အယ်လ်ဘမ်ထဲမှာ ပါဝင်မယ့်သီချင်းပါ။ အောက်တိုဘာလ(၄)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း(၂.၈)သိန်းကျော် ရှိနေပါတယ်။

Zedd & Kehlani – Good Thing

ဒီသီချင်းကတော့ ရုရား – ဂျာမန် record producer Zedd နဲ့ အမေရိကန်အဆိုတော် Kehlani တို့ရဲ့ Collaboration တစ်ခု ဖြစ်ပါတယ်။ သီချင်းအကြောင်းအရာကတော့ ကိုယ်တစ်ယောက်တည်းနဲ့ လုံလောက်နေပြီမို့ ဆင်ဂယ်လ်ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းမယ်ဆိုတဲ့အကြောင်းပါ။ အောက်တိုဘာလ(၃)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၁.၂)သန်းကျော် ရှိနေပါတယ်။

Travis Scott – HIGHEST IN THE ROOM

ဒီသီချင်းကတော့ Travis Scott က သူ့ရဲ့ပူပူနွေးနွေး ပြတ်စဲထားတဲ့ ချစ်သူ Kylie Jenner ကို ရည်ညွှန်းထားတဲ့ သီချင်းပါ။ Travis ဟာ တကယ်တမ်းမှာ ဆိုးရွားသောင်းကြမ်းနေတဲ့ ဆေးသမားမဟုတ်ပေမယ့် တကယ့် ဆေးသမားတစ်ယောက်လို အထင်ခံနေရတဲ့အကြောင်းကို သီဆိုထားတာ ဖြစ်ပါတယ်။ အောက်တိုဘာလ(၃)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၁၃.၇)သန်းကျော် ရှိနေပါတယ်။

DaBaby – VIBEZ

“KIRK” လို့ အမည်ရတဲ့ DaBaby ရဲ့ အယ်လ်ဘမ်အသစ်ထဲက သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ သီချင်းအကြောင်းအရာကတော့ ပိုက်ဆံနဲ့ မိန်းမတွေသာ ပါမယ်ဆိုရင် ဘယ်နေရာမှာဖြစ်ဖြစ် ဖိုင်းတဲ့အကြောင်းတွေကို သီဆိုထားတာပါ။ အောက်တိုဘာလ(၁)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း(၅.၃)သန်းကျော် ရှိနေပါတယ်။

Mustard Featuring Roddy Ricch – Ballin’

Roddy Ricch နဲ့ Mustard တို့ရဲ့ ပထမဆုံးသော collab တစ်ပုဒ် ဖြစ်ပါတယ်။ အောက်တိုဘာလ(၂)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၃.၄)သန်းကျော် ရှိနေပါတယ်။

SuperM – Jopping

ဒီသီချင်းဟာ SuperM အဖွဲ့ရဲ့ ပွဲဦးထွက် ဆင်ဂယ်လ်တစ်ပုဒ်ဖြစ်သလို ပထမဆုံးသော မီနီအယ်လ်ဘမ်ရဲ့ နံပါတ်(၁) သီချင်းလည်း ဖြစ်ပါတယ်။ Beat အမိုက်စားတွေနဲ့ ဒွန့်လို့ကောင်းတဲ့ သီချင်းအမျိုးအစားပါ။ အောက်တိုဘာလ(၃)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၁၄.၇)သန်းကျော် ရှိနေပါတယ်။

CHEN – Shall We?

CHEN ရဲ့ ဒုတိယမြောက် မီနီအယ်လ်ဘမ် “Dear my Dear” ထဲက နံပါတ်(၁)သီချင်းလေး ဖြစ်ပါတယ်။ အချစ်သီချင်းအေးအေးလေး ဖြစ်တာကြောင့် ငြိမ့်ငြိမ့်ညောင်းညောင်း ဖီးလ်ချင်တဲ့ အချိန်မျိုး နားထောင်ရင် အကောင်းဆုံးပါပဲ။ စက်တင်ဘာလ(၃၀)ရက်နေ့က ထွက်ရှိထားတာဖြစ်ပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၂.၇)သန်းကျော် ရှိနေပါတယ်။

SUPER JUNIOR – I Think I

SUPER JUNIOR အဖွဲ့ရဲ့ ကိုးခွေမြောက်အယ်လ်ဘမ် “Time_Slip” ထဲက သီချင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ အောက်တိုဘာလ(၄)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိအချိန်အထိ ကြည့်ရှုနားဆင်သူပေါင်း (၂.၄)သန်းကျော် ရှိနေပါတယ်။

ONEUS – LIT

ONEUS အဖွဲ့ရဲ့ FLY WITH US အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ စက်တင်ဘာလ(၃၀)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိအချိန်အထိ ကြည့်ရှုနားဆင်သူပေါင်းကတော့ 1theK Channel မှာ (၄.၂)သန်းကျော်ရှိကာ ONEUS ရဲ့ Official Channel မှာတော့ (၁)သန်းကျော် ရှိနေပါတယ်။

ဒါကတော့ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ထွက်ရှိထားတဲ့ နိုင်ငံတကာသီချင်းများစွာထဲက ကောင်းနိုးရာရာတွေကို စုစည်းပေးထားတာပါ။ အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular