HomeCelebs Update NewsInternational2020 American Music Awards အတွက် စံကာတင်စာရင်းများ ထွက်ပေါ်လာ 

2020 American Music Awards အတွက် စံကာတင်စာရင်းများ ထွက်ပေါ်လာ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၂၀၂၀ခုနှစ်အတွက် ကျင်းပမယ့် American Music Awards (AMA) ဆုပေးပွဲအတွက် စံကာတင် ဆုရှင်စာရင်းတွေကို ပြီးခဲ့တဲ့ တနင်္လာနေ့က ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ စံကာတင်စာရင်းမှာတော့ The Weeknd နဲ့ Roddy Ricch တို့က စံကာတင်(၈)ဆုစီနဲ့ ထိပ်ဆုံးက ပြေးနေပါတယ်။ ဒီဆုပေးပွဲရဲ့ ဩဇာအရှိဆုံး ဆုတစ်ခုဖြစ်တဲ့ Artist of the Year ဆုကိုတော့ The Weeknd ၊ Roddy Ricch ၊ Justin Bieber ၊ Post Malone နဲ့ Taylor Swift တို့က စံကာတင်ဝင်ထားကြပါတယ်။

နောက်ထပ် စံကာတင်ဆု အများဆုံးကတော့ Megan Thee Stallion ဖြစ်ပြီး New Artist of the Year ဆုအပါအဝင် စံကာတင်(၅)ဆုနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ New Artist of the Year ဆုကိုတော့ Megan Thee Stallion အပါအဝင် Roddy Ricch ၊ Lewis Capaldi ၊ Doja Cat ၊ DaBaby ၊ Lil Baby တို့က အပြိုင်အဆိုင် စံကာတင် ဝင်ထားကြပါတယ်။

Photo: theweeknd/ Instagram

ယခုနှစ်အတွက် စံကာတင်(၄)ဆုစီ စာရင်းဝင်ထားသူတွေကတော့ Taylor Swift ၊ Justin Bieber ၊ Lady Gaga ၊ Bad Bunny ၊ DaBaby နဲ့ Doja Cat တို့ ဖြစ်ပါတယ်။ ဂရမ်မီမှာ ဆုတွေ သိမ်းကျုံးယူသွားတဲ့ Billie Eilish ကတော့ AMA မှာ စံကာတင်(၂)ဆုသာ စာရင်းဝင်ထားပါတယ်။ အဲ့ဒါကတော့ Favorite Alternative Rock Artist နဲ့ Favorite Social Artist တို့နေရာမှာ စံကာတင်ဝင်ထားတာ ဖြစ်ပါတယ်။

Kanye West ကတော့ Favorite Contemporary Inspirational Artist ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။ တကယ်လို့ ဒီဆုကိုသာ ရရှိခဲ့မယ်ဆိုရင် Kanye အတွက် (၁၂)နှစ်အတွင်းမှာ ရရှိတဲ့ ပထမဆုံး AMA ဆု ဖြစ်မှာပါ။

Photo: roddyricch/ Instagram

country ဂီတအမျိုးအစားမှာတော့ Dan + Shay က စံကာတင်(၃)ဆု ဝင်ထားပါတယ်။ သူတို့နှစ်ယောက်တွဲအဖွဲ့ အပြိုင်ကြဲရမှာတော့ စံကာတင်ဝင်ထားတဲ့ အခြားအဖွဲ့တွေဖြစ်တဲ့ Florida Georgia Line နဲ့ Old Dominion တို့ ဖြစ်ပါတယ်။

Harry Styles ကတော့ သူ့ရဲ့ Fine Lines အယ်လ်ဘမ်နဲ့ ပထမဆုံး solo awards ကို ရရှိကောင်း ရရှိနိုင်ပါတယ်။ မနှစ်က ဒီဇင်ဘာလမှာ ကွယ်လွန်သွားခဲ့တဲ့ Juice WRLD ကတော့ Favorite Male Rap/Hip-Hop Artist ဆုမှာ စံကာတင်ဝင်ထားပါတယ်။

American Music Awards ရဲ့ ယခုနှစ် ဆုပေးပွဲမှာတော့ ထူးထူးခြားခြား category အသစ်တွေကိုပါ တိုးချဲ့ပြီး ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ အသစ်တိုးလိုက်တဲ့ category တွေထဲမှာ New Rap ၊ Hip-Hop Honors နဲ့ Latin Music အတွက် ဆုအသစ်များစွာ ပါဝင်ပါတယ်။

Photo: justinbieber/ Instagram

Taylor Swift ကတော့ AMA ရဲ့သမိုင်းမှာ ဆုအများဆုံး ရရှိထားတဲ့ artist အဖြစ် ထိပ်ဆုံးက ဦးဆောင်နေရာက ယခုနှစ်မှာလည်း အဲ့ဒီ့စံချိန်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ဦးမယ်လို့ ခန့်မှန်းလို့ ရပါတယ်။ သူမဟာ မနှစ်က ၂၀၁၉ခုနှစ်အထိ စုစုပေါင်း (၂၉)ဆုကို AMA မှာ ဆွတ်ခူးထားတာ ဖြစ်ပါတယ်။

ယခုနှစ်အတွက် ဆုချီးမြှင့်ပွဲကိုတော့ လော့စ်အိန်ဂျလိစ်မြို့က Microsoft Theater မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ယခင်နှစ်တွေနဲ့ မတူညီတာကတော့ လက်ရှိမှာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေတဲ့အတွက် ဆုပေးပွဲအများစုဟာ ပရိသတ်တွေ မပါဝင်ဘဲ ကျင်းပနေကြသလို ပြင်ပ ဟင်းလင်းပြင်မှာ ကျင်းပတာမျိုးတွေလည်း ရှိနေကြပါတယ်။

Photo: taylorswift/ Instagram

အခြားနာမည်ကြီး တေးဂီတ ဆုချီးမြှင့်ပွဲများဖြစ်တဲ့ BET Awards ၊ Country Music Awards ၊ MTV Video Music Awards တွေကတော့ live performance နဲ့ ကြိုတင်ရိုက်ကူးပြီးသား performance တွေကို ရောနှောပြီး ဖျော်ဖြေတင်ဆက်သွားပါတယ်။ ယခုနှစ်အတွက် စံကာတင်ဆုရှင်စာရင်းတွေကိုတော့ အဆိုတော် Dua Lipa က Good Morning America အစီအစဉ်မှာ ကြေညာပေးသွားခဲ့တာ ဖြစ်ပါတယ်။

Glasgow

Source: indian express

(Zawgyi Version)

၂၀၂၀ခုႏွစ္အတြက္ က်င္းပမယ့္ American Music Awards (AMA) ဆုေပးပြဲအတြက္ စံကာတင္ ဆုရွင္စာရင္းေတြကို ၿပီးခဲ့တဲ့ တနလၤာေန႔က ထုတ္ျပန္လိုက္ပါတယ္။

အဆိုပါ စံကာတင္စာရင္းမွာေတာ့ The Weeknd နဲ႔ Roddy Ricch တို႔က စံကာတင္(၈)ဆုစီနဲ႔ ထိပ္ဆုံးက ေျပးေနပါတယ္။ ဒီဆုေပးပြဲရဲ႕ ဩဇာအရွိဆုံး ဆုတစ္ခုျဖစ္တဲ့ Artist of the Year ဆုကိုေတာ့ The Weeknd ၊ Roddy Ricch ၊ Justin Bieber ၊ Post Malone နဲ႔ Taylor Swift တို႔က စံကာတင္ဝင္ထားၾကပါတယ္။

ေနာက္ထပ္ စံကာတင္ဆု အမ်ားဆုံးကေတာ့ Megan Thee Stallion ျဖစ္ၿပီး New Artist of the Year ဆုအပါအဝင္ စံကာတင္(၅)ဆုနဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။ New Artist of the Year ဆုကိုေတာ့ Megan Thee Stallion အပါအဝင္ Roddy Ricch ၊ Lewis Capaldi ၊ Doja Cat ၊ DaBaby ၊ Lil Baby တို႔က အၿပိဳင္အဆိုင္ စံကာတင္ ဝင္ထားၾကပါတယ္။

Photo: theweeknd/ Instagram

ယခုႏွစ္အတြက္ စံကာတင္(၄)ဆုစီ စာရင္းဝင္ထားသူေတြကေတာ့ Taylor Swift ၊ Justin Bieber ၊ Lady Gaga ၊ Bad Bunny ၊ DaBaby နဲ႔ Doja Cat တို႔ ျဖစ္ပါတယ္။ ဂရမ္မီမွာ ဆုေတြ သိမ္းက်ဳံးယူသြားတဲ့ Billie Eilish ကေတာ့ AMA မွာ စံကာတင္(၂)ဆုသာ စာရင္းဝင္ထားပါတယ္။ အဲ့ဒါကေတာ့ Favorite Alternative Rock Artist နဲ႔ Favorite Social Artist တို႔ေနရာမွာ စံကာတင္ဝင္ထားတာ ျဖစ္ပါတယ္။

Kanye West ကေတာ့ Favorite Contemporary Inspirational Artist ဆုအတြက္ စံကာတင္စာရင္း ဝင္ထားပါတယ္။ တကယ္လို႔ ဒီဆုကိုသာ ရရွိခဲ့မယ္ဆိုရင္ Kanye အတြက္ (၁၂)ႏွစ္အတြင္းမွာ ရရွိတဲ့ ပထမဆုံး AMA ဆု ျဖစ္မွာပါ။

Photo: roddyricch/ Instagram

country ဂီတအမ်ိဳးအစားမွာေတာ့ Dan + Shay က စံကာတင္(၃)ဆု ဝင္ထားပါတယ္။ သူတို႔ႏွစ္ေယာက္တြဲအဖြဲ႕ အၿပိဳင္ႀကဲရမွာေတာ့ စံကာတင္ဝင္ထားတဲ့ အျခားအဖြဲ႕ေတြျဖစ္တဲ့ Florida Georgia Line နဲ႔ Old Dominion တို႔ ျဖစ္ပါတယ္။

Harry Styles ကေတာ့ သူ႔ရဲ႕ Fine Lines အယ္လ္ဘမ္နဲ႔ ပထမဆုံး solo awards ကို ရရွိေကာင္း ရရွိႏိုင္ပါတယ္။ မႏွစ္က ဒီဇင္ဘာလမွာ ကြယ္လြန္သြားခဲ့တဲ့ Juice WRLD ကေတာ့ Favorite Male Rap/Hip-Hop Artist ဆုမွာ စံကာတင္ဝင္ထားပါတယ္။

American Music Awards ရဲ႕ ယခုႏွစ္ ဆုေပးပြဲမွာေတာ့ ထူးထူးျခားျခား category အသစ္ေတြကိုပါ တိုးခ်ဲ႕ၿပီး ဆုခ်ီးျမႇင့္သြားမွာ ျဖစ္ပါတယ္။ အသစ္တိုးလိုက္တဲ့ category ေတြထဲမွာ New Rap ၊ Hip-Hop Honors နဲ႔ Latin Music အတြက္ ဆုအသစ္မ်ားစြာ ပါဝင္ပါတယ္။

Photo: justinbieber/ Instagram

Taylor Swift ကေတာ့ AMA ရဲ႕သမိုင္းမွာ ဆုအမ်ားဆုံး ရရွိထားတဲ့ artist အျဖစ္ ထိပ္ဆုံးက ဦးေဆာင္ေနရာက ယခုႏွစ္မွာလည္း အဲ့ဒီ့စံခ်ိန္ကို ဆက္လက္ ထိန္းသိမ္းထားႏိုင္ဦးမယ္လို႔ ခန႔္မွန္းလို႔ ရပါတယ္။ သူမဟာ မႏွစ္က ၂၀၁၉ခုႏွစ္အထိ စုစုေပါင္း (၂၉)ဆုကို AMA မွာ ဆြတ္ခူးထားတာ ျဖစ္ပါတယ္။

ယခုႏွစ္အတြက္ ဆုခ်ီးျမႇင့္ပြဲကိုေတာ့ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕က Microsoft Theater မွာ က်င္းပျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ ယခင္ႏွစ္ေတြနဲ႔ မတူညီတာကေတာ့ လက္ရွိမွာ ကိုဗစ္ကပ္ေရာဂါ ျဖစ္ပြားေနတဲ့အတြက္ ဆုေပးပြဲအမ်ားစုဟာ ပရိသတ္ေတြ မပါဝင္ဘဲ က်င္းပေနၾကသလို ျပင္ပ ဟင္းလင္းျပင္မွာ က်င္းပတာမ်ိဳးေတြလည္း ရွိေနၾကပါတယ္။

Photo: taylorswift/ Instagram

အျခားနာမည္ႀကီး ေတးဂီတ ဆုခ်ီးျမႇင့္ပြဲမ်ားျဖစ္တဲ့ BET Awards ၊ Country Music Awards ၊ MTV Video Music Awards ေတြကေတာ့ live performance နဲ႔ ႀကိဳတင္႐ိုက္ကူးၿပီးသား performance ေတြကို ေရာေႏွာၿပီး ေဖ်ာ္ေျဖတင္ဆက္သြားပါတယ္။ ယခုႏွစ္အတြက္ စံကာတင္ဆုရွင္စာရင္းေတြကိုေတာ့ အဆိုေတာ္ Dua Lipa က Good Morning America အစီအစဥ္မွာ ေၾကညာေပးသြားခဲ့တာ ျဖစ္ပါတယ္။

Glasgow

Source: indian express

 

RELATED ARTICLES

Most Popular