HomeCelebs Update NewsBollywoodယူနီဆက်ဖ်ရဲ့ ဆုချီးမြှင့်ခြင်းခံခဲ့ရတဲ့ မင်းသမီးချော Priyanka Chopra

ယူနီဆက်ဖ်ရဲ့ ဆုချီးမြှင့်ခြင်းခံခဲ့ရတဲ့ မင်းသမီးချော Priyanka Chopra

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဘောလိဝုဒ်တင်မက နိုင်ငံတကာမှာပါ နာမည်ကျော်ကြားတဲ့ မင်းသမီးချော Priyanka Chopra ဟာ ယူနီဆက်ဖ်က ချီးမြှင့်တဲ့ လူသားချင်းစာနာထောက်ထားမှု ထူးချွန်ဆုကို ရရှိသွားပါတယ်။

Priyanka ဟာ ယူနီဆက်ဖ်ရဲ့ ချစ်ကြည်ရေးသံတမန်တစ်ယောက်ဖြစ်ပြီး Danny Kaye Humanitarian Award ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဆုကိုတော့ မကြာသေးခင်က နယူးယောက်မြို့မှာ ကျင်းပပြီးစီးခဲ့တဲ့ ယူနီဆက်ဖ်ရဲ့ ဂုဏ်ပြုပွဲမှာ ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဆုတံဆိပ်ကိုတော့ ဖက်ရှင်လောကရဲ့ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ Diane von Furstenberg ကိုယ်တိုင်က Priyanka ကို ချီးမြှင့်ပေးခဲ့တာပါ။

Photo: PRIYANKA/ Twitter

ဒီဆုနဲ့ ပတ်သက်ပြီး လူသားကောင်းကျိုးနဲ့ ကမ္ဘာကြီးရဲ့ ကောင်းကျိုးအတွက် မနေမနား၊ မမောနိုင်မပန်းနိုင် ကြိုးပမ်းနေကြသူအားလုံးကို လေးစားကြောင်းနဲ့ အခုလို ယူနီဆက်ဖ်ရဲ့ ချစ်ကြည်ရေးသံတမန်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ရတာကိုလည်း အလွန်ဂုဏ်ယူကြောင်း Priyanka က သူမရဲ့ Twitter မှာ တင်ထားတာ တွေ့ရပါတယ်။

ဆက်လက်ပြီး Priyanka က “ဒီကနေ့မှာ ပရဟိတလုပ်ငန်းတွေဟာ ရန်ပုံငွေထူထောင်ပေးတဲ့အလုပ်ဆိုတာထက် ပိုပါတယ်။ ကျွန်မတို့ရဲ့ လုပ်ဆောင်မှုတွေနဲ့ ဖြေရှင်းနိုင်မှုတွေ၊ အကြင်နာမေတ္တာတရားတွေကို ပြသရမယ့်နေရာ ဖြစ်ပါတယ်။ ပေးကမ်းလှူဒါန်းခြင်းဟာ ရွေးချယ်စရာတစ်ခု မဟုတ်တော့ပါဘူး။ ဒါဟာ ဘ၀နေနည်းတစ်ခုကို ဖြစ်နေပါပြီ” လို့ ဆိုထားပါသေးတယ်။

Photo: priyankachopra/ Instagram

Priyanka ဟာ ကလေးတွေရဲ့ အခွင့်အရေးနဲ့ ကျန်းမာရေးအတွက် စတင်လုပ်အားပေးခဲ့တဲ့ ၂၀၀၆ခုနှစ်ကစလို့ ယူနီဆက်ဖ်နဲ့ လက်တွဲပြီး ပူးပေါင်းလုပ်ဆောင်ခဲ့တာ အခုဆိုရင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီမို့ ဒီဆုဟာ သူမနဲ့ တကယ်ထိုက်တန်တယ်လို့ ပြောရမှာပါ။

လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ Priyanka ဟာ ဒါရိုက်တာ Aravind Adiga ရိုက်ကူးပြီး ​​Netflix က ထုတ်လွှင့်ပြသမယ့် The White Tiger ဆိုတဲ့ ဇာတ်ကားကို Rajkummar Rao နဲ့အတူ သရုပ်ဆောင်နေပါတယ်။ အဲ့ဒါအပြင် ဒါရိုက်တာ Robert Rodrigue ရဲ့ We Can Be Heroes ဆိုတဲ့ စူပါဟီးရိုးဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်နေပါသေးတယ်။

Photo: priyankachopra/ Instagram

၂၀၁၉ခုနှစ်မှာ ထွက်ရှိထားတဲ့ Priyanka ရဲ့ရုပ်ရှင်ကားကတော့ ဒါရိုက်တာ Shonali Bose ရိုက်ကူးထားတဲ့ The Sky is Pink ဆိုတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၁၆ခုနှစ်က နောက်ဆုံးထွက်ရှိခဲ့တဲ့ ရုပ်ရှင်ပြီးနောက် ပထမဆုံး ပြန်လည်ပွဲထွက်လာတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ မကြာသေးခင်ကမှ ရုံတင်ပြသနေတဲ့ Frozen 2 ရုပ်ရှင်ဇာတ်ကားရဲ့ ဟင်ဒီဗားရှင်းမှာလည်း ညီမဝမ်းကွဲဖြစ်သူ  Parineeti Chopra နဲ့ တွဲဖက်ပြီး အသံသရုပ်ဆောင်ထားပါသေးတယ်။

LaNina

Ref: indianexpress

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

ေဘာလိဝုဒ္တင္မက ႏိုင္ငံတကာမွာပါ နာမည္ေက်ာ္ၾကားတဲ့ မင္းသမီးေခ်ာ Priyanka Chopra ဟာ ယူနီဆက္ဖ္က ခ်ီးျမႇင့္တဲ့ လူသားခ်င္းစာနာေထာက္ထားမႈ ထူးခြၽန္ဆုကို ရရွိသြားပါတယ္။

Priyanka ဟာ ယူနီဆက္ဖ္ရဲ႕ ခ်စ္ၾကည္ေရးသံတမန္တစ္ေယာက္ျဖစ္ၿပီး Danny Kaye Humanitarian Award ကို ရရွိခဲ့တာ ျဖစ္ပါတယ္။ အဆိုပါဆုကိုေတာ့ မၾကာေသးခင္က နယူးေယာက္ၿမိဳ႕မွာ က်င္းပၿပီးစီးခဲ့တဲ့ ယူနီဆက္ဖ္ရဲ႕ ဂုဏ္ျပဳပြဲမွာ ခ်ီးျမႇင့္ခံခဲ့ရတာ ျဖစ္ပါတယ္။ ဆုတံဆိပ္ကိုေတာ့ ဖက္ရွင္ေလာကရဲ႕ အထင္ကရ ပုဂၢိဳလ္တစ္ဦးျဖစ္တဲ့ Diane von Furstenberg ကိုယ္တိုင္က Priyanka ကို ခ်ီးျမႇင့္ေပးခဲ့တာပါ။

Photo: PRIYANKA/ Twitter

ဒီဆုနဲ႔ ပတ္သက္ၿပီး လူသားေကာင္းက်ိဳးနဲ႔ ကမာၻႀကီးရဲ႕ ေကာင္းက်ိဳးအတြက္ မေနမနား၊ မေမာႏိုင္မပန္းႏိုင္ ႀကိဳးပမ္းေနၾကသူအားလုံးကို ေလးစားေၾကာင္းနဲ႔ အခုလို ယူနီဆက္ဖ္ရဲ႕ ခ်စ္ၾကည္ေရးသံတမန္တစ္ေယာက္အျဖစ္ တာဝန္ထမ္းေဆာင္ရတာကိုလည္း အလြန္ဂုဏ္ယူေၾကာင္း Priyanka က သူမရဲ႕ Twitter မွာ တင္ထားတာ ေတြ႕ရပါတယ္။

ဆက္လက္ၿပီး Priyanka က “ဒီကေန႔မွာ ပရဟိတလုပ္ငန္းေတြဟာ ရန္ပုံေငြထူေထာင္ေပးတဲ့အလုပ္ဆိုတာထက္ ပိုပါတယ္။ ကြၽန္မတို႔ရဲ႕ လုပ္ေဆာင္မႈေတြနဲ႔ ေျဖရွင္းႏိုင္မႈေတြ၊ အၾကင္နာေမတၱာတရားေတြကို ျပသရမယ့္ေနရာ ျဖစ္ပါတယ္။ ေပးကမ္းလႉဒါန္းျခင္းဟာ ေ႐ြးခ်ယ္စရာတစ္ခု မဟုတ္ေတာ့ပါဘူး။ ဒါဟာ ဘ၀ေနနည္းတစ္ခုကို ျဖစ္ေနပါၿပီ” လို႔ ဆိုထားပါေသးတယ္။

Photo: priyankachopra/ Instagram

Priyanka ဟာ ကေလးေတြရဲ႕ အခြင့္အေရးနဲ႔ က်န္းမာေရးအတြက္ စတင္လုပ္အားေပးခဲ့တဲ့ ၂၀၀၆ခုႏွစ္ကစလို႔ ယူနီဆက္ဖ္နဲ႔ လက္တြဲၿပီး ပူးေပါင္းလုပ္ေဆာင္ခဲ့တာ အခုဆိုရင္ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ၿပီမို႔ ဒီဆုဟာ သူမနဲ႔ တကယ္ထိုက္တန္တယ္လို႔ ေျပာရမွာပါ။

လတ္တေလာ အႏုပညာလႈပ္ရွားမႈအေနနဲ႔ကေတာ့ Priyanka ဟာ ဒါ႐ိုက္တာ Aravind Adiga ႐ိုက္ကူးၿပီး ​​Netflix က ထုတ္လႊင့္ျပသမယ့္ The White Tiger ဆိုတဲ့ ဇာတ္ကားကို Rajkummar Rao နဲ႔အတူ သ႐ုပ္ေဆာင္ေနပါတယ္။ အဲ့ဒါအျပင္ ဒါ႐ိုက္တာ Robert Rodrigue ရဲ႕ We Can Be Heroes ဆိုတဲ့ စူပါဟီး႐ိုးဇာတ္ကားမွာလည္း ပါဝင္သ႐ုပ္ေဆာင္ေနပါေသးတယ္။

Photo: priyankachopra/ Instagram

၂၀၁၉ခုႏွစ္မွာ ထြက္ရွိထားတဲ့ Priyanka ရဲ႕႐ုပ္ရွင္ကားကေတာ့ ဒါ႐ိုက္တာ Shonali Bose ႐ိုက္ကူးထားတဲ့ The Sky is Pink ဆိုတဲ့ ဇာတ္ကားျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ ၂၀၁၆ခုႏွစ္က ေနာက္ဆုံးထြက္ရွိခဲ့တဲ့ ႐ုပ္ရွင္ၿပီးေနာက္ ပထမဆုံး ျပန္လည္ပြဲထြက္လာတဲ့ ဇာတ္ကားလည္း ျဖစ္ပါတယ္။ မၾကာေသးခင္ကမွ ႐ုံတင္ျပသေနတဲ့ Frozen 2 ႐ုပ္ရွင္ဇာတ္ကားရဲ႕ ဟင္ဒီဗားရွင္းမွာလည္း ညီမဝမ္းကြဲျဖစ္သူ  Parineeti Chopra နဲ႔ တြဲဖက္ၿပီး အသံသ႐ုပ္ေဆာင္ထားပါေသးတယ္။

LaNina

Ref: indianexpress

(ဆံရစ္ဝိုင္းမီဒီယာမွ တင္ဆက္ေသာ ကိုယ္တိုင္ေရး (သို႔မဟုတ္) ဘာသာျပန္သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔၏အက်ိဳးစီးပြားအတြက္ အျခားေသာ မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းမ်ား မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular