HomeCelebs Update NewsInternational2020 Billboard Music Awards မှာ ဆွတ်ခူးသွားသူများ 

2020 Billboard Music Awards မှာ ဆွတ်ခူးသွားသူများ 

၂၀၂၀ခုနှစ်အတွက် Billboard Music Awards ဆုပေးပွဲဟာ ခြောက်လခန့် ရွှေ့ဆိုင်းခဲ့ရတဲ့ နောက်ဆုံးမှာတော့ ဆုပေးပွဲကို ကျင်းပနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ ဆုပေးပွဲကို အောက်တိုဘာလ(၁၄)ရက် ညပိုင်းမှာ လော့စ်အိန်ဂျလိစ်မြို့က Dolby Theater မှာ ဧည့်ပရိသတ်တွေ မပါဘဲ ကျင်းပခဲ့ပါတယ်။ သုံးနာရီကြာမြင့်ခဲ့တဲ့ ဒီအခမ်းအနားကိုတော့ NBC ရုပ်သံလိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ်အတွက် အခမ်းအနားမှူးနေရာကိုတော့ အဆိုတော် Kelly Clarkson ကပဲ သုံးနှစ်မြောက်အဖြစ် ဆက်လက် တာဝန်ယူပေးထားပါတယ်။

BBMAs လို့ အတိုကောက်ခေါ်တဲ့ Billboard Music Awards ဟာ ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း ဂီတလောကထဲမှာ အထင်ရှားဆုံး တောက်ပနိုင်ခဲ့တဲ့ ဂီတကြယ်ပွင့်တွေကို ရွေးချယ်ကာ ဆုချီးမြှင့်တဲ့ အခမ်းအနားတစ်ခု ဖြစ်ပါတယ်။ ယခုနှစ်အတွက် ဆွတ်ခူးသွားသူများထဲမှာတော့ စံကာတင်(၁၆)ဆု ဝင်ထားတဲ့ Post Malone က (၉)ဆုကို ထိုက်တန်စွာ ဆွတ်ခူးသွားပါတယ်။ ၂၀၂၀ခုနှစ်အတွက် ဆွတ်ခူးသွားတဲ့ ဂီတကြယ်ပွင့်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Photo: postmalone/ Instagram

Top Artist – BBMAs ရဲ့ အရှိန်အဝါအကြီးဆုံးနဲ့ ဂုဏ်ယူစရာအကောင်းဆုံးဖြစ်တဲ့ Top Artist ဆုကိုတော့ အပြိုင်အဆိုင်တွေကြားထဲမှာ Post Malone က ဆွတ်ခူးသွားပါတယ်။

Top New Artist – အကောင်းဆုံး မျက်နှာသစ်ဆုရှင်အဖြစ် ဆွတ်ခူးသွားသူကတော့ Billie Eilish ဖြစ်ပါတယ်။

Billboard Chart Achievement Award (Fan Voted) – ပရိသတ်တွေက vote ပေးရတဲ့ ဒီဆုမှာတော့ Harry Styles က ဆွတ်ခူးသွားပါတယ်။

Top Male Artist – ဒီဆုကိုလည်း Post Malone ကပဲ ဆွတ်ခူးသွားပါတယ်။

Photo: billieeilish/ Instagram

Top Female Artist – ဒီဆုကိုတော့ Billie Eilish က ရရှိသွားပါတယ်။

Top Duo/Group – အကောင်းဆုံးအဖွဲ့ဆုကိုတော့ Jonas Brothers အဖွဲ့က ရရှိသွားပါတယ်။

Top Billboard 200 Artist – ဒီဆုကိုလည်း Post Malone ကပဲ အိမ်ပြန်လက်ဆောင်အဖြစ် သယ်ဆောင်သွားပါတယ်။

Top Hot 100 Artist – Hot 100 Artist အတွက် ဆုကိုလည်း Post Malone ကပဲ ထပ်မံဆွတ်ခူးသွားပါတယ်။

Top Streaming Song Artist – streaming အလုပ်ခံရဆုံး artist ဆုမှာလည်း Post Malone က ဆွတ်ခူးသွားပါတယ်။

Photo: lizzobeeating/ Instagram

Top Song Sales Artist – သီချင်းအရောင်းရဆုံး ဆုပိုင်ရှင်ကတော့ Lizzo ဖြစ်ပါတယ်။

Top Radio Song Artist – ရေဒီယိုမှာ အလွှင့်ခံရဆုံး ဆုကိုတော့ Jonas Brothers အဖွဲ့က ရရှိသွားပါတယ်။

Top Social Artist (Fan Voted) – ပရိသတ်တွေကို vote ပေးရတဲ့ ဆိုရှယ်မီဒီယာဆုမှာတော့ BTS အဖွဲ့က ရရှိသွားပါတယ်။

Top Touring Artist – နယ်လှည့်ဖျော်ဖြေရေးခရီးစဉ်တွေ ဖျော်ဖြေခဲ့တဲ့ အကောင်းဆုံးဆုကိုတော့ P!nk က ဆွတ်ခူးသွားပါတယ်။

Photo: thegr8khalid/ Instagram

Top R&B Artist – အကောင်းဆုံး R&B ဆုကိုတော့ Khalid က ရရှိသွားပါတယ်။

Top R&B Male Artist – အကောင်းဆုံး အမျိုးသား R&B artist ဆုကိုလည်း Khalid ကပဲ ဆွတ်ခူးသွားပါတယ်။

Top R&B Female Artist – အကောင်းဆုံး အမျိုးသမီး R&B artist ဆုကိုတော့ Summer Walker က ဆွတ်ခူးသွားပါတယ်။

Top R&B Tour – ဒီဆုကိုလည်း Khalid ကပဲ ထပ်မံရရှိသွားပါတယ်။

Top Rap Artist – အကောင်းဆုံး rap artist ဆုကိုတော့ Post Malone က ဆွတ်ခူးသွားပါတယ်။

Top Rap Male Artist – ဒီဆုကိုလည်း Post Malone ကပဲ ဆွတ်ခူးရရှိသွားပါတယ်။

Photo: iamcardib/ Instagram

Top Rap Female Artist – ဒီဆုကိုတော့ Cardi B က ရရှိသွားပါတယ်။

Top Rap Tour – ဒီဆုကိုလည်း Post Malone ကပဲ ဆွတ်ခူးသွားပါတယ်။

Top Country Artist – အကောင်းဆုံး country artist ဆုကို Luke Combs က ရရှိသွားပါတယ်။

Top Country Male Artist – ဒီဆုကိုလည်း Luke Combs ကပဲ ရရှိသွားပါတယ်။

Top Country Female Artist – အကောင်းဆုံး အမျိုးသမီး country artist ဆုကိုတော့ Maren Morris က ဆွတ်ခူးသွားပါတယ်။

Top Country Duo/ Group – အကောင်းဆုံး country အဖွဲ့ဆုကိုတော့ Dan + Shay နှစ်ယောက်တွဲအဖွဲ့က ရရှိသွားပါတယ်။

Photo: danandshay/ Instagram

Top Country Tour – ဒီဆုကိုတော့ George Strait က ဆွတ်ခူးသွားပါတယ်။

Top Rock Artist – အကောင်းဆုံး rock artist ဆုကိုတော့ Panic! At The Disco အဖွဲ့က ရရှိသွားပါတယ်။

Top Rock Tour – ဒီဆုကိုတော့ Sir Elton John က ဆွတ်ခူးသွားပါတယ်။

Top Latin Artist – အကောင်းဆုံး latin artist ဆုကိုတော့ Bad Bunny က ဆွတ်ခူးသွားပါတယ်။

Photo: chainsmokers_fans/ Instagram

Top Dance/ Electronic Artist – ဒီဆုကိုတော့ Chain Smokers အဖွဲ့က ရရှိသွားပါတယ်။

Top Billboard 200 Album – ဒီအယ်လ်ဘမ်ဆုကိုတော့ Billie Eilish ရဲ့ When We All Fall Asleep, Where Do We Go? က ရရှိသွားပါတယ်။

Top Soundtrack – အကောင်းဆုံး ဇာတ်ဝင်သီချင်းဆုကိုတော့ Frozen II က ရရှိသွားပါတယ်။

Top Rap Album – အကောင်းဆုံး rap album ဆုကိုတော့ Post Malone ရဲ့ Hollywood’s Bleeding က ရရှိသွားပါတယ်။

Glasgow

Source: billboard, hollywood life

 

RELATED ARTICLES

Most Popular