HomeEntertainmentFilmWandaVision အပိုင်း(၃)ထဲက စိတ်ဝင်စားစရာအချက်များနဲ့ easter egg များ

WandaVision အပိုင်း(၃)ထဲက စိတ်ဝင်စားစရာအချက်များနဲ့ easter egg များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

WandaVision ဇာတ်လမ်းတွဲဟာ အပိုင်း(၃) ထွက်ရှိလာပြီ ဖြစ်ပြီး အခုချိန်ထိ အဖြေမသိရသေးတဲ့ မေးခွန်းများစွာလည်း ရှိနေပါတယ်။ ဒါတွေတင် မဟုတ်သေးဘဲ အပိုင်း(၃)ထဲမှာတော့ ကောမစ်ထဲက အဖြစ်အပျက်တွေနဲ့ Wanda ရဲ့ ဆိုးရွားတဲ့ အနာဂတ်ကိုလည်း အရိပ်အမြွက် ပြသွားခဲ့သလို easter egg တွေလည်း ပါဝင်နေပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ WandaVision အပိုင်း(၃)ထဲက စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေနဲ့ easter egg တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Scarlet Witch ရဲ့ မြန်ဆန်လွန်းတဲ့ ကလေးမီးဖွားခြင်း
photo via screenrant

ဒီအပိုင်းထဲမှာ Scarlet Witch ရဲ့ လျင်မြန်လွန်းတဲ့ ကိုယ်ဝန်နဲ့ အမွှာနှစ်ယောက် မွေးဖွားတဲ့ပုံစံဟာ ကောမစ်ထဲကအတိုင်းပဲ ဖြစ်ပါတယ်။ ဒီကိုယ်ဝန်ဟာ ဘယ်လိုမှ သဘာဝမကျဘူးဆိုတာတော့ လူတိုင်းသိကြမှာပါ။ Vision ဟာ android ဖြစ်တာကြောင့် မျိူးမပွားနိုင်ပါဘူး။ ဒါ့အပြင် Wanda ဟာ ကိုယ်ဝန်ရပြီး နာရီအပိုင်းအတွင်းမှာပဲ ကလေးမီးဖွားလိုက်တာ ဖြစ်ပါတယ်။

ကောမစ်ထဲမှာတော့ Wanda ဟာ Mephisto ရဲ့ ဝိဉာဉ်အပိုင်းအစတွေကို အသုံးပြုပြီး သူမရဲ့စွမ်းအားတွေနဲ့ ပေါင်းစပ်ကာ ကိုယ်ဝန်ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း Wanda က သူတို့ကို မယုံကြည်တော့တဲ့ အချိန်မှာတော့ အဲ့ဒီအမွှာနှစ်ယောက်ဟာ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါကြောင့်ပဲ နောက်ဆက်တွဲအနေနဲ့ Wanda ဟာ စိတ်ကျန်းမာရေး ဖောက်ပြန်သွားပါတယ်။

(2) Billy နဲ့ Tommy
photo via screenrant

အပိုင်း(၃)ရဲ့ အစမှာတော့ Wanda နဲ့ Vision တို့ဟာ သူတို့ရဲ့ကလေးတွေကို နာမည်ပေးဖို့ ငြင်းခုံနေကြတာကို မြင်တွေ့ရမှာပါ။ ကလေးမွေးလာတဲ့အချိန်မှာတော့ အမွှာလေး မွေးလာတာကြောင့် သူတို့စဉ်းစားထားတဲ့ နာမည်ဖြစ်တဲ့ Billy နဲ့ Tommy ဆိုတဲ့ အမည်တွေနဲ့ အဆင်ပြေသွားပါတယ်။

အပေါ်က ဖော်ပြခဲ့သလိုပဲ ကောမစ်ထဲမှာတော့ ဒီအမွှာနှစ်ယောက်ဟာ သေဆုံးသွားခဲ့ပြီး နောက်ပိုင်းမှာ အကြောင်းတစ်ခုကြောင့် ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ အဲ့ဒီအမွှာနှစ်ယောက် အရွယ်ရောက်လာတဲ့အချိန်မှာတော့ Wiccan နဲ့ Speed ဆိုပြီး Young Avengers အဖွဲ့ဝင်တွေ ဖြစ်လာပါတယ်။

(3) Vision ပြောသွားတဲ့ Shakespeare ရဲ့ အဆိုအမိန့်
photo via screenrant

အပိုင်း(၃)ထဲမှာတော့ Vision ဟာ Westview မြို့မှာ တစ်ခုခု မှားယွင်းနေမှန်း သတိထားမိသွားတဲ့ ဇာတ်ဝင်ခန်း ပါဝင်ပါတယ်။ Wanda ဟာ Vision ကို အတတ်နိုင်ဆုံး ထိန်းချုပ်ဖို့ ကြိုးစားနေပေမယ့်လည်း အခုလိုမျိူး ထိန်းချုပ်မှုလွတ်သွားတဲ့ အချိန်တွေ ရှိတယ်ဆိုတာ မြင်တွေ့လိုက်ရပါတယ်။ ဒါ့အပြင် Vision ပြောသွားတဲ့ Shakespeare ရဲ့ အဆိုအမိန့်ဟာလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

အဲ့ဒီအဆိုအမိန့်ကတော့ “လောကကြီးဟာ ဇာတ်ခုံတစ်ခုသာဖြစ်ပြီး လူအားလုံးဟာ အလိုက်သင့် ကပြအသုံးတော်ခံနေရသူတွေပါ… ” လို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့်ပဲ Vision ဟာ Westview မှာ ရှိနေတဲ့ လူတွေအားလုံးဟာ သူတို့ရဲ့သက်ဆိုင်ရာ နေရာအသီးသီးမှာ ကပြ တင်ဆက်နေရသူတွေဆိုတာ သိနေတယ်လို့ ယူဆနိုင်ပါတယ်။ ဒါ့အပြင် ဒီအဆိုအမိန့်ဟာ စာတစ်ကြောင်းတည်း မဟုတ်ဘဲ ” လူတိုင်းမှာ သူတို့ရဲ့ စတင်ပါဝင်ရမယ့် နေရာနဲ့ ထွက်ခွာသွားရမယ့် နေရာတွေ ရှိတယ် …. ” ဆိုတဲ့ စာကြောင်းလည်း ကျန်ရှိနေပါသေးတယ်။ ဒီအချက်ကလည်း WandaVision ထဲမှာ ဖြစ်ပျက်လာမယ့် ဆိုးရွားတဲ့ အနာဂတ်တွေကို ရည်ညွှန်းတယ်လို့ ယူဆလို့ ရပါတယ်။

(4) Simser ဆေးပုံး
photo via screenrant

Wanda ဟာ ကိုယ်ဝန်ရှိပြီး သိပ်မကြာခင်မှာပဲ ကလေးအတွက် အခန်းကို ပြင်ဆင်နေတာ မြင်တွေ့ခဲ့ရပါတယ်။ Wanda ဟာ သူမရဲ့ စွမ်းအားတွေကို အသုံးပြုပြီး အခန်းကိုလည်း ဆေးသုတ်နေပါတယ်။ အဲ့ဒီအချိန်မှာတော့ ဆေးပုံးမှာ Simser လို့ ရေးထားတာကို မြင်တွေ့ခဲ့ကြမှာပါ။

ဒီအချက်ကတော့ MCU နဲ့လည်း မပတ်သက်သလို ကောမစ်ဇာတ်လမ်းနဲ့လည်း မပတ်သက်တဲ့ easter egg တစ်ခုပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ ဒီအချက်ဟာ Jeremy Simser ကို ရည်ညွှန်းထားတာပဲ ဖြစ်ပါတယ်။ Jeremy Simser ကတော့ ဒီဇာတ်လမ်းတွဲရဲ့ storyboard artist ဖြစ်ပြီး Doctor Strange in the Multiverse of Madness ထဲမှာလည်း ပါဝင်သွားမှာ ဖြစ်ပါတယ်။

(5) Hydra ဆပ်ပြာ
photo via screenrant

အခုချိန်ထိ ထွက်ရှိထားသမျှ WandaVision အပိုင်းတွေထဲမှာ Wanda ရဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်တွေကို ကြော်ငြာအနေနဲ့ ပြသသွားပါတယ်။ အပိုင်း(၁)ထဲမှာတော့ Stark ပေါင်မုန့်မီးကင်စက် ဖြစ်ပြီး အပိုင်း(၂)မှာတော့ Baron von Strucker နာမည်နဲ့ Hydra နာရီကို ကြော်ငြာအနေနဲ့ ပြသွားပါတယ်။ အပိုင်း(၃)မှာတော့ ” Find the Goddess Within ” ဆိုတဲ့ စာတန်းနဲ့ Hydra ဆပ်ပြာကို ထပ်မံမြင်တွေ့ခဲ့ရပါတယ်။ Agents of S.H.I.E.L.D ဇာတ်လမ်းတွဲ ပရိသတ်ဆိုရင်တော့ ဒီအချက်ကို သတိထားမိကြမှာပါ။

အကြောင်းကတော့ Agents of S.H.I.E.L.D season 4 ထဲမှာ Coulson တို့အဖွဲ့ဟာ Framework လို့ခေါ်တဲ့ Virtual Reality ထဲကို ရောက်သွားကြပါတယ်။ Framework ထဲမှာတော့ Hydra ဟာ ကမ္ဘာကြီးကို ကြီးစိုးထားပြီး Coulson တို့အဖွဲ့ကလည်း သူတို့ရဲ့တကယ့်ဘဝတွေိကို မေ့ပျောက်နေကြပါတယ်။ အဲ့ဒီအချိန်မှာတော့ Coulson ဟာ ကျောင်းဆရာဖြစ်နေပြီး Hydra က သူတို့ထုတ်လုပ်ထားတဲ့ ဆပ်ပြာတွေနဲ့ လူတွေရဲ့စိတ်ကို ထိန်းချုပ်နေတယ်လို့ ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် Wanda ဟာ Mind Stone ကြောင့် Scarlet Witch ဖြစ်လာရတဲ့ အကြောင်းကိုလည်း ရည်ညွှန်းထားတာ ဖြစ်နိုင်ပါသေးတယ်။ MCU ထဲမှာတော့ Wanda ဟာ Mind Stone ကြောင့် သန္ဓေပြောင်းလူသား၊ သို့မဟုတ် မှော်ဆရာမ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း Wanda ဟာ Mind Stone ကြောင့် စွမ်းအားတွေ ရရှိလာတာ မဖြစ်နိုင်ဘဲ Wanda ရဲ့ တိမ်မြုပ်နေတဲ့ အရာတွေကို Mind Stone က ပေါ်ထွက်လာစေတာက ပိုပြီးဖြစ်နိုင်ပါတယ်။ ဒီအချက်သာ မှန်မယ်ဆိုရင်တော့ ” Find the Goddess Within ” ဆိုတဲ့ စကားနဲ့ ကိုက်ညီသွားမှာပါ။

(6) Monica
photo via screenrant

အပိုင်း(၃)ထဲမှာတော့ အမျိူးသမီးတစ်ယောက်ဟာ Wanda ဆီ ရောက်လာပြီး အကူအညီတောင်းတာကို မြင်တွေ့ခဲ့ရပါတယ်။ ဇာတ်လမ်းထဲမှာတော့ သူမကို Geraldine လို့ ပြောခဲ့ပေမယ့်လည်း သူမဟာ Monica ဆိုတာကို ပရိသတ်တိုင်း သိပြီးသား ဖြစ်ပါတယ်။ Monica ဟာ ၁၉၉၅ခုနှစ်မှာ ဇာတ်အိမ်တည်ထားတဲ့ Captain Marvel ထဲမှာ ကလေးဇာတ်ကောင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ အခုချိန်မှာတော့ သူမဟာ လူကြီးတစ်ယောက် ဖြစ်နေပါပြီ။ ဒါ့အပြင် သူမဟာ SWORD အဖွဲ့ဝင်တစ်ယောက်လို့ ယူဆရပါတယ်။

(7) Pietro နဲ့ Ultron
photo via screenrant

Wanda ဟာ ကလေးမွေးပြီး သိပ်မကြာခင်မှာပဲ သူမမှာလည်း အမွှာအစ်ကို ရှိခဲ့ဖူးတယ်ဆိုတာ ပြန်မှတ်မိသွားပါတယ်။ အဲ့ဒီအချိန်မှာ Wanda ရဲ့ မသိစိတ်ကနေ Pietro သေသွားပြီဆိုတာ သတိရသွားပြီး Monica ကလည်း တကယ့်ကမ္ဘာအစစ်ကို သတိရသွားပါတယ်။ ဒါကြောင့်ပဲ Pietro ဟာ Ultron သတ်တာကို ခံလိုက်ရတယ်ဆိုတာ သတိရသွားခဲ့ပါတယ်။ MCU ထဲမှာတော့ ဒီသတင်းဟာ လူတိုင်းသိကြတဲ့ သတင်းမဟုတ်ဘဲ Avengers တွေရဲ့ လျှို့ဝှက်ချက်ထဲမှာ ပါဝင်နေပါလိမ့်မယ်။

ဒါကြောင့်ပဲ Monica ဟာ Westview ကို မလာခင်မှာ လျှို့ဝှက်ထားတဲ့ သတင်းအချက်အလက်တွေကိုပါ လေ့လာခဲ့တယ်လို့ ယူဆလို့ရပါတယ်။ Monica က ဒီလိုပြောမိသွားတာကြောင့် သူမဟာ Westview နဲ့ မသက်ဆိုင်မှန်း Wanda ဟာ ချက်ချင်းသိသွားခဲ့ပါတယ်။ ဒါ့အပြင် Avengers: Age of Ultron ပြီးကတည်းက Pietro သေဆုံးမှုနဲ့ ပတ်သက်တဲ့ အကြောင်းကို ဘယ်သူကမှ ထုတ်မပြောခဲ့ကြဘဲ ယခုအချိန်ဟာ Pietro အကြောင်း ထုတ်ပြောလာတဲ့ ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။

(8) SWORD သင်္ကေတ
photo via screenrant

Wanda ဟာ Monica ရဲ့ ဆွဲကြိုးမှာ ရှိနေတဲ့ ဓားပုံစံသင်္ကေတလေးကို မြင်လိုက်ရတဲ့အချိန်မှာတော့ သူမဟာ တစ်ခုခုကို မှတ်မိသွားတဲ့ပုံစံ ဖြစ်သွားပါတယ်။ အပိုင်း(၂)ရဲ့ နောက်ဆုံးမှာ မြင်တွေ့ခဲ့ရတဲ့ ပျားမွေးမြူရေးသမားဟာလည်း သူ့ဝတ်စုံရဲ့ နောက်မှာ ဓားပုံစံသင်္ကေတ ပါဝင်နေသလို Wanda ရှာတွေ့ခဲ့တဲ့ ဟယ်လီကော်ပတာမှာလည်း ဒီသင်္ကေတ ပါဝင်နေပါတယ်။ ဒါပေမယ့်လည်း ဒီသင်္ကေတဟာ ဘာကိုဆိုလိုတယ် ဆိုတာတော့ Wanda တစ်ယောက် သိပုမပေါ်ပါဘူး။ ဒီသင်္ကေတဟာ ကမ္ဘာပေါ်မှာရှိတဲ့ စွမ်းအားရှင်တွေကို စောင့်ကြည့်နေတဲ‌ေအဖွဲ့ရဲ့ သင်္ကေတဖြစ်ပြီး Wanda ဟာလည်း အလားတူ စောင့်ကြည့်ခြင်း ခံနေရတာ ဖြစ်ပါတယ်။

(9) The Reality Bubble
photo via screenrant

အပိုင်း(၃)ထဲမှာတော့ Wanda နေထိုင်နေတဲ့ Westview ဟာ reality bubble တစ်ခု ဖြစ်နေတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီ reality bubble ထဲက Monica ထွက်လာတဲ့အချိန်မှာတော့ အပြာရောင်ကိုပဲ မြင်တွေ့ခဲ့ရပြီး Wanda ရဲ့ စွမ်းအားအရောင်ဖြစ်တဲ့ အနီရောင်ကိုတော့ မတွေ့ခဲ့ရပါဘူး။ ဒါကြောင့်ပဲ ဒီ reality bubble ဟာ Wanda ကိုယ်တိုင် ဖန်တီးထားတာ မဟုတ်ဘူးလို့ ယူဆနိုင်ပါတယ်။

ဒီ reality bubble ဟာ Jonathan Hickman ဖန်တီးခဲ့တဲ့ Avengers ကောမစ်ထဲက ဖြစ်ရပ်နဲ့တော့ အနည်းငယ် ဆင်တူနေပါတယ်။ အဲ့ဒီကောမစ်ထဲမှာတော့ မတူညီတဲ့ ကမ္ဘာတွေဟာ ဒိုင်မေးရှင်းတွေကို ဖြတ်ကျော်လာပြီး ပေါင်းစပ်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ အခုလိုပုံစံတွေကို မြင်တွေ့ခဲ့ရပြီး Wanda ဟာလည်း အလားတူ အဖြစ်အပျက်တစ်ခုမှာ ကြားဝင်မိသွားတာလည်း ဖြစ်နိုင်ပါတယ်။

(10) Westview ကို ဝန်းရံထားတဲ့ SWORD အဖွဲ့အစည်း
photo via screenrant

အပိုင်း(၃)ရဲ့ နောက်ဆုံးခန်းမှာတော့ SWORD အဖွဲ့အစည်းဟာ Westview ကို ပတ်ပတ်လည်မှာ ဝန်းရံထားတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီလိုမျိူး ဝန်းရံထားတာကတော့ Westview မှာ အန္တရာယ်ရှိတဲ့ ဖြစ်ရပ်တစ်ခုခု ဖြစ်ခဲ့ရင် အပြင်မှာရှိနေတဲ့ သာမန်လူတွေကို ကာကွယ်ပေးဖို့နဲ့ Westview အတွင်းမှာ ဘာတွေဖြစ်နေလည်းဆိုတာ စောင့်ကြည့်ဖို့ အတွက်လို့ ယူဆနိုင်ပါတယ်။ အရင်တုန်းက MCU ရုပ်ရှင်တွေမှာဆိုရင် S.H.I.E.L.D အဖွဲ့ဟာ အရေးကြီးနေရာက ပါဝင်ခဲ့သလို Phase 4 မှာလည်း SWORD အဖွဲ့အစည်းဟာ အရေးကြီးတဲ့နေရာမှာ ပါဝင်သွားနိုင်ပါတယ်။

(11) Daydream Believer
photo via screenrant

ဒီအပိုင်းထဲမှာ Daydream Believer လို့ ခေါ်တဲ့ ဇာတ်ဝင်သီချင်းတစ်ပုဒ် ပါဝင်ခဲ့ပါတယ်။ ဒီသီချင်းကိုတော့ The Monkees လို့ခေါ်တဲ့ အဖွဲ့က သီဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီသီချင်းဟာ ၁၉၆၇ခုနှစ် ဒီဇင်ဘာလမှာ US charts နံပါတ်တစ်နေရာကို ရောက်ရှိခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။ Wanda ဟာလည်း သူမ အမြဲတမ်း တောင့်တနေတဲ့ ပျော်ရွှင်စရာကမ္ဘာလေးကို စိတ်ကူးယဉ်နေတဲ့အကြောင်း ဒီသီချင်းနဲ့ အရိပ်အမြွက် ဖော်ပြထားတာ တွေ့ရပါတယ်။

ဒါကတော့ WandaVision ဇာတ်လမ်းတွဲရဲ့ အပိုင်း(၃)မှာ ပါဝင်ခဲ့တဲ့ easter egg တွေနဲ့ စိတ်ဝင်စားစရာ နောက်ခံအကြောင်းအရာလေးတွေ ဖြစ်ပါတယ်။ ဖတ်ပြီးလို့ နှစ်သက်တယ်ဆိုရင် မိတ်ဆွေတွေလည်း ဖတ်နိုင်အောင် ရှဲပေးသွားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

WandaVision ဇာတ္လမ္းတြဲဟာ အပိုင္း(၃) ထြက္ရွိလာၿပီ ျဖစ္ၿပီး အခုခ်ိန္ထိ အေျဖမသိရေသးတဲ့ ေမးခြန္းမ်ားစြာလည္း ရွိေနပါတယ္။ ဒါေတြတင္ မဟုတ္ေသးဘဲ အပိုင္း(၃)ထဲမွာေတာ့ ေကာမစ္ထဲက အျဖစ္အပ်က္ေတြနဲ႔ Wanda ရဲ႕ ဆိုး႐ြားတဲ့ အနာဂတ္ကိုလည္း အရိပ္အႁမြက္ ျပသြားခဲ့သလို easter egg ေတြလည္း ပါဝင္ေနပါတယ္။ ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ WandaVision အပိုင္း(၃)ထဲက စိတ္ဝင္စားဖို႔ေကာင္းတဲ့အခ်က္ေတြနဲ႔ easter egg ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Scarlet Witch ရဲ႕ ျမန္ဆန္လြန္းတဲ့ ကေလးမီးဖြားျခင္း
photo via screenrant

ဒီအပိုင္းထဲမွာ Scarlet Witch ရဲ႕ လ်င္ျမန္လြန္းတဲ့ ကိုယ္ဝန္နဲ႔ အမႊာႏွစ္ေယာက္ ေမြးဖြားတဲ့ပုံစံဟာ ေကာမစ္ထဲကအတိုင္းပဲ ျဖစ္ပါတယ္။ ဒီကိုယ္ဝန္ဟာ ဘယ္လိုမွ သဘာဝမက်ဘူးဆိုတာေတာ့ လူတိုင္းသိၾကမွာပါ။ Vision ဟာ android ျဖစ္တာေၾကာင့္ မ်ိဴးမပြားႏိုင္ပါဘူး။ ဒါ့အျပင္ Wanda ဟာ ကိုယ္ဝန္ရၿပီး နာရီအပိုင္းအတြင္းမွာပဲ ကေလးမီးဖြားလိုက္တာ ျဖစ္ပါတယ္။

ေကာမစ္ထဲမွာေတာ့ Wanda ဟာ Mephisto ရဲ႕ ဝိဉာဥ္အပိုင္းအစေတြကို အသုံးျပဳၿပီး သူမရဲ႕စြမ္းအားေတြနဲ႔ ေပါင္းစပ္ကာ ကိုယ္ဝန္ကို ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ ေနာက္ပိုင္း Wanda က သူတို႔ကို မယုံၾကည္ေတာ့တဲ့ အခ်ိန္မွာေတာ့ အဲ့ဒီအမႊာႏွစ္ေယာက္ဟာ ေပ်ာက္ကြယ္သြားခဲ့ပါတယ္။ ဒါေၾကာင့္ပဲ ေနာက္ဆက္တြဲအေနနဲ႔ Wanda ဟာ စိတ္က်န္းမာေရး ေဖာက္ျပန္သြားပါတယ္။

(2) Billy နဲ႔ Tommy
photo via screenrant

အပိုင္း(၃)ရဲ႕ အစမွာေတာ့ Wanda နဲ႔ Vision တို႔ဟာ သူတို႔ရဲ႕ကေလးေတြကို နာမည္ေပးဖို႔ ျငင္းခုံေနၾကတာကို ျမင္ေတြ႕ရမွာပါ။ ကေလးေမြးလာတဲ့အခ်ိန္မွာေတာ့ အမႊာေလး ေမြးလာတာေၾကာင့္ သူတို႔စဥ္းစားထားတဲ့ နာမည္ျဖစ္တဲ့ Billy နဲ႔ Tommy ဆိုတဲ့ အမည္ေတြနဲ႔ အဆင္ေျပသြားပါတယ္။

အေပၚက ေဖာ္ျပခဲ့သလိုပဲ ေကာမစ္ထဲမွာေတာ့ ဒီအမႊာႏွစ္ေယာက္ဟာ ေသဆုံးသြားခဲ့ၿပီး ေနာက္ပိုင္းမွာ အေၾကာင္းတစ္ခုေၾကာင့္ ျပန္လည္ရွင္သန္လာခဲ့ပါတယ္။ အဲ့ဒီအမႊာႏွစ္ေယာက္ အ႐ြယ္ေရာက္လာတဲ့အခ်ိန္မွာေတာ့ Wiccan နဲ႔ Speed ဆိုၿပီး Young Avengers အဖြဲ႕ဝင္ေတြ ျဖစ္လာပါတယ္။

(3) Vision ေျပာသြားတဲ့ Shakespeare ရဲ႕ အဆိုအမိန႔္
photo via screenrant

အပိုင္း(၃)ထဲမွာေတာ့ Vision ဟာ Westview ၿမိဳ႕မွာ တစ္ခုခု မွားယြင္းေနမွန္း သတိထားမိသြားတဲ့ ဇာတ္ဝင္ခန္း ပါဝင္ပါတယ္။ Wanda ဟာ Vision ကို အတတ္ႏိုင္ဆုံး ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနေပမယ့္လည္း အခုလိုမ်ိဴး ထိန္းခ်ဳပ္မႈလြတ္သြားတဲ့ အခ်ိန္ေတြ ရွိတယ္ဆိုတာ ျမင္ေတြ႕လိုက္ရပါတယ္။ ဒါ့အျပင္ Vision ေျပာသြားတဲ့ Shakespeare ရဲ႕ အဆိုအမိန႔္ဟာလည္း စိတ္ဝင္စားစရာေကာင္းပါတယ္။

အဲ့ဒီအဆိုအမိန႔္ကေတာ့ “ေလာကႀကီးဟာ ဇာတ္ခုံတစ္ခုသာျဖစ္ၿပီး လူအားလုံးဟာ အလိုက္သင့္ ကျပအသုံးေတာ္ခံေနရသူေတြပါ… ” လို႔ အဓိပၸာယ္ရပါတယ္။ ဒါေၾကာင့္ပဲ Vision ဟာ Westview မွာ ရွိေနတဲ့ လူေတြအားလုံးဟာ သူတို႔ရဲ႕သက္ဆိုင္ရာ ေနရာအသီးသီးမွာ ကျပ တင္ဆက္ေနရသူေတြဆိုတာ သိေနတယ္လို႔ ယူဆႏိုင္ပါတယ္။ ဒါ့အျပင္ ဒီအဆိုအမိန႔္ဟာ စာတစ္ေၾကာင္းတည္း မဟုတ္ဘဲ ” လူတိုင္းမွာ သူတို႔ရဲ႕ စတင္ပါဝင္ရမယ့္ ေနရာနဲ႔ ထြက္ခြာသြားရမယ့္ ေနရာေတြ ရွိတယ္ …. ” ဆိုတဲ့ စာေၾကာင္းလည္း က်န္ရွိေနပါေသးတယ္။ ဒီအခ်က္ကလည္း WandaVision ထဲမွာ ျဖစ္ပ်က္လာမယ့္ ဆိုး႐ြားတဲ့ အနာဂတ္ေတြကို ရည္ၫႊန္းတယ္လို႔ ယူဆလို႔ ရပါတယ္။

(4) Simser ေဆးပုံး
photo via screenrant

Wanda ဟာ ကိုယ္ဝန္ရွိၿပီး သိပ္မၾကာခင္မွာပဲ ကေလးအတြက္ အခန္းကို ျပင္ဆင္ေနတာ ျမင္ေတြ႕ခဲ့ရပါတယ္။ Wanda ဟာ သူမရဲ႕ စြမ္းအားေတြကို အသုံးျပဳၿပီး အခန္းကိုလည္း ေဆးသုတ္ေနပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ ေဆးပုံးမွာ Simser လို႔ ေရးထားတာကို ျမင္ေတြ႕ခဲ့ၾကမွာပါ။

ဒီအခ်က္ကေတာ့ MCU နဲ႔လည္း မပတ္သက္သလို ေကာမစ္ဇာတ္လမ္းနဲ႔လည္း မပတ္သက္တဲ့ easter egg တစ္ခုပဲ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ဒီအခ်က္ဟာ Jeremy Simser ကို ရည္ၫႊန္းထားတာပဲ ျဖစ္ပါတယ္။ Jeremy Simser ကေတာ့ ဒီဇာတ္လမ္းတြဲရဲ႕ storyboard artist ျဖစ္ၿပီး Doctor Strange in the Multiverse of Madness ထဲမွာလည္း ပါဝင္သြားမွာ ျဖစ္ပါတယ္။

(5) Hydra ဆပ္ျပာ
photo via screenrant

အခုခ်ိန္ထိ ထြက္ရွိထားသမွ် WandaVision အပိုင္းေတြထဲမွာ Wanda ရဲ႕ စိတ္မေကာင္းစရာ ျဖစ္ရပ္ေတြကို ေၾကာ္ျငာအေနနဲ႔ ျပသသြားပါတယ္။ အပိုင္း(၁)ထဲမွာေတာ့ Stark ေပါင္မုန႔္မီးကင္စက္ ျဖစ္ၿပီး အပိုင္း(၂)မွာေတာ့ Baron von Strucker နာမည္နဲ႔ Hydra နာရီကို ေၾကာ္ျငာအေနနဲ႔ ျပသြားပါတယ္။ အပိုင္း(၃)မွာေတာ့ ” Find the Goddess Within ” ဆိုတဲ့ စာတန္းနဲ႔ Hydra ဆပ္ျပာကို ထပ္မံျမင္ေတြ႕ခဲ့ရပါတယ္။ Agents of S.H.I.E.L.D ဇာတ္လမ္းတြဲ ပရိသတ္ဆိုရင္ေတာ့ ဒီအခ်က္ကို သတိထားမိၾကမွာပါ။

အေၾကာင္းကေတာ့ Agents of S.H.I.E.L.D season 4 ထဲမွာ Coulson တို႔အဖြဲ႕ဟာ Framework လို႔ေခၚတဲ့ Virtual Reality ထဲကို ေရာက္သြားၾကပါတယ္။ Framework ထဲမွာေတာ့ Hydra ဟာ ကမာၻႀကီးကို ႀကီးစိုးထားၿပီး Coulson တို႔အဖြဲ႕ကလည္း သူတို႔ရဲ႕တကယ့္ဘဝေတြိကို ေမ့ေပ်ာက္ေနၾကပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Coulson ဟာ ေက်ာင္းဆရာျဖစ္ေနၿပီး Hydra က သူတို႔ထုတ္လုပ္ထားတဲ့ ဆပ္ျပာေတြနဲ႔ လူေတြရဲ႕စိတ္ကို ထိန္းခ်ဳပ္ေနတယ္လို႔ ေျပာသြားခဲ့ပါတယ္။

ဒါ့အျပင္ Wanda ဟာ Mind Stone ေၾကာင့္ Scarlet Witch ျဖစ္လာရတဲ့ အေၾကာင္းကိုလည္း ရည္ၫႊန္းထားတာ ျဖစ္ႏိုင္ပါေသးတယ္။ MCU ထဲမွာေတာ့ Wanda ဟာ Mind Stone ေၾကာင့္ သေႏၶေျပာင္းလူသား၊ သို႔မဟုတ္ ေမွာ္ဆရာမ ျဖစ္သြားခဲ့ပါတယ္။ ဒါေပမယ့္လည္း Wanda ဟာ Mind Stone ေၾကာင့္ စြမ္းအားေတြ ရရွိလာတာ မျဖစ္ႏိုင္ဘဲ Wanda ရဲ႕ တိမ္ျမဳပ္ေနတဲ့ အရာေတြကို Mind Stone က ေပၚထြက္လာေစတာက ပိုၿပီးျဖစ္ႏိုင္ပါတယ္။ ဒီအခ်က္သာ မွန္မယ္ဆိုရင္ေတာ့ ” Find the Goddess Within ” ဆိုတဲ့ စကားနဲ႔ ကိုက္ညီသြားမွာပါ။

(6) Monica
photo via screenrant

အပိုင္း(၃)ထဲမွာေတာ့ အမ်ိဴးသမီးတစ္ေယာက္ဟာ Wanda ဆီ ေရာက္လာၿပီး အကူအညီေတာင္းတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဇာတ္လမ္းထဲမွာေတာ့ သူမကို Geraldine လို႔ ေျပာခဲ့ေပမယ့္လည္း သူမဟာ Monica ဆိုတာကို ပရိသတ္တိုင္း သိၿပီးသား ျဖစ္ပါတယ္။ Monica ဟာ ၁၉၉၅ခုႏွစ္မွာ ဇာတ္အိမ္တည္ထားတဲ့ Captain Marvel ထဲမွာ ကေလးဇာတ္ေကာင္အေနနဲ႔ ပါဝင္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ အခုခ်ိန္မွာေတာ့ သူမဟာ လူႀကီးတစ္ေယာက္ ျဖစ္ေနပါၿပီ။ ဒါ့အျပင္ သူမဟာ SWORD အဖြဲ႕ဝင္တစ္ေယာက္လို႔ ယူဆရပါတယ္။

(7) Pietro နဲ႔ Ultron
photo via screenrant

Wanda ဟာ ကေလးေမြးၿပီး သိပ္မၾကာခင္မွာပဲ သူမမွာလည္း အမႊာအစ္ကို ရွိခဲ့ဖူးတယ္ဆိုတာ ျပန္မွတ္မိသြားပါတယ္။ အဲ့ဒီအခ်ိန္မွာ Wanda ရဲ႕ မသိစိတ္ကေန Pietro ေသသြားၿပီဆိုတာ သတိရသြားၿပီး Monica ကလည္း တကယ့္ကမာၻအစစ္ကို သတိရသြားပါတယ္။ ဒါေၾကာင့္ပဲ Pietro ဟာ Ultron သတ္တာကို ခံလိုက္ရတယ္ဆိုတာ သတိရသြားခဲ့ပါတယ္။ MCU ထဲမွာေတာ့ ဒီသတင္းဟာ လူတိုင္းသိၾကတဲ့ သတင္းမဟုတ္ဘဲ Avengers ေတြရဲ႕ လွ်ိဳ႕ဝွက္ခ်က္ထဲမွာ ပါဝင္ေနပါလိမ့္မယ္။

ဒါေၾကာင့္ပဲ Monica ဟာ Westview ကို မလာခင္မွာ လွ်ိဳ႕ဝွက္ထားတဲ့ သတင္းအခ်က္အလက္ေတြကိုပါ ေလ့လာခဲ့တယ္လို႔ ယူဆလို႔ရပါတယ္။ Monica က ဒီလိုေျပာမိသြားတာေၾကာင့္ သူမဟာ Westview နဲ႔ မသက္ဆိုင္မွန္း Wanda ဟာ ခ်က္ခ်င္းသိသြားခဲ့ပါတယ္။ ဒါ့အျပင္ Avengers: Age of Ultron ၿပီးကတည္းက Pietro ေသဆုံးမႈနဲ႔ ပတ္သက္တဲ့ အေၾကာင္းကို ဘယ္သူကမွ ထုတ္မေျပာခဲ့ၾကဘဲ ယခုအခ်ိန္ဟာ Pietro အေၾကာင္း ထုတ္ေျပာလာတဲ့ ပထမဆုံးအႀကိမ္ပဲ ျဖစ္ပါတယ္။

(8) SWORD သေကၤတ
photo via screenrant

Wanda ဟာ Monica ရဲ႕ ဆြဲႀကိဳးမွာ ရွိေနတဲ့ ဓားပုံစံသေကၤတေလးကို ျမင္လိုက္ရတဲ့အခ်ိန္မွာေတာ့ သူမဟာ တစ္ခုခုကို မွတ္မိသြားတဲ့ပုံစံ ျဖစ္သြားပါတယ္။ အပိုင္း(၂)ရဲ႕ ေနာက္ဆုံးမွာ ျမင္ေတြ႕ခဲ့ရတဲ့ ပ်ားေမြးျမဴေရးသမားဟာလည္း သူ႔ဝတ္စုံရဲ႕ ေနာက္မွာ ဓားပုံစံသေကၤတ ပါဝင္ေနသလို Wanda ရွာေတြ႕ခဲ့တဲ့ ဟယ္လီေကာ္ပတာမွာလည္း ဒီသေကၤတ ပါဝင္ေနပါတယ္။ ဒါေပမယ့္လည္း ဒီသေကၤတဟာ ဘာကိုဆိုလိုတယ္ ဆိုတာေတာ့ Wanda တစ္ေယာက္ သိပုမေပၚပါဘူး။ ဒီသေကၤတဟာ ကမာၻေပၚမွာရွိတဲ့ စြမ္းအားရွင္ေတြကို ေစာင့္ၾကည့္ေနတဲ‌ေအဖြဲ႕ရဲ႕ သေကၤတျဖစ္ၿပီး Wanda ဟာလည္း အလားတူ ေစာင့္ၾကည့္ျခင္း ခံေနရတာ ျဖစ္ပါတယ္။

(9) The Reality Bubble
photo via screenrant

အပိုင္း(၃)ထဲမွာေတာ့ Wanda ေနထိုင္ေနတဲ့ Westview ဟာ reality bubble တစ္ခု ျဖစ္ေနတာကို အတည္ျပဳႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ဒီ reality bubble ထဲက Monica ထြက္လာတဲ့အခ်ိန္မွာေတာ့ အျပာေရာင္ကိုပဲ ျမင္ေတြ႕ခဲ့ရၿပီး Wanda ရဲ႕ စြမ္းအားအေရာင္ျဖစ္တဲ့ အနီေရာင္ကိုေတာ့ မေတြ႕ခဲ့ရပါဘူး။ ဒါေၾကာင့္ပဲ ဒီ reality bubble ဟာ Wanda ကိုယ္တိုင္ ဖန္တီးထားတာ မဟုတ္ဘူးလို႔ ယူဆႏိုင္ပါတယ္။

ဒီ reality bubble ဟာ Jonathan Hickman ဖန္တီးခဲ့တဲ့ Avengers ေကာမစ္ထဲက ျဖစ္ရပ္နဲ႔ေတာ့ အနည္းငယ္ ဆင္တူေနပါတယ္။ အဲ့ဒီေကာမစ္ထဲမွာေတာ့ မတူညီတဲ့ ကမာၻေတြဟာ ဒိုင္ေမးရွင္းေတြကို ျဖတ္ေက်ာ္လာၿပီး ေပါင္းစပ္သြားခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ အခုလိုပုံစံေတြကို ျမင္ေတြ႕ခဲ့ရၿပီး Wanda ဟာလည္း အလားတူ အျဖစ္အပ်က္တစ္ခုမွာ ၾကားဝင္မိသြားတာလည္း ျဖစ္ႏိုင္ပါတယ္။

(10) Westview ကို ဝန္းရံထားတဲ့ SWORD အဖြဲ႕အစည္း
photo via screenrant

အပိုင္း(၃)ရဲ႕ ေနာက္ဆုံးခန္းမွာေတာ့ SWORD အဖြဲ႕အစည္းဟာ Westview ကို ပတ္ပတ္လည္မွာ ဝန္းရံထားတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီလိုမ်ိဴး ဝန္းရံထားတာကေတာ့ Westview မွာ အႏၲရာယ္ရွိတဲ့ ျဖစ္ရပ္တစ္ခုခု ျဖစ္ခဲ့ရင္ အျပင္မွာရွိေနတဲ့ သာမန္လူေတြကို ကာကြယ္ေပးဖို႔နဲ႔ Westview အတြင္းမွာ ဘာေတြျဖစ္ေနလည္းဆိုတာ ေစာင့္ၾကည့္ဖို႔ အတြက္လို႔ ယူဆႏိုင္ပါတယ္။ အရင္တုန္းက MCU ႐ုပ္ရွင္ေတြမွာဆိုရင္ S.H.I.E.L.D အဖြဲ႕ဟာ အေရးႀကီးေနရာက ပါဝင္ခဲ့သလို Phase 4 မွာလည္း SWORD အဖြဲ႕အစည္းဟာ အေရးႀကီးတဲ့ေနရာမွာ ပါဝင္သြားႏိုင္ပါတယ္။

(11) Daydream Believer
photo via screenrant

ဒီအပိုင္းထဲမွာ Daydream Believer လို႔ ေခၚတဲ့ ဇာတ္ဝင္သီခ်င္းတစ္ပုဒ္ ပါဝင္ခဲ့ပါတယ္။ ဒီသီခ်င္းကိုေတာ့ The Monkees လို႔ေခၚတဲ့ အဖြဲ႕က သီဆိုခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီသီခ်င္းဟာ ၁၉၆၇ခုႏွစ္ ဒီဇင္ဘာလမွာ US charts နံပါတ္တစ္ေနရာကို ေရာက္ရွိခဲ့တဲ့ သီခ်င္းလည္း ျဖစ္ပါတယ္။ Wanda ဟာလည္း သူမ အၿမဲတမ္း ေတာင့္တေနတဲ့ ေပ်ာ္႐ႊင္စရာကမာၻေလးကို စိတ္ကူးယဥ္ေနတဲ့အေၾကာင္း ဒီသီခ်င္းနဲ႔ အရိပ္အႁမြက္ ေဖာ္ျပထားတာ ေတြ႕ရပါတယ္။

ဒါကေတာ့ WandaVision ဇာတ္လမ္းတြဲရဲ႕ အပိုင္း(၃)မွာ ပါဝင္ခဲ့တဲ့ easter egg ေတြနဲ႔ စိတ္ဝင္စားစရာ ေနာက္ခံအေၾကာင္းအရာေလးေတြ ျဖစ္ပါတယ္။ ဖတ္ၿပီးလို႔ ႏွစ္သက္တယ္ဆိုရင္ မိတ္ေဆြေတြလည္း ဖတ္ႏိုင္ေအာင္ ရွဲေပးသြားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular