HomeEntertainmentFilm၂၀၂၀ခုနှစ်ထဲမှာ ထွက်ရှိထားပြီး အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့တဲ့ ရုပ်ရှင်များ

၂၀၂၀ခုနှစ်ထဲမှာ ထွက်ရှိထားပြီး အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့တဲ့ ရုပ်ရှင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နှစ်စဉ်နှစ်တိုင်းမှာ ရုပ်ရှင်ကားပေါင်း မြောက်များစွာ ထွက်လေ့ရှိပါတယ်။ ဒါပေမယ့်လည်း ၂၀၂၀ ခုနှစ်ကတော့ ရုပ်ရှင်ချစ်သူတွေအတွက် ကြည့်စရာ ဇာတ်လမ်းအသစ်တွေ အတော်လေး ရှားပါးခဲ့တဲ့ကာလပဲ ဖြစ်ပါတယ်။ လူတိုင်းက စောင့်မျှော်နေတဲ့ နာမည်ကြီးရုပ်ရှင်တွေဟာလည်း ရုံတင်ရက်တွေ ရွှေ့ပြောင်းကုန်ကြပါတယ်။ အဲ့ဒါကြောင့် လူအများစုကတော့ အဲ့ဒီဇာတ်လမ်းတွေကို စောင့်မျှော်နေပြီး တကယ်ထွက်ရှိခဲ့တဲ့ ရုပ်ရှင်တွေကိုတော့ သတိမထားမိခဲ့ကြတာတွေ ရှိပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ ၂၀၂၀ခုနှစ်မှာ ထွက်ရှိထားပြီး အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ရတဲ့ ရုပ်ရှင်တွေကို ဖော်ပြပေးချင်ပါတယ်။

(7) The Assistant
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.1) ရရှိထားတဲ့ ဒရာမာဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Jane လို့ခေါ်တဲ့ သိပ်မကြာခင်ကမှ ကျောင်းပြီးထားတဲ့ ကောင်မလေးတစ်ယောက်ဟာ သူမရဲ့အိပ်မက်ဖြစ်တဲ့ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုမှာ လက်ထောက်နေရာကို ရရှိသွားပါတယ်။ သူမရဲ့အလုပ်တွေကတော့ ပုံမှန်လက်ထောက်တွေရဲ့ အလုပ်တွေပဲ ဖြစ်ပေမယ့်လည်း တဖြည်းဖြည်း ကြာလာတဲ့အချိန်မှာတော့ သူမရဲ့နေရာကို အန္တရာယ်ရှိလာစေတဲ့ အနိုင်ကျင့်မှုတွေကို သတိထားမိလာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Julia Garner ၊ Matthew Macfadyen နဲ့ Patrick Wilson တို့က ပါဝင်ထားပါတယ်။

(6) Color Out of Space
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.2) ရရှိထားတဲ့ စိတ်ကူးယဉ်သိပ္ပံ၊ သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ တစ်ရက်မှာတော့ မိသားစုတစ်ခုရဲ့ စိုက်ခင်းထဲကို ဥက္ကာခဲတစ်ခု ကြွေကျလာပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့မိသားစုဟာ ကမ္ဘာပေါ်က မဟုတ်တဲ့ သတ္တဝါတွေနဲ့ ရင်ဆိုင်နေရတာကို သိလိုက်ရပြီး သူတို့ရဲ့တိတ်ဆိတ်အေးချမ်းတဲ့ ဘဝလေးဟာ ချက်ချင်းပဲ ပြောင်းလဲသွားပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Nicolas Cage ၊ Madeleine Arthur နဲ့ Joely Richardson တို့က အဓိကပါဝင်ထားပါတယ်။

(5) Swallow
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.4) ရရှိထားတဲ့ ဒရာမာ၊ လျှို့ဝှက်သည်းဖို ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လက်ထပ်ထားတာ သိပ်မကြာသေးတဲ့ ကောင်မလေးတစ်ယောက်ဟာ ကိုယ်ဝန်ရှိလာပြီးနောက်မှာ အန္တရာယ်များတဲ့ ပစ္စည်းတွေကို စားသုံးရတာ ကြိုက်နှစ်သက်လာပါတယ်။ အဲ့ဒါကြောင့် သူမရဲ့ခင်ပွန်းနဲ့ မိသားစုတွေက သူမကို သေချာစောင့်ကြည့်ကြတဲ့အချိန်မှာတော့ အဲ့ဒီစွဲလမ်းမှုနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကို သိလာရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Haley Bennett ၊ Austin Stowell နဲ့ Elizabeth Marvel တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(4) Emma
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.7) ရရှိထားတဲ့ ဟာသဒရာမာ ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ၁၈၀၀ ခုနှစ်ကျော်လောက်က အင်္ဂလန်နိုင်ငံမှာ နေထိုင်တဲ့ Emma Woodhouse ဆိုတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သူမဟာ မိသားစုတွေနဲ့ သူငယ်ချင်းတွေရဲ့ အချစ်ရေးကိစ္စတွေကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက် ကူညီပေးတတ်သူလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Anya Taylor-Joy ၊ Johnny Flynn နဲ့ Angus Imrie တို့က အဓိက ပါဝင်ထားပါတယ်။

(3) Bad Education
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (7.1) ရရှိထားတဲ့ ဟာသမှုခင်း ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Roslyn ကျောင်းရဲ့ ကျောင်းအုပ်ဖြစ်သူ Frank Tassone နဲ့ သူ့ရဲ့လက်ထောက်ဖြစ်သူ Pam တို့ဟာ သူတို့ရဲ့ကျောင်းကို ဂုဏ်ဆောင်နိုင်ခဲ့တယ် ဆိုပြီးတော့ အချီးကျူးခံနေရပါတယ်။ ဒါပေမယ့်လည်း ကျောင်းသား သတင်းထောက်တစ်ယောက်ဟာ ရန်ပုံငွေတွေ ပျောက်ဆုံးနေတဲ့ သတင်းကို ဖော်ထုတ်လိုက်တဲ့အချိန်မှာတော့ သူတို့ရဲ့ရာထူးတွေအတွက် အန္တရာယ် ရှိလာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Hugh Jackman ၊ Ray Romano နဲ့ Welker White တို့က အဓိက သရုပ်ဆောင်ထားပါတယ်။

(2) Bloody Nose, Empty Pockets
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (7.2) ရရှိထားတဲ့ မှတ်တမ်းတင်ဒရာမာ ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Las Vegas မှာရှိတဲ့ The Roaring 20s လို့ ခေါ်တဲ့ ဘားတစ်ခုအကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲ့ဒီဘားဟာ ပိတ်တော့မှာ ဖြစ်တာကြောင့် ဖောက်သည်တွေနဲ့ ဝန်ထမ်းတွေဟာ သူတို့ရဲ့နောက်ဆုံးညကို အတူတူ ဖြတ်သန်းကြပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Peter Elwell ၊ Michael Martin နဲ့ Shay Walker တို့က အဓိက ပါဝင်ထားပါတယ်။

(1) Never Rarely Sometimes Always
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (7.3) ရရှိထားတဲ့ ဒရာမာဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Pennsylvania မှာနေထိုင်တဲ့ Autumn ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ မရည်ရွယ်ဘဲ ကိုယ်ဝန်ရှိသွားပါတယ်။ အဲ့ဒါကြောင့် သူမနဲ့ ဝမ်းကွဲဖြစ်သူ Skylar တို့ဟာ ဆေးပညာအကူအညီ ရှာဖွေဖို့အတွက် နယူးယော့ခ်မြို့ကို ခရီးထွက်လာခဲ့ပါတယ်။ သရုပ်ဆောင်တွေကတော့ Sidney Flanigan ၊ Talia Ryder နဲ့ Sharon Van Etten တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒါကတော့ ၂၀၂၀ခုနစ်အတွင်းမှာ ထွက်ရှိခဲ့ပြီး အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့တဲ့ ဇာတ်ကားကောင်းတွေ ဖြစ်ပါတယ်။ ဒီလိုရုပ်ရှင်ဇာတ်ကားအကြောင်းတွေ အမြဲတမ်း သိရဖို့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ႏွစ္စဥ္ႏွစ္တိုင္းမွာ ႐ုပ္ရွင္ကားေပါင္း ေျမာက္မ်ားစြာ ထြက္ေလ့ရွိပါတယ္။ ဒါေပမယ့္လည္း ၂၀၂၀ ခုႏွစ္ကေတာ့ ႐ုပ္ရွင္ခ်စ္သူေတြအတြက္ ၾကည့္စရာ ဇာတ္လမ္းအသစ္ေတြ အေတာ္ေလး ရွားပါးခဲ့တဲ့ကာလပဲ ျဖစ္ပါတယ္။ လူတိုင္းက ေစာင့္ေမွ်ာ္ေနတဲ့ နာမည္ႀကီး႐ုပ္ရွင္ေတြဟာလည္း ႐ုံတင္ရက္ေတြ ေ႐ႊ႕ေျပာင္းကုန္ၾကပါတယ္။ အဲ့ဒါေၾကာင့္ လူအမ်ားစုကေတာ့ အဲ့ဒီဇာတ္လမ္းေတြကို ေစာင့္ေမွ်ာ္ေနၿပီး တကယ္ထြက္ရွိခဲ့တဲ့ ႐ုပ္ရွင္ေတြကိုေတာ့ သတိမထားမိခဲ့ၾကတာေတြ ရွိပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ ၂၀၂၀ခုႏွစ္မွာ ထြက္ရွိထားၿပီး ေအာင္ျမင္သင့္သေလာက္ မေအာင္ျမင္ခဲ့ရတဲ့ ႐ုပ္ရွင္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) The Assistant
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ IMDb (6.1) ရရွိထားတဲ့ ဒရာမာဇာတ္လမ္းတစ္ခု ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ Jane လို႔ေခၚတဲ့ သိပ္မၾကာခင္ကမွ ေက်ာင္းၿပီးထားတဲ့ ေကာင္မေလးတစ္ေယာက္ဟာ သူမရဲ႕အိပ္မက္ျဖစ္တဲ့ ေဖ်ာ္ေျဖေရးကုမၸဏီတစ္ခုမွာ လက္ေထာက္ေနရာကို ရရွိသြားပါတယ္။ သူမရဲ႕အလုပ္ေတြကေတာ့ ပုံမွန္လက္ေထာက္ေတြရဲ႕ အလုပ္ေတြပဲ ျဖစ္ေပမယ့္လည္း တျဖည္းျဖည္း ၾကာလာတဲ့အခ်ိန္မွာေတာ့ သူမရဲ႕ေနရာကို အႏၲရာယ္ရွိလာေစတဲ့ အႏိုင္က်င့္မႈေတြကို သတိထားမိလာပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Julia Garner ၊ Matthew Macfadyen နဲ႔ Patrick Wilson တို႔က ပါဝင္ထားပါတယ္။

(6) Color Out of Space
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ IMDb (6.2) ရရွိထားတဲ့ စိတ္ကူးယဥ္သိပၸံ၊ သည္းထိတ္ရင္ဖို ဇာတ္လမ္းတစ္ခု ျဖစ္ပါတယ္။ တစ္ရက္မွာေတာ့ မိသားစုတစ္ခုရဲ႕ စိုက္ခင္းထဲကို ဥကၠာခဲတစ္ခု ေႂကြက်လာပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔မိသားစုဟာ ကမာၻေပၚက မဟုတ္တဲ့ သတၱဝါေတြနဲ႔ ရင္ဆိုင္ေနရတာကို သိလိုက္ရၿပီး သူတို႔ရဲ႕တိတ္ဆိတ္ေအးခ်မ္းတဲ့ ဘဝေလးဟာ ခ်က္ခ်င္းပဲ ေျပာင္းလဲသြားပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Nicolas Cage ၊ Madeleine Arthur နဲ႔ Joely Richardson တို႔က အဓိကပါဝင္ထားပါတယ္။

(5) Swallow
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ IMDb (6.4) ရရွိထားတဲ့ ဒရာမာ၊ လွ်ိဳ႕ဝွက္သည္းဖို ဇာတ္လမ္းတစ္ခု ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ လက္ထပ္ထားတာ သိပ္မၾကာေသးတဲ့ ေကာင္မေလးတစ္ေယာက္ဟာ ကိုယ္ဝန္ရွိလာၿပီးေနာက္မွာ အႏၲရာယ္မ်ားတဲ့ ပစၥည္းေတြကို စားသုံးရတာ ႀကိဳက္ႏွစ္သက္လာပါတယ္။ အဲ့ဒါေၾကာင့္ သူမရဲ႕ခင္ပြန္းနဲ႔ မိသားစုေတြက သူမကို ေသခ်ာေစာင့္ၾကည့္ၾကတဲ့အခ်ိန္မွာေတာ့ အဲ့ဒီစြဲလမ္းမႈနဲ႔ ပတ္သက္တဲ့ လွ်ိဳ႕ဝွက္ခ်က္ေတြကို သိလာရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Haley Bennett ၊ Austin Stowell နဲ႔ Elizabeth Marvel တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(4) Emma
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ IMDb (6.7) ရရွိထားတဲ့ ဟာသဒရာမာ ဇာတ္လမ္းတစ္ခု ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ၁၈၀၀ ခုႏွစ္ေက်ာ္ေလာက္က အဂၤလန္ႏိုင္ငံမွာ ေနထိုင္တဲ့ Emma Woodhouse ဆိုတဲ့ မိန္းကေလးတစ္ေယာက္အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ သူမဟာ မိသားစုေတြနဲ႔ သူငယ္ခ်င္းေတြရဲ႕ အခ်စ္ေရးကိစၥေတြကို ခြင့္ျပဳခ်က္မရွိဘဲ ဝင္ေရာက္ ကူညီေပးတတ္သူလည္း ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Anya Taylor-Joy ၊ Johnny Flynn နဲ႔ Angus Imrie တို႔က အဓိက ပါဝင္ထားပါတယ္။

(3) Bad Education
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ IMDb (7.1) ရရွိထားတဲ့ ဟာသမႈခင္း ဇာတ္လမ္းတစ္ခု ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ Roslyn ေက်ာင္းရဲ႕ ေက်ာင္းအုပ္ျဖစ္သူ Frank Tassone နဲ႔ သူ႔ရဲ႕လက္ေထာက္ျဖစ္သူ Pam တို႔ဟာ သူတို႔ရဲ႕ေက်ာင္းကို ဂုဏ္ေဆာင္ႏိုင္ခဲ့တယ္ ဆိုၿပီးေတာ့ အခ်ီးက်ဴးခံေနရပါတယ္။ ဒါေပမယ့္လည္း ေက်ာင္းသား သတင္းေထာက္တစ္ေယာက္ဟာ ရန္ပုံေငြေတြ ေပ်ာက္ဆုံးေနတဲ့ သတင္းကို ေဖာ္ထုတ္လိုက္တဲ့အခ်ိန္မွာေတာ့ သူတို႔ရဲ႕ရာထူးေတြအတြက္ အႏၲရာယ္ ရွိလာပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Hugh Jackman ၊ Ray Romano နဲ႔ Welker White တို႔က အဓိက သ႐ုပ္ေဆာင္ထားပါတယ္။

(2) Bloody Nose, Empty Pockets
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ IMDb (7.2) ရရွိထားတဲ့ မွတ္တမ္းတင္ဒရာမာ ဇာတ္လမ္းတစ္ခု ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ Las Vegas မွာရွိတဲ့ The Roaring 20s လို႔ ေခၚတဲ့ ဘားတစ္ခုအေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ အဲ့ဒီဘားဟာ ပိတ္ေတာ့မွာ ျဖစ္တာေၾကာင့္ ေဖာက္သည္ေတြနဲ႔ ဝန္ထမ္းေတြဟာ သူတို႔ရဲ႕ေနာက္ဆုံးညကို အတူတူ ျဖတ္သန္းၾကပုံကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Peter Elwell ၊ Michael Martin နဲ႔ Shay Walker တို႔က အဓိက ပါဝင္ထားပါတယ္။

(1) Never Rarely Sometimes Always
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ IMDb (7.3) ရရွိထားတဲ့ ဒရာမာဇာတ္လမ္းတစ္ခု ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ Pennsylvania မွာေနထိုင္တဲ့ Autumn ဆိုတဲ့ ေကာင္မေလးတစ္ေယာက္ဟာ မရည္႐ြယ္ဘဲ ကိုယ္ဝန္ရွိသြားပါတယ္။ အဲ့ဒါေၾကာင့္ သူမနဲ႔ ဝမ္းကြဲျဖစ္သူ Skylar တို႔ဟာ ေဆးပညာအကူအညီ ရွာေဖြဖို႔အတြက္ နယူးေယာ့ခ္ၿမိဳ႕ကို ခရီးထြက္လာခဲ့ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Sidney Flanigan ၊ Talia Ryder နဲ႔ Sharon Van Etten တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

ဒါကေတာ့ ၂၀၂၀ခုနစ္အတြင္းမွာ ထြက္ရွိခဲ့ၿပီး ေအာင္ျမင္သင့္သေလာက္ မေအာင္ျမင္ခဲ့တဲ့ ဇာတ္ကားေကာင္းေတြ ျဖစ္ပါတယ္။ ဒီလို႐ုပ္ရွင္ဇာတ္ကားအေၾကာင္းေတြ အၿမဲတမ္း သိရဖို႔ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ေပးထားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular