HomeEntertainmentFilmSuicide Squad ရဲ့ Ayer Cut ကို မြင်ချင်နေပါတယ် ဆိုတဲ့ Zack Snyder

Suicide Squad ရဲ့ Ayer Cut ကို မြင်ချင်နေပါတယ် ဆိုတဲ့ Zack Snyder

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

DC ပရိသတ်တွေဟာ Justice League ရဲ့ Snyder Cut ကို ရဖို့အတွက် သုံးနှစ်နီးပါးလောက် တောင်းဆိုခဲ့ပြီး အခုချိန်မှာတော့ နောက်ထပ်သုံးလလောက်နေရင် ကြည့်ရတော့မှာ ဖြစ်ပါတယ်။ ဒီအချက်ဟာ ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အခုချိန်မှာတော့ ဒါရိုက်တာ Zack Snyder ကိုယ်တိုင်ကတောင် Suicide Squad ရဲ့ Ayer Cut ကို မြင်ချင်ပါတယ် ဆိုပြီးတော့ ပြောလာပါတယ်။ ၂၀၁၆ တုန်းက ထွက်ခဲ့တဲ့ Suicide Squad ဟာလည်း ဒါရိုက်တာ David Ayer ရဲ့ စိတ်ကြိုက် ရိုက်ကူးခဲ့ရတာ မဟုတ်ပါဘူး။ ဒါရိုက်တာ Ayer ရိုက်ချင်တဲ့ ပုံစံကတစ်မျိူး ဖြစ်ပေမယ့်လည်း WB ရဲ့ တွန်းအားပေးမှုတွေကြောင့် ပြောင်းလဲလိုက်ရတာတွေ ရှိပါတယ်။

photo via screenrant

John Doe Movie Reviews ဆိုတဲ့ YouTube channel ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Suicide Squad ရဲ့ Ayer Cut အကြောင်းနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။ ဒါ့အပြင် Snyder ဟာ ရှေ့လျှောက် ဖြစ်လာနိုင်ချေရှိတဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး Ayer နဲ့ ဆွေးနွေးခဲ့ဖူးလား ဆိုပြီး တည့်တိုးမေးခဲ့ပါသေးတယ်။ Snyder ကတော့ “ဒီလိုမျိူး မဆွေးနွေးရသေးပါဘူး။ ဒါပေမယ့် အလွန်ဆွေးနွေးချင်ပါတယ်” ဆိုပြီးတော့ ပြန်လည်ဖြေခဲ့ပါတယ်။

Snyder ပြောသွားတဲ့ စကားအပြည့်အစုံကတော့ ” ကျွန်တော် အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး David ကို မပြောရသေးပါဘူး။ ဒါပေမယ့် ပြောဖြစ်မယ် ဆိုတာတော့ သေချာပါတယ်။ ကျွန်တော် သူ့ကိုလည်း ကောင်းကောင်းသိပါတယ်။ လောလောဆယ်မှာတော့ ကိုဗစ်ကြောင့် အဆင်မပြေသေးပေမယ့်လည်း သူနဲ့ အဲ့ဒီအကြောင်းတွေကို ပြောဖို့က ကျွန်တော်လုပ်စရာရှိတဲ့ အရာတွေထဲမှာ ပါဝင်ပါတယ်။ သူတို့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကို သူတို့ရဲ့ဗားရှင်းအတိုင်း ရဖို့လိုအပ်နေတဲ့ ဘယ်ရုပ်ရှင်ဖန်တီးသူမဆို ကျွန်တော်အားပေးပါတယ်။ အကြောင်းကတော့ ကျွန်တော်ကိုယ်တိုင်လည်း အားပေးမှုတွေကြောင့် ကျွန်တော့်ရဲ့ဗားရှင်းကို ဖန်တီးနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် တစ်ခြားလူတွေလည်း ကျွန်တော့်လိုအားပေးမှုတွေ ရဖို့အတွက် မျှော်လင့်ပါတယ် ” ဆိုပြီးတော့ ပြောပြလိုက်ပါတယ်။

photo via screenrant

David Ayer ကိုယ်တိုင်ကလည်း ရုံတင်သွားတဲ့ ဗားရှင်းဟာ Jared Leto ရဲ့ Joker အတွက် မမျှတပါဘူးလို့ ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ဗားရှင်းထဲမှာတော့ ဒီထက်ပိုပြီး dark ဖြစ်သလို ဇာတ်လမ်းကလည်း ပိုပြီးရှုပ်ထွေးပါတယ်လို့ ပြောခဲ့ပါသေးတယ်။ Katana နေရာမှာ သရုပ်ဆောင်ခဲ့သူ Karen Fukuhara အပါအဝင် ပရိသတ်တွေအများစုဟာ အချိန်တစ်ခုမှာတော့ Ayer Cut ထွက်လာမယ်လို့ ယူဆခဲ့ကြပါတယ်။

ဒါ့အပြင် Snyder Cut ဟာလည်း အောင်မြင်သွားတာကြောင့် ပရိသတ်တွေဟာ ပိုပြီးတော့ စိတ်ဝင်စားလာကာ Margot Robbie ကလည်း Ayer Cut ကို မြင်ချင်မိပါတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း David Ayer ကတော့ ဒါတွေဟာ ကောလာဟလတွေ သက်သက်ပါ ဆိုပြီးတော့ ငြင်းဆိုခဲ့ပါတယ်။ လောလောဆယ်အထိတော့ Ayer Cut ဟာ မသေချာသေးပေမယ့်လည်း Snyder Cut တုန်းကလို ဇွဲမလျှော့ကြရင်တော့ အောင်မြင်လိမ့်မယ်လို့ ထင်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

DC ပရိသတ္ေတြဟာ Justice League ရဲ႕ Snyder Cut ကို ရဖို႔အတြက္ သုံးႏွစ္နီးပါးေလာက္ ေတာင္းဆိုခဲ့ၿပီး အခုခ်ိန္မွာေတာ့ ေနာက္ထပ္သုံးလေလာက္ေနရင္ ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။ ဒီအခ်က္ဟာ ပရိသတ္ေတြအတြက္ သတင္းေကာင္းတစ္ခု ျဖစ္ပါတယ္။ ဒါ့အျပင္ အခုခ်ိန္မွာေတာ့ ဒါ႐ိုက္တာ Zack Snyder ကိုယ္တိုင္ကေတာင္ Suicide Squad ရဲ႕ Ayer Cut ကို ျမင္ခ်င္ပါတယ္ ဆိုၿပီးေတာ့ ေျပာလာပါတယ္။ ၂၀၁၆ တုန္းက ထြက္ခဲ့တဲ့ Suicide Squad ဟာလည္း ဒါ႐ိုက္တာ David Ayer ရဲ႕ စိတ္ႀကိဳက္ ႐ိုက္ကူးခဲ့ရတာ မဟုတ္ပါဘူး။ ဒါ႐ိုက္တာ Ayer ႐ိုက္ခ်င္တဲ့ ပုံစံကတစ္မ်ိဴး ျဖစ္ေပမယ့္လည္း WB ရဲ႕ တြန္းအားေပးမႈေတြေၾကာင့္ ေျပာင္းလဲလိုက္ရတာေတြ ရွိပါတယ္။

photo via screenrant

John Doe Movie Reviews ဆိုတဲ့ YouTube channel ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာေတာ့ Suicide Squad ရဲ႕ Ayer Cut အေၾကာင္းနဲ႔ ပတ္သက္ၿပီး ေမးျမန္းခဲ့ပါတယ္။ ဒါ့အျပင္ Snyder ဟာ ေရွ႕ေလွ်ာက္ ျဖစ္လာႏိုင္ေခ်ရွိတဲ့ အစီအစဥ္ေတြနဲ႔ ပတ္သက္ၿပီး Ayer နဲ႔ ေဆြးေႏြးခဲ့ဖူးလား ဆိုၿပီး တည့္တိုးေမးခဲ့ပါေသးတယ္။ Snyder ကေတာ့ “ဒီလိုမ်ိဴး မေဆြးေႏြးရေသးပါဘူး။ ဒါေပမယ့္ အလြန္ေဆြးေႏြးခ်င္ပါတယ္” ဆိုၿပီးေတာ့ ျပန္လည္ေျဖခဲ့ပါတယ္။

Snyder ေျပာသြားတဲ့ စကားအျပည့္အစုံကေတာ့ ” ကြၽန္ေတာ္ အဲ့ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး David ကို မေျပာရေသးပါဘူး။ ဒါေပမယ့္ ေျပာျဖစ္မယ္ ဆိုတာေတာ့ ေသခ်ာပါတယ္။ ကြၽန္ေတာ္ သူ႔ကိုလည္း ေကာင္းေကာင္းသိပါတယ္။ ေလာေလာဆယ္မွာေတာ့ ကိုဗစ္ေၾကာင့္ အဆင္မေျပေသးေပမယ့္လည္း သူနဲ႔ အဲ့ဒီအေၾကာင္းေတြကို ေျပာဖို႔က ကြၽန္ေတာ္လုပ္စရာရွိတဲ့ အရာေတြထဲမွာ ပါဝင္ပါတယ္။ သူတို႔ ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ကို သူတို႔ရဲ႕ဗားရွင္းအတိုင္း ရဖို႔လိုအပ္ေနတဲ့ ဘယ္႐ုပ္ရွင္ဖန္တီးသူမဆို ကြၽန္ေတာ္အားေပးပါတယ္။ အေၾကာင္းကေတာ့ ကြၽန္ေတာ္ကိုယ္တိုင္လည္း အားေပးမႈေတြေၾကာင့္ ကြၽန္ေတာ့္ရဲ႕ဗားရွင္းကို ဖန္တီးႏိုင္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ တစ္ျခားလူေတြလည္း ကြၽန္ေတာ့္လိုအားေပးမႈေတြ ရဖို႔အတြက္ ေမွ်ာ္လင့္ပါတယ္ ” ဆိုၿပီးေတာ့ ေျပာျပလိုက္ပါတယ္။

photo via screenrant

David Ayer ကိုယ္တိုင္ကလည္း ႐ုံတင္သြားတဲ့ ဗားရွင္းဟာ Jared Leto ရဲ႕ Joker အတြက္ မမွ်တပါဘူးလို႔ ေျပာဆိုခဲ့ပါတယ္။ သူ႔ရဲ႕ ကိုယ္ပိုင္ဗားရွင္းထဲမွာေတာ့ ဒီထက္ပိုၿပီး dark ျဖစ္သလို ဇာတ္လမ္းကလည္း ပိုၿပီးရႈပ္ေထြးပါတယ္လို႔ ေျပာခဲ့ပါေသးတယ္။ Katana ေနရာမွာ သ႐ုပ္ေဆာင္ခဲ့သူ Karen Fukuhara အပါအဝင္ ပရိသတ္ေတြအမ်ားစုဟာ အခ်ိန္တစ္ခုမွာေတာ့ Ayer Cut ထြက္လာမယ္လို႔ ယူဆခဲ့ၾကပါတယ္။

ဒါ့အျပင္ Snyder Cut ဟာလည္း ေအာင္ျမင္သြားတာေၾကာင့္ ပရိသတ္ေတြဟာ ပိုၿပီးေတာ့ စိတ္ဝင္စားလာကာ Margot Robbie ကလည္း Ayer Cut ကို ျမင္ခ်င္မိပါတယ္လို႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္လည္း David Ayer ကေတာ့ ဒါေတြဟာ ေကာလာဟလေတြ သက္သက္ပါ ဆိုၿပီးေတာ့ ျငင္းဆိုခဲ့ပါတယ္။ ေလာေလာဆယ္အထိေတာ့ Ayer Cut ဟာ မေသခ်ာေသးေပမယ့္လည္း Snyder Cut တုန္းကလို ဇြဲမေလွ်ာ့ၾကရင္ေတာ့ ေအာင္ျမင္လိမ့္မယ္လို႔ ထင္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular