HomeCelebs Update NewsInternational2021 American Music Awards မှာ ဆင်မြန်းခဲ့တဲ့ Cardi B ရဲ့ အလန်းစားဝတ်စုံများ

2021 American Music Awards မှာ ဆင်မြန်းခဲ့တဲ့ Cardi B ရဲ့ အလန်းစားဝတ်စုံများ

၂၀၂၁ ခုနှစ်ရဲ့ American Music Awards (AMAs) ဆုပေးပွဲကြီးကတော့ Cardi B အတွက် ထူးခြားတဲ့ ပွဲတစ်ခု ဖြစ်ပါတယ်။ အဲဒါကတော့ သူမဟာ ဒီပွဲမှာ ပထမဆုံးအကြိမ် host အဖြစ် ဆောင်ရွက်ပေးခဲ့ရတာ ဖြစ်ပြီး ဆုပေးပွဲကြီးတစ်ခုလုံးကို သူမရဲ့ ကိုယ်ပိုင်ဖက်ရှင်ရှိုးလိုမျိုး ပြောင်းလဲပစ်လိုက်တာကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။ ဒါကြောင့် ယခုနှစ် AMAs ရဲ့ တောက်ပတဲ့ ညတစ်ညမှာ Cardi ဆင်မြန်းလာတဲ့ ထူးခြားလှပတဲ့ ဝတ်စုံတွေကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

Carpet Queen
Photo: amas/ Instagram

AMAs ရဲ့ ကော်ဇောနီပေါ်ကို လျှောက်လှမ်းလာချိန်မှာ Cardi ဝတ်ဆင်ခဲ့တဲ့ ပထမဆုံးဝတ်စုံကတော့ အထူးခြားဆုံးလို့ ပြောရမှာပါ။ အဲဒါကတော့ သူမရဲ့ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွင်လှပစေမယ့် အနက်ရောင် dress တစ်ခုကို ဝတ်ဆင်ထားပြီး ရွှေရောင်မျက်နှာဖုံးတစ်ခုကိုလည်း ဝတ်ဆင်လာပါသေးတယ်။ ဒါ့အပြင် သူမရဲ့ လက်သည်းတွေကိုလည်း ရွှေရောင်လက်သည်းရှည်တွေအဖြစ် မြင်တွေ့ရပါတယ်။ အပေါ်က ခြုံထားတဲ့ ပဝါပါးအမည်းနဲ့ ဖြည့်စွက်လိုက်တဲ့အခါမှာတော့ အနက်ရောင်သတို့သမီးတစ်ယောက်အလား ထင်မှတ်ရပါတယ်။

“ဒီညတော့ look တွေအများကြီး လာမယ်နော် … look တွေ အများကြီး … ” လို့ သူမရဲ့ ဝတ်စုံတွေနဲ့ ပတ်သက်ပြီး Cardi က စနောက်ထားပါသေးတယ်။

“ညက နှစ်နာရီပဲ အိပ်ပြီး ဒီကိုပြေးလာရတာ။ မနက်(၁၀)နာရီမှာ ရီဟာဇယ်လေ့ကျင့်ဖို့ ရောက်တယ်လေ။ အဲဒါက (၂)နာရီကျမှ ပြီးသွားတယ်။ အဲဒါပြီးတော့ ဝတ်စားပြင်ဆင်ပြီး အခု ဒီကိုရောက်လာတာပဲ။ ပြီးသွားရင်လည်း host လုပ်သွားရဦးမယ် … ” လို့ သူမရဲ့ ပြေးပြေးလွှားလွှား activity တွေကို ပြောပြထားပါသေးတယ်။

ပေါ်လွင်ချင်သူ
Photo Credit: ABC via Getty

ပထမဆုံး စင်ပေါ်ကို တက်လာတဲ့ Cardi ရဲ့ look မှာတော့ အနက်ရောင်ကတ္တီပါသား gown ကို ဝတ်ဆင်ထားပြီး လက်ဝတ်ရတနာအချို့ကို ဆင်မြန်းထားတာ တွေ့ရပါတယ်။ ဒီအတိုင်းပဲဆိုရင်တော့ ပုံမှန်ပွဲတက်သူတစ်ယောက်ရဲ့ ဖက်ရှင်လို့ ပြောရမှာ ဖြစ်ပေမယ့် Cardi ကတော့ Alexandre Vauthier က ငှက်မွေးနဲ့ ပြုလုပ်ထားတဲ့ ဧရာမ headpiece ကြီးကို ဝတ်ဆင်ထားတာကြောင့် စင်ပေါ်မှာ ထင်းခနဲပါပဲ။

အထာကျကျ စင်ပေါ်တက်မယ်။
Photo Credit: ABC via Getty

ဒုတိယအကြိမ် စင်ပေါ်ကို တက်လာတဲ့ဖက်ရှင်မှာတော့ အနက်ရောင် ကတ္တီပါသားကုတ်အရှည်ကို ဆင်မြန်းထားပြီး လည်ရှည် boots တွေနဲ့ ပုခုံးပေါ်က ဒေါက်တွေမှာတော့ တလက်လက် တောက်ပနေပါတယ်။ ဒီ့ထက်ပိုပြီး အထာကျသွားစေတာကတော့ Louis Vuitton luggage တွေပေါ်မှာ ဘုရင်မတစ်ယောက်လို ထိုင်လျက် စင်ပေါ်ကို ရွေ့လျားတာပဲ ဖြစ်ပါတယ်။

အမှိုင်းတွေပြီးနောက် အလင်းလေးတဖြတ်
Photo Credit: Kevin Winter/ Getty

ဒါကတော့ ဆုတက်ယူတဲ့ ဒီဇိုင်းပဲ ဖြစ်ပါတယ်။ သူမရဲ့ Up သီချင်းအတွက် Favorite Hip-Hop Song ဆုကို လက်ခံယူတဲ့ ဖက်ရှင်ကတော့ လွင့်နေတဲ့ ဝါစိမ်းရောင် gown ပဲ ဖြစ်ပါတယ်။ ဒါကတော့ ဒီဇိုင်နာ Jean Paul Gaultier ရဲ့ လက်ရာ ဖြစ်ပါတယ်။

ခရမ်းရောင်နဲ့ စိုးမိုးမယ်။
Photo Credit: Kevin Winter/ Getty

ဒီဝတ်စုံကတော့ Jean-Louis Sabaji ရဲ့ လက်ရာ ခရမ်းရောင် gown ဖြစ်ပြီး ငှက်မွေးတောင်ကြီးတွေနဲ့ ခရစ်စတယ်လ်တွေကို အသုံးပြုပြီး ခမ်းနားထည်ဝါနေအောင် ဖန်တီးထားတာ တွေ့ရပါတယ်။

နောက်တစ်ခါ လာပြန်ပြီဟေ့။
Photo: billboard/ Instagram

ပွဲရဲ့ နောက်ပိုင်းမှာ ဝတ်ဆင်လာတာကတော့ နောက်ထပ် headpiece တစ်မျိုး ဖြစ်ပါတယ်။ ဝတ်စုံကတော့ အဖြူအမည်းတွဲစပ်ထားပြီး corset ပုံစံကို ဒီဇိုင်းထွင်ထားတာ တွေ့ရပါတယ်။

ထင်းနေမှကို ဖြစ်မယ်။
Photo Credit: ABC

ပွဲတစ်ခုလုံးမှာတော့ Cardi ဟာ structure ပုံစံတွေကို အဓိကထား ဆင်မြန်းသွားတာ တွေ့ရပါတယ်။ ဒီဖက်ရှင်ကတော့ လည်သာဘောင်းဘီပေါ်မှာ ရွှေရောင်ဒီဇိုင်းနဲ့ အလှဆင်ထားတဲ့ ကုတ်အင်္ကျီပဲ ဖြစ်ပါတယ်။

နောက်ဆုံးဝတ်စုံ
Photo Credit: Matt Winkelmeyer/ Getty

သူမရဲ့ final look အဖြစ် ဆင်မြန်းထားတဲ့ ဖက်ရှင်ကတော့ ပေါင်ရင်းမှာ အခွဲအကြီးကြီးနဲ့ အဖြူရောင် dress တစ်ထည်ပဲ ဖြစ်ပြီး ယခုညရဲ့ signature အဖြစ် စီးကွင့်တွေနဲ့ အလှဆင်ထားတဲ့ ခေါင်းစွပ်တစ်ခုနဲ့ ဖြည့်စွက်ထားပါတယ်။

ဒါကတော့ Cardi B ရဲ့ American Music Awards က ထူးခြားတဲ့ ဖက်ရှင်တွေကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဘယ်တစ်ခုကို နှစ်သက်လည်းဆိုတာ ပြောခဲ့ကြပါဦး။

Glasgow

Source: people

RELATED ARTICLES

Most Popular