HomeCharacterMarvel's Hit-Monkey ရဲ့ ကောမစ်ထဲက Origin နဲ့ လုပ်ဆောင်နိုင်စွမ်းများ

Marvel’s Hit-Monkey ရဲ့ ကောမစ်ထဲက Origin နဲ့ လုပ်ဆောင်နိုင်စွမ်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Hulu ဟာ မကြာသေးခင်ကပဲ Marvel ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ Hit-Monkey ကို Animation ဇာတ်လမ်းတွဲအဖြစ် ထွက်ရှိခဲ့ပါတယ်။ Hit-Monkey ကတော့ ဂျပန်နိုင်ငံက နှင်းတောထဲမှာ နေထိုင်လေ့ရှိတဲ့ မျောက်မျိူးစိတ် ဖြစ်ပြီး သူဟာ လူသတ်သမားတွေကို ရက်ရက်စက်စက် သတ်ပစ်တဲ့ မျောက်တစ်ကောင်ဆိုလည်း မမှားပါဘူး။ သူဟာ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Hit-Monkey #1 ကောမစ်ထဲမှာ စတင်ပွဲထွက်လာခဲ့တဲ့ ဇာတ်ကောင်လည်း ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ Hit-Monkey ရဲ့ ကောမစ်ထဲက Origin နဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ဖော်ပြပေးချင်ပါတယ်။

ကောမစ် Origin
photo via screenrant

Hit-Monkey ဟာ မူလကတော့ ဂျပန်နိုင်ငံက သာမန်မျောက်တစ်ကောင်ပဲ ဖြစ်ပြီး ဒဏ်ရာရထားတဲ့ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်ကို Hit-Monkey ရဲ့ မျိူးနွယ်တွေက ကယ်တင်လိုက်တဲ့အချိန်မှာ သူ့ရဲ့ဇာတ်လမ်း စတင်လာတာ ဖြစ်ပါတယ်။ Hit-Monkey ကတော့ ဒီလူကို ကယ်တင်လိုက်ရင် နောက်ထပ်လူတွေ လိုက်လာပြီး သူတို့အိမ်ကို လာရောက် တိုက်ခိုက်လိမ့်မယ်လို့ တွေးထင်ခဲ့ပါတယ်။ တကယ်လည်း သူ့ရဲ့ ထင်မြင်ယူဆချက်ဟာ အမှန်ပဲ ဖြစ်လာပြီး အဲ့ဒီလုပ်ကြံသတ်ဖြတ်သူကို သတ်ဖို့အတွက် လူတွေထပ်ရောက်လာကာ အဲ့ဒီလုပ်ကြံသတ်ဖြတ်သူကိုတင်မကဘဲ Hit-Monkey ရဲ့ မိသားစုတွေ အားလုံးကိုပါ သတ်ဖြတ်သွားခဲ့ကြပါတယ်။

အဲ့ဒီနောက်မှာတော့ အကြောင်းတစ်ခုကြောင့် သေဆုံးသွားတဲ့ လုပ်ကြံသတ်ဖြတ်သူရဲ့ ဝိဉာဉ်ဟာ Hit-Monkey ရဲ့အနားမှာ တဝဲလည်လည် ဖြစ်နေပြီး လက်စားချေဖို့အတွက် လမ်းပြမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ Hulu က ဖန်တီးထားတဲ့ ဇာတ်လမ်းတွဲထဲမှာ ပြသသွားတဲ့ Origin ကတော့ ကောမစ်ထဲက Origin အတိုင်းပဲ အသေးစိတ် ဖန်တီးထားတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကွာခြားနေတဲ့ တစ်ချက်တော့ ရှိပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Bryce ဟာ ဘယ်လိုကြောင့် လုပ်ကြံသတ်ဖြတ်သူ ဖြစ်လာလည်း ဆိုတာကိုတောင် ဖော်ပြထားပေမယ့်လည်း ကောမစ်ထဲမှာတော့ သူဟာ အဲ့လောက်ထိ အရေးမပါဘဲ သူ့ရဲ့ နာမည်ကိုတောင် မဖော်ပြထားပါဘူး။ ဒါတင်မကသေးဘဲ ဒီဇာတ်လမ်းတွဲထဲမှာ မြင်တွေ့ခဲ့ရတဲ့ Hit-Monkey နဲ့ Bryce တို့နှစ်ယောက်ရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးဟာလည်း ကောမစ်ထဲမှာ မပါဝင်ပါဘူး။

ကောမစ်ထဲက လုပ်ဆောင်နိုင်စွမ်းများ
photo via screenrant

Marvel ကောမစ်ထဲမှာတော့ စွမ်းအား မရှိကြတဲ့ ဇာတ်ကောင်တွေများစွာ ရှိပြီး Hit-Monkey ကလည်း အလားတူပဲ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေဟာ သာမန်မျောက်တွေထက် လျင်မြန်စွာ တိုက်ခိုက်နိုင်ပြီး ဉာဏ်ရည်မြင့်မားပါတယ်။ ဒါ့အပြင် Hit-Monkey ရဲ့ ဉာဏ်ရည်ဟာ သာမန်မျောက်တွေထက် မြင့်မားပါတယ်။

Hit-Monkey ဟာ စွမ်းအားတွေ မရှိပေမယ့်လည်း ကြောက်စရာကောင်းတဲ့ စွမ်းရည်နှစ်ခုကိုတော့ ပိုင်ဆိုင်ထားပါတယ်။ ပထမတစ်ခုကတော့ သူ့အနားမှာ ဝိဉာဉ်တစ်ကောင်က အမြဲရှိနေတာကြောင့် အန္တရာယ် ကျရောက်တော့မယ်ဆိုတာ ကြိုတင်သိနိုင်သလို ရန်သူတွေရဲ့ စခန်းထဲကို ဝင်ရောက်ထောက်လှမ်းနိုင်ပါတယ်။ ဒုတိယအချက်ကတော့ သူဟာ မျောက်တစ်ကောင် ဖြစ်နေတာကြောင့် လူတွေဟာ သူ့ကို အထင်သေးလေ့ ရှိပြီး အဲ့ဒီအချက်ကပဲ သူ့အတွက် အကြီးမားဆုံး အားသာချက် ဖြစ်နေပါတယ်။

အခုလိုဆောင်းပါးတွေ ဖတ်ရတာ စိတ်ဝင်စားရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Hulu ဟာ မၾကာေသးခင္ကပဲ Marvel ရဲ့ ဇာတ္ေကာင္ျဖစ္တဲ့ Hit-Monkey ကို Animation ဇာတ္လမ္းတြဲအျဖစ္ ထြက္ရွိခဲ့ပါတယ္။ Hit-Monkey ကေတာ့ ဂ်ပန္နိုင္ငံက ႏွင္းေတာထဲမွာ ေနထိုင္ေလ့ရွိတဲ့ ေမ်ာက္မ်ိဴးစိတ္ ျဖစ္ၿပီး သူဟာ လူသတ္သမားေတြကို ရက္ရက္စက္စက္ သတ္ပစ္တဲ့ ေမ်ာက္တစ္ေကာင္ဆိုလည္း မမွားပါဘူး။ သူဟာ ၂၀၁၀ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Hit-Monkey #1 ေကာမစ္ထဲမွာ စတင္ပြဲထြက္လာခဲ့တဲ့ ဇာတ္ေကာင္လည္း ျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ Hit-Monkey ရဲ့ ေကာမစ္ထဲက Origin နဲ႔ လုပ္ေဆာင္နိုင္စြမ္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

ေကာမစ္ Origin
photo via screenrant

Hit-Monkey ဟာ မူလကေတာ့ ဂ်ပန္နိုင္ငံက သာမန္ေမ်ာက္တစ္ေကာင္ပဲ ျဖစ္ၿပီး ဒဏ္ရာရထားတဲ့ လုပ္ႀကံသတ္ျဖတ္သူတစ္ေယာက္ကို Hit-Monkey ရဲ့ မ်ိဴးႏြယ္ေတြက ကယ္တင္လိုက္တဲ့အခ်ိန္မွာ သူ႔ရဲ့ဇာတ္လမ္း စတင္လာတာ ျဖစ္ပါတယ္။ Hit-Monkey ကေတာ့ ဒီလူကို ကယ္တင္လိုက္ရင္ ေနာက္ထပ္လူေတြ လိုက္လာၿပီး သူတို႔အိမ္ကို လာေရာက္ တိုက္ခိုက္လိမ့္မယ္လို႔ ေတြးထင္ခဲ့ပါတယ္။ တကယ္လည္း သူ႔ရဲ့ ထင္ျမင္ယူဆခ်က္ဟာ အမွန္ပဲ ျဖစ္လာၿပီး အဲ့ဒီလုပ္ႀကံသတ္ျဖတ္သူကို သတ္ဖို႔အတြက္ လူေတြထပ္ေရာက္လာကာ အဲ့ဒီလုပ္ႀကံသတ္ျဖတ္သူကိုတင္မကဘဲ Hit-Monkey ရဲ့ မိသားစုေတြ အားလုံးကိုပါ သတ္ျဖတ္သြားခဲ့ၾကပါတယ္။

အဲ့ဒီေနာက္မွာေတာ့ အေၾကာင္းတစ္ခုေၾကာင့္ ေသဆုံးသြားတဲ့ လုပ္ႀကံသတ္ျဖတ္သူရဲ့ ဝိဉာဥ္ဟာ Hit-Monkey ရဲ့အနားမွာ တဝဲလည္လည္ ျဖစ္ေနၿပီး လက္စားေခ်ဖို႔အတြက္ လမ္းျပမွုေတြ ျပဳလုပ္ေပးခဲ့ပါတယ္။ Hulu က ဖန္တီးထားတဲ့ ဇာတ္လမ္းတြဲထဲမွာ ျပသသြားတဲ့ Origin ကေတာ့ ေကာမစ္ထဲက Origin အတိုင္းပဲ အေသးစိတ္ ဖန္တီးထားတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကြာျခားေနတဲ့ တစ္ခ်က္ေတာ့ ရွိပါတယ္။ ဒီဇာတ္လမ္းတြဲထဲမွာေတာ့ Bryce ဟာ ဘယ္လိုေၾကာင့္ လုပ္ႀကံသတ္ျဖတ္သူ ျဖစ္လာလည္း ဆိုတာကိုေတာင္ ေဖာ္ျပထားေပမယ့္လည္း ေကာမစ္ထဲမွာေတာ့ သူဟာ အဲ့ေလာက္ထိ အေရးမပါဘဲ သူ႔ရဲ့ နာမည္ကိုေတာင္ မေဖာ္ျပထားပါဘူး။ ဒါတင္မကေသးဘဲ ဒီဇာတ္လမ္းတြဲထဲမွာ ျမင္ေတြ႕ခဲ့ရတဲ့ Hit-Monkey နဲ႔ Bryce တို႔ႏွစ္ေယာက္ရဲ့ ရင္းႏွီးတဲ့ ဆက္ဆံေရးဟာလည္း ေကာမစ္ထဲမွာ မပါဝင္ပါဘူး။

ေကာမစ္ထဲက လုပ္ေဆာင္ႏိုင္စြမ္းမ်ား
photo via screenrant

Marvel ေကာမစ္ထဲမွာေတာ့ စြမ္းအား မရွိၾကတဲ့ ဇာတ္ေကာင္ေတြမ်ားစြာ ရွိၿပီး Hit-Monkey ကလည္း အလားတူပဲ ျဖစ္ပါတယ္။ ေကာမစ္ထဲမွာေတာ့ သူ႔ရဲ့ လုပ္ေဆာင္နိုင္စြမ္းေတြဟာ သာမန္ေမ်ာက္ေတြထက္ လ်င္ျမန္စြာ တိုက္ခိုက္နိုင္ၿပီး ဉာဏ္ရည္ျမင့္မားပါတယ္။ ဒါ့အျပင္ Hit-Monkey ရဲ့ ဉာဏ္ရည္ဟာ သာမန္ေမ်ာက္ေတြထက္ ျမင့္မားပါတယ္။

Hit-Monkey ဟာ စြမ္းအားေတြ မရွိေပမယ့္လည္း ေၾကာက္စရာေကာင္းတဲ့ စြမ္းရည္ႏွစ္ခုကိုေတာ့ ပိုင္ဆိုင္ထားပါတယ္။ ပထမတစ္ခုကေတာ့ သူ႔အနားမွာ ဝိဉာဥ္တစ္ေကာင္က အျမဲရွိေနတာေၾကာင့္ အႏၲရာယ္ က်ေရာက္ေတာ့မယ္ဆိုတာ ႀကိဳတင္သိနိုင္သလို ရန္သူေတြရဲ့ စခန္းထဲကို ဝင္ေရာက္ေထာက္လွမ္းနိုင္ပါတယ္။ ဒုတိယအခ်က္ကေတာ့ သူဟာ ေမ်ာက္တစ္ေကာင္ ျဖစ္ေနတာေၾကာင့္ လူေတြဟာ သူ႔ကို အထင္ေသးေလ့ ရွိၿပီး အဲ့ဒီအခ်က္ကပဲ သူ႔အတြက္ အႀကီးမားဆုံး အားသာခ်က္ ျဖစ္ေနပါတယ္။

အခုလိုေဆာင္းပါးေတြ ဖတ္ရတာ စိတ္ဝင္စားရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ေပးထားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular