HomeEntertainmentFilm၂၀၂၁ ခုနှစ်ရဲ့ အကောင်းဆုံး Sci-Fi ရုပ်ရှင်ကားများ

၂၀၂၁ ခုနှစ်ရဲ့ အကောင်းဆုံး Sci-Fi ရုပ်ရှင်ကားများ

Sci-Fi ရုပ်ရှင် အမျိူးအစားကတော့ အခုချိန်မှာ အတော်လေးကို လူကြိုက်များနေတဲ့ ဇာတ်လမ်းအမျိူးအစား ဖြစ်နေပါတယ်။ Sci-Fi ရုပ်ရှင်တွေမှာ ဆိုရင်တော့ တိုးတက်လွန်းတဲ့ သိပ္ပံပညာတွေနဲ့ နည်းပညာတွေ၊ အာကာသနဲ့ ပတ်သက်တာတွေ၊ အချိန်ခရီးသွားတာတွေနဲ့ Multiverse တွေအကြောင်းကို မြင်တွေ့ရလေ့ရှိပါတယ်။ ဒီတစ်ခါမှာတော့ Sci-Fi ပရိသတ်တွေအတွက် ၂၀၂၁ ခုနှစ်ရဲ့ အကောင်းဆုံး Sci-Fi ရုပ်ရှင်တွေကို ဖော်ပြပေးချင်ပါတယ်။

(7) The Matrix Resurrections
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (5.8) ရရှိထားပြီး Keanu Reeves က Neo အနေနဲ့ ပြန်လည်ပါဝင်လာမှာ ဖြစ်သလို Carrie-Anne Moss ကလည်း Trinity အနေနဲ့ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Neo ဟာ လောလောဆယ် သူနေထိုင်နေတဲ့ Reality ဟာ တကယ့်အစစ်အမှန် ဟုတ်ပါ့မလား ဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Priyanka Chopra နဲ့ Jessica Henwick တို့လည်း ပါဝင်ထားပါသေးတယ်။

(6) Oxygen
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.5) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမျိူးသမီးဟာ သတိရလာတဲ့ အချိန်မှာတော့ အလုံပိတ် Chamber တစ်ခုထဲကို ရောက်ရှိနေမှန်း သိလိုက်ရပါတယ်။ ဒါပေမယ့်လည်း သူမဟာ အဲ့ဒီ Chamber ထဲကို ဘယ်လိုရောက်လာလည်း ဆိုတာ မမှတ်မိတော့သလို အောက်စီဂျင် မကုန်သွားခင်မှာ အဲ့ဒီ Chamber ကနေ ထွက်ဖို့ ကြိုးစားရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Melanie Laurent ၊ Laura Boujenah နဲ့ Mathieu Amalric တို့ ပါဝင်ထားပါတယ်။

(5) Little Fish
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.9) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားစေတဲ့ ဗိုင်းရပ်စ် တစ်ခုဟာ ပြန့်နှံ့လာတာကြောင့် အတွဲတစ်တွဲဟာ သူတို့ရဲ့ Relationship ကို မမေ့သွားအောင်လို့ ကြိုးစားကြပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Olivia Cooke ၊ Jack O’Connell နဲ့ Raul Castillo တို့ ပါဝင်ထားပါတယ်။

(4) Finch
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.9) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာကြီးဟာ ပျက်စီးလုနီးနီး ဖြစ်နေပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကြောင့် သဘာဝဘေးအန္တရာယ်တွေဟာ အလွန်အန္တရာယ်ကြီးလာပါတယ်။ အဲ့ဒီအချိန်မှာတော့ Finch ဟာ သူ့ကိုအဖော်ပြုပေးတဲ့ ခွေးလေး တစ်ကောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့်လည်း Finch ဟာ သေဆုံးခါနီး ဖြစ်နေတာကြောင့် အဲ့ဒီခွေးလေးကို ကာကွယ်ဖို့အတွက် စက်ရုပ်တစ်ခု တီထွင်ခဲ့ပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုရမှာပါ။ သရုပ်ဆောင်တွေကတော့ Tom Hanks နဲ့ Caleb Landry Jones တို့ ပါဝင်ထားပါတယ်။

(3) Free Guy
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (7.2) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘဏ်ဝန်ထမ်းတစ်ယောက်ဟာ သူ့ကိုယ်သူ ဂိမ်းတစ်ခုထဲက ဇာတ်ကောင်တစ်ယောက် ဖြစ်နေမှန်း သိလိုက်ရတဲ့အချိန်မှာ‌တော့ သူ့ရဲ့ဇာတ်လမ်းကို သူကိုယ်တိုင် ဖန်တီးဖို့အတွက် ဆုံးဖြတ်လိုက်ပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Ryan Reynolds ၊ Jodie Comer နဲ့ Joe Keery တို့ အဓိက ပါဝင်ထားပါတယ်။

(2) A Quiet Place Part II
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (7.5) ရရှိထားပါတယ်။ ဒီရုပ်ရှင်ရဲ့ အစမှာတော့ ဒီဇာတ်လမ်းထဲက ဗီလိန်ဖြစ်တဲ့ အကောင်ကြီးတွေ ကမ္ဘာပေါ်ကို ရောက်ရှိလာခဲ့တဲ့ နောက်ကြောင်းကို ပြသသွားပါတယ်။ အဲ့ဒီနောက်မှာတော့ ပထမရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ အဖြစ်အပျက်တွေ ပြီးသွားတဲ့အချိန်မှာ သူတို့မိသားစုဟာ အပြင်လောကကြီးမှာ ရှိတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရပုံကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Emily Blunt ၊ Cillian Murphy နဲ့ John Krasinski တို့က အဓိက ပါဝင်ထားပါတယ်။

(1) Dune
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (8.2) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Paul Atreides ဟာ Arrakis ဂြိုဟ်ပေါ်မှာ နယ်ခံတွေရဲ့ အကူအညီရရှိအောင် ကြိုးစားနေတာကို တွေ့ရမှာပါ။ အကြောင်းကတော့ အဲ့ဒီဂြိုဟ်ကြီးကို အုပ်စိုးဖို့အတွက် Paul ရဲ့အဖေကို သစ္စာဖောက်သွားတဲ့ တော်ဝင်မျိူးနွယ်တွေနဲ့ တိုက်ခိုက်ရမှာကြောင့် ဖြစ်ပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Timothee Chalamet ၊ Josh Brolin ၊ Dave Bautista ၊ Zendaya ၊ Jason Momoa နဲ့ Rebecca Ferguson တို့ အဓိက ပါဝင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular