HomeEntertainmentFilmArmie Hammer နဲ့ Gal Gadot တို့ကို ကြင်စဦးဇနီးမောင်နှံအဖြစ် မြင်တွေ့ရမယ့် Death On The Nile...

Armie Hammer နဲ့ Gal Gadot တို့ကို ကြင်စဦးဇနီးမောင်နှံအဖြစ် မြင်တွေ့ရမယ့် Death On The Nile ရုပ်ရှင်

20th Century Studios က ထုတ်လုပ်ထားတဲ့ Death on The Nile ရုပ်ရှင်ဇာတ်ကားရဲ့ ထွေလာကတော့ မကြာသေးခင်က ရက်ပိုင်းကပဲ ထွက်ရှိလာပါတယ်။

Death On The Nile ရုပ်ရှင်ဇာတ်ကားကတော့ မင်းသားကြီး Kenneth Branagh သရုပ်ဆောင်ထားတဲ့ Hercule Poirot ဇာတ်ကောင်ဟာ နောက်ထပ် ပဟေဠိဆန်တဲ့ လူသတ်မှုတစ်ခုနဲ့ ကြုံတွေ့ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Hercule Piorot ဟာ S.S. Karnak လို့ခေါ်တဲ့ ဇိမ်ခံအပျော်စီးသင်္ဘောကြီးကို လိုက်ပါစီးနင်းဖို့ ဖိတ်ကြားခံရပါတယ်။

Photo via IMDb

ဒီဇိမ်ခံသင်္ဘောကြီးကတော့ အီဂျစ်ပြည်တလျှောက် အပန်းဖြေခရီးထွက်မှာ ဖြစ်ပြီး နေနဲ့လ ရွှေနဲ့မြလို ပြီးပြည့်စုံတဲ့ ကြင်စဦးဇနီးမောင်နှံရဲ့ ဟန်းနီးမွန်းခရီးလည်း ဖြစ်ပါတယ်။ သို့သော်လည်း ဒီသင်္ဘောကြီးပေါ်မှာ ပဟေဠိဆန်တဲ့ လူသတ်မှုတစ်ခု ဖြစ်ပေါ်လာတဲ့နောက်မှာတော့ ဒီလူသတ်မှုရဲ့ နောက်ကွယ်က တကယ့် တရားခံကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားရပါတော့တယ်။

Photo via IMDb

သရုပ်ဆောင်တွေအနေနဲ့ကတော့ ပထမဇာတ်ကား Murder on the Orient Express ထဲမှာ ပါဝင်ခဲ့တဲ့ မင်းသားကြီး Kenneth Branagh ကပဲ စုံထောက်ကြီး Hercule Poirot အဖြစ် ပြန်လည်ပါဝင်မှာ ဖြစ်ပြီး Tom Bateman လည်း ပြန်လည် ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

အသစ်ထပ်မံ ပါဝင်လာတဲ့ နာမည်ကျော် သရုပ်ဆောင်တွေကတော့ Annette Bening ၊ Gal Gadot ၊ Ali Fazal ၊ Dawn French ၊ Armie Hammer ၊ Rose Leslie ၊ Emma Mackey ၊ Sophie Okonedo ၊ Jennifer Saunders နဲ့ Letitia Wright တို့ ဖြစ်ပါတယ်။

Death on the Nile ဇာတ်ကားကိုတော့ လာမယ့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

Glasgow
RELATED ARTICLES

Most Popular