HomeEntertainmentFilm2021 MTV Movie & TV Awards မှာ ဆုတွေ သိမ်းကျုံးယူသွားတဲ့ WandaVision ဇာတ်လမ်းတွဲ

2021 MTV Movie & TV Awards မှာ ဆုတွေ သိမ်းကျုံးယူသွားတဲ့ WandaVision ဇာတ်လမ်းတွဲ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Disney+ ရဲ့ နာမည်ကျော်ဇာတ်လမ်းတွဲ WandaVision ဟာ ၂၀၂၁ အတွက် ပြုလုပ်ကျင်းပတဲ့ MTV Movie & TV Awards ဆုပေးပွဲကြီးမှာ စံကာတင် ငါးဆုဝင်ခဲ့ပြီး လေးဆုကို အိမ်ပြန်သယ်နိုင်ခဲ့ပါတယ်။ ဒီဆုပေးပွဲကြီးကိုတော့ မနေ့က တနင်္ဂနွေနေ့ ညခင်းမှာ ကျင်းပခဲ့တာပါ။

WandaVision ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ပရိသတ်တွေကြားထဲ နာမည်ကြီးခဲ့တဲ့ ဇာတ်လမ်းတွဲတွေ ဖြစ်တဲ့ Bridgerton ၊ Cobra Kai ၊ Emily in Paris နဲ့ The Boys ဇာတ်လမ်းတွဲတွေကို ကျော်တက်ပြီး အကောင်းဆုံး ဇာတ်လမ်းတွဲဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

©Marvel Studios

Wanda Maximoff ဇာတ်ကောင်မှာ သရုပ်ဆောင်ထားတဲ့ မင်းသမီးချော Elizabeth Olsen ကတော့ Best Performance In A Show ဆိုတဲ့ အကောင်းဆုံး ဇာတ်လမ်းတွဲ သရုပ်ဆောင်ဆုကို ဆွတ်ခူးခဲ့ပြီး Agatha နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Kathryn Hahn ကတော့ Best Villain ဆိုတဲ့ အကောင်းဆုံး ဗီလိန်ဆုကို ရရှိခဲ့ပါတယ်။

ဒါ့အပြင် Best Fight ဆိုတဲ့ ဇာတ်ကောင်အတွဲလိုက်ပေးတဲ့ ဆုကိုလည်း WandaVision ထဲမှာ Wanda နဲ့ Agatha နေရာက သရုပ်ဆောင်ထားတဲ့ Elizabeth နဲ့ Kathryn တို့ကပဲ ထပ်မံ ဆွတ်ခူးခဲ့ပါတယ်။

©Marvel Studios

Best Hero ဆုကိုလည်း WandaVision ထဲမှာ သရုပ်ဆောင်ခဲ့တဲ့ Teyonah Parris က စံကာတင်ဝင်ခဲ့ပေမယ့် The Falcon and The Winter Soldier ထဲက Anthony Mackie ကို ရှုံးနိမ့်ခဲ့ပါတယ်။

အကောင်းဆုံး ဇာတ်လမ်းတွဲ သရုပ်ဆောင်ဆုကို ရရှိခဲ့တဲ့ အသက်(၃၂)နှစ်အရွယ် Elizabeth ကတော့ ဆုလက်ခံ ရယူရင်း ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသေးတယ်။

Photo: mtv/ Instagram

“ရှင်တို့လေးတွေအားလုံးက တကယ့် အကောင်းဆုံးသော ပရိသတ်တွေပါပဲ။ ကျွန်မ ဒီဇာတ်ရုပ်ကို ချစ်မြတ်နိုးစွာနဲ့ သရုပ်ဆောင်လာခဲ့တာ ခုနှစ်နှစ်ရှိပါပြီ။ တကယ်ပြောတာပါ။ WandaVision မှာ ပါဝင်ခွင့် ရခဲ့တာ ကျွန်မအတွက် အကောင်းဆုံးပါပဲ။ ဒီစီးရီးကို ရိုက်ကူးခဲ့တုန်းကလည်း ကျွန်မတို့ အရမ်းပျော်ခဲ့ရပါတယ်။ ပြီးတော့ ကျွန်မတို့ရဲ့ သရုပ်ဆောင်မှုက ရှင်တို့ကို တစုံတရာ ခံစားရစေမယ်လို့ မျှော်လင့်ပါတယ်။ ရှင်တို့လေးတွေအတွက် တကယ် စိတ်ဝင်စားစရာကောင်းခဲ့မယ်လို့ မျှော်လင့်ပါတယ် … ” လို့ Elizabeth က ဆုလက်ခံရင်း ပြောကြားခဲ့ပါတယ်။

Photo: mtv/ Instagram

အကောင်းဆုံးဗီလိန်ဆုကို မင်းသမီး Kathryn Hahn က လက်ခံယူတဲ့အခါမှာတော့ အခုလို ပြောကြားခဲ့ပါတယ်။

“အထက်တန်းကျောင်းတုန်းကဆိုရင် Wizard of Oz ပြဇာတ်မှာ ကျွန်မက Tin Man နေရာက ဝင်သရုပ်ဆောင်ခဲ့တာ။ ကျွန်မက တကယ်တော့ Dorothy နေရာက အရမ်းပါချင်တာ။ ဘာလို့လည်းဆိုတော့ သူ့ရဲ့အနီရောင်ဖိနပ်လေးတွေကို လိုချင်လို့။ ကျွန်မရဲ့ ဟိုးအတွင်းစိတ် တစ်နေရာမှာ အန္တရာယ်ရှိတဲ့ စုန်းမတစ်ယောက် ရှိနေလိမ့်မယ်ဆိုတာ အချိန်အများကြီး ကြာပြီးမှ ကိုယ်တိုင်သိခဲ့တာပါ … ” လို့ WandaVision ထဲက သူမရဲ့လျှို့ဝှက် identity ကို ရည်ညွှန်းရင်း ပြောဆိုသွားခဲ့ပါတယ်။

Linda December

Source: people

(Zawgyi Version)

Disney+ ရဲ႕ နာမည္ေက်ာ္ဇာတ္လမ္းတြဲ WandaVision ဟာ ၂၀၂၁ အတြက္ ျပဳလုပ္က်င္းပတဲ့ MTV Movie & TV Awards ဆုေပးပြဲႀကီးမွာ စံကာတင္ ငါးဆုဝင္ခဲ့ၿပီး ေလးဆုကို အိမ္ျပန္သယ္ႏိုင္ခဲ့ပါတယ္။ ဒီဆုေပးပြဲႀကီးကိုေတာ့ မေန႔က တနဂၤေႏြေန႔ ညခင္းမွာ က်င္းပခဲ့တာပါ။

WandaVision ဟာ ၿပီးခဲ့တဲ့ႏွစ္အတြင္း ပရိသတ္ေတြၾကားထဲ နာမည္ႀကီးခဲ့တဲ့ ဇာတ္လမ္းတြဲေတြ ျဖစ္တဲ့ Bridgerton ၊ Cobra Kai ၊ Emily in Paris နဲ႔ The Boys ဇာတ္လမ္းတြဲေတြကို ေက်ာ္တက္ၿပီး အေကာင္းဆုံး ဇာတ္လမ္းတြဲဆုကို ရရွိခဲ့တာ ျဖစ္ပါတယ္။

©Marvel Studios

Wanda Maximoff ဇာတ္ေကာင္မွာ သ႐ုပ္ေဆာင္ထားတဲ့ မင္းသမီးေခ်ာ Elizabeth Olsen ကေတာ့ Best Performance In A Show ဆိုတဲ့ အေကာင္းဆုံး ဇာတ္လမ္းတြဲ သ႐ုပ္ေဆာင္ဆုကို ဆြတ္ခူးခဲ့ၿပီး Agatha ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ မင္းသမီး Kathryn Hahn ကေတာ့ Best Villain ဆိုတဲ့ အေကာင္းဆုံး ဗီလိန္ဆုကို ရရွိခဲ့ပါတယ္။

ဒါ့အျပင္ Best Fight ဆိုတဲ့ ဇာတ္ေကာင္အတြဲလိုက္ေပးတဲ့ ဆုကိုလည္း WandaVision ထဲမွာ Wanda နဲ႔ Agatha ေနရာက သ႐ုပ္ေဆာင္ထားတဲ့ Elizabeth နဲ႔ Kathryn တို႔ကပဲ ထပ္မံ ဆြတ္ခူးခဲ့ပါတယ္။

©Marvel Studios

Best Hero ဆုကိုလည္း WandaVision ထဲမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ Teyonah Parris က စံကာတင္ဝင္ခဲ့ေပမယ့္ The Falcon and The Winter Soldier ထဲက Anthony Mackie ကို ရႈံးနိမ့္ခဲ့ပါတယ္။အေကာင္းဆုံး ဇာတ္လမ္းတြဲ သ႐ုပ္ေဆာင္ဆုကို ရရွိခဲ့တဲ့ အသက္(၃၂)ႏွစ္အ႐ြယ္ Elizabeth ကေတာ့ ဆုလက္ခံ ရယူရင္း ပရိသတ္ေတြကို ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့ပါေသးတယ္။

Photo: mtv/ Instagram

“ရွင္တို႔ေလးေတြအားလုံးက တကယ့္ အေကာင္းဆုံးေသာ ပရိသတ္ေတြပါပဲ။ ကြၽန္မ ဒီဇာတ္႐ုပ္ကို ခ်စ္ျမတ္ႏိုးစြာနဲ႔ သ႐ုပ္ေဆာင္လာခဲ့တာ ခုႏွစ္ႏွစ္ရွိပါၿပီ။ တကယ္ေျပာတာပါ။ WandaVision မွာ ပါဝင္ခြင့္ ရခဲ့တာ ကြၽန္မအတြက္ အေကာင္းဆုံးပါပဲ။ ဒီစီးရီးကို ႐ိုက္ကူးခဲ့တုန္းကလည္း ကြၽန္မတို႔ အရမ္းေပ်ာ္ခဲ့ရပါတယ္။ ၿပီးေတာ့ ကြၽန္မတို႔ရဲ႕ သ႐ုပ္ေဆာင္မႈက ရွင္တို႔ကို တစုံတရာ ခံစားရေစမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ရွင္တို႔ေလးေတြအတြက္ တကယ္ စိတ္ဝင္စားစရာေကာင္းခဲ့မယ္လို႔ ေမွ်ာ္လင့္ပါတယ္ … ” လို႔ Elizabeth က ဆုလက္ခံရင္း ေျပာၾကားခဲ့ပါတယ္။

Photo: mtv/ Instagram

အေကာင္းဆုံးဗီလိန္ဆုကို မင္းသမီး Kathryn Hahn က လက္ခံယူတဲ့အခါမွာေတာ့ အခုလို ေျပာၾကားခဲ့ပါတယ္။

“အထက္တန္းေက်ာင္းတုန္းကဆိုရင္ Wizard of Oz ျပဇာတ္မွာ ကြၽန္မက Tin Man ေနရာက ဝင္သ႐ုပ္ေဆာင္ခဲ့တာ။ ကြၽန္မက တကယ္ေတာ့ Dorothy ေနရာက အရမ္းပါခ်င္တာ။ ဘာလို႔လည္းဆိုေတာ့ သူ႔ရဲ႕အနီေရာင္ဖိနပ္ေလးေတြကို လိုခ်င္လို႔။ ကြၽန္မရဲ႕ ဟိုးအတြင္းစိတ္ တစ္ေနရာမွာ အႏၲရာယ္ရွိတဲ့ စုန္းမတစ္ေယာက္ ရွိေနလိမ့္မယ္ဆိုတာ အခ်ိန္အမ်ားႀကီး ၾကာၿပီးမွ ကိုယ္တိုင္သိခဲ့တာပါ … ” လို႔ WandaVision ထဲက သူမရဲ႕လွ်ိဳ႕ဝွက္ identity ကို ရည္ၫႊန္းရင္း ေျပာဆိုသြားခဲ့ပါတယ္။

Linda December

Source: people

 

RELATED ARTICLES

Most Popular