HomeEntertainmentFilmSuicide Squad: Harley Quinn ရဲ့ တိုက်ခိုက်ခန်းထဲက ပန်းပွင့်တွေရဲ့ အဓိပ္ပာယ်

Suicide Squad: Harley Quinn ရဲ့ တိုက်ခိုက်ခန်းထဲက ပန်းပွင့်တွေရဲ့ အဓိပ္ပာယ်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဒါရိုက်တာ James Gunn ရိုက်ကူးထားတဲ့ The Suicide Squad ရုပ်ရှင်ထဲမှာလည်း Margot Robbie ဟာ Harley Quinn အနေနဲ့ ပြန်လည်ပါဝင်လာခဲ့ပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ Harley Quinn ဟာ Joker နဲ့ ပတ်သက်ပြီး စိတ်ပိုင်းဖြတ်သွားနိုင်တာကို မြင်တွေ့ရပြီး နောက်ထပ်လည်း Joker လိုလူမျိုးနဲ့ မတွဲတော့ဘူးလို့ သူမကိုယ်သူမ ကတိပေးထားတာကို မြင်တွေ့ရခဲ့ပါတယ်။ ဒီအချက်တွေကြောင့်ပဲ Harley ဇာတ်ကောင်ရဲ့ ပြောင်းလဲမှုတွေကို မြင်တွေ့ခဲ့ရပြီး သူမဟာ အနည်းငယ် ရူးသွပ်နေသေးပေမယ့်လည်း တစ်ယောက်တည်း ရပ်တည်လာနိုင်ပြီး စိတ်ပိုင်းဆိုင်ရာလည်း ပိုမိုသန်မာလာတာ တွေ့ရပါတယ်။

photo via screenrant

Harley ဟာ Corto Maltese စစ်တပ်ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပြီး နောက်ပိုင်းမှာတော့ သူမကို အဲ့ဒီနိုင်ငံရဲ့ သမ္မတဖြစ်သူ Silvio Luna က စိတ်ဝင်စားနေတာကို သိလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ လက်ထပ်ဖို့အထိတောင် တိုင်ပင်နေပြီ ဖြစ်ပေမယ့်လည်း Silvio Luna ဟာ လိုအပ်လာရင် ကလေးတွေကိုတောင် သတ်မယ့်လူမှန်း သိသွားတဲ့အချိန်မှာတော့ Harley ဟာ ချက်ချင်းပဲ သူ့ကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ သူမဟာ ပြန်ဖမ်းဆီးခံခဲ့ရပြီး အခွင့်အရေးရတဲ့ အချိန်မှာတော့ ဖမ်းဆီးထားတဲ့နေရာက လွတ်မြောက်ဖို့ ကြိုးစားပါတော့တယ်။ အဲ့ဒီအချိန်မှာတော့ သူမဟာ အစောင့်တွေနဲ့ တိုက်ခိုက်တာကို မြင်တွေ့ခဲ့ရပြီး အဲ့ဒီဇာတ်ဝင်ခန်းထဲမှာတော့ ပန်းပွင့်တွေ ဖြာထွက်လာတာကို ပြသသွားပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ ထူးခြားတဲ့ Visual တွေကို မြင်တွေ့ခဲ့ရပြီး Harley ရဲ့ ဆိုလိုအက်ရှင် ဇာတ်ဝင်ခန်းထဲမှာလည်း ထူးထူးခြားခြားပဲ ရောင်စုံပန်းပွင့်တွေကို မြင်တွေ့ခဲ့ရပါတယ်။ ဒီဇာတ်ဝင်ခန်းတွေကတော့ Harley ကိုယ်တိုင်က လောကကြီးကို မြင်တွေ့တဲ့ပုံစံကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ သူမရဲ့လုပ်ရပ်ကြောင့် တခြားသူတွေဆီက ထွက်လာတဲ့ သွေးတွေဟာ သူမရဲ့အမြင်မှာတော့ ပန်းပွင့်ဖတ်လေးတွေအဖြစ်ပဲ မြင်တွေ့ရတာကို တင်စားတဲ့အနေနဲ့ ရိုက်ပြထားတာ ဖြစ်ပါတယ်။

photo via screenrant

Harley ရဲ့ လောကကြီးအပေါ်  ရှုမြင်တဲ့အမြင်ကို ပြသသွားခြင်းဟာ ဒီဇာတ်ဝင်ခန်းက ပထမဆုံးအကြိမ် မဟုတ်ဘဲ Birds of Prey ထဲမှာလည်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ထဲမှာတော့ Black Mask ဟာ ဈေးကြီးလွန်းတဲ့ စိန်ရဲ့အကြောင်းကို သိချင်တာကြောင့် Harley ကို နှိပ်စက်ကာ စစ်မေးခဲ့ပါတယ်။

အဲ့ဒီအချိန်မှာပဲ “Diamonds Are A Girl’s Best Friend” ဆိုတဲ့ Marilyn Monroe ရဲ့ သီချင်း MTV ပုံစံအတိုင်း Harley တစ်ယောက် ကနေတာကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းကလည်း Black Mask က Harley ကို နှိပ်စက်ပြီး စစ်မေးနေတာဟာ Harley ရဲ့ အမြင်မှာတော့ ဒီလိုမျိူး ပျော်ပျော်ပါးပါး ကနေသလိုပဲ ဖြစ်တာကြောင့် အဲဒီလို ပုံဖော်ထားတာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ဒါ႐ိုက္တာ James Gunn ႐ိုက္ကူးထားတဲ့ The Suicide Squad ႐ုပ္ရွင္ထဲမွာလည္း Margot Robbie ဟာ Harley Quinn အေနနဲ႔ ျပန္လည္ပါဝင္လာခဲ့ပါတယ္။

ဒီ႐ုပ္ရွင္ထဲမွာေတာ့ Harley Quinn ဟာ Joker နဲ႔ ပတ္သက္ၿပီး စိတ္ပိုင္းျဖတ္သြားႏိုင္တာကို ျမင္ေတြ႕ရၿပီး ေနာက္ထပ္လည္း Joker လိုလူမ်ိဳးနဲ႔ မတြဲေတာ့ဘူးလို႔ သူမကိုယ္သူမ ကတိေပးထားတာကို ျမင္ေတြ႕ရခဲ့ပါတယ္။ ဒီအခ်က္ေတြေၾကာင့္ပဲ Harley ဇာတ္ေကာင္ရဲ႕ ေျပာင္းလဲမႈေတြကို ျမင္ေတြ႕ခဲ့ရၿပီး သူမဟာ အနည္းငယ္ ႐ူးသြပ္ေနေသးေပမယ့္လည္း တစ္ေယာက္တည္း ရပ္တည္လာႏိုင္ၿပီး စိတ္ပိုင္းဆိုင္ရာလည္း ပိုမိုသန္မာလာတာ ေတြ႕ရပါတယ္။

photo via screenrant

Harley ဟာ Corto Maltese စစ္တပ္ရဲ႕ ဖမ္းဆီးတာကို ခံခဲ့ရၿပီး ေနာက္ပိုင္းမွာေတာ့ သူမကို အဲ့ဒီႏိုင္ငံရဲ႕ သမၼတျဖစ္သူ Silvio Luna က စိတ္ဝင္စားေနတာကို သိလိုက္ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ လက္ထပ္ဖို႔အထိေတာင္ တိုင္ပင္ေနၿပီ ျဖစ္ေပမယ့္လည္း Silvio Luna ဟာ လိုအပ္လာရင္ ကေလးေတြကိုေတာင္ သတ္မယ့္လူမွန္း သိသြားတဲ့အခ်ိန္မွာေတာ့ Harley ဟာ ခ်က္ခ်င္းပဲ သူ႔ကို ေသနတ္နဲ႔ ပစ္သတ္ခဲ့ပါတယ္။

ဒါေၾကာင့္ပဲ သူမဟာ ျပန္ဖမ္းဆီးခံခဲ့ရၿပီး အခြင့္အေရးရတဲ့ အခ်ိန္မွာေတာ့ ဖမ္းဆီးထားတဲ့ေနရာက လြတ္ေျမာက္ဖို႔ ႀကိဳးစားပါေတာ့တယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူမဟာ အေစာင့္ေတြနဲ႔ တိုက္ခိုက္တာကို ျမင္ေတြ႕ခဲ့ရၿပီး အဲ့ဒီဇာတ္ဝင္ခန္းထဲမွာေတာ့ ပန္းပြင့္ေတြ ျဖာထြက္လာတာကို ျပသသြားပါတယ္။

ဒီ႐ုပ္ရွင္ထဲမွာေတာ့ ထူးျခားတဲ့ Visual ေတြကို ျမင္ေတြ႕ခဲ့ရၿပီး Harley ရဲ႕ ဆိုလိုအက္ရွင္ ဇာတ္ဝင္ခန္းထဲမွာလည္း ထူးထူးျခားျခားပဲ ေရာင္စုံပန္းပြင့္ေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီဇာတ္ဝင္ခန္းေတြကေတာ့ Harley ကိုယ္တိုင္က ေလာကႀကီးကို ျမင္ေတြ႕တဲ့ပုံစံကို ႐ိုက္ျပထားတာ ျဖစ္ပါတယ္။ သူမရဲ႕လုပ္ရပ္ေၾကာင့္ တျခားသူေတြဆီက ထြက္လာတဲ့ ေသြးေတြဟာ သူမရဲ႕အျမင္မွာေတာ့ ပန္းပြင့္ဖတ္ေလးေတြအျဖစ္ပဲ ျမင္ေတြ႕ရတာကို တင္စားတဲ့အေနနဲ႔ ႐ိုက္ျပထားတာ ျဖစ္ပါတယ္။

photo via screenrant

Harley ရဲ႕ ေလာကႀကီးအေပၚ  ရႈျမင္တဲ့အျမင္ကို ျပသသြားျခင္းဟာ ဒီဇာတ္ဝင္ခန္းက ပထမဆုံးအႀကိမ္ မဟုတ္ဘဲ Birds of Prey ထဲမွာလည္း ပါဝင္ခဲ့ပါတယ္။ အဲ့ဒီ႐ုပ္ရွင္ထဲမွာေတာ့ Black Mask ဟာ ေဈးႀကီးလြန္းတဲ့ စိန္ရဲ႕အေၾကာင္းကို သိခ်င္တာေၾကာင့္ Harley ကို ႏွိပ္စက္ကာ စစ္ေမးခဲ့ပါတယ္။

အဲ့ဒီအခ်ိန္မွာပဲ “Diamonds Are A Girl’s Best Friend” ဆိုတဲ့ Marilyn Monroe ရဲ႕ သီခ်င္း MTV ပုံစံအတိုင္း Harley တစ္ေယာက္ ကေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းကလည္း Black Mask က Harley ကို ႏွိပ္စက္ၿပီး စစ္ေမးေနတာဟာ Harley ရဲ႕ အျမင္မွာေတာ့ ဒီလိုမ်ိဴး ေပ်ာ္ေပ်ာ္ပါးပါး ကေနသလိုပဲ ျဖစ္တာေၾကာင့္ အဲဒီလို ပုံေဖာ္ထားတာ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular