HomeCelebs Update NewsInternational၂၀၂၂ ခုနှစ်အတွင်းမှာ ထိုးဖောက်အောင်မြင်လာတဲ့ သရုပ်ဆောင်များ

၂၀၂၂ ခုနှစ်အတွင်းမှာ ထိုးဖောက်အောင်မြင်လာတဲ့ သရုပ်ဆောင်များ

၂၀၂၂ ခုနှစ်ဟာ ရုပ်ရှင်ကောင်းတွေ၊ ဇာတ်လမ်းတွဲကောင်းတွေ ထွက်ရှိခဲ့တဲ့ ခုနှစ်တစ်ခု ဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာတော့ ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ MCU ၊ DCU ၊ Star Wars ၊ Lord of the Rings ၊ House of Dragon နဲ့ Stranger Things တို့ ထွက်ရှိခဲ့ကြပါတယ်။ ဒီဇာတ်လမ်းတွေထဲမှာတော့ သရုပ်ဆောင်အသစ်တွေလည်း ပါဝင်ခဲ့ကြပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိခဲ့ကြပါတယ်။

Stephanie Hsu

photo via screenrant

၂၀၂၂ ခုနှစ်ရဲ့ ပထမဆုံး ထိုးဖောက်အောင်မြင်လာသူကတော့ Everything Everywhere All At Once ထဲမှာ ပါဝင်ခဲ့တဲ့ Stephanie Hsu ပဲ ဖြစ်ပါတယ်။ သူမကတော့ ဒီရုပ်ရှင်ထဲမှာ‌ Joy Wang အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး သူမရဲ့ ပြီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိခဲ့ပါတယ်။ ဒီရုပ်ရှင် မတိုင်ခင်မှာတော့ သူမဟာ The Marvelous Mrs. Maisel ဇာတ်လမ်းတွဲထဲမှာ ပါဝင်ခဲ့ပြီး စတင်လူသိများလာခဲ့ပါတယ်။ ဒါ့အပြင် ဒါရိုက်တာ David Leith ရဲ့ The Fall Guy ရုပ်ရှင်ထဲမှာလည်း ပါဝင်သွားဦးမှာ ဖြစ်ပါတယ်။

Chukwudi Iwuji

photo via screenrant

Chukwudi ကတော့ Peacemaker ဇာတ်လမ်းတွဲထဲမှာ ပါဝင်အပြီးမှာတော့ နာမည်ရလာတဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ မပါဝင်ခင်တုန်းကတော့ သူဟာ Designated Survivor နဲ့ The Underground Railroad တို့ထဲမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ ယခုအချိန်မှာတော့ MCU ရဲ့ အသစ်ထွက်လာမယ့် Guardians of the Galaxy Vol.3 ထဲမှာလည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

Morfydd Clark

photo via screenrant

The Lord of the Rings: The Rings of Power ဇာတ်လမ်းတွဲထဲမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ Galadriel အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Morfydd Clark ဟာလည်း ၂၀၂၂ ခုနှစ်အတွင်းမှာ အောင်မြင်လာတဲ့ သရုပ်ဆောင်တွေထဲက တစ်ယောက် ဖြစ်ပါတယ်။ သူမဟာ The Lord of the Rings ထဲမှာ Cate Blanchett သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်ကို ပြန်လည်သရုပ်ဆောင်ရတာကြောင့် အတော်လေးတော့ တာဝန်ကြီးခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယခုအချိန်မှာတော့ သူမဟာ ပရိသတ်တွေ အားပေးတဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်နေပါပြီ။

Daisy Edgar-Jones

photo via screenrant

Daisy ကတော့ ၂၀၂၂ ခုနှစ်အတွင်းမှာ အလွန်ကို အောင်မြင်လာတဲ့ မင်းသမီး တစ်ယောက် ဖြစ်လာပါတယ်။ သူမဟာ Fresh ရုပ်ရှင်မှာ စတင်အောင်မြင်လာပြီး Under the Banner of Heaven ဇာတ်လမ်းတွဲထဲမှာလည်း Andrew Garfield နဲ့အတူ သရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ Where the Crawdads Sing ရုပ်ရှင်ကလည်း Box Office မှာ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

Dominique Thorne

photo via screenrant

မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Black Panther: Wakanda Forever ထဲမှာတော့ Dominique ဟာ Ironheart ဖြစ်လာမယ့် Riri Williams နေရာက ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင်မတိုင်မှာတော့ သူမဟာ If Beale Street Could Talk ရုပ်ရှင်နဲ့ Judas and the Black Messiah ရုပ်ရှင်တို့မှာ အရံအနေနဲ့သာ ပါဝင်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ သူမဟာ MCU ရဲ့ Ironheart နေရာကို ရရှိသွားတာကြောင့် ပိုမိုအောင်မြင်လာပြီး သူမရဲ့ကိုယ်ပိုင်ဇာတ်လမ်းတွဲလည်း ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။

Simone Ashley

photo via screenrant

Simone ကတော့ Bridgerton Season 2 မှာ စတင်ပါဝင်လာခဲ့ပြီး ဒီဇာတ်လမ်းတွဲရဲ့ အဓိကကျတဲ့ နေရာက ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် သူမဟာ Sex Education ဇာတ်လမ်းတွဲထဲမှာလည်း Olivia Hanan အနေနဲ့ ပါဝင်ခဲ့ပါသေးတယ်။ Bridgerton Season 3 မှာတော့ သူမကို ပြန်လည်မြင်တွေ့ရဦးမှာ ဖြစ်သလို ရှေ့နှစ်မှာ ထွက်ရှိလာမယ့် The Little Mermaid ရုပ်ရှင်ထဲမှာလည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

Tenoch Huerta

photo via screenrant

Black Panther: Wakanda Forever ထဲမှာ Namor အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Tenoch Huerta ကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်ပြီး Namor ဟာလည်း ဒီရုပ်ရှင်ထဲက လူကြိုက်အများဆုံး ဇာတ်ကောင် တစ်ယောက် ဖြစ်ပါတယ်။ ဒီရုပ်ရှင်မတိုင်ခင်မှာတော့ The Forever Purge နဲ့ Narcos: Mexico တို့မှာ ပါဝင်ခဲ့ဖူးပါသေးတယ်။

Amber Midthunder

photo via screenrant

Amber ကတော့ Legion ဇာတ်လမ်းတွဲထဲမှာ အရံနေရာက ပါဝင်ခဲ့ပေမယ့်လည်း သိပ်ပြီးအာရုံစိုက် မခံခဲ့ရပါဘူး။ ယခုနှစ်အတွင်းမှာ အသစ်ထွက်ခဲ့တဲ့ Prey ရုပ်ရှင်ထဲမှာတော့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Naru အဖြစ် ပါဝင်ပြီးနောက်မှာတော့ အောင်မြင်မှုတွေ ပိုမိုရရှိလာခဲ့ပါတယ်။ သူမဟာ Avatar: The Last Airbender Live Action ဇာတ်လမ်းတွဲထဲမှာလည်း ပါဝင်လာဦးမှာ ဖြစ်သလို Prey ရဲ့ Sequel မှာလည်း ဆက်လက်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

Iman Vellani

photo via screenrant

Ms. Marvel အဖြစ် သရုပ်ဆောင်ထားတဲ့ Iman Vellani ကလည်း အသက်(၂၀)သာ ရှိသေးပေမယ့်လည်း လူသိများတဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်နေပါပြီ။ သူမဟာ MCU ရဲ့ အသစ်ထွက်လာမယ့် The Marvels ရုပ်ရှင်ထဲမှာ ပါဝင်လာဦးမှာ ဖြစ်သလို Ms. Marvel ရဲ့ ဇာတ်လမ်းဟာ အစပဲ ရှိသေးတာကြောင့် အနာဂတ်မှာလည်း MCU ရဲ့ ပရောဂျက်တွေထဲမှာ ပါဝင်လာဦးမယ့် သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။

Joseph Quinn

photo via screenrant

Joseph ကတော့ Stranger Things Season 4 မှာ Eddie Munson အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ အားပေးမှု အမြောက်အများကို ရရှိထားသူ ဖြစ်ပါတယ်။ Eddie ဟာ Season 4 ရဲ့ အဆုံးသတ်မှာ သေဆုံးသွားပေမယ့်လည်း ယခုအချိန်ထိ ပရိသတ်တွေကတော့ သူ့ကို ပြန်လည်မြင်တွေ့နေချင်ကြဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Joseph ကတော့ A Quiet Place ရဲ့ Prequel ရုပ်ရှင်ဖြစ်တဲ့ A Quiet Place: Day One ထဲမှာ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်သွားမယ်လို့ သိရပါတယ်။

Milly Alcock

photo via screenrant

Game of Thrones ရဲ့ Prequel ဖြစ်တဲ့ House of Dragon ဟာလည်း ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်သလို အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ Milly Alcock ကတော့ Rhaenyra ရဲ့ ငယ်ဘဝအနေနဲ့ သရုပ်ဆောင်ခဲ့ပြီး Timeskip ကြောင့် Rhaenyra ဇာတ်ကောင်ကို သရုပ်ဆောင်ပြောင်းလဲတော့မယ် ဆိုတဲ့အချိန်မှာ ပရိသတ်တွေ လက်မခံနိုင်ဘူးလို့ ပြောကြတဲ့အထိ အောင်မြင်မှုတွေ ရရှိထားတဲ့ သရုပ်ဆောင်ပဲ ဖြစ်ပါတယ်။

Mia Goth

photo via screenrant

Mia ကတော့ စတူဒီယို A24 ရဲ့ Horror ရုပ်ရှင်ဖြစ်တဲ့ X မှာ စတင်နာမည်ကြီးလာခဲ့ပြီး သူမရဲ့ ပြီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေများစွာရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ X ရဲ့ Prequel ဖြစ်တဲ့ Pearl ထဲမှာလည်း ထပ်မံပါဝင်ခဲ့ပြီး X ရဲ့ Sequel ဖြစ်တဲ့ MaXXXine ရုပ်ရှင်ထဲမှာလည်း ထပ်မံမြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

Emma D’Arcy

photo via screenrant

Rhaenyra ဇာတ်ကောင်ကို သရုပ်ဆောင် ပြောင်းတော့မယ့် အချိန်မှာ ပရိသတ်တွေက မကျေမနပ်ဖြစ်ခဲ့ကြပေမယ့်လည်း တကယ်သရုပ်ဆောင် ပြောင်းလဲသွားတဲ့ အချိန်မှာတော့ Emma D’Arcy ဟာ ပရိသတ်တွေကို သရုပ်ဆောင်ပြောင်းလဲထားတယ် ဆိုတဲ့ အချက်ကိုတောင် မေ့နေအောင် သရုပ်ဆောင်ပြနိုင်ခဲ့ပါတယ်။ သူမဟာ House of Dragon ရဲ့ နောက်ပိုင်း Season တွေအများစုမှာ ဆက်လက်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

Austin Butler

photo via screenrant

Austin ကတော့ Elvis ရုပ်ရှင်ထဲမှာ Elvis Presley အနေနဲ့ သရုပ်ဆောင်ခဲ့ပြီး သူ့ရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေဟာ ပရိသတ်တွေ မျှော်လင့်ထားတဲ့ ထပ်တူကျခဲ့ပါတယ်။ ဒါကြောင့်လည်း သူဟာ ဒီဇာတ်ကောင်အတွက် အော်စကာဆု စာရင်းတင်စာရင်းတောင် ဝင်ခဲ့ပါသေးတယ်။ Austin ကိုတော့ အသစ်ထွက်လာမယ့် Dune: Part Two ထဲမှာ Feyd-Rautha အနေနဲ့ မြင်တွေ့ရဦးမှာပါ။

Jenna Ortega

photo via screenrant

Jenna Ortega ကတော့ Netflix ရဲ့ Wednesday ဇာတ်လမ်းတွဲထဲမှာ ပါဝင်ပြီးနောက်မှာတော့ တစ်ကမ္ဘာလုံးက သဘောကျတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူမဟာ ဒီဇာတ်လမ်းတွဲ မတိုင်ခင်မှာလည်း The Fallout ၊ X ၊ Scream ၊ Studio 666 နဲ့ American Carnage တို့မှာ ပါဝင်ခဲ့ပြီး Horror ပရိသတ်တွေကို သတိထားမိစေတဲ့ သရုပ်ဆောင်မှုမျိူးတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular