HomeEntertainmentFilmMCU ထဲမှာ Sersi ပြန်လည်ပါဝင်လာဦးမယ်လို့ အတည်ပြုလိုက်တဲ့ Gemma Chan

MCU ထဲမှာ Sersi ပြန်လည်ပါဝင်လာဦးမယ်လို့ အတည်ပြုလိုက်တဲ့ Gemma Chan

Gemma Chan ကတော့ Eternals ရုပ်ရှင်ထဲမှာ‌ Sersi နေရာက ပါဝင်သရုပ်ဆောင်ထားသူ ဖြစ်ပြီး အခုဆိုရင်တော့ သူမဟာ ဒီဇာတ်ကောင်အနေနဲ့ နောက်ထပ် MCU ပရောဂျက်တွေမှာ ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။

Gemma Chan ဟာ မူလကတော့ Captain Marvel ရုပ်ရှင်ထဲမှာ Minn-Erva အနေနဲ့လည်း ပါဝင်ခဲ့ဖူးပါတယ်။ Captain Marvel ရုပ်ရှင်ဟာလည်း အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် Gemma Chan ရဲ့ Minn-Erva ဇာတ်ကောင်ကိုတော့ လူတွေ သိပ်ပြီးသတိမထားမိခဲ့ကြပါဘူး။ မကြာခင်ကပဲ ရုံတင်ပြသခဲ့တဲ့ Eternals ရုပ်ရှင်ထဲမှာတော့ သူမဟာ အဓိကဇာတ်ကောင် ဖြစ်တဲ့ Sersi နဲ့ ပိုမိုလိုက်ဖက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

photo via screenrant

Eternals ရုပ်ရှင်ဟာ Marvel က မျှော်လင့်ထားသလောက် အောင်မြင်မှုတွေ မရရှိခဲ့ဘဲ Rotten Tomatoes မှာလည်း  Rating အနည်းဆုံး MCU ရုပ်ရှင်လည်း ဖြစ်ခဲ့ရပါတယ်။ ဒီရုပ်ရှင်ကတော့ Box Office မှာလည်း ဝင်ငွေ ဒေါ်လာသန်း (၄၀၀)ကျော် ရရှိထားပြီး တခြား MCU ရုပ်ရှင်တွေနဲ့ ယှဉ်လိုက်ရင် နည်းတယ်လို့ ပြောလို့ရပါတယ်။ Eternals ရုပ်ရှင်ဟာ အခုလိုအချက်တွေနဲ့ ကြုံတွေ့နေရပေမယ့်လည်း အနာဂတ် MCU ပရောဂျက်တွေအတွက် Set up ပြုလုပ်သွားတာတွေလည်း ပါဝင်နေပါတယ်။

W Magazine နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ Sersi ကို MCU ရဲ့ အနာဂတ် ပရောဂျက်တွေမှာ ထပ်မံမြင်တွေ့ရဦးမယ်လို့ Gemma Chan က အတည်ပြုပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမဟာ ဘယ်ပရောဂျက်မှာ ပါဝင်လာမယ် ဆိုတာကိုတော့ မပြောပြခဲ့ပါဘူး။ ဒါ့အပြင် ဒီရုပ်ရှင်ရဲ့ အဆုံးမှာလည်း “The Eternals Will Return” လို့ စာတန်းထိုးသွားတာကြောင့် ဒီရုပ်ရှင်ရဲ့ တိုက်ရိုက် Sequel ကိုလည်း မြင်တွေ့ရနိုင်ချေ ရှိပါသေးတယ်။

photo via screenrant

ဇာတ်ညွှန်းရေးသားသူ Kaz Firpo ကလည်း Eternals Sequel ထဲမှာ Thanos ပါဝင်လာနိုင်တယ်လို့ ပြောထားပါသေးတယ်။ Thanos ကတော့ Infinity Saga ရဲ့ အဓိကဗီလိန်တစ်ယောက် ဖြစ်ပြီး အောင်မြင်မှုတွေများစွာ ရရှိထားတဲ့ ဇာတ်ကောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Eternals Sequel ထဲမှာ Thanos သာ ပါဝင်လာမယ်ဆိုရင် Eternals ရုပ်ရှင်ကို စိတ်ဝင်စားစရာ မကောင်းဘူးလို့ ယူဆကြတဲ့ ပရိသတ်တွေလည်း ဒီ Sequel ကို စိတ်ဝင်စားလာနိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular