HomeEntertainmentFilm၂၀၂၂ ခုနှစ် Comic-Con ပွဲမှာ ထွက်ရှိလာနိုင်တဲ့ ရုပ်ရှင်ထွေလာများ

၂၀၂၂ ခုနှစ် Comic-Con ပွဲမှာ ထွက်ရှိလာနိုင်တဲ့ ရုပ်ရှင်ထွေလာများ

ကိုဗစ်ရောဂါဟာ တစ်ကမ္ဘာလုံးကို ကူးစက်ခဲ့ပြီး လူသားတွေအတွက် အခက်အခဲတွေများစွာ ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့်ပဲ ဟောလိဝုဒ်ဟာလည်း တခြားနယ်ပယ်တွေလိုပဲ နှောင့်နှေးမှုတွေ ဖြစ်ခဲ့ပြီး နှစ်စဉ် ရုပ်ရှင်ထွေလာအသစ်တွေနဲ့ သတင်းတွေ ကြေညာနေကျ ပွဲတစ်ခုဖြစ်တဲ့ Comic-Con ပွဲကတော့ (၂)နှစ်ကြာ မလုပ်ဖြစ်ခဲ့ပါဘူး။ ယခုအချိန်မှာတော့ ကိုဗစ်ရောဂါကနေ ပြန်လည် နာလန်ထူလာနိုင်တာကြောင့် လာမယ့် (၂၁)ရက်နေ့ကနေ (၂၄)ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ၂၀၂၂ ခုနှစ် Comic-Con ပွဲမှာ နာမည်ကြီးစတူဒီယိုတွေက ဘယ်ရုပ်ရှင်တွေရဲ့ ထွေလာတွေကို ပြသသွားနိုင်မလည်းဆိုတာ ဖော်ပြပေးချင်ပါတယ်။

Marvel စတူဒီယို

photo via screenrant

Thor: Love and Thunder ထွက်ရှိပြီး နောက်မှာတော့ Marvel စတူဒီယိုဟာ Black Panther: Wakanda Forever ကို ဆက်လက် ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Black Panther 2 အတွက် ရိုက်ကူးရေးကလည်း ပြီးဆုံးသွားပြီ ဖြစ်သလို အချို့အချက်တွေကလည်း ပေါက်ကြားလာတာမျိူးတွေ ရှိပါတယ်။ ဒါကြောင့်ပဲ ဒီပွဲမှာတော့ Marvel စတူဒီယိုဟာ Black Panther 2 အတွက် Teaser သို့မဟုတ် ထွေလာ ထွက်ရှိလာမယ်လို့ ယူဆရပါတယ်။

Ant-Man and the Wasp: Quantumania ဟာလည်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ရိုက်ကူးရေး ပြီးဆုံးသွားတာကြောင့် ဒီရုပ်ရှင်အတွက် ထွေလာ သို့မဟုတ် Teaser ကတော့ သေချာပေါက် ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒါရိုက်တာ James Gunn ကလည်း Guardians of the Galaxy Vol.3 နဲ့ Holiday Special တို့ကို ရိုက်ကူးပြီးစီးသွားပြီ ဖြစ်တာကြောင့် Footage ပုံစံတစ်မျိူးမျိူးကိုတော့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Captain Marvel ရဲ့ Sequel ဖြစ်တဲ့ The Marvels ရုပ်ရှင်၊ She-Hulk ဇာတ်လမ်းတွဲနဲ့ Secret Invasion ဇာတ်လမ်းတွဲတို့ရဲ့ ထွေလာတွေလည်း ထွက်ရှိလာနိုင်ပါသေးတယ်။ Marvel ရဲ့ Animation တွေထဲမှာတော့ I Am Groot ၊ Moon Girl ၊ Devil Dinosaur ၊ Spider-Man: Freshman Year ၊ X-Men ’97 ၊ What If…? Season 2 နဲ့ Marvel Zombies တို့ဟာလည်း Footage တစ်မျိူးမျိူး ထွက်ရှိလာနိုင်ပါတယ်။

Warner Bros. စတူဒီယို

photo via screenrant

Warner Bros. စတူဒီယိုဟာ Comic-Con ပွဲတွေမှာ ပရိသတ်တွေအတွက် သတင်းတွေများစွာ ကြေညာလေ့ရှိပြီး ယခုနှစ်မှာလည်း အလားတူပဲ ပြုလုပ်သွားလောက်ပါတယ်။ Dwayne Johnson ပါဝင်သရုပ်ဆောင်ထားတဲ့ Black Adam ရုပ်ရှင်ကတော့ သေချာပေါက် ထွေလာ ထွက်ရှိလာနိုင်ပြီး Shazam! Fury of the Gods ရုပ်ရှင်အတွက်လည်း ထွေလာ သို့မဟုတ် Teaser ထွက်ရှိလာနိုင်ပါတယ်။

The Flash ရုပ်ရှင်နဲ့ Aquaman and the Lost Kingdom တို့အတွက်တော့ တစ်ခုခု ကြေညာသွားမယ်လို့ ပရိသတ်တွေက မျှော်လင့်မထားပေမယ့်လည်း ထွက်မလာဘူးလို့တော့ မပြောနိုင်ပါဘူး။ Batgirl နဲ့ Blue Beetle တို့နဲ့ ပတ်သက်တဲ့ Footage တစ်ခုခုလည်း ထွက်လာနိုင်ပေမယ့် သေတော့မသေချာပါဘူး။

Prime Video

photo via screenrant

စာရေးဆရာ J.R.R. Tolkien ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ The Hobbit နဲ့ The Lord of the Rings တို့ရဲ့ Universe ထဲမှာ ပါဝင်နေတဲ့ The Rings of Power ဇာတ်လမ်းတွဲကိုတော့ Prime Video က ဆက်လက် ဖန်တီးနေပါတယ်။ ဒါကြောင့်ပဲ အနည်းဆုံးတော့ ဒီဇာတ်လမ်းတွဲရဲ့ ထွေလာကိုတော့ မြင်တွေ့ရမယ်လို့ မျှော်လင့်ရပါတယ်။ Comic-Con ပွဲဟာ အံ့ဩစရာတွေ ပြည့်နှက်နေတာကြောင့် Prime Video ဟာ ဒီဇာတ်လမ်းတွဲရဲ့ ပထမဆုံးအပိုင်းထဲက (၁၅)မိနစ်စာလောက် သို့မဟုတ် ပထမတစ်ပိုင်းလုံးကိုလည်း ပြသသွားနိုင်ပါသေးတယ်။

Paramount စတူဒီယို

photo via screenrant

ဒီစတူဒီယိုကတော့ နာမည်ကြီး RPG ဂိမ်းတစ်ခု ဖြစ်တဲ့ Dungeons & Dragons ဂိမ်းကို Dungeons & Dragons: Honor Among Thieves အမည်နဲ့ ရုပ်ရှင်အဖြစ် ဖန်တီးနေပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Chris Pine ၊ Sophia Lillis ၊ Michelle Rodriguez ၊ Rege-Jean Page ၊ Justice Smith နဲ့ Hugh Grant တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ရိုက်ကူးရေးပြီးဆုံးသွားပြီ ဖြစ်တာကြောင့် ဒီပွဲမှာတော့ သေချာပေါက်နီးပါး ထွေလာကို မြင်တွေ့ရနိုင်ပါတယ်။

ဒါ့အပြင် ဒီစတူဒီယိုဟာ Teen Wolf ဇာတ်လမ်းတွဲရဲ့ ရုပ်ရှင်ဖြစ်တဲ့ Teen Wolf: The Movie ကိုလည်း ဖန်တီးနေပါသေးတယ်။ ဒီရုပ်ရှင်ဟာလည်း Teen Wolf ပရိသတ်တွေ စောင့်မျှော်နေကြတာ ဖြစ်တာကြောင့် ဒီရုပ်ရှင်ရဲ့ Footage တစ်မျိူးမျိူးကိုလည်း မြင်တွေ့ရနိုင်ပါတယ်။

Disney စတူဒီယို

photo via screenrant

Disney ကတော့ Nicholas Cage သရုပ်ဆောင်ခဲ့တဲ့ National Treasure ရုပ်ရှင်ရဲ့ အဆက်ဖြစ်တဲ့ National Treasure: Edge of History ဇာတ်လမ်းတွဲကို ဖန်တီးနေပါတယ်။ ပရိသတ်တွေကတော့ ဒီဇာတ်လမ်းတွဲအတွက် ပထမဆုံး ထွေလာ သို့မဟုတ် ရိုက်ကွင်းနောက်ကွယ်က Footage တွေကို မြင်တွေ့ရနိုင်ပါတယ်။ ဒါ့အပြင် Disney ဟာ The Simpsons ၊ Family Guy ၊ Archer နဲ့ What We Do in the Shadows တို့နဲ့ ပတ်သက်တဲ့ သတင်းတွေကိုလည်း ကြေညာသွားနိုင်ပါတယ်။

HBO စတူဒီယို

photo via screenrant

Game of Thrones ဇာတ်လမ်းတွဲရဲ့ Prequel ဇာတ်လမ်းတွဲဖြစ်တဲ့ House of Dragon ကတော့ မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ Game of Thrones ဇာတ်လမ်းတွဲကတော့ HBO ရဲ့ အအောင်မြင်ဆုံး ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပြီး မကြာခင်မှာတော့ House of Dragon ဟာလည်း အလားတူပဲ ဖြစ်လာနိုင်ပါတယ်။ House of Dragon ဇာတ်လမ်းတွဲကတော့ ဒီပွဲထဲမှာ ထွေလာ မြင်တွေ့ရဖို့ သေချာသလောက် ရှိပါတယ်။ ဒါ့အပြင် Game of Thrones ဇာတ်လမ်းတွဲရဲ့ တခြား Spin-Off တွေနဲ့ ပတ်သက်တဲ့ သတင်းတွေကိုလည်း ကြေညာသွားနိုင်ပါတယ်။

AMC စတူဒီယို

photo via screenrant

AMC စတူဒီယိုကတော့ Comic-Con ပွဲတွေမှာ Walking Dead နဲ့ ပတ်သက်တဲ့ သတင်းတွေနဲ့ ထွေလာတွေကို ပြသလေ့ရှိတာကြောင့် ယခုတစ်ခေါက်မှာလည်း အလားတူပဲ မြင်တွေ့ရနိုင်ပါတယ်။ အဓိကဇာတ်လမ်းတွဲဖြစ်တဲ့ The Walking Dead ဇာတ်လမ်းတွဲကတော့ ဇာတ်သိမ်းတော့မှာ ဖြစ်တာကြောင့် အဆုံးသတ်ကို ဖန်တီးထားတဲ့ အပိုင်းတွေအတွက် ထွေလာကို မြင်တွေ့ရနိုင်ပါတယ်။ ဒါ့အပြင် Tales of the Walking Dead ဇာတ်လမ်းတွဲအသစ်ရဲ့ ပထမဆုံးထွေလာကိုလည်း မြင်တွေ့ရနိုင်ပြီး Interview With the Vampire ဇာတ်လမ်းတွဲရဲ့ ထွေလာကိုလည်း မြင်တွေ့ရနိုင်ပါသေးတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular