HomeCelebs Update NewsInternational2022 Met Gala ပွဲကြီးကို တက်ရောက်လာကြတဲ့ စတားတို့ရဲ့ဖက်ရှင်များ

2022 Met Gala ပွဲကြီးကို တက်ရောက်လာကြတဲ့ စတားတို့ရဲ့ဖက်ရှင်များ

၂၀၂၂ ခုနှစ်ရဲ့ Met Gala ပွဲကြီးကိုတော့ မေလ(၂)ရက်နေ့ ညနေခင်းမှာ နယူးယော့ခ်မြို့မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ယခုနှစ်ရဲ့ theme ကတော့ Gilded Glamour ဖြစ်ပြီး Blake Lively ၊ Ryan Reynolds ၊ Regina King နဲ့ Lin-Manuel Miranda တို့က co-chair အဖြစ် ပါဝင် ဆောင်ရွက်ပေးခဲ့ကြပါတယ်။

ဒီပွဲကြီးကိုတော့ ဖိတ်ကြားထားတဲ့ အထူးဧည့်သည်တော်တွေနဲ့ ဖက်ရှင် icon တွေက တက်ရောက်ခဲ့ကြပြီး Met Gala ရဲ့ ကော်ဇောနီထက်မှာတော့ အမည်းရောင်ဇာတွေ၊ metallic အရောင်တလက်လက်တွေ၊ ငှက်မွေးဒီဇိုင်းတွေနဲ့ စွဲမက်လောက်စရာ အရောင်အသွေးမျိုးစုံကို ပန်းခင်းကြီးထဲ ရောက်သလို တွေ့မြင်လိုက်ရပါတယ်။

ယခုနှစ်ရဲ့ Met Gala မှာတော့ ဖက်ရှင်လောကမှာ လူတွေ တခုပ်တရ စောင့်ကြည့်ရတဲ့ Lady Gaga ၊ Rihanna နဲ့ Zendaya တို့ကတော့ တက်ရောက်ခြင်း မရှိကြပါဘူး။ သို့သော်လည်း Met Gala ရဲ့ ကော်ဇောနီ လျှောက်လမ်းကြီးကတော့ အခြားသော ဖက်ရှင်စတားတွေ ဖြစ်ကြတဲ့ Gigi Hadid ၊ Kylie Jenner ၊ Blake Lively အစရှိသူတို့ရဲ့ စုံလင်တောက်ပတဲ့ ဖက်ရှင်တွေနဲ့ လှပလို့နေပါတယ်။

Blake Lively နဲ့ Ryan Reynolds

Photo Credit: Getty Images

Blake Lively ကတော့ ခင်ပွန်းသည် Ryan Reynolds နဲ့အတူ ကော်ဇောနီပေါ်ကို စောစီးစွာ ရောက်ရှိလာသူ ဖြစ်ပါတယ်။ Lively ကတော့ ကြေးနီရောင် train အရှည်ကြီးနဲ့ ဂါဝန်ကို ဝတ်ဆင်လာတာ တွေ့ရပါတယ်။ သို့သော်လည်း ကော်ဇောနီ လျှောက်လမ်းကြီးရဲ့ လှေကားထစ်တွေပေါ် တက်လှမ်းတဲ့အခါမှာတော့ သူမဝတ်စုံရဲ့ ဒုတိယ‌မြောက် cape ကို လှစ်ဟပြခဲ့ပါသေးတယ်။ ကြေးနီရောင် train အရှည်ကြီးရဲ့အောက်မှာတော့ တလက်လက် တောက်ပနေတဲ့ အပြာနုရောင် train ရှည်ကြီးကို မြင်လိုက်ရပါတယ်။

Photo Credit: Getty Images

သူမရဲ့ ဝတ်စုံကိုတော့ Versace က ဖန်တီးပေးထားတာ ဖြစ်ပြီး သူမ ဆင်မြန်းလာတဲ့ သရဖူကတော့ Lorraine Schwartz က ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ Lively ရဲ့ ဒီ look ကတော့ Liberty ရုပ်တုကို ကိုးကား ဆင်မြန်းထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ သရဖူမှာတော့ ဆူးချွန်(၇)ခု ပါရှိပြီး ကမ္ဘာပေါ်က တိုက်ကြီး(၇)တိုက်ကို ကိုယ်စားပြုကာ လူသားအားလုံး သာတူညီမျှ အခွင့်အရေး ရရှိရေးနဲ့ လွတ်လပ်မှုတို့ကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။

Gemma Chan

Photo Credit: Getty Images

Nicki Minaj

Photo Credit: Getty Images

Kylie Jenner

Photo Credit: Getty Images

Kylie Jenner ကတော့ တကိုယ်လုံး စွတ်စွတ်ဖြူတဲ့ အဖြူရောင်ဖက်ရှင်ကို ရွေးချယ်လာပြီး ဘေ့စ်ဘော ကပ်ဦးထုပ်နဲ့ အဖြူရောင် veil ကို ဆင်မြန်းထားတဲ့ သတို့သမီးဖက်ရှင်နဲ့ တွေ့ရပါတယ်။ သူမရဲ့ဝတ်စုံကတော့ Off-White က ဖြစ်ပါတယ်။

Kendall Jenner

Photo Credit: Getty Images

Kendall Jenner ကတော့ ညီမဖြစ်သူ Kylie နဲ့ ဆန့်ကျင်ဘက် အမည်းရောင်ကို ဝတ်ဆင်လာပါတယ်။ ဒီဝတ်စုံကတော့ Prada က ဖန်တီးပေးထားတာ ဖြစ်ပြီး သူမရဲ့ look ကို ပြည့်စုံသွားအောင် မျက်ခုံးမွေးတွေကို အရောင်ချွတ်လာတာ တွေ့ရပါတယ်။

Kim Kardashian နဲ့ Pete Davidson

Photo Credit: Getty Images

အမိုက်စား ဝတ်ဆင်လာသူတွေဟာ လူတွေအားလုံးရဲ့ အာရုံစိုက်မှုကို ရရှိဖို့ နောက်ဆုံးမှ ပွဲခင်းထဲကို ဝင်လာလေ့ ရှိပါတယ်။ အခုလည်း Kim Kardashian ဟာ သမိုင်းထဲက အခိုက်အတန့်တစ်ခုကို ထင်ဟပ်စေမယ့် ဝတ်စုံကို ဆင်မြန်းလာခဲ့ပါတယ်။ အဲဒါကတော့ Kim ဟာ ၁၉၆၂ ခုနှစ်က အမေရိကန်သမ္မတ John F. Kennedy ရဲ့ မွေးနေ့ပွဲမှာ “Happy Birthday” သီချင်းနဲ့ ဖျော်ဖြေပေးခဲ့တဲ့ Marilyn Monroe ရဲ့ ဝတ်စုံကို ဝတ်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Getty Images

Vogue မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ Kim ဟာ Monroe ရဲ့ တကယ့်ဝတ်စုံအစစ်ကို ဝတ်ဆင်လာခဲ့တာ ဖြစ်ပြီး ပွဲထဲဝင်ရောက်ပြီး ခဏအကြာမှာတော့ တပုံစံတည်းတူတဲ့ အတုနဲ့ ပြန်လဲဝတ်လိုက်တယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ သမိုင်းဝင် ဝတ်စုံကို ပျက်စီးသွားမှာ စိုးတာကြောင့်လို့ ဆိုပါတယ်။ Kim ဟာ ဒီဝတ်စုံကို တော်ဖို့အတွက် သုံးပတ်အတွင်း (၁၆)ပေါင်ခန့် ဝိတ်ချခဲ့ရတယ်လို့လည်း ဆိုပါတယ်။ သူမနဲ့အတူ စုံတွဲအဖြစ် ပွဲတက်လာတာကတော့ လက်ရှိချစ်သူ ဖြစ်တဲ့ သရုပ်ဆောင်၊ ဟာသပညာရှင် Pete Davidson ပဲ ဖြစ်ပါတယ်။

Gigi Hadid

Photo Credit: Getty Images

Gigi ကတော့ နယူးယော့ခ်ရဲ့ အေးချမ်းတဲ့ ရာသီဥတုနဲ့လည်း ကိုက်ညီပြီး high fashion လည်း ဖြစ်တဲ့ ဝတ်စုံကို ဆင်မြန်းလာခဲ့ပါတယ်။ အနီဆွေးဆွေးအရောင်ကို monochromatic look အဖြစ် ဝတ်ဆင်လာခဲ့ပြီး ဒီဝတ်စုံကတော့ Versace က ဖြစ်ပါတယ်။

Megan Thee Stallion

Photo Credit: Getty Images

Bella Hadid

Photo Credit: Getty Images

Katy Perry

Photo Credit: Getty Images

Olivia Rodrigo

Photo Credit: Getty Images

Cara Delevingne

Photo Credit: Getty Images

Cardi B

Photo Credit: Getty Images

Tessa Thompson

Photo Credit: Getty Images

Billie Eilish

Photo Credit: Getty Images

Lizzo

Photo Credit: Getty Images
Glasgow
RELATED ARTICLES

Most Popular