HomeEntertainmentFilmစက်တင်ဘာ(၆)ရက်နေ့မှာ ကြည့်ရှုရတော့မယ့် I Am Groot Season 2

စက်တင်ဘာ(၆)ရက်နေ့မှာ ကြည့်ရှုရတော့မယ့် I Am Groot Season 2

MCU ကတော့ ပရိသတ်တွေကို Surprise တိုက်လိုက်ပါပြီ။ မကြာသေးခင်ကပဲ Loki Season 2 ရဲ့ထွေလာနဲ့ အောက်တိုဘာလမှာ ထွက်ရှိလာမယ့်အကြောင်း ကြေညာခဲ့ပါတယ်။ အခုလည်း လုံးဝသတင်းပေါက်ကြားခြင်း မရှိဘဲ ရှေ့လထဲမှာ I Am Groot Season 2 ထွက်လာမယ်လို့ ကြေညာလိုက်ပြီး ထွေလာအသစ်ကို ထုတ်ပေးခဲ့ပါတယ်။ I Am Groot Season 2 ကတော့ သစ်ပင်များနေ့ဖြစ်တဲ့ စက်တင်ဘာလ (၆)ရက်နေ့မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

photo credit Marvel Studios

ထုံးစံအတိုင်းပဲ Groot နေရာမှာတော့ Vin Diesel ကပဲ အသံသရုပ်ဆောင်ထားပြီး Season 1 တုန်းကလို အပိုင်းတိုလေး (၅)ပိုင်း ပါဝင်လာမှာ ဖြစ်ပါတယ်။ Season 1 မှာ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာလုပ်ခဲ့တဲ့ Kirsten Lepore ကပဲ ဒီ Season ကို ဖန်တီးထားတာ ဖြစ်ပါတယ်။ အသစ်ထွက်ထားတဲ့ ထွေလာကိုတော့ အောက်မှာကြည့်ရှုနိုင်ပါတယ်။

I Am Groot ဇာတ်လမ်းတွဲကတော့ Groot ရဲ့ စိတ်ဝင်စားစရာ စွန့်စားခန်းတွေနဲ့ အလွဲတွေကို ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အပိုင်းတစ်ပိုင်းကို ငါးမိနစ်ဝန်းကျင်ပဲ ရှိတာကြောင့် သိပ်ပြီးလည်း အချိန်ပေးစရာမလိုပါဘူး။ အင်တာနက်ရဲ့ အချစ်တော်တစ်ယောက် Groot ကတော့ Season 2 မှာရော ပရိသတ်တွေရဲ့ အချစ်တွေကို ဘယ်လိုသိမ်းယူသွားဦးမလည်းဆိုတာ စောင့်ကြည့်ရမှာပါပဲ။

Legos

Source: Marvel Studios

RELATED ARTICLES

Most Popular