HomeEntertainmentFilm၂၀၂၂ ခုနှစ်ရဲ့ ပြန်လည်ကြည့်ရှုမှု အများဆုံးဖြစ်လာတဲ့ The Batman ရုပ်ရှင်

၂၀၂၂ ခုနှစ်ရဲ့ ပြန်လည်ကြည့်ရှုမှု အများဆုံးဖြစ်လာတဲ့ The Batman ရုပ်ရှင်

ဒါရိုက်တာ Matt Reeves ရိုက်ကူးထားပြီး သရုပ်ဆောင် Robert Pattinson သရုပ်ဆောင်ထားတဲ့ The Batman ရုပ်ရှင်ကတော့ ၂၀၂၂ ခုနှစ်ရဲ့ ပြန်လည်ကြည့်ရှုမှု အများဆုံးရုပ်ရှင် ဖြစ်တယ်လို့ Letterboxd က ဖော်ပြထားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Bruce Wayne ရဲ့ Batman ဖြစ်ခါစအချိန်ကို မြင်တွေ့ရမှာ ဖြစ်ပြီး Riddler နဲ့ ပထမဆုံးအကြိမ် ရင်ဆိုင်ရတာကို ကောမစ်ဇာတ်လမ်းတွေထက် စုံထောက်ဇာတ်လမ်းဆန်ဆန် ပုံဖော်ထားတာ ဖြစ်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ရဲ့ အဓိကဗီလိန်ကတော့ Riddler ဖြစ်ပေမယ့်လည်း Penguin ကိုလည်း ဒုတိယဗီလိန်အနေနဲ့ မြင်တွေ့ခဲ့ရပါသေးတယ်။ ဒါ့အပြင် Penguin ရဲ့ Spin-Off ဇာတ်လမ်းတွဲလည်း ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲက အဖျက်ခံလိုက်ရတဲ့ Credit Scene တစ်ခုမှာလည်း Batman ဟာ Joker နဲ့ စကားပြောနေတာကို တွေ့ခဲ့ရပါသေးတယ်။ ဒါကြောင့်ပဲ အသစ်ထွက်ရှိလာမယ့် Batman 2 ထဲမှာတော့ ပိုမိုစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတွေကို မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

Letterboxd ကတော့ ဆိုရှယ်မီဒီယာ ဆားဗစ်တစ်ခုဖြစ်ပြီး ဒီ Platform ကို အသုံးပြုနေတဲ့ User ပေါင်းသန်းနဲ့ချီ ရှိနေပါတယ်။ မကြာသေးခင်ကပဲ The Batman ရုပ်ရှင်ဟာ “Most Obsessively Rewatched Film” ဖြစ်တယ်လို့ Letterboxd က ဖော်ပြထားပါတယ်။ ဒါကြောင့်ပဲ The Batman ရုပ်ရှင်ဟာ ဒီစာရင်းမှာ အခြားနာမည်ကြီးရုပ်ရှင်တွေ ဖြစ်တဲ့ Top Gun: Maverick ၊ Everything Everywhere All at Once နဲ့ Spider-Man: No Way Home တို့ကိုတောင် ကျော်တက်သွားတာ ဖြစ်ပါတယ်။

photo via screenrant

ပရိသတ်တွေကလည်း ဒါရိုက်တာ Matt Reeves ဖန်တီးထားတဲ့ Gotham မြို့ကြီးနဲ့ Batman ကို သဘောကျနေကြပြီး အချို့ဆိုရင် ဒါရိုက်တာ Matt Reeves ဖန်တီးထားတဲ့ Gotham မြို့ကြီးဟာ ထွက်ရှိခဲ့ဖူးသမျှ Batman ရုပ်ရှင်တိုင်းထက် ကောမစ်နဲ့အနီးစပ်ဆုံး ဖြစ်တယ်လို့တောင် ပြောနေကြပါတယ်။ ဒါကြောင့်ပဲ ပရိသတ်တွေဟာ ဒါရိုက်တာ Matt Reeves ရဲ့ Batman 2 ကို စောင့်မျှော်နေကြပေမယ့် လောလောဆယ်မှာတော့ ဘယ်အချိန်မှာ ထွက်ရှိလာမယ် ဆိုတာ သေချာမသိရသေးပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular