HomeCharacterLoki ဇာတ်လမ်းတွဲထဲမှာ မြင်တွေ့ခဲ့ရတဲ့ Throg ရဲ့ ကောမစ်ထဲက Origin

Loki ဇာတ်လမ်းတွဲထဲမှာ မြင်တွေ့ခဲ့ရတဲ့ Throg ရဲ့ ကောမစ်ထဲက Origin

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Thor Odinson ကတော့ Marvel ကောမစ်ထဲမှာရော၊ MCU ထဲမှာပါ စွမ်းအားအကြီးဆုံး ဇာတ်ကောင်တွေထဲမှာ ပါဝင်နေပါတယ်။ ဒါပေမယ့်လည်း Thor အဖြစ် ခံယူခဲ့ကြသူတွေဟာ Odinson တစ်ယောက်တည်း ရှိတာမဟုတ်ဘဲ Jane Foster နဲ့ Throg တို့လို ဇာတ်ကောင်တွေလည်း ရှိပါသေးတယ်။

အခုဖော်ပြသွားမယ့် Throg ကတော့ Loki ဇာတ်လမ်းတွဲထဲမှာ ပထမဆုံး မြင်တွေ့ခဲ့ရပေမယ့် ကောမစ်ထဲမှာတော့ ကျဉ်လည်နေတာ ကြာပြီ ဖြစ်ပါတယ်။ ဒါ့အပြင် Throg ဟာ Thor ရဲ့ အစွမ်းတွေကို ရရှိလာတာဟာ Asgard နဲ့ သိပ်ပြီးသက်ဆိုင်မှုမရှိဘဲ မှော်ပညာကြောင့် ဖြစ်လာတာပါ။

photo via screenrant

Throg ဟာ ဖား မဖြစ်ခင်တုန်းကတော့ Simon Walterson လို့ခေါ်တဲ့ သာမန်လူသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့နာမည်ကိုတော့ Thor ကောမစ်တွေကို ဖန်တီးခဲ့တဲ့ Walter Simonson ကို အစွဲပြုပြီး ပေးထားတာ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Simon ဟာ သူ့ရဲ့ဇနီးနဲ့ မမွေးဖွားလာသေးတဲ့ ကလေးကို ဆုံးရှုံးသွားတာကြောင့် အလွန်စိတ်ဓာတ်ကျသွားပါတယ်။

ဒါကြောင့်ပဲ သူဟာ သူ့ရဲ့ဇနီးနဲ့ နောက်ဆုံးတစ်ကြိမ် စကားပြောနိုင်ဖို့အတွက် တမလွန်လောကနဲ့ ဆက်သွယ်နိုင်တဲ့ စုန်းမတစ်ယောက်ကို ရှာဖွေခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ အလုပ်ဖြစ်သွားပေမယ့်လည်း သူဟာ စုန်းမကြီးတောင်းတဲ့ ဈေးကို မပေးနိုင်တာကြောင့် အဲ့ဒီစုန်းမကြီးဟာ သူ့ရဲ့တစ်သက်လုံး ဖားအဖြစ် နေထိုင်သွားရအောင် ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူဟာ ဖားဖြစ်သွားတာကြောင့် တခြားဖားတွေနဲ့အတူ နေထိုင်ခဲ့ပြီး Puddlegulp ဆိုတဲ့ နာမည်ကို ရရှိခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ သူဟာ ဖားတွေရဲ့ နေထိုင်မှုပုံစံအတိုင်း အသားကျနေပြီး ဖားတွေနဲ့ ကြွက်တွေရဲ့ စစ်ပွဲအတွင်းမှာ ပါဝင်ခဲ့ပါတယ်။

အဲ့ဒီအချိန်မှာတော့ Thor Odinson ဟာ အကြောင်းတစ်ခုကြောင့် ဖားအဖြစ် ပြောင်းလဲနေပြီး အဲ့ဒီတိုက်ပွဲအတွင်းမှာ ပါဝင်ခဲ့ကာ Puddlegulp နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Thor ဟာ ထွက်သွားခဲ့ပြီး Mjolnir ရဲ့ အပိုင်းအစလေး တစ်ခုဟာ ပဲ့ကျ ကျန်နေခဲ့ပါတယ်။ အဲ့ဒီအပိုင်းအစလေးကို Puddlegulp က မ,နိုင်ခဲ့ပြီး Thor ရဲ့ စွမ်းအားတွေကို ရရှိကာ သူ့ကိုယ်သူ Throg လို့ နာမည်ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

photo via screenrant

Throg ဟာ Thor ရဲ့ စွမ်းအားတွေကို ရရှိလာပြီးနောက်မှာတော့ တိရိစ္ဆာန်တွေ စုစည်းထားတဲ့ Pet Avengers အဖွဲ့ထဲကို ဝင်ရောက်ခဲ့ပါတယ်။ အဲ့ဒီအဖွဲ့ထဲမှာတော့ Inhuman တွေရဲ့ Lockjaw ၊ X-Men တွေရဲ့ Lockheed နဲ့ Falcon ရဲ့ Redwing တို့အပြင် တခြားအဖွဲ့ဝင်တွေလည်း ရှိပါသေးတယ်။

Pet Avengers တွေရဲ့ စွန့်စားခန်းတွေဟာ Avengers တွေလောက်တော့ မကြီးကျယ်ပါဘူး။ သို့ပေမယ့်လည်း Pet Avengers တွေဟာ တစ်ခါကဆိုရင် Avengers တွေနဲ့တောင် တိုက်ခိုက်ခဲ့ဖူးပါတယ်။ အကြောင်းကတော့ Avengers တွေဟာ ဥကို ကာကွယ်နေတဲ့ Fin Fang Foom ကို အကြောင်းမသိဘဲ ရမ်းသမ်း တိုက်ခိုက်နေချိန်မှာ Pet Avengers တွေက Avengers တွေကို အမြင်မှန်ရအောင် တားဆီးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ အားလုံးဟာ အဆင်ပြေပြေနဲ့ ပြီးဆုံးသွားပြီး ဒီအချက်ကြောင့်ပဲ Pet Avengers တွေဟာ Avengers တွေနဲ့တောင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်တယ်လို့ ယူဆနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Thor Odinson ကေတာ့ Marvel ေကာမစ္ထဲမွာေရာ၊ MCU ထဲမွာပါ စြမ္းအားအႀကီးဆုံး ဇာတ္ေကာင္ေတြထဲမွာ ပါဝင္ေနပါတယ္။ ဒါေပမယ့္လည္း Thor အျဖစ္ ခံယူခဲ့ၾကသူေတြဟာ Odinson တစ္ေယာက္တည္း ရွိတာမဟုတ္ဘဲ Jane Foster နဲ႔ Throg တို႔လို ဇာတ္ေကာင္ေတြလည္း ရွိပါေသးတယ္။

အခုေဖာ္ျပသြားမယ့္ Throg ကေတာ့ Loki ဇာတ္လမ္းတြဲထဲမွာ ပထမဆုံး ျမင္ေတြ႕ခဲ့ရေပမယ့္ ေကာမစ္ထဲမွာေတာ့ က်ဥ္လည္ေနတာ ၾကာၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ Throg ဟာ Thor ရဲ့ အစြမ္းေတြကို ရရွိလာတာဟာ Asgard နဲ႔ သိပ္ၿပီးသက္ဆိုင္မွုမရွိဘဲ ေမွာ္ပညာေၾကာင့္ ျဖစ္လာတာပါ။

photo via screenrant

Throg ဟာ ဖား မျဖစ္ခင္တုန္းကေတာ့ Simon Walterson လို႔ေခၚတဲ့ သာမန္လူသားတစ္ေယာက္ပဲ ျဖစ္ပါတယ္။ သူ႔ရဲ့နာမည္ကိုေတာ့ Thor ေကာမစ္ေတြကို ဖန္တီးခဲ့တဲ့ Walter Simonson ကို အစြဲျပဳၿပီး ေပးထားတာ ျဖစ္ပါတယ္။ ေကာမစ္ထဲမွာေတာ့ Simon ဟာ သူ႔ရဲ့ဇနီးနဲ႔ မေမြးဖြားလာေသးတဲ့ ကေလးကို ဆုံးရွုံးသြားတာေၾကာင့္ အလြန္စိတ္ဓာတ္က်သြားပါတယ္။

ဒါေၾကာင့္ပဲ သူဟာ သူ႔ရဲ့ဇနီးနဲ႔ ေနာက္ဆုံးတစ္ႀကိမ္ စကားေျပာနိုင္ဖို႔အတြက္ တမလြန္ေလာကနဲ႔ ဆက္သြယ္နိုင္တဲ့ စုန္းမတစ္ေယာက္ကို ရွာေဖြခဲ့ပါတယ္။ ဒီအစီအစဥ္ဟာ အလုပ္ျဖစ္သြားေပမယ့္လည္း သူဟာ စုန္းမႀကီးေတာင္းတဲ့ ေဈးကို မေပးနိုင္တာေၾကာင့္ အဲ့ဒီစုန္းမႀကီးဟာ သူ႔ရဲ့တစ္သက္လုံး ဖားအျဖစ္ ေနထိုင္သြားရေအာင္ ျပဳလုပ္ခဲ့ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ သူဟာ ဖားျဖစ္သြားတာေၾကာင့္ တျခားဖားေတြနဲ႔အတူ ေနထိုင္ခဲ့ၿပီး Puddlegulp ဆိုတဲ့ နာမည္ကို ရရွိခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူဟာ ဖားေတြရဲ့ ေနထိုင္မွုပုံစံအတိုင္း အသားက်ေနၿပီး ဖားေတြနဲ႔ ႂကြက္ေတြရဲ့ စစ္ပြဲအတြင္းမွာ ပါဝင္ခဲ့ပါတယ္။

အဲ့ဒီအခ်ိန္မွာေတာ့ Thor Odinson ဟာ အေၾကာင္းတစ္ခုေၾကာင့္ ဖားအျဖစ္ ေျပာင္းလဲေနၿပီး အဲ့ဒီတိုက္ပြဲအတြင္းမွာ ပါဝင္ခဲ့ကာ Puddlegulp နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Thor ဟာ ထြက္သြားခဲ့ၿပီး Mjolnir ရဲ့ အပိုင္းအစေလး တစ္ခုဟာ ပဲ့က် က်န္ေနခဲ့ပါတယ္။ အဲ့ဒီအပိုင္းအစေလးကို Puddlegulp က မ,နိုင္ခဲ့ၿပီး Thor ရဲ့ စြမ္းအားေတြကို ရရွိကာ သူ႔ကိုယ္သူ Throg လို႔ နာမည္ေျပာင္းလဲလိုက္တာ ျဖစ္ပါတယ္။

photo via screenrant

Throg ဟာ Thor ရဲ့ စြမ္းအားေတြကို ရရွိလာၿပီးေနာက္မွာေတာ့ တိရိစၧာန္ေတြ စုစည္းထားတဲ့ Pet Avengers အဖြဲ႕ထဲကို ဝင္ေရာက္ခဲ့ပါတယ္။ အဲ့ဒီအဖြဲ႕ထဲမွာေတာ့ Inhuman ေတြရဲ့ Lockjaw ၊ X-Men ေတြရဲ့ Lockheed နဲ႔ Falcon ရဲ့ Redwing တို႔အျပင္ တျခားအဖြဲ႕ဝင္ေတြလည္း ရွိပါေသးတယ္။

Pet Avengers ေတြရဲ့ စြန႔္စားခန္းေတြဟာ Avengers ေတြေလာက္ေတာ့ မႀကီးက်ယ္ပါဘူး။ သို႔ေပမယ့္လည္း Pet Avengers ေတြဟာ တစ္ခါကဆိုရင္ Avengers ေတြနဲ႔ေတာင္ တိုက္ခိုက္ခဲ့ဖူးပါတယ္။ အေၾကာင္းကေတာ့ Avengers ေတြဟာ ဥကို ကာကြယ္ေနတဲ့ Fin Fang Foom ကို အေၾကာင္းမသိဘဲ ရမ္းသမ္း တိုက္ခိုက္ေနခ်ိန္မွာ Pet Avengers ေတြက Avengers ေတြကို အျမင္မွန္ရေအာင္ တားဆီးခဲ့တာ ျဖစ္ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ အားလုံးဟာ အဆင္ေျပေျပနဲ႔ ၿပီးဆုံးသြားၿပီး ဒီအခ်က္ေၾကာင့္ပဲ Pet Avengers ေတြဟာ Avengers ေတြနဲ႔ေတာင္ ယွဥ္ၿပိဳင္တိုက္ခိုက္နိုင္တယ္လို႔ ယူဆနိုင္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular