HomeEntertainmentFilmပရိသတ်တွေမျှော်နေကြတဲ့ ယခုလအတွင်း ထွက်ရှိလာမယ့် ရုပ်ရှင်(၉)ကား

ပရိသတ်တွေမျှော်နေကြတဲ့ ယခုလအတွင်း ထွက်ရှိလာမယ့် ရုပ်ရှင်(၉)ကား

၂၀၂၂ ခုနှစ် စက်တင်ဘာလကတော့ Horror ပရိသတ်တွေ စောင့်မျှော်နေတဲ့ ရုပ်ရှင်ကားအများစု ထွက်ရှိလာမှာ ဖြစ်ပါတယ်။ A24 စတူဒီယိုက ထုတ်လုပ်ခဲ့တဲ့ X ရုပ်ရှင်ရဲ့ Prequel ဖြစ်တဲ့ Pearl ဟာလည်း ဒီလအတွင်းမှာပဲ ထွက်ရှိလာမှာ ဖြစ်သလို တခြား Psychological Thriller ရုပ်ရှင်တွေလည်း ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီလထဲမှာ ဘယ်လိုရုပ်ရှင်ကားကောင်းတွေ ထွက်ရှိလာမလည်း ဆိုတာကိုတော့ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

(1) Honk for Jesus. Save Your Soul

photo via screenrant

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Adamma Ebo ရိုက်ကူးပြီး သူကိုယ်တိုင် ဇာတ်ညွှန်းရေးသားထားတဲ့ ဟာသကားတစ်ကားပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အမည်တူ Short Film ကို ပြန်လည် ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ စက်တင်ဘာလ (၂)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပြီး တချိန်တည်းမှာပဲ Peacock ကနေလည်း streaming ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

(2) Barbarian

photo via screenrant

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Zach Cregger ကိုယ်တိုင် ဇာတ်လမ်းရေးသားပြီး ရိုက်ကူးထားတဲ့ Horror ရုပ်ရှင် ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကောင်မလေးတစ်ယောက်ဟာ အလုပ်အင်တာဗျူးကြောင့် Detroit မြို့ကို သွားရောက်ပြီး အိမ်တစ်လုံး ငှားရမ်းနေထိုင်ခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲဒီအိမ်ကို တခြားတစ်ယောက်ကလည်း ငှားရမ်းထားတာကြောင့် သူမဟာ သူစိမ်းတစ်ယောက်နဲ့အတူ နေထိုင်နေရပါတယ်။ နောက်ပိုင်းမှာတော့ သူမဟာ အဲဒီသူစိမ်းထက် ပိုပြီးကြောက်ဖို့ကောင်းတဲ့အရာတွေ အိမ်ထဲမှာ ရှိနေကြောင်း သိလိုက်ရပါတယ်။ ဒီရုပ်ရှင်ကတော့ စက်တင်ဘာလ (၉)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(3) House of Darkness

photo via screenrant

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Neil LaBute ရိုက်ကူးထားတဲ့ Comedy Horror ရုပ်ရှင်ဖြစ်ပြီး Classic Horror ဇာတ်လမ်းတစ်ခုဖြစ်တဲ့ Dracula ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Hap Jackson ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ ဘားတစ်ခုမှာ အလွန်လှပတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး သူမရဲ့ ခမ်းနားတဲ့ နေအိမ်ဆီကို ပြန်လိုက်ပို့ပေးခဲ့ပါတယ်။ Hap ကတော့ ဒါဟာ သာမန် Hook-Up တစ်ခုလို့ ထင်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ သူ မထင်မှတ်ထားတာတွေ ဖြစ်လာပါတော့တယ်။ ဒီရုပ်ရှင်ကတော့ စက်တင်ဘာလ (၁၃)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(4) Clerk III

photo via screenrant

ဒါရိုက်တာ Kevin Smith ရဲ့ Clerk III ကတော့ စက်တင်ဘာလ (၁၃)ရက်နေ့မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Randal Graves ဟာ Heart Attack ကနေ ပြန်လည်သက်သာလာတဲ့ အချိန်မှာတော့ Convenience Store မှာ အလုပ်လုပ်ရတဲ့ သူတို့ဘဝအကြောင်းကို Dante Hicks နဲ့အတူ ရုပ်ရှင်ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

(5) The Woman King

photo via screenrant

ဒီရုပ်ရှင်ကတော့ ဖြစ်ရပ်မှန်ကို အခြေခံ ဖန်တီးထားပြီး ဒါရိုက်တာ Gina Prince-Bythewood က ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းကတော့ (၁၉)ရာစုအတွင်းမှာ Dahomey ဆိုတဲ့ အာဖရိကန်နိုင်ငံကို ကာကွယ်နေတဲ့ Agojie လို့ခေါ်တဲ့ အမျိူးသမီးစစ်သည်တော်တွေ အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ စက်တင်ဘာလ (၁၆)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(6) Pearl

photo via screenrant

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Ti West က ရိုက်ကူးထားပြီး X ရုပ်ရှင်ရဲ့ Prequel ပဲ ဖြစ်ပါတယ်။ ၁၉၁၈ ခုနှစ် ပထမကမ္ဘာစစ်အတွင်းမှာ ဇာတ်အိမ်တည်ထားပြီး X ရုပ်ရှင်ထဲက ဗီလိန်ဖြစ်တဲ့ Pearl အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ X ရုပ်ရှင်ထဲက သစ်လုံးအိမ်ကတော့ အဲဒီအချိန်မှာ အဆောင်အဖြစ် ဖွင့်လှစ်ထားပြီး Pearl ဟာလည်း အဲဒီနေရာမှာ ပိတ်မိနေတယ်လို့ ခံစားနေရပါတယ်။ သူမဟာ ရုပ်ရှင်တွေထဲမှာ မြင်တွေ့ရသလို ဆွဲဆောင်မှုရှိတဲ့ဘဝမျိူးကို လိုချင်နေပြီး အဲဒီအိပ်မက်တွေကြောင့်ပဲ သူမဟာ ဗီလိန်တစ်ယောက် ဖြစ်လာပုံကို မြင်တွေ့ရမှာပါ။ စက်တင်ဘာလ (၁၆) ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

(7) Jeepers Creepers: Reborn

photo via screenrant

ဒီရုပ်ရှင်ကတော့ Jeepers Creepers Franchise ရဲ့ လေးကားမြောက် ရုပ်ရှင်ဖြစ်ပြီး ဒါရိုက်တာ Timo Vuorensola က ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းကတော့ Chase နဲ့ Laine တို့အတွဲဟာ Louisiana မှာ ကျင်းပတဲ့ Horror Hound ပွဲကို သွားကြရာက စတင်ပါတယ်။ အဲဒီပွဲကို ရောက်သွားတဲ့ အချိန်မှာတော့ Laine ဟာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေကို ကြုံတွေ့လာရပြီး အဲဒီမြို့ရဲ့ အတိတ်ကအကြောင်းအရာတွေကိုလည်း ထူးခြားစွာပဲ မြင်တွေ့လာပါတော့တယ်။ ဒီရုပ်ရှင်ကတော့ စက်တင်ဘာလ (၁၉)ရက်မှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။

(8) Don’t Worry Darling

photo via screenrant

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Olivia Wilde ရေးသားပြီး ရိုက်ကူးထားတဲ့ Psychological Thriller ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ၁၉၅၀ ကျော်လောက်မှာ ဇာတ်အိမ်တည်ထားပြီး အတွဲတစ်တွဲဟာ ပြီးပြည့်စုံပြီး လှပနေတဲ့နေရာတစ်ခုကို ပြောင်းရွှေ့လာပါတယ်။ အဲဒီနောက်မှာတော့ မသင်္ကာစရာတွေ ကြုံတွေ့လာရတာကြောင့် လိုက်လံစူးစမ်းရင်း ဒီနေရာဟာ သူတို့ထင်ထားတာနဲ့ ပြောင်းပြန်ဖြစ်နေတာကို သိလိုက်ရပါတော့တယ်။ ဒီရုပ်ရှင်ကတော့ စက်တင်ဘာလ (၂၃)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(9) Smile

photo via screenrant

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Parker Finn ရိုက်ကူးထားတဲ့ Psychological Horror ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ Laura Hasn’t Slept ဆိုတဲ့ Short Film ကို ပြန်လည် ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Dr. Rose Cotter ဟာ လူနာတစ်ယောက်ရဲ့ ထူးဆန်းပြီး စိတ်ဒဏ်ရာရစေတဲ့ အဖြစ်အပျက်ကို မြင်တွေ့ပြီးနောက်မှာ ရှင်းပြလို့ မဖြစ်နိုင်တဲ့ အဖြစ်အပျက်တွေကို ကြုံတွေ့လာရပါတော့တယ်။ ဒီရုပ်ရှင်ကတော့ စက်တင်ဘာလ (၃၀)ရက်နေ့မှာ ထွက်ရှိလာမှာပါ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular