HomeCelebs Update NewsInternationalနှင်းတွေကို ရှင်းလင်းစဉ် ပြင်းထန်တဲ့ အက်ဆီးဒင့်ဖြစ်သွားတဲ့ Jeremy Renner

နှင်းတွေကို ရှင်းလင်းစဉ် ပြင်းထန်တဲ့ အက်ဆီးဒင့်ဖြစ်သွားတဲ့ Jeremy Renner

မင်းသား Jeremy Renner ဟာ ရာသီဥတုကြောင့် အက်ဆီးဒင့်တစ်ခု ဖြစ်ပွားခဲ့ပြီး ပြင်းထန်စွာ ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။ မင်းသားဟာ ထူထပ်စွာ ကျဆင်းနေတဲ့ နှင်းထုကို ရှင်းလင်းစဉ် မတော်တဆမှုတစ်ခု ဖြစ်ခဲ့တာဖြစ်ပြီး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပေမယ့် ယခုလက်ရှိမှာတော့ အခြေအနေ တည်ငြိမ်နေပြီလို့ သိရပါတယ်။

အသက်(၅၁)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Jeremy Renner ဟာ ယခုလို ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အကြောင်းကိုတော့ သူ့ရဲ့ကိုယ်စားလှယ်က Variety သတင်းဌာနကို အတည်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Photo: jeremyrenner/ Instagram

“ဒီနေ့မနက်အစောပိုင်းမှာ Jeremy ဟာ နှင်းတွေကို ရှင်းလင်းရင်းနဲ့ ပြင်းထန်တဲ့ မတော်တဆမှုတစ်ခု ဖြစ်ခဲ့ကြောင်း ကျွန်တော် အတည်ပြုပေးနိုင်ပါတယ်။ ဒဏ်ရာဟာ ပြင်းထန်ပေမယ့် လက်ရှိ သူ့ရဲ့အခြေအနေကတော့ တည်ငြိမ်နေပါပြီ။ သူ့မိသားစုက သူနဲ့အတူရှိနေကြပါတယ်။ ပြီးတော့ အားလုံးကလည်း သူ့ကို အကောင်းဆုံး ပြုစုကုသပေးနေကြပါတယ် …”လို့ Jeremy ရဲ့ကိုယ်စားလှယ်က ပြောထားပါတယ်။

မင်းသားဟာ ဘယ်နေရာမှာ အခုလိုမတော်တဆနဲ့ ကြုံခဲ့ရတယ်ဆိုတာကို မပြောသွားပေမယ့် ‌ဖြစ်နိုင်တာကတော့ သူဟာ နီဗားဒါးပြည်နယ်၊ ဝါရှိုးကောင်တီမှာ အိမ်တစ်လုံး ပိုင်ဆိုင်ခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်တာကြောင့် အဲဒီနေရာမှာ မတော်တဆ ဖြစ်ခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ နီဗားဒါးပြည်နယ် မြောက်ပိုင်းက အဲဒီဒေသဝန်းကျင်ဟာ နှစ်သစ်ကူးအကြိုညက စတင်ပြီး နှင်းမုန်တိုင်း တိုက်ခတ်ကာ ထူထပ်တဲ့နှင်းတွေ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

အလားတူပဲ ၂၀၁၅ ခုနှစ်တုန်းကဆိုရင်လည်း မင်းသားဟာ ဆောင်းတွင်းကာလ အဆိုပါအိမ်မှာ နေထိုင်စဉ် ထူထပ်တဲ့နှင်းတွေကြား သွားလာရေး ခက်ခဲပုံနဲ့ နှင်းရှင်းတဲ့ Snowcat ယာဉ်တွေနဲ့ သွားလာရတဲ့အကြောင်း သူ့ရဲ့အင်စတာဂရမ်မှာ ပို့စ်တင်ထားခဲ့ဖူးပါတယ်။ ဒါကြောင့်ပဲ အခုလည်း အဲဒီလိုနှင်းတွေ ရှင်းလင်းစဉ်မှာ တစ်ခုခုမှားယွင်းပြီး မတော်တဆဖြစ်ခဲ့ပုံ ရပါတယ်။

 

View this post on Instagram

 

A post shared by Jeremy Renner (@jeremyrenner)

မင်းသား Jeremy Renner ဟာ ဝါရင့်သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး ပရိသတ်အများစုကတော့ သူ့ရဲ့ Marvel ဇာတ်ကောင် Hawkeye အဖြစ်နဲ့ လူသိများကြပါတယ်။ ဒါ့အပြင် Mission: Impossible ရုပ်ရှင်နှစ်ကားနဲ့ Arrival ၊ American Hustle ၊ 28 Weeks Later အစရှိတဲ့ ရုပ်ရှင်တွေနဲ့လည်း ပရိသတ်အားပေးမှုကို ရရှိထားသူ ဖြစ်ပါတယ်။

ဒါတင်မက The Town ၊ The Hurt Locker ရုပ်ရှင်တွေနဲ့လည်း အော်စကာ စံကာတင်ဝင်ထားဖူးသူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ဒါရိုက်တာ Taylor Sheridan ရဲ့ ဇာတ်လမ်းတွဲ Mayor of Kingstown ထဲမှာ ပါဝင်သရုပ်ဆောင်နေပြီး ဇာတ်လမ်းမသိရသေးတဲ့ Disney Plus စီးရီး Rennervations ထဲမှာ သရုပ်ဆောင်သွားဖို့ ပြောထားပါသေးတယ်။

Glasgow

Source: variety

RELATED ARTICLES

Most Popular