HomeEntertainmentFilm၂၀၂၃ ခုနှစ် ဧပြီလထဲမှာ ထွက်ရှိလာမယ့် ရုပ်ရှင်ကားအသစ်များ

၂၀၂၃ ခုနှစ် ဧပြီလထဲမှာ ထွက်ရှိလာမယ့် ရုပ်ရှင်ကားအသစ်များ

၂၀၂၃ ခုနှစ်ရဲ့ ဧပြီလထဲမှာတော့ ဇာတ်လမ်းအမျိူးအစားပေါင်းစုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလထဲမှာတော့ မသိသူမရှိကြတဲ့ Super Mario ဂိမ်းကို Animation အဖြစ် ဖန်တီးထားတာကို မြင်တွေ့ရမှာ ဖြစ်သလို နာမည်ကြီး Horror Franchise တစ်ခုဖြစ်တဲ့ Evil Dead ရဲ့ Reboot ရုပ်ရှင်ကိုလည်း မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်လိုမျိူး စိတ်ဝင်စားစရာ ရုပ်ရှင်တွေ ထွက်ရှိလာဦးမလည်း ဆိုတာကိုတော့ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

Air (ဧပြီ ၅ရက်)

photo credit Warner Bros. Pictures

ဒီရုပ်ရှင်ကတော့ နာမည်ကြီးသရုပ်ဆောင် Ben Affleck ရိုက်ကူးထားတဲ့ Biographical Sports Drama ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Nike ရဲ့ အရောင်းဝန်ထမ်းတစ်ယောက်ဟာ နာမည်ကြီး ဘတ်စကတ်ဘောကစားသမားဖြစ်တဲ့ Michael Jordan ကို သူတို့ရဲ့ဖိနပ်တွေစီးပေးဖို့ ညှိနှိုင်းမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီအရောင်းဝန်ထမ်းရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပဲ ယခုအချိန်မှာတော့ အလွန်နာမည်ကြီးတဲ့ Air Jordan ဖိနပ်ဆိုပြီး ဖြစ်လာခဲ့တာပါ။ သရုပ်ဆောင်တွေကတော့ Matt Damon ၊ Ben Affleck ၊ Jason Bateman နဲ့ Viola Davis တို့ အဓိက ပါဝင်ထားပါတယ်။

The Super Mario Bros. Movie (ဧပြီ ၅ရက်)

photo credit Universal Pictures

ဒီဇာတ်လမ်းကိုတော့ Aaron Horvath နဲ့ Michael Jelenic တို့က ရိုက်ကူးထားပြီး ငယ်ဘဝက ဆော့ကစားခဲ့တဲ့ Super Mario ဂိမ်းကို ဇာတ်လမ်းနဲ့အနေနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Mario ဟာ သူ့ရဲ့ညီဖြစ်သူ Luigi ကို ကယ်တင်ဖို့အတွက် မင်းသမီးလေး Peach နဲ့အတူ Mushroom Kingdom ထဲမှာ သွားလာနေရင်း ရက်စက်လွန်းတဲ့ Bowser ရဲ့လက်ထဲကနေ ကမ္ဘာကြီးကိုပါ ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ အသံသရုပ်ဆောင်တွေကတော့ Chris Pratt ၊ Ana Taylor-Joy ၊ Jack Black နဲ့ Seth Rogen တို့ အဓိကပါဝင်ထားကြပါတယ်။

Paint (ဧပြီ ၇ရက်)

photo credit Silver Lining Entertainment

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Brit McAdams က ရိုက်ကူးထားတဲ့ ဟာသဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အမေရိကန်နိုင်ငံ Vermont ပြည်နယ်ရဲ့ နံပါတ်တစ် Public TV Painter တစ်ယောက် ဖြစ်တဲ့ Carl Nargle အကြောင်းကို မြင်တွေ့ရမှာပါ။ Carl ဟာ သူ့ရဲ့ပန်းချီဆွဲတဲ့ Show ကို ပြုလုပ်လာတာ နှစ်ပေါင်းသုံးဆယ်ခန့် ရှိနေပြီပါပြီ။ သို့သော်လည်း TV ရုပ်သံလိုင်းဘက်က သူ့ထက်အသက်ပိုငယ်ပြီး ပန်းချီဆွဲတာ ပိုတော်တဲ့ လူတစ်ယောက်ကို ငှားလိုက်တဲ့အချိန်မှာတော့ Carl ရဲ့ဘဝဟာ လုံးဝပြောင်းလဲသွားပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Owen Wilson ၊ Michela Watkins နဲ့ Wendi McLendon-Convey တို့ အဓိက ပါဝင်ထားကြပါတယ်။

The Pope’s Exorcist (ဧပြီ ၁၄ရက်)

photo credit Sony Pictures

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Julius Avery ရိုက်ကူးထားတဲ့ သဘာဝလွန် Horror ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အပြင်မှာတကယ်ရှိခဲ့တဲ့ Vatican ရဲ့ Chief Exorcist ဖြစ်သူ Father Gabriel Amorth ရဲ့အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ Father Gabriel Amorth ကိုယ်တိုင်ရေးသားခဲ့တဲ့ စာတမ်းတွေကို အခြေခံပြီး ဖန်တီးထားတာလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ Father Gabriel Amorth ဟာ လူငယ်လေးတစ်ယောက်ကို အပနှင်ဖို့ ကြိုးစားနေရင်း Vatican က ရာစုနှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ အရာတစ်ခုကို သိရှိသွားပါတယ်။ သရုပ်ဆောင်တွေကတော့ Russell Crowe ၊ Daniel Zavatto နဲ့ Alex Essoe တို့ အဓိက ပါဝင်ထားပါတယ်။

Renfield (ဧပြီ ၁၄ရက်)

photo credit Universal Pictures

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Chris McKay ရိုက်ကူးထားတဲ့ Horror Comedy ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Dracula ဆီမှာ နှစ်ပေါင်းများစွာ ဒုက္ခခံနေရတဲ့ အစေခံတစ်ယောက်ဟာ ယာဉ်ထိန်းရဲတစ်ယောက်ကို ကြိုက်နှစ်သက်သွားပါတယ်။ အဲဒီနောက်မှာတော့ သူ့ဘဝအတွက် ရည်ရွယ်ချက်အသစ် ရရှိသွားပြီး Dracula ဆီကနေ လွတ်လပ်ခွင့် ရနိုင်ဖို့ ကြိုးစားပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Nicholas Hoult ၊ Nicholas Cage နဲ့ Awkwafina တို့ အဓိက ပါဝင်ထားကြပါတယ်။

Guy Ritchie’s The Covenant (ဧပြီ ၂၁ရက်)

photo credit STX Entertainment

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Guy Ritchie ရိုက်ကူးထားတဲ့ Action Thriller ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်မှာ ဖြစ်ခဲ့တဲ့ စစ်ပွဲကာလအတွင်းမှာ ဇာတ်အိမ်တည်ထားပြီး U.S ဆာဂျင်တစ်ယောက်ဟာ သူ့သူငယ်ချင်းတစ်ယောက်နဲ့အတူ အဲဒီနေရာမှာ မစ်ရှင်တွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီ U.S. ဆာဂျင်ဟာ အမေရိကကို ပြန်ရောက်သွားချိန်မှာတော့ သူငယ်ချင်းဖြစ်သူဟာ အာဖဂန်မှာပဲ ပိတ်မိနေဆဲဖြစ်ကြောင်း သိလိုက်ရတာကြောင့် သူ့သူငယ်ချင်းကို ကယ်တင်ဖို့အတွက် စစ်ပွဲအတွင်းကို ပြန်လည် ဝင်ရောက်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Jake Gyllenhaal ၊ Dar Salim တို့ အဓိကပါဝင်ထားပါတယ်။

Evil Dead Rise (ဧပြီ ၂၁ရက်)

photo credit Warner Bros. Picture

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Lee Bronin ရိုက်ကူးထားပြီး Evil Dead Franchise ရဲ့ ငါးကားမြောက်ရုပ်ရှင် ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ ကလေးသုံးယောက်ကို တစ်ယောက်တည်း ပြုစုပျိုးထောင်နေရတဲ့ Ellie နဲ့ ညီမဖြစ်သူတို့ဟာ သူတို့တိုက်ခန်းထဲမှာ ထူးဆန်းတဲ့ စာအုပ်တစ်အုပ်ကို ရှာတွေ့ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘယ်သူမှ မထင်မှတ်ထားတဲ့ ကြောက်စရာဖြစ်ရပ်တွေ တောက်လျှောက်ဖြစ်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Lily Sullivan နဲ့ Alyssa Sutherland တို့ အဓိကပါဝင်ထားပါတယ်။

Beau is Afraid (ဧပြီ ၂၁ရက်)

photo credit A24

ဒီရုပ်ရှင်ကတော့ Midsommer နဲ့ Hereditary တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Ari Aster ရဲ့ Surrealist Horror Comedy ဇာတ်လမ်းအမျိူးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Beau ဆိုတဲ့ လူတစ်ယောက်ဟာ သူနဲ့ဆက်ဆံရေး အဆင်မပြေတဲ့ မိခင်ဖြစ်သူက ရုတ်တရက် သေဆုံးသွားတဲ့အခါမှာတော့ ထူးဆန်းမှုတွေ ပြည့်နှက်နေတဲ့ အိမ်ကို ပြန်သွားခဲ့ပါတယ်။ အဲဒီခရီးလမ်းမှာတော့ သူဟာ သဘာဝလွန် အန္တရာယ်တွေနဲ့ ကြုံတွေ့ရပြီး သူ့ရဲ့အကြောက်တရားတွေနဲ့လည်း ရင်ဆိုင်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Joaquin Phoenix ၊ Patti LuPone နဲ့ Nathan Lane တို့ အဓိကပါဝင်ထားပါတယ်။

Are You There God? It’s Me, Margaret (ဧပြီ ၂၈ရက်)

photo credit Lionsgate Film

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Kelly Fremon Craig က ရိုက်ကူးထားပြီး ၁၉၇၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကလေးမလေးတစ်ယောက်ဟာ New York မြို့ကနေ New Jersey မြို့ရဲ့ အစွန်အဖျားနေရာကို သူမရဲ့မိသားစုနဲ့အတူ ပြောင်းရွှေ့လာပါတယ်။

အဲဒီနောက်မှာတော့ သူမဟာ သူငယ်ချင်းအသစ်တွေ ရရှိသွားသလို သူမရဲ့မိဘနှစ်ယောက်ကလည်း ခရစ်ယာန်နဲ့ ဂျူးဘာသာဝင်တွေ ဖြစ်နေတာကြောင့် ဘယ်ဘာသာကို ယုံကြည်ရမလည်းဆိုပြီး ရှာဖွေမှုတွေ ပြုလုပ်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Abby Ryder Fortson ၊ Rachel McAdams နဲ့ Benny Safdie တို့ အဓိကပါဝင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular