HomeCelebs Update NewsInternationalဓာတ်ပုံရိုက်ဖို့ ပို့စ်ပေးနေရင်း ပြုတ်ကျပြီး နှစ်ပိုင်းကျိုးသွားရတဲ့ Olivia Rodrigo ရဲ့ဂရမ်မီဆု

ဓာတ်ပုံရိုက်ဖို့ ပို့စ်ပေးနေရင်း ပြုတ်ကျပြီး နှစ်ပိုင်းကျိုးသွားရတဲ့ Olivia Rodrigo ရဲ့ဂရမ်မီဆု

အဆိုတော်မလေး Olivia Rodrigo ကတော့ သူမရဲ့ ပထမဆုံးအကြိမ် ဂရမ်မီစံကာတင်ဝင်တဲ့ နှစ်မှာပဲ ဆုသုံးခုတောင် ပွေ့ပိုက်ပြီး အိမ်ပြန်နိုင်ခဲ့ပါတယ်။ သူမအတွက် သိပ်ကိုစိတ်လှုပ်ရှားစရာ ဖြစ်ခဲ့တဲ့ ဂရမ်မီညနေခင်းမှာတော့ Olivia ဟာ သူမရဲ့ ဂရမ်မီဆုတစ်ခုကို မတော်တဆ လွတ်ကျပြီး နှစ်ပိုင်းကျိုးသွားတဲ့ အဖြစ်အပျက်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဖြစ်ပုံကတော့ Olivia ဟာ သူမရဲ့ ဆုတံဆိပ်သုံးခုစလုံးကို ပွေ့ပိုက်ပြီး ဓာတ်ပုံရိုက်ဖို့ ပို့စ်ပေးနေရာမှ ဟန်ချက်ပျက်သွားပြီး ဆုတစ်ခုကို လွတ်ကျသွားတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ အဆိုပါဆုတံဆိပ်က ကျိုးပဲ့သွားတာကိုလည်း တွေ့လိုက်ရပါတယ်။ ဒီလိုမတော်တဆ ဖြစ်ရပ်နဲ့ ကြုံတွေ့လိုက်ရတာကြောင့် Olivia တစ်ယောက် အံ့အားသင့်သွားခဲ့ပါတယ်။

Photo: recordingacademy/ Instagram

ဆုပြုတ်ကျသွားတဲ့ နောက်မှာတော့ ပွဲခင်းကတစ်ယောက်က အပြေးလေး လာပြီး သူမရဲ့ဆုတံဆိပ်ကို ပြန်ကောက်ပေးခဲ့ပါတယ်။ နှစ်ပိုင်းကျိုးသွားတဲ့ ဂရမ်မီဆုတံဆိပ်ကိုတော့ ဘယ်လို ပြန်လည် ပြုပြင်မလည်းဆိုတာ စိတ်ဝင်စားစရာပါပဲ။ Olivia ဟာ ၂၀၂၂ ခုနှစ်ရဲ့ ဂရမ်မီဆုပေးပွဲမှာ Best New Artist ၊ Best Pop Solo Performance နဲ့ Best Pop Album ဆုတို့ကို ရရှိခဲ့တာကြောင့် ယခုပြုတ်ကျသွားတာက ဘယ်တစ်ခုလည်း ဆိုတာတော့ မသိရပါဘူး။

Photo Credit: John Locher/ AP/ ShutterStock

တကယ်တော့ ဒီလိုဖြစ်ရပ်မျိုးဟာ လွန်ခဲ့တဲ့ (၁၂)နှစ်တုန်းကလည်း တစ်ခေါက် ဖြစ်ခဲ့ဖူးပါသေးတယ်။ အဲဒီတုန်းကတော့ Taylor Swift ဟာ သူမရဲ့ ဂရမ်မီဆုကို ပြုတ်ကျပြီး အခုလိုပဲ ကျိုးပဲ့သွားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်ရဲ့ ဂရမ်မီဆုပေးပွဲမှာတော့ Taylor Swift ဟာ ဂရမ်မီလေးဆု ရရှိခဲ့တာ ဖြစ်ပြီး စင်နောက်ဘက်ခြမ်းမှာပဲ သူမရဲ့ ဆုတစ်ခုကို မတော်တဆ လွတ်ကျပြီး ကျိုးသွားတာ ဖြစ်ပါတယ်။

Vancouver

Source: hollywoodlife/pagesix

RELATED ARTICLES

Most Popular