HomeEntertainmentFilm၂၀၂၃ ခုနှစ်အတွင်းမှာ ထွက်ရှိလာမယ့် Horror ရုပ်ရှင်ကားသစ်များ

၂၀၂၃ ခုနှစ်အတွင်းမှာ ထွက်ရှိလာမယ့် Horror ရုပ်ရှင်ကားသစ်များ

၂၀၂၂ ခုနှစ်ဟာ Horror ရုပ်ရှင်တွေအတွက် အချိန်ကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ Scream နဲ့ Halloween တို့လို နာမည်ကြီး Franchise တွေရဲ့ Sequel တွေဟာလည်း Box Office မှာ အောင်မြင်မှုတွေ ရရှိခဲ့သလို Barbarian နဲ့ Terrifier 2 တို့လိုမျိူး Indie Horror ရုပ်ရှင်တွေကလည်း ပရိသတ်တွေကြားမှာ အောင်မြင်ခဲ့ပါတယ်။ အလားတူပဲ ၂၀၂၃ ခုနှစ်အတွင်းမှာလည်း ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Sequel တွေနဲ့ အခြား Horror ရုပ်ရှင်အသစ်တွေလည်း ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။

The Nun 2

photo via screenrant

ပရိသတ်တွေ ကြိုက်နှစ်သက်ခဲ့ကြတဲ့ The Nun ရုပ်ရှင်ရဲ့ Sequel အဆက်ကတော့ ပထမရုပ်ရှင် ထွက်ရှိပြီး (၅)နှစ်အကြာမှာ ထပ်မံထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ The Conjuring Universe ထဲက ရုပ်ရှင်တစ်ကား ဖြစ်ပြီး The Nun 2 ထဲမှာတော့ အဓိကသရုပ်ဆောင်ဖြစ်တဲ့ Taissa Farmiga လည်း ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဇာတ်လမ်းအကျဉ်းနဲ့ ထွက်ရှိလာမယ့် နေ့ရက်တွေကို မသိရသေးပါဘူး။

Saw 10

photo via screenrant

Saw Franchise ကတော့ Horror ရုပ်ရှင်တွေရဲ့ Icon တစ်ခုဖြစ်ပြီး ယခုအချိန်မှာတော့ (၁၀)ကားမြောက်ရုပ်ရှင် ထပ်မံထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ Saw VI ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Kevin Greutert က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မူလ Jigsaw သရုပ်ဆောင် Tobin Bell လည်း ပြန်လည်ပါဝင်ထားတာကြောင့် ဒီရုပ်ရှင်ကတော့ Saw ပရိသတ်တွေအတွက် မဖြစ်မနေ စောင့်ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားဆိုလည်း မမှားပါဘူး။

The Last Voyage of the Demeter

photo via screenrant

The Last Voyage of the Demeter ကတော့ Dracula အကြောင်းကို ဖန်တီးထားတာ ဖြစ်ပြီး ဝတ္ထုထဲက Chapter တစ်ခုကို ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးထားတာလည်း ဖြစ်ပါတယ်။ Demeter ကတော့ Dracula က လန်ဒန်မြို့ကို သွားတဲ့အချိန်မှာ စီးနင်းခဲ့တဲ့ သင်္ဘောနာမည်ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ Scary Stories to Tell in the Dark ဇာတ်လမ်းတွဲအပိုင်းတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Andre Ovredal က ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

The Strangers

photo via screenrant

၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Strangers ရုပ်ရှင်ကတော့ Horror ပရိသတ်တွေအတွက် Cult Classic တစ်ခုလိုတောင် ဖြစ်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ ဒါရိုက်တာ Renny Harlin ဟာ ဒီရုပ်ရှင်ကို Reboot ပြန်လည်ရိုက်ကူးပြီး Trilogy အဖြစ် ဖန်တီးသွားမယ်လို့ သိရပါတယ်။ ဇာတ်လမ်းကတော့ လူစိမ်းတစ်ယောက်က အခြားသူတစ်ယောက်ရဲ့ အိမ်ထဲကို အကြမ်းဖက်ပြီး ဝင်ရောက်ဖို့ ကြိုးစားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Renfield

photo via screenrant

ဒီရုပ်ရှင်ကလည်း Dracula အကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပြီး ပုံမှန် Dracula ဇာတ်လမ်းတွေနဲ့ မတူဘဲ ကွဲပြားပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ သရုပ်ဆောင် Nicholas Hoult ဟာ Dracula ရဲ့ ကျွန်တစ်ယောက်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ Nicholas ရဲ့ ဇာတ်ကောင်ကတော့ သူစားရတဲ့ ပိုးကောင်တွေဟာ သူ့ကို စူပါပါဝါတွေ ရလာစေတာကြောင့်ပဲ Dracula ရဲ့ကျွန်အဖြစ် ပျော်ပျော်ကြီး နေထိုင်နေပါတယ်။ ဒါ့အပြင် Dracula နေရာမှာတော့ Nicholas Cage က ပါဝင်သရုပ်ဆောင်ထားပါတယ်။

Insidious 5

photo via screenrant

ဒီရုပ်ရှင်ကတော့ ပထမဆုံး ထွက်ခဲ့တဲ့ ရုပ်ရှင်နှစ်ကားနဲ့ တိုက်ရိုက်ဆက်စပ်နေမယ့် Sequel တစ်ခုပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Josh နဲ့ Renai တို့ရဲ့ကလေးဟာ အရွယ်ရောက်လာပြီး တက္ကသိုလ်တစ်ခုမှာ ကျောင်းအိပ်ကျောင်းစား နေနေပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့အတိတ်က အရာတွေက တကယ်ပြီးပြတ်သွားတာ ဟုတ်ရဲ့လားဆိုတာ မြင်တွေ့ရမှာပါ။ ထူးခြားတာကတော့ ဒီရုပ်ရှင်ကို သရုပ်ဆောင် Patrick Wilson ကိုယ်တိုင်က ဒါရိုက်တာအဖြစ် ရိုက်ကူးသွားမှာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ လာမယ့် ဇူလိုင်လအတွင်းမှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။

The Boogeyman

photo via screenrant

ဒီရုပ်ရှင်ကတော့ စာရေးဆရာကြီး Stephen King ရဲ့ ဝတ္ထုတိုကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပြီး ပထမဆုံးထွေလာလည်း ထွက်ရှိထားပါသေးတယ်။ ဇာတ်လမ်းကတော့ ညီအစ်မနှစ်ယောက်ဟာ အမှောင်ထဲမှာရှိတဲ့ အရာတစ်ခုခုရဲ့ ဆက်တိုက်ခြောက်လှန့်ခြင်းကို ခံနေရပြီး အဲဒီအရာကို သူတို့ရဲ့အဖေ ယုံကြည်လာအောင် သက်သေပြဖို့ ကြိုးစားကြတာကို မြင်တွေ့ရမှာပါ။ ဒီရုပ်ရှင်ကတော့ လာမယ့် ဇွန်လ (၂)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Salem’s Lot

photo via screenrant

ဒီရုပ်ရှင်ကလည်း စာရေးဆရာကြီး Stephen King ရဲ့ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ It ရုပ်ရှင်ရဲ့ ဇာတ်ညွှန်းရေးဆရာတွေထဲက တစ်ယောက်ဖြစ်တဲ့ Gary Dauberman က ဇာတ်ညွှန်းရေးသားထားပြီး ဒါရိုက်တာအနေနဲ့ပါ ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ မြို့ငယ်တစ်ခုမှာ သွေးစုပ်ဖုတ်ကောင်တစ်ကောင်က ဘယ်လိုမျိူး သောင်းကျန်းနေလည်းဆိုတာ မြင်တွေ့ရမှာပါ။

Scream 6

photo via screenrant

ပြီးခဲ့တဲ့နှစ်က ထွက်ရှိခဲ့တဲ့ Scream ရုပ်ရှင်ကတော့ Box Office မှာ အောင်မြင်မှုတွေ ရရှိခဲ့သလို ပရိသတ်တွေရဲ့ အားပေးမှုတွေများစွာကိုလည်း ရရှိထားတာကြောင့် Scream 6 ကတော့ ပရိသတ်တွေ Hype နေကြတဲ့ ရုပ်ရှင်တစ်ကား ဖြစ်နေပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ မူလဇာတ်ကောင်တစ်ယောက် ဖြစ်တဲ့ Sidney Prescott တော့ မပါဝင်လာတော့ပါဘူး။ ဒီရုပ်ရှင်ကတော့ လာမယ့် မတ်လမှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

Evil Dead Rise

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ အဓိကသရုပ်ဆောင်ဖြစ်တဲ့ Bruce Campbell ဟာ ပြန်လည်ပါဝင်လာတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့်ပဲ ပရိသတ်တွေကတော့ ဒီရုပ်ရှင်အပေါ် စိတ်ဝင်စားမှု နည်းသွားကြပါတယ်။ ဒါပေမယ့်လည်း ထွေလာထွက်လာပြီးနောက်မှာတော့ ပရိသတ်တွေရဲ့ အမြင်ဟာ လုံးဝပြောင်းလဲသွားခဲ့ပါတယ်။ ဒီရုပ်ရှင်ကတော့ လာမယ့် ဧပြီလမှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

The Exorcist

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၇၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Exorcist ကို ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ ထူးခြားတာ တစ်ခုကတော့ ဒီရုပ်ရှင်ဟာ အခြားရုပ်ရှင်တွေလိုမျိူး ထွေလာလည်း မထွက်လာသေးသလို ရုပ်ရှင်ပိုစတာတောင် မထွက်သေးပါဘူး။ ဒါ့အပြင် ဒီရုပ်ရှင်ရဲ့ အမည်ကိုတောင် မသိရသေးဘဲ Untitled The Exorcist Film လို့ပဲ ဖော်ပြထားပါတယ်။ The Exorcist ရုပ်ရှင်ကတော့ Classic Horror ရုပ်ရှင်တစ်ကား ဖြစ်ပြီး ဒီလိုဇာတ်လမ်းကို ဘယ်လိုပြန်လည်ဖန်တီးသွားမလည်းဆိုတာ ပရိသတ်တွေကလည်း စိတ်ဝင်စားနေကြပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular