HomeEntertainmentFilmThe Dark Knight ရုပ်ရှင်ထဲက တကယ့်ဟီးရိုးအစစ်ဟာ Joker ပါဆိုတဲ့ Fan Theory

The Dark Knight ရုပ်ရှင်ထဲက တကယ့်ဟီးရိုးအစစ်ဟာ Joker ပါဆိုတဲ့ Fan Theory

ဒါရိုက်တာ Christopher Nolan ရိုက်ကူးထားတဲ့ The Dark Knight ရုပ်ရှင်ကတော့ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး DC ကောမစ်ဇာတ်ကောင်တွေကို အခြေခံရိုက်ကူးထားတဲ့ အကောင်းဆုံးရုပ်ရှင်တစ်ကားလို့တောင် ပြောလို့ရပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ သရုပ်ဆောင် Heath Ledger ရဲ့ အထင်ကရဇာတ်ကောင်ဖြစ်တဲ့ Joker လည်း ပါဝင်ထားပါတယ်။

Joker ဟာ ဒီရုပ်ရှင်ရဲ့ အဓိကဗီလိန်တစ်ယောက် ဖြစ်ပေမယ့်လည်း Fan Theory တစ်ခုကတော့ ဒီရုပ်ရှင်ရဲ့ တကယ့်ဟီးရိုးအစစ်ဟာ Joker လို့ ဆိုထားပါတယ်။ ဒီသီအိုရီက ဗီလိန်ဖြစ်တဲ့ Joker ကို ဘာကြောင့် ဟီးရိုးအစစ်လို့ ပြောရတာလည်းဆိုတာကိုတော့ အောက်မှာဖော်ပြပေးလိုက်ပါတယ်။

photo via screenrant

Fan Theory တစ်ခုကတော့ Joker ဟာ သူ့ရဲ့လုပ်နည်းလုပ်စဉ်တွေက အကြမ်းဖက်နေတာကလွဲရင် ဒီရုပ်ရှင်ရဲ့ တကယ့်ဟီးရိုးတစ်ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါရိုက်တာ Christopher Nolan ရဲ့ Dark Knight Trilogy ထဲမှာတော့ Joker မရောက်လာခင်တုန်းက Gotham မြို့ဟာ လူဆိုးဂိုဏ်းတွေ၊ ရာဇဝတ်ကောင်တွေရဲ့ ထိန်းချုပ်ခြင်းကို ခံထားရပါတယ်။

ဒါ့အပြင် ဒီမြို့ရဲ့ ရဲတွေ၊ အာဏာပိုင်တွေကလည်း အကျင့်ပျက် ခြစားနေကြပါသေးတယ်။ Gotham မြို့ကို Joker ရောက်လာပြီးတဲ့ နောက်မှာတော့ ဒီလိုလူဆိုးဂိုဏ်းတွေရဲ့ ထိန်းချုပ်မှုနဲ့ ရဲတွေရဲ့ အကျင့်ပျက်ခြစားမှုတို့ဟာ သိသိသာသာ ကျဆင်းသွားတာကို တွေ့ရပါတယ်။

Joker ဟာ Gotham မြို့ကို စစရောက်လာချင်းမှာပဲ လူဆိုးဂိုဏ်းတွေ ထိန်းချုပ်ထားတဲ့ ဘဏ်တစ်ခုကို ဓားပြတိုက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့်ပဲ နောက်ထပ်ဖြစ်ရပ်တွေကို ဆက်တိုက်ဖြစ်ပေါ်လာစေပြီး Joker ဟာ လူဆိုးဂိုဏ်းတွေနဲ့ အကျင့်ပျက်ခြစားနေတဲ့ ရဲတွေကို ရှင်းထုတ်ပစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Joker ဟာ သူ့ရဲ့ထုံးစံအတိုင်း လုပ်နည်းလုပ်စဉ်တွေကတော့ ကြမ်းကြမ်းတမ်းတမ်းနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

ဒါ့အပြင် Joker ဟာ Batman ကို ရှင်းထုတ်ဖို့အတွက်ဆိုရင် စိတ်ပိုင်းဆိုင်ရာအရ တိုက်ခိုက်မှပဲ ရမယ်ဆိုတာကို သိခဲ့ပါတယ်။ ဒါကြောင့်ပဲ Joker ဟာ Rachel ကို သတ်ပစ်ခဲ့ပြီး Batman ကိုတော့ Harvey Dent ကို ကယ်ဆယ်စေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Harvey Dent ဟာ Two Face ဖြစ်သွားခဲ့ပြီး ရာဇဝတ်ကောင်တွေနဲ့ အကျင့်ပျက်ခြစားနေတဲ့ ရဲတွေများစွာကို သတ်ပစ်ခဲ့ပါတယ်။

ဒီလိုရာဇဝတ်ကောင်တွေနဲ့ အကျင့်ပျက်ခြစားတဲ့ ရဲတွေ မရှိတော့တာကြောင့် The Dark Knight ရုပ်ရှင်ရဲ့ အဆုံးသတ်မှာတော့ Gotham မြို့ကြီးဟာ သာမန်မြို့တစ်မြို့နီးပါး အေးချမ်းသွားခဲ့ပြီး Batman ဟာလည်း နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီသီအိုရီကတော့ Joker ဟာ The Dark Knight ရုပ်ရှင်ရဲ့ ဟီးရိုးလို့ ပြောထားတာ ဖြစ်ပါတယ်။ စာဖတ်သူတို့ရဲ့အမြင်ကရော ဘယ်လိုများလည်းဆိုတာ ကောမန့်မှာ ပြောခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular