HomeEntertainmentFilmရုပ္ရွင္ခ်စ္သူေတြ မျဖစ္မေန ၾကည့္သင့္တဲ့ Stephen King ရဲ႕ ဇာတ္ကား(၅)ကား

ရုပ္ရွင္ခ်စ္သူေတြ မျဖစ္မေန ၾကည့္သင့္တဲ့ Stephen King ရဲ႕ ဇာတ္ကား(၅)ကား

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Stephen King ဟာ နာမည္ေက်ာ္ Horror စာေရးဆရာႀကီး ျဖစ္ပါတယ္။ သူေရးတဲ့ ၀တၳဳအမ်ားစုကလည္း ေဟာလိ၀ုဒ္ရဲ႕ အၾကမ္းစား၊ အမိုက္စား ရုပ္ရွင္ေတြ ျဖစ္သြားရတာခ်ည္းပါပဲ။ Stephen King ဟာ လက္ရိွအခ်ိန္ထိ စာအုပ္ေရ သန္းေပါင္း(၃၅၀)ေက်ာ္ ေရာငး္ခ်ထားရတဲ့ best-seller စာေရးဆရာႀကီးတစ္ဦးလည္း ျဖစ္ပါတယ္။ Horror ေတြလည္း ႀကိဳက္မယ္၊ Stephen King ကိုလည္း ႀကိဳက္မယ္ဆိုရင္ေတာ့ ဆရာႀကီးရဲ႕၀တၳဳေတြကို ျပန္လည္ဖန္တီးထားတဲ့ ရုပ္ရွင္ေတြထဲက ဒီဇာတ္ကား(၅)ကားကို မျဖစ္မေန ၾကည့္ကိုၾကည့္သင့္ပါတယ္။

Misery

ဒီဇာတ္ကားကေတာ့ Stephen King က သူမက္ဖူးတဲ့ အိပ္မက္ဆိုးတစ္ခုကို ျပန္အေျခခံၿပီး ေရးဖြဲ႔ထားတဲ့ ဇာတ္လမ္းပါ။ Paul Sheldon လို႔ အမည္ရတဲ့ စာေရးဆရာတစ္ေယာက္ကို အရူးအမူး စြဲလမ္းေနတဲ့ ပရိသတ္တစ္ေယာက္က ျပန္ေပးဆြဲထားၿပီး သူလိုခ်င္တဲ့ ဇာတ္လမ္းပုံစံအတိုင္း ေရးခိုင္းကာ သူ႔သေဘာအတိုင္း မျဖစ္လာတဲ့အခါ အမ်ိဳးမ်ိဳး ႏွိပ္စက္တာမ်ိဳးပါ။ ၁၉၉၀ခုႏွစ္က ထြက္ရိွထားတဲ့ ဒီဇာတ္ကားကိုေတာ့ တကယ္ကို ရင္တမမနဲ႔ စိတ္ေမာၿပီး ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ IMDb rating 7.8 ရရိွထားတဲ့ ဇာတ္ကားလည္း ျဖစ္ပါတယ္။

The Green Mile

ဒီဇာတ္ကားကေတာ့ Stephen King ရဲ႕ အေကာင္းဆုံးေသာ လက္ရာေတြထဲကတစ္ခုအျဖစ္ ေက်ာ္ၾကားပါတယ္။ The Great Depression လို႔ေခၚတဲ့ ၁၉၃၀ခုႏွစ္၀န္းက်င္ ကမာၻ႕စီးပြားပ်က္ကပ္ အခ်ိန္ကာလအတြင္းမွာ ဇာတ္အိမ္ကို ဖြဲ႔စည္းထားပါတယ္။ ဒါရိုက္တာကေတာ့ နာမည္ေက်ာ္ဇာတ္ကား The Shawshank Redemption ရဲ႕ ပဲ့ကိုင္ရွင္ Frank Darabont ျဖစ္ပါတယ္။ မင္းသားႀကီး Tom Hanks သရုပ္ေဆာင္ထားတဲ့ ဒီဇာတ္ကားဟာ IMDb rating 8.6 ရရိွထားတာမို႔ အေထြအထူး ညႊန္းေနစရာေတာင္ လိုမယ္မထင္ပါဘူး။

The Shawshank Redemption

လူေတာ္ေတာ္မ်ားမ်ားက အေကာင္းဆုံးေသာရုပ္ရွင္ဇာတ္ကားလို႔ သတ္မွတ္ခံထားရတဲ့ ဇာတ္ကား ျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ အျခားေသာ Stephen King ရဲ႕ လက္ရာပုံစံေတြနဲ႔ မတူဘဲ တစ္မ်ိဳးကြဲထြက္ေနတဲ့ ဇာတ္ကားလည္း ျဖစ္ပါတယ္။ ဇာတ္လမ္းအေၾကာင္းအရာကေတာ့ ဘ၀ရဲ႕အေမွာင္မိုက္ဆုံးအခ်ိန္ေတြအေၾကာင္းနဲ႔ ေမွ်ာ္လင့္ခ်က္တစ္ခုနဲ႔ အသက္ရွင္ရတဲ့ လူသားေတြရဲ႕ အေလွ်ာ႔မေပးလိုစိတ္ေတြကို မီးေမာင္းထိုးျပထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ အျခားရသေပါင္းစုံကိုလည္း ခံစားရမယ့္ ဇာတ္ကားတစ္ကား ျဖစ္ပါတယ္။ ၁၉၉၄ခုႏွစ္က ထြက္ရိွထားၿပီး အဓိကသရုပ္ေဆာင္ေတြအျဖစ္ Morgan Freeman နဲ႔ Tim Robbins တို႔က သရုပ္ေဆာင္ထားၾကပါတယ္။ IMDb rating ကေတာ့ 9.3 ရရိွထားပါတယ္။

The Shining

Horror ကားေကာင္းေတြကို ေျပာတဲ့အခါ The Shining ဟာ လုံး၀ခ်န္ထားခဲ့လို႔ မရတဲ့ ဇာတ္ကားတစ္ကား ျဖစ္ပါတယ္။ ၀တၳဳရဲ႕နာမည္ဟာလည္း The Shining ပဲျဖစ္ၿပီး ဒီစာအုပ္ကိုေတာ့ Stephen King က ၁၉၇၇ခုႏွစ္က ေရးသားခဲ့တာပါ။ ရုပ္ရွင္ကိုေတာ့ ၁၉၈၀ခုႏွစ္မွာ ရိုက္ကူးထုတ္လႊင့္ခဲ့တာျဖစ္ၿပီး ဒါရိုက္တာ Stanley Kubrick ရဲ႕ အေကာင္းဆုံးေသာ လက္ရာတစ္ခုလို႔ သတ္မွတ္လို႔ ရပါတယ္။ အဓိကသရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ Jack Nicholson ကလည္း သူ႔ဘ၀ရဲ႕သရုပ္ေဆာင္မႈေတြထဲက အေကာင္းဆုံးေသာ သရုပ္မႈအျဖစ္ ဒီကားမွာ အားထုတ္ထားတယ္လို႔ေတာင္ ခ်ီးက်ဴးခံထားရတာပါ။ IMDb rating 8.4 ရရိွထားပါတယ္။

It

Stephen King ရဲ႕ ၀တၳဳေတြထဲက ေၾကာက္ဖို႔အေကာင္းဆုံးတစ္ခု ျဖစ္ပါတယ္။ ဒီဇာတ္လမ္းကို ၁၉၉၀ခုႏွစ္တုန္းက တစ္ႀကိမ္ ရုပ္ရွင္ရိုက္ခဲ့ဖူးပါတယ္။ သို႔ေပမယ့္ တင္ဆက္မႈက ထင္သေလာက္ မစြံခဲ့ပါဘူး။ ၂၀၁၇ခုႏွစ္မွာေတာ့ ျပန္လည္ဆန္းသစ္ထားတဲ့ It ဇာတ္ကား ထြက္ရိွလာခဲ့ၿပီး အေတာ္ေလးလည္း လူႀကိဳက္မ်ားခဲ့ပါတယ္။ ဇာတ္လမ္းကို အဓိကအသက္သြင္းသြားတာကေတာ့ ကေလးေတြရဲ႕ သရုပ္ေဆာင္မႈေတြ ျဖစ္ပါတယ္။ ယခု ၂၀၁၉ခုႏွစ္မွာေတာ့ It: Chapter 2 ဆိုၿပီး sequel အေနနဲ႔ ထပ္မံထြက္ရိွလာခဲ့ပါတယ္။ ၂၀၁၇နဲ႔ ၂၀၁၉ႏွစ္ကားစလုံးဟာ မူလဇာတ္လမ္းကို ႏွစ္ပိုင္းျပန္ခြဲၿပီး ရိုက္ထားတာ ျဖစ္ပါတယ္။ It က IMDb rating 7.4 ရရိွထားၿပီး It: Chapter 2 ကေတာ့ IMDb rating 7 ရရိွထားပါတယ္။

ဒါကေတာ့ စာေရးဆရာႀကီး Stephen King ဇာတ္လမ္းေကာင္းေတြကို ျပန္လည္ရိုက္ကူးထားတဲ့ ရုပ္ရွင္ငါးကား ျဖစ္ပါတယ္။ ၾကည့္ၿပီးတဲ့ ဇာတ္ကားေတြနဲ႔ ခံစားရတဲ့ အေတြ႕အႀကံဳ ခံစားခ်က္ေလးေတြကိုလည္း ျပန္လည္မွ်ေ၀ေပးခဲ့ပါဦး။

LaNina

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

Stephen King ဟာ နာမည်ကျော် Horror စာရေးဆရာကြီး ဖြစ်ပါတယ်။ သူရေးတဲ့ ဝတ္ထုအများစုကလည်း ဟောလိဝုဒ်ရဲ့ အကြမ်းစား၊ အမိုက်စား ရုပ်ရှင်တွေ ဖြစ်သွားရတာချည်းပါပဲ။ Stephen King ဟာ လက်ရှိအချိန်ထိ စာအုပ်ရေ သန်းပေါင်း(၃၅၀)ကျော် ရောင်းချထားရတဲ့ best-seller စာရေးဆရာကြီးတစ်ဦးလည်း ဖြစ်ပါတယ်။ Horror တွေလည်း ကြိုက်မယ်၊ Stephen King ကိုလည်း ကြိုက်မယ်ဆိုရင်တော့ ဆရာကြီးရဲ့ဝတ္ထုတွေကို ပြန်လည်ဖန်တီးထားတဲ့ ရုပ်ရှင်တွေထဲက ဒီဇာတ်ကား(၅)ကားကို မဖြစ်မနေ ကြည့်ကိုကြည့်သင့်ပါတယ်။

Misery

ဒီဇာတ်ကားကတော့ Stephen King က သူမက်ဖူးတဲ့ အိပ်မက်ဆိုးတစ်ခုကို ပြန်အခြေခံပြီး ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းပါ။ Paul Sheldon လို့ အမည်ရတဲ့ စာရေးဆရာတစ်ယောက်ကို အရူးအမူး စွဲလမ်းနေတဲ့ ပရိသတ်တစ်ယောက်က ပြန်ပေးဆွဲထားပြီး သူလိုချင်တဲ့ ဇာတ်လမ်းပုံစံအတိုင်း ရေးခိုင်းကာ သူ့သဘောအတိုင်း မဖြစ်လာတဲ့အခါ အမျိုးမျိုး နှိပ်စက်တာမျိုးပါ။ ၁၉၉၀ခုနှစ်က ထွက်ရှိထားတဲ့ ဒီဇာတ်ကားကိုတော့ တကယ်ကို ရင်တမမနဲ့ စိတ်မောပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။ IMDb rating 7.8 ရရှိထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

The Green Mile

ဒီဇာတ်ကားကတော့ Stephen King ရဲ့ အကောင်းဆုံးသော လက်ရာတွေထဲကတစ်ခုအဖြစ် ကျော်ကြားပါတယ်။ The Great Depression လို့ခေါ်တဲ့ ၁၉၃၀ခုနှစ်ဝန်းကျင် ကမ္ဘာ့စီးပွားပျက်ကပ် အချိန်ကာလအတွင်းမှာ ဇာတ်အိမ်ကို ဖွဲ့စည်းထားပါတယ်။ ဒါရိုက်တာကတော့ နာမည်ကျော်ဇာတ်ကား The Shawshank Redemption ရဲ့ ပဲ့ကိုင်ရှင် Frank Darabont ဖြစ်ပါတယ်။ မင်းသားကြီး Tom Hanks သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားဟာ IMDb rating 8.6 ရရှိထားတာမို့ အထွေအထူး ညွှန်းနေစရာတောင် လိုမယ်မထင်ပါဘူး။

The Shawshank Redemption

လူတော်တော်များများက အကောင်းဆုံးသောရုပ်ရှင်ဇာတ်ကားလို့ သတ်မှတ်ခံထားရတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ အခြားသော Stephen King ရဲ့ လက်ရာပုံစံတွေနဲ့ မတူဘဲ တစ်မျိုးကွဲထွက်နေတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းအရာကတော့ ဘဝရဲ့အမှောင်မိုက်ဆုံးအချိန်တွေအကြောင်းနဲ့ မျှော်လင့်ချက်တစ်ခုနဲ့ အသက်ရှင်ရတဲ့ လူသားတွေရဲ့ အလျှော့မပေးလိုစိတ်တွေကို မီးမောင်းထိုးပြထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားရသပေါင်းစုံကိုလည်း ခံစားရမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ၁၉၉၄ခုနှစ်က ထွက်ရှိထားပြီး အဓိကသရုပ်ဆောင်တွေအဖြစ် Morgan Freeman နဲ့ Tim Robbins တို့က သရုပ်ဆောင်ထားကြပါတယ်။ IMDb rating ကတော့ 9.3 ရရှိထားပါတယ်။

The Shining

Horror ကားကောင်းတွေကို ပြောတဲ့အခါ The Shining ဟာ လုံးဝချန်ထားခဲ့လို့ မရတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဝတ္ထုရဲ့နာမည်ဟာလည်း The Shining ပဲဖြစ်ပြီး ဒီစာအုပ်ကိုတော့ Stephen King က ၁၉၇၇ခုနှစ်က ရေးသားခဲ့တာပါ။ ရုပ်ရှင်ကိုတော့ ၁၉၈၀ခုနှစ်မှာ ရိုက်ကူးထုတ်လွှင့်ခဲ့တာဖြစ်ပြီး ဒါရိုက်တာ Stanley Kubrick ရဲ့ အကောင်းဆုံးသော လက်ရာတစ်ခုလို့ သတ်မှတ်လို့ ရပါတယ်။ အဓိကသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Jack Nicholson ကလည်း သူ့ဘဝရဲ့သရုပ်ဆောင်မှုတွေထဲက အကောင်းဆုံးသော သရုပ်မှုအဖြစ် ဒီကားမှာ အားထုတ်ထားတယ်လို့တောင် ချီးကျူးခံထားရတာပါ။ IMDb rating 8.4 ရရှိထားပါတယ်။

It

Stephen King ရဲ့ ဝတ္ထုတွေထဲက ကြောက်ဖို့အကောင်းဆုံးတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ၁၉၉၀ခုနှစ်တုန်းက တစ်ကြိမ် ရုပ်ရှင်ရိုက်ခဲ့ဖူးပါတယ်။ သို့ပေမယ့် တင်ဆက်မှုက ထင်သလောက် မစွံခဲ့ပါဘူး။ ၂၀၁၇ခုနှစ်မှာတော့ ပြန်လည်ဆန်းသစ်ထားတဲ့ It ဇာတ်ကား ထွက်ရှိလာခဲ့ပြီး အတော်လေးလည်း လူကြိုက်များခဲ့ပါတယ်။ ဇာတ်လမ်းကို အဓိကအသက်သွင်းသွားတာကတော့ ကလေးတွေရဲ့ သရုပ်ဆောင်မှုတွေ ဖြစ်ပါတယ်။ ယခု ၂၀၁၉ခုနှစ်မှာတော့ It: Chapter 2 ဆိုပြီး sequel အနေနဲ့ ထပ်မံထွက်ရှိလာခဲ့ပါတယ်။ ၂၀၁၇နဲ့ ၂၀၁၉နှစ်ကားစလုံးဟာ မူလဇာတ်လမ်းကို နှစ်ပိုင်းပြန်ခွဲပြီး ရိုက်ထားတာ ဖြစ်ပါတယ်။ It က IMDb rating 7.4 ရရှိထားပြီး It: Chapter 2 ကတော့ IMDb rating 7 ရရှိထားပါတယ်။

ဒါကတော့ စာရေးဆရာကြီး Stephen King ဇာတ်လမ်းကောင်းတွေကို ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ငါးကား ဖြစ်ပါတယ်။ ကြည့်ပြီးတဲ့ ဇာတ်ကားတွေနဲ့ ခံစားရတဲ့ အတွေ့အကြုံ ခံစားချက်လေးတွေကိုလည်း ပြန်လည်မျှဝေပေးခဲ့ပါဦး။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular