HomeEntertainmentFilmကြည့်ပြီးသွားရင် သင့်ကိုတွေးခေါ်စရာတွေပေးမယ့် Sci-Fi ရုပ်ရှင်ကားကောင်း(၇)ကား 

ကြည့်ပြီးသွားရင် သင့်ကိုတွေးခေါ်စရာတွေပေးမယ့် Sci-Fi ရုပ်ရှင်ကားကောင်း(၇)ကား 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Sci-Fi လို့ခေါ်တဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတွေဟာ လူကြိုက်များတဲ့ ရုပ်ရှင်အမျိုးအစားတွေထဲက တစ်ခုလို့ ပြောလို့ရပါတယ်။ သာမန်လူတွေ စိတ်မကူးကြည့်ဖူးတဲ့ ရှုထောင့်ကနေ စိတ်ကူးယဉ် ရိုက်ကူးထားတာမျိုး၊ သိပ္ပံပညာအရ တွေးခေါ်စရာ သီအိုရီတွေ ပေးတာမျိုးတွေဟာ Sci-Fi ရုပ်ရှင်တွေ ကြည့်ရှုရခြင်းရဲ့ အနှစ်သာရလို့ ပြောရမှာပါပဲ။ တစ်ချို့ဇာတ်ကားတွေဆိုရင် ကြည့်ပြီးသွားလို့ ရက်တွေကြာသွားတာတောင် ခေါင်းထဲမှာ စဉ်းစားလို့ မပြီးသေးတာတွေ ကြုံဖူးကြမှာပါ။ ဒါကြောင့် သိပ္ပံစိတ်ကူးယဉ် Sci-Fi ရုပ်ရှင် ကြိုက်နှစ်သက်သူများအတွက် ဇာတ်ကားကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(7) Annihilation
photo via screenrant

Annihilation ဟာ ၂၀၁၈ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.9) ရရှိထားပါတယ်။ Sci-Fi ဇာတ်ကားတစ်ခုဖြစ်လို့ အတွေးတွေ ဆင့်ပွားရမယ့်ဇာတ်ကားဖြစ်သလို horror ရုပ်ရှင်တစ်ခုလို ထိတ်လန့်ခြောက်ခြားရတဲ့ ခံစားချက်ကို ပေးစွမ်းမယ့် ဇာတ်ကားလည်း ဖြစ်ပါတယ်။ မင်းသမီး Natalie Portman ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေကိုလည်း ခံစားရမယ့် ဇာတ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ the Shimmer လို့ခေါ်တဲ့ ဆပ်ပြာပူဖောင်းလို စက်လုံးကြီးတစ်ခုဟာ တဖြည်းဖြည်းနဲ့ ကြီးမားကျယ်ပြန့်လာပြီး ကမ္ဘာမြေရဲ့နယ်မြေတွေကို ကျူးကျော်သိမ်းပိုက်လာတာပါ။ အဲ့ဒီ့အရာကြီးကို လေ့လာဖို့အတွက် ပညာရှင်တွေ၊ သတ္တိ၊ဗျတ္တိနဲ့ ပြည့်စုံတဲ့ တိုက်ခိုက်ရေးသမားတွေက Shimmer ထဲကို ဝင်ပြီး လေ့လာကြပေမယ့် အသက်ရှင်လျက် ပြန်ထွက်လာတာဆိုလို့ လူတစ်ယောက်သာ ရှိပါတယ်။ ဒီလိုနဲ့ ပညာရှင်အမျိုးသမီးတစ်စုက ဒီထဲကိုဝင်ပြီး လေ့လာဖို့ ကြိုးစားတဲ့အခါ သာမန်လူတစ်ယောက်ရဲ့ဘဝမှာ တစ်ခါမှ မမြင်ဖူးတာတွေကို တွေ့ကြုံလာရပါတော့တယ်။

(6) Minority Report
photo via screenrant

Minority Report ဟာ ၂၀၀၂ခုနှစ်မှာ ထွက်ရှိထားပြီးတော့ IMDb (7.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အနာဂတ်ကာလမှာ ဇာတ်အိမ်တည်ထားပြီး အဲ့ဒီကာလမှာ အထူးရဲတပ်ဖွဲ့တွေဟာ အနာဂတ်ကို ကြိုသိနိုင်ပြီးတော့ မလုပ်ရသေးတဲ့ ရာဇဝတ်မှုတွေအတွက် ဖမ်းခွင့်ရှိထားပါတယ်။ ဒီလိုနဲ့ အဲ့ဒီရဲအဖွဲ့ထဲက ရဲတစ်ယောက်ဟာ အနာဂတ်မှာ ဖြစ်မယ့် လူသတ်မှုတစ်ခုအတွက် စွပ်စွဲခံလိုက်ရပါတယ်။ အဲ့ဒါကြောင့် သူဟာ ဘာကြောင့် အနာဂတ်မှာ လူသတ်တာလည်း ဆိုတာရဲ့ အကြောင်းအရင်းကို ရှာဖွေပါတော့တယ်။ နာမည်ကျော်မင်းသားတွေဖြစ်တဲ့ Tom Cruise နဲ့ Colin Farrell တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(5) Ex Machina
photo via screenrant

Ex Machina ဟာ ၂၀၁၄ခုနှစ်က ထွက်ရှိထားပြီးတော့ IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Caleb Smith ဆိုတဲ့ လူငယ် ပရိုဂရမ်မာတစ်ယောက်ဟာ ထူးဆန်းတဲ့ သိပ္ပံပရောဂျက်တစ်ခုမှာ ပါဝင်ခွင့်ရသွားခဲ့ပါတယ်။ အဲ့ဒီပရောဂျက်ဟာ အမျိုးသမီးစက်ရုပ်နဲ့ A.I နည်းပညာကို စမ်းသပ်ရမှာဖြစ်ပြီး ဆန်းကြယ်တဲ့ နည်းပညာတိုးတက်မှုရဲ့အောက်မှာ ဘယ်လိုအံ့ဩစရာတွေ ဖြစ်လာမလည်းဆိုတာ ကြည့်ရှုရမှာပါ။ သရုပ်ဆောင်တွေအနေနဲ့ Oscar Issac ၊ Alicia Vikander နဲ့ Domhnall Gleeson တို့က အဓိက ပါဝင်ထားပါတယ်။

(4) Children of Men
photo via imdb

ဒီကားကတော့ ၂၀၀၆ခုနှစ်က ထွက်ရှိထားတာဖြစ်ပြီး IMDb (7.9) ရရှိထားပါတယ်။ ၂၀၂၇ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး အဲ့ဒီကာလမှာ လူတွေဟာ မျိုးပွားနိုင်စွမ်းမရှိတော့ဘဲ လူသားမျိုးနွယ်ဟာ ပျောက်ကွယ်လုနီးနီး ဖြစ်နေပါတယ်။ ယူကေနိုင်ငံဟာ လူသားအများစုရဲ့ ခိုလှုံရာဖြစ်လာပြီး နိုင်ငံအများစုကလည်း ပျက်စီးပြိုလဲနေတဲ့အချိန်မှာ မထင်မှတ်ဘဲ မိန်းကလေးတစ်ယောက်က ကိုယ်ဝန်ရှိလာတဲ့အခါမှာတော့ သူမရဲ့လုံခြုံရေးဟာ စိုးရိမ်စရာ ဖြစ်လာပါတော့တယ်။ Clive Owen ၊ Julianne Moore ၊ Michael Caine နဲ့ Clare-Hope Ashitey တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(3) Moon
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၀၉ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အာကာသယာဉ်မှူး Sam ဟာ လပေါ်က အခြေစိုက်စခန်းမှာ သူ့ရဲ့ကွန်ပျူတာ Gertie နဲ့အတူ တစ်ယောက်တည်းသွားပြီး အလုပ်လုပ်နေခဲ့ပါတယ်။ စာချုပ်ချုပ်ထားတဲ့ အချိန်ပြည့်ကာနီးမှာတော့ သေစေနိုင်တဲ့ မတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ရပါတော့တယ်။ သရုပ်ဆောင်တွေအနေနဲ့ Sam Rockwell ၊ Dominique McElligott ၊ Kevin Spacey နဲ့ Kaya Scodelario တို့က အဓိက ပါဝင်ထားပါတယ်။

(2) Interstellar
photo via screenrant

Interstellar ဟာ ၂၀၁၄ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.6) ရရှိထားပါတယ်။ ကမ္ဘာကြီးရဲ့ သယံဇာတတွေဟာ ကုန်သလောက် ဖြစ်လာတာကြောင့် လူသားတွေ နေထိုင်ဖို့အတွက် ဂြိုဟ်အသစ်ကို ရှာဖွေရပါတော့တယ်။ ဒီလိုနဲ့ လေယာဉ်မှူးဘဝကနေ အနားယူထားပြီး လယ်သမားလုပ်နေတဲ့ Cooper ဟာ နာဆာရဲ့ကမ်းလှမ်းမှုနဲ့ နေထိုင်ရာ ဂြိုဟ်အသစ် ရှာဖွေမယ့်မစ်ရှင်မှာ ပါဝင်ဖို့ ဖြစ်လာပါတော့တယ်။ သရုပ်ဆောင်တွေအနေနဲ့ Matthew McConaughey ၊ Anne Hathaway ၊ Jessica Chastain နဲ့ Michael Caine တို့က အဓိက ပါဝင်ထားပါတယ်။

(1) The Matrix
photo via screenrant

The Matrix ကတော့ ၁၉၉၉ခုနှစ်က ထွက်ရှိထားပြီး IMDb (8.7) ရရှိထားပါတယ်။ ဒီကားဟာ ပထမဆုံးကားဖြစ်ပြီးတော့ အားလုံးပေါင်းသုံးကား ထွက်ထားတာ ရှိပါတယ်။ ၂၀၂၂ခုနှစ်မှာတော့ လေးကားမြောက် ထပ်ပြီး ထွက်ဖို့ရှိပါတယ်။ ဇာတ်လမ်းကတော့ လူသားတွေရဲ့ လက်တွေ့ဘဝကြီးတစ်ခုလုံးကို The Matrix ဆိုတဲ့ ကွန်ပျူတာစနစ်နဲ့ အစားထိုးတည်ဆောက်ထားတဲ့ စွမ်းအားမြင့် ကွန်ပျူတာတွေကို Thomas Anderson ဦးဆောင်တဲ့ လူတစ်စုက တိုက်ခိုက်တဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Keanu Reeves ၊ Carrie-Anne Moss ၊ Laurence Fishburne နဲ့ Hugo Weaving တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒါကတော့ Sci-Fi အမျိုးအစား ရုပ်ရှင်တွေကို နှစ်သက်သူတွေ ကြည့်ရှုသင့်တဲ့ သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားကောင်းများ ဖြစ်ပါတယ်။ စာဖတ်သူတို့ ကြည့်ဖူးထားတဲ့ အခြားဇာတ်ကားကောင်းတွေ ရှိရင်လည်း ပြန်လည်မျှဝေခဲ့ပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

Sci-Fi လို႔ေခၚတဲ့ သိပၸံစိတ္ကူးယဥ္ဇာတ္ကားေတြဟာ လူႀကိဳက္မ်ားတဲ့ ႐ုပ္ရွင္အမ်ိဳးအစားေတြထဲက တစ္ခုလို႔ ေျပာလို႔ရပါတယ္။ သာမန္လူေတြ စိတ္မကူးၾကည့္ဖူးတဲ့ ရႈေထာင့္ကေန စိတ္ကူးယဥ္ ႐ိုက္ကူးထားတာမ်ိဳး၊ သိပၸံပညာအရ ေတြးေခၚစရာ သီအိုရီေတြ ေပးတာမ်ိဳးေတြဟာ Sci-Fi ႐ုပ္ရွင္ေတြ ၾကည့္ရႈရျခင္းရဲ႕ အႏွစ္သာရလို႔ ေျပာရမွာပါပဲ။ တစ္ခ်ိဳ႕ဇာတ္ကားေတြဆိုရင္ ၾကည့္ၿပီးသြားလို႔ ရက္ေတြၾကာသြားတာေတာင္ ေခါင္းထဲမွာ စဥ္းစားလို႔ မၿပီးေသးတာေတြ ႀကဳံဖူးၾကမွာပါ။ ဒါေၾကာင့္ သိပၸံစိတ္ကူးယဥ္ Sci-Fi ႐ုပ္ရွင္ ႀကိဳက္ႏွစ္သက္သူမ်ားအတြက္ ဇာတ္ကားေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(7) Annihilation
photo via screenrant

Annihilation ဟာ ၂၀၁၈ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (6.9) ရရွိထားပါတယ္။ Sci-Fi ဇာတ္ကားတစ္ခုျဖစ္လို႔ အေတြးေတြ ဆင့္ပြားရမယ့္ဇာတ္ကားျဖစ္သလို horror ႐ုပ္ရွင္တစ္ခုလို ထိတ္လန႔္ေျခာက္ျခားရတဲ့ ခံစားခ်က္ကို ေပးစြမ္းမယ့္ ဇာတ္ကားလည္း ျဖစ္ပါတယ္။ မင္းသမီး Natalie Portman ရဲ႕ ေျပာင္ေျမာက္တဲ့ သ႐ုပ္ေဆာင္ခ်က္ေတြကိုလည္း ခံစားရမယ့္ ဇာတ္ကား ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ the Shimmer လို႔ေခၚတဲ့ ဆပ္ျပာပူေဖာင္းလို စက္လုံးႀကီးတစ္ခုဟာ တျဖည္းျဖည္းနဲ႔ ႀကီးမားက်ယ္ျပန႔္လာၿပီး ကမာၻေျမရဲ႕နယ္ေျမေတြကို က်ဴးေက်ာ္သိမ္းပိုက္လာတာပါ။ အဲ့ဒီ့အရာႀကီးကို ေလ့လာဖို႔အတြက္ ပညာရွင္ေတြ၊ သတၱိ၊ဗ်တၱိနဲ႔ ျပည့္စုံတဲ့ တိုက္ခိုက္ေရးသမားေတြက Shimmer ထဲကို ဝင္ၿပီး ေလ့လာၾကေပမယ့္ အသက္ရွင္လ်က္ ျပန္ထြက္လာတာဆိုလို႔ လူတစ္ေယာက္သာ ရွိပါတယ္။ ဒီလိုနဲ႔ ပညာရွင္အမ်ိဳးသမီးတစ္စုက ဒီထဲကိုဝင္ၿပီး ေလ့လာဖို႔ ႀကိဳးစားတဲ့အခါ သာမန္လူတစ္ေယာက္ရဲ႕ဘဝမွာ တစ္ခါမွ မျမင္ဖူးတာေတြကို ေတြ႕ႀကဳံလာရပါေတာ့တယ္။

(6) Minority Report
photo via screenrant

Minority Report ဟာ ၂၀၀၂ခုႏွစ္မွာ ထြက္ရွိထားၿပီးေတာ့ IMDb (7.6) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ အနာဂတ္ကာလမွာ ဇာတ္အိမ္တည္ထားၿပီး အဲ့ဒီကာလမွာ အထူးရဲတပ္ဖြဲ႕ေတြဟာ အနာဂတ္ကို ႀကိဳသိႏိုင္ၿပီးေတာ့ မလုပ္ရေသးတဲ့ ရာဇဝတ္မႈေတြအတြက္ ဖမ္းခြင့္ရွိထားပါတယ္။ ဒီလိုနဲ႔ အဲ့ဒီရဲအဖြဲ႕ထဲက ရဲတစ္ေယာက္ဟာ အနာဂတ္မွာ ျဖစ္မယ့္ လူသတ္မႈတစ္ခုအတြက္ စြပ္စြဲခံလိုက္ရပါတယ္။ အဲ့ဒါေၾကာင့္ သူဟာ ဘာေၾကာင့္ အနာဂတ္မွာ လူသတ္တာလည္း ဆိုတာရဲ႕ အေၾကာင္းအရင္းကို ရွာေဖြပါေတာ့တယ္။ နာမည္ေက်ာ္မင္းသားေတြျဖစ္တဲ့ Tom Cruise နဲ႔ Colin Farrell တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(5) Ex Machina
photo via screenrant

Ex Machina ဟာ ၂၀၁၄ခုႏွစ္က ထြက္ရွိထားၿပီးေတာ့ IMDb (7.7) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Caleb Smith ဆိုတဲ့ လူငယ္ ပ႐ိုဂရမ္မာတစ္ေယာက္ဟာ ထူးဆန္းတဲ့ သိပၸံပေရာဂ်က္တစ္ခုမွာ ပါဝင္ခြင့္ရသြားခဲ့ပါတယ္။ အဲ့ဒီပေရာဂ်က္ဟာ အမ်ိဳးသမီးစက္႐ုပ္နဲ႔ A.I နည္းပညာကို စမ္းသပ္ရမွာျဖစ္ၿပီး ဆန္းၾကယ္တဲ့ နည္းပညာတိုးတက္မႈရဲ႕ေအာက္မွာ ဘယ္လိုအံ့ဩစရာေတြ ျဖစ္လာမလည္းဆိုတာ ၾကည့္ရႈရမွာပါ။ သ႐ုပ္ေဆာင္ေတြအေနနဲ႔ Oscar Issac ၊ Alicia Vikander နဲ႔ Domhnall Gleeson တို႔က အဓိက ပါဝင္ထားပါတယ္။

(4) Children Of Men
photo via imdb

ဒီကားကေတာ့ ၂၀၀၆ခုႏွစ္က ထြက္ရွိထားတာျဖစ္ၿပီး IMDb (7.9) ရရွိထားပါတယ္။ ၂၀၂၇ခုႏွစ္မွာ ဇာတ္အိမ္တည္ထားၿပီး အဲ့ဒီကာလမွာ လူေတြဟာ မ်ိဳးပြားႏိုင္စြမ္းမရွိေတာ့ဘဲ လူသားမ်ိဳးႏြယ္ဟာ ေပ်ာက္ကြယ္လုနီးနီး ျဖစ္ေနပါတယ္။ ယူေကႏိုင္ငံဟာ လူသားအမ်ားစုရဲ႕ ခိုလႈံရာျဖစ္လာၿပီး ႏိုင္ငံအမ်ားစုကလည္း ပ်က္စီးၿပိဳလဲေနတဲ့အခ်ိန္မွာ မထင္မွတ္ဘဲ မိန္းကေလးတစ္ေယာက္က ကိုယ္ဝန္ရွိလာတဲ့အခါမွာေတာ့ သူမရဲ႕လုံၿခဳံေရးဟာ စိုးရိမ္စရာ ျဖစ္လာပါေတာ့တယ္။ Clive Owen ၊ Julianne Moore ၊ Michael Caine နဲ႔ Clare-Hope Ashitey တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(3) Moon
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၀၉ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.9) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ အာကာသယာဥ္မႉး Sam ဟာ လေပၚက အေျခစိုက္စခန္းမွာ သူ႔ရဲ႕ကြန္ပ်ဴတာ Gertie နဲ႔အတူ တစ္ေယာက္တည္းသြားၿပီး အလုပ္လုပ္ေနခဲ့ပါတယ္။ စာခ်ဳပ္ခ်ဳပ္ထားတဲ့ အခ်ိန္ျပည့္ကာနီးမွာေတာ့ ေသေစႏိုင္တဲ့ မေတာ္တဆမႈတစ္ခုနဲ႔ ႀကဳံေတြ႕ရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြအေနနဲ႔ Sam Rockwell ၊ Dominique McElligott ၊ Kevin Spacey နဲ႔ Kaya Scodelario တို႔က အဓိက ပါဝင္ထားပါတယ္။

(2) Interstellar
photo via screenrant

Interstellar ဟာ ၂၀၁၄ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.6) ရရွိထားပါတယ္။ ကမာၻႀကီးရဲ႕ သယံဇာတေတြဟာ ကုန္သေလာက္ ျဖစ္လာတာေၾကာင့္ လူသားေတြ ေနထိုင္ဖို႔အတြက္ ၿဂိဳဟ္အသစ္ကို ရွာေဖြရပါေတာ့တယ္။ ဒီလိုနဲ႔ ေလယာဥ္မႉးဘဝကေန အနားယူထားၿပီး လယ္သမားလုပ္ေနတဲ့ Cooper ဟာ နာဆာရဲ႕ကမ္းလွမ္းမႈနဲ႔ ေနထိုင္ရာ ၿဂိဳဟ္အသစ္ ရွာေဖြမယ့္မစ္ရွင္မွာ ပါဝင္ဖို႔ ျဖစ္လာပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြအေနနဲ႔ Matthew McConaughey ၊ Anne Hathaway ၊ Jessica Chastain နဲ႔ Michael Caine တို႔က အဓိက ပါဝင္ထားပါတယ္။

(1) The Matrix
photo via screenrant

The Matrix ကေတာ့ ၁၉၉၉ခုႏွစ္က ထြက္ရွိထားၿပီး IMDb (8.7) ရရွိထားပါတယ္။ ဒီကားဟာ ပထမဆုံးကားျဖစ္ၿပီးေတာ့ အားလုံးေပါင္းသုံးကား ထြက္ထားတာ ရွိပါတယ္။ ၂၀၂၂ခုႏွစ္မွာေတာ့ ေလးကားေျမာက္ ထပ္ၿပီး ထြက္ဖို႔ရွိပါတယ္။ ဇာတ္လမ္းကေတာ့ လူသားေတြရဲ႕ လက္ေတြ႕ဘဝႀကီးတစ္ခုလုံးကို The Matrix ဆိုတဲ့ ကြန္ပ်ဴတာစနစ္နဲ႔ အစားထိုးတည္ေဆာက္ထားတဲ့ စြမ္းအားျမင့္ ကြန္ပ်ဴတာေတြကို Thomas Anderson ဦးေဆာင္တဲ့ လူတစ္စုက တိုက္ခိုက္တဲ့ဇာတ္လမ္း ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြအေနနဲ႔ Keanu Reeves ၊ Carrie-Anne Moss ၊ Laurence Fishburne နဲ႔ Hugo Weaving တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

ဒါကေတာ့ Sci-Fi အမ်ိဳးအစား ႐ုပ္ရွင္ေတြကို ႏွစ္သက္သူေတြ ၾကည့္ရႈသင့္တဲ့ သိပၸံစိတ္ကူးယဥ္ ဇာတ္ကားေကာင္းမ်ား ျဖစ္ပါတယ္။ စာဖတ္သူတို႔ ၾကည့္ဖူးထားတဲ့ အျခားဇာတ္ကားေကာင္းေတြ ရွိရင္လည္း ျပန္လည္မွ်ေဝခဲ့ပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular