HomeCharacterOne Piece ထဲက Roronoa Zoro နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်များ

One Piece ထဲက Roronoa Zoro နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Roronoa Zoro ဟာ One Piece ထဲက အသန်မာဆုံး ဇာတ်ကောင်တွေထဲကတစ်ယောက် ဖြစ်ပြီးတော့ ကမ္ဘာ့အတော်ဆုံး ဓားသမားတစ်ယောက် ဖြစ်လာဖို့အတွက် ကြိုးစားနေသူတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ Monkey D. Luffy ရဲ့ ညာလက်ရုံးလို့တောင် ပြောလို့ရတဲ့ အားကိုးအားထားရသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ Roronoa Zoro ဟာ ပရိသတ်အများအပြား ပိုင်ဆိုင်ထားတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်တာကြောင့် သူနဲ့ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းလေးတွေကို One Piece ပရိသတ်များအတွက် ဖော်ပြပေးလိုက်ပါတယ်။

Time Skip လုပ်ပြီးသွားတဲ့နောက်မှာ Zoro ရဲ့ဒီဇိုင်းတွေဟာ အမှားအယွင်းပါလာခဲ့ပါတယ်။
photo via cbr

Zoro ဟာ  စတင်ထွက်ပေါ်လာတဲ့ ၁၉၉၇ခုနှစ်ကတည်းက သူ့ရဲ့ပုံပန်းသွင်ပြင်ဟာ ပြောင်းလဲမှုမျိုးစုံနဲ့ ဖြတ်သန်းခဲ့ရပါတယ်။ ဒါပေမဲ့လည်း အချိန်(၂)နှစ်တာကာလကို ကျော်လိုက်တဲ့အချိန်မှာတော့ သူဟာ လုံးဝကို ပုံစံအသစ်တစ်မျိုးနဲ့ ပြန်လာခဲ့ပါတယ်။ အဲ့ဒီ့ပုံစံအသစ်ထဲမှာတော့ ဘယ်သူမှမထင်ထားလောက်တဲ့ အမှားအယွင်းတွေ ပါနေခဲ့ပါတယ်။ Manga ရဲ့ chapter 598 မှာတော့ အချိန်(၂)နှစ်ကြာပြီး ပြန်လာတဲ့အခါမှာ သူ့ရဲ့မျက်လုံးတစ်ဘက်မှာ အမာရွတ်တစ်ခု ရလာခဲ့ပါတယ်။

နောက်ထပ် chapter တစ်ခုကို ထပ်ပြီးထုတ်တဲ့အချိန်မှာတော့ အဲ့ဒီအမာရွတ်ဟာ တမင်ထည့်သွင်းလိုက်တာမျိုးမဟုတ်ဘဲနဲ့ အမှားအယွင်းတစ်ခုကြောင့် ဖြစ်သွားခဲ့ရတာပါလို့ Oda က ပြောပြခဲ့ပါတယ်။ အဲ့ဒါတစ်ခုတည်းတင် မဟုတ်သေးဘဲ Manga ရဲ့ chapter 698 မှာလည်း သူ့ရဲ့ရင်ဘက်ပေါ်က အမာရွတ်ဟာ ပြောင်းလဲသွားခဲ့ပြီးတော့ Luffy လိုမျိုး ကြက်ခြေခတ်အမာရွတ် ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒါကတော့ နောက်ပိုင်းမှာ အမှန်ပြန်ပြင်လိုက်ပေမယ့် သူ့ရဲ့မျက်လုံးပေါ်က အမာရွတ်ကတော့ ဒီအတိုင်းပဲဆက်ပြီးဆွဲခဲ့ပါတယ်။

Zoro မှာ နာမည်နှစ်ခု ရှိပါတယ်။
photo via cbr

Zoro ကို တစ်ချို့နေရာတွေမှာတော့ Zolo ဆိုပြီး ခေါ်ကြပါတယ်။ အဲ့ဒါကတော့ ဂျပန်အသံကနေ အင်္ဂလိပ်အသံကိုပြောင်းတဲ့အချိန်မှာ L နဲ့ R ဟာ အသံထွက် အနည်းငယ် ဆင်တူနေခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်က  နာမည်ကျော် ကာရိုက်တာတစ်ခုဖြစ်တဲ့ ဓားသမား Zorro နဲ့ အသံထွက်ဆင်ပြီး မူပိုင်ခွင့်ပြဿနာတွေ ရှုပ်ကုန်မှာစိုးလို့ အင်္ဂလိပ်ဗားရှင်းမှာ Zolo လို့ ခေါ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။

Zoro ဟာ One Piece မှာ ဒုတိယမြောက်ပေါ်ပြူလာအဖြစ်ဆုံး ဇာတ်ကောင်အဖြစ်နဲ့ ဆယ်စုနှစ်ကျော်ကြာ ရှိနေခဲ့ပါတယ်။
photo via onepiecefandom

One Piece ဟာ စတင်ထွက်ရှိခဲ့တဲ့ အချိန်တည်းကနေ အခုချိန်ထိ ပရိသတ်တွေရဲ့ မဲအရေအတွက်ပေါ်ကို မူတည်ပြီး ပေါ်ပြူလာအဖြစ်ဆုံး ဇာတ်ကောင်ကို ရွေးချယ်လေ့ရှိခဲ့ပါတယ်။ အဲ့လိုရွေးချယ်ထားတာဟာ (၆)ကြိမ်ရှိပြီ ဖြစ်ပြီးတော့ ပထမဆုံးအကြိမ်ကနေ လေးကြိမ်မြောက်အထိကို Zoro ဟာ ဒုတိယမြောက်ပေါ်ပြူလာအဖြစ်ဆုံး ဇာတ်ကောင်အဖြစ်နဲ့ ရပ်တည်နေခဲ့ပါတယ်။

ဒါပေမဲ့လည်း ငါးကြိမ်မြောက်ပွဲမှာတော့ Zoro ဟာ တတိယမြောက်နေရာကို ရောက်သွားခဲ့ပါတယ်။ ဒုတိယနေရာကိုတော့ Trafalgar Law က ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ခြောက်ကြိမ်မြောက် ပြုလုပ်တဲ့ပွဲမှာတော့ Zoro ဟာ မဲအရေအပေါင်း (၁၀,၄၀၀) ရရှိခဲ့ပြီး ဒုတိယနေရာကို ပြန်လည်ရရှိခဲ့ပါတယ်။ ခြောက်ကြိမ်လုံးမှာ ပထမရထားတဲ့သူကတော့ Luffy ပဲ ဖြစ်ပါတယ်။

Zoro ကို Buggy ရဲ့သက်တော်စောင့်အဖြစ်နဲ့ ရေးဆွဲဖို့ အစီအစဉ်ရှိခဲ့ပါတယ်။
photo via cbr

Zoro ဟာ ကောက်ရိုးဉီးထုပ်ဓားပြတွေရဲ့ အကြမ်းဆုံး အဖွဲ့ဝင်တွေထဲကတစ်ယောက် ဖြစ်ပြီးတော့ Luffy ၊ Sanji တို့နဲ့ သုံးယောက်သာ ပေါင်းလိုက်ရင် တော်တော်လေးကို ကြမ်းတမ်းတဲ့အတွဲ ဖြစ်သွားတယ်ဆိုတာကို ငြင်းမယ့်သူ ရှိမယ်မထင်ပါဘူး။ ဒါပေမဲ့လည်း manga ရဲ့ အတွဲ(၃)ကို ရေးဆွဲပြီးတဲ့နောက်မှာ Oda ဟာ Zoro ကို Buggy ရဲ့အဖွဲ့ဝင်တစ်ယောက်အဖြစ်နဲ့ ရေးဆွဲဖို့ စီစဉ်ခဲ့တာပါလို့ ဆိုခဲ့ပါတယ်။

Zoro ဟာ Buggy ရဲ့တစ်ခြားသက်တော်စောင့် နှစ်ယောက်ဖြစ်တဲ့ Mohji ၊ Cabaji တို့နဲ့အတူ သက်တော်စောင့်လုပ်ရမှာ ဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ အစ်ကိုကြီးအဖြစ်နဲ့လည်း ထည့်သွင်းရေးဆွဲဖို့ စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း နောက်ပိုင်းမှာတော့ Oda ဟာ စိတ်ပြောင်းသွားပြီး သူ့ကို Luffy ရဲ့ပထမဆုံးအဖွဲ့ဝင်အဖြစ် ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

Zoro ဟာ ဆာမူရိုင်း Ryuma ပြီးရင် နဂါးကိုသတ်ဖူးတဲ့ တစ်ဉီးတည်းသောလူ ဖြစ်ပါတယ်။
photo via cbr

Zoro ဟာ Time skip မဖြစ်ခင်ကတည်းက တော်တော်လေးကို သန်မာတဲ့ လူတစ်ယောက်ဖြစ်ပြီးတော့ Dracule Mihawk ဆီမှာ (၂)နှစ်ကြာအောင် ပညာသင်လာပြီးတဲ့အချိန်မှာ တားဆီးလို့ မရနိုင်လောက်အောင်ကို သန်မာနေခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ နဂါးကိုတောင် သတ်ဖြတ်နိုင်တဲ့အထိ စွမ်းအားကြီးတဲ့လူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဆာမူရိုင်း Ryuma ကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ပထမဆုံးနဂါးကို သတ်ဖူးခဲ့တဲ့လူ ဖြစ်ပြီးတော့ အဲ့ဒီနောက်မှာ Zoro တစ်ယောက်တည်းကသာ နဂါးကိုသတ်ခဲ့ဖူးတဲ့ လူတစ်ယောက် ဖြစ်ခဲ့တာပါ။ သူတို့နှစ်ယောက်လုံးရဲ့ နဂါးကိုသတ်ဖြတ်တဲ့ပုံစံကလည်း အတူတူပဲ ဖြစ်ပြီးတော့ လေထဲမှာ နဂါးကို ဓားနဲ့ခုတ်ပြီး သတ်ခဲ့တာပါလို့ Oda ကပြောခဲ့ပါတယ်။

ဒါကတော့ Roronoa Zoro နဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချို့သော အကြောင်းအရာလေးတွေ ဖြစ်ပါတယ်။ ဖတ်ပြီးလို့ စိတ်ကျေနပ်တယ်ဆိုရင် မိတ်ဆွေတွေလည်း ဖတ်နိုင်အောင် ရှဲသွားပေးပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Roronoa Zoro ဟာ One Piece ထဲက အသန္မာဆုံး ဇာတ္ေကာင္ေတြထဲကတစ္ေယာက္ ျဖစ္ၿပီးေတာ့ ကမာၻ႔အေတာ္ဆုံး ဓားသမားတစ္ေယာက္ ျဖစ္လာဖို႔အတြက္ ႀကိဳးစားေနသူတစ္ေယာက္ ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ Monkey D. Luffy ရဲ႕ ညာလက္႐ုံးလို႔ေတာင္ ေျပာလို႔ရတဲ့ အားကိုးအားထားရသူ တစ္ေယာက္လည္း ျဖစ္ပါတယ္။ Roronoa Zoro ဟာ ပရိသတ္အမ်ားအျပား ပိုင္ဆိုင္ထားတဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္တာေၾကာင့္ သူနဲ႔ပတ္သက္ၿပီး စိတ္ဝင္စားဖို႔ေကာင္းတဲ့အေၾကာင္းေလးေတြကို One Piece ပရိသတ္မ်ားအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

Time Skip လုပ္ၿပီးသြားတဲ့ေနာက္မွာ Zoro ရဲ႕ဒီဇိုင္းေတြဟာ အမွားအယြင္းပါလာခဲ့ပါတယ္။
photo via cbr

Zoro ဟာ  စတင္ထြက္ေပၚလာတဲ့ ၁၉၉၇ခုႏွစ္ကတည္းက သူ႔ရဲ႕ပုံပန္းသြင္ျပင္ဟာ ေျပာင္းလဲမႈမ်ိဳးစုံနဲ႔ ျဖတ္သန္းခဲ့ရပါတယ္။ ဒါေပမဲ့လည္း အခ်ိန္(၂)ႏွစ္တာကာလကို ေက်ာ္လိုက္တဲ့အခ်ိန္မွာေတာ့ သူဟာ လုံးဝကို ပုံစံအသစ္တစ္မ်ိဳးနဲ႔ ျပန္လာခဲ့ပါတယ္။ အဲ့ဒီ့ပုံစံအသစ္ထဲမွာေတာ့ ဘယ္သူမွမထင္ထားေလာက္တဲ့ အမွားအယြင္းေတြ ပါေနခဲ့ပါတယ္။ Manga ရဲ႕ chapter 598 မွာေတာ့ အခ်ိန္(၂)ႏွစ္ၾကာၿပီး ျပန္လာတဲ့အခါမွာ သူ႔ရဲ႕မ်က္လုံးတစ္ဘက္မွာ အမာ႐ြတ္တစ္ခု ရလာခဲ့ပါတယ္။

ေနာက္ထပ္ chapter တစ္ခုကို ထပ္ၿပီးထုတ္တဲ့အခ်ိန္မွာေတာ့ အဲ့ဒီအမာ႐ြတ္ဟာ တမင္ထည့္သြင္းလိုက္တာမ်ိဳးမဟုတ္ဘဲနဲ႔ အမွားအယြင္းတစ္ခုေၾကာင့္ ျဖစ္သြားခဲ့ရတာပါလို႔ Oda က ေျပာျပခဲ့ပါတယ္။ အဲ့ဒါတစ္ခုတည္းတင္ မဟုတ္ေသးဘဲ Manga ရဲ႕ chapter 698 မွာလည္း သူ႔ရဲ႕ရင္ဘက္ေပၚက အမာ႐ြတ္ဟာ ေျပာင္းလဲသြားခဲ့ၿပီးေတာ့ Luffy လိုမ်ိဳး ၾကက္ေျခခတ္အမာ႐ြတ္ ျဖစ္သြားခဲ့ပါတယ္။ အဲ့ဒါကေတာ့ ေနာက္ပိုင္းမွာ အမွန္ျပန္ျပင္လိုက္ေပမယ့္ သူ႔ရဲ႕မ်က္လုံးေပၚက အမာ႐ြတ္ကေတာ့ ဒီအတိုင္းပဲဆက္ၿပီးဆြဲခဲ့ပါတယ္။

Zoro မွာ နာမည္ႏွစ္ခု ရွိပါတယ္။
photo via cbr

Zoro ကို တစ္ခ်ိဳ႕ေနရာေတြမွာေတာ့ Zolo ဆိုၿပီး ေခၚၾကပါတယ္။ အဲ့ဒါကေတာ့ ဂ်ပန္အသံကေန အဂၤလိပ္အသံကိုေျပာင္းတဲ့အခ်ိန္မွာ L နဲ႔ R ဟာ အသံထြက္ အနည္းငယ္ ဆင္တူေနခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ ဒါ့အျပင္ အေမရိကန္က  နာမည္ေက်ာ္ ကာ႐ိုက္တာတစ္ခုျဖစ္တဲ့ ဓားသမား Zorro နဲ႔ အသံထြက္ဆင္ၿပီး မူပိုင္ခြင့္ျပႆနာေတြ ရႈပ္ကုန္မွာစိုးလို႔ အဂၤလိပ္ဗားရွင္းမွာ Zolo လို႔ ေခၚဆိုခဲ့ၾကတာ ျဖစ္ပါတယ္။

Zoro ဟာ One Piece မွာ ဒုတိယေျမာက္ေပၚျပဴလာအျဖစ္ဆုံး ဇာတ္ေကာင္အျဖစ္နဲ႔ ဆယ္စုႏွစ္ေက်ာ္ၾကာ ရွိေနခဲ့ပါတယ္။
photo via onepiecefandom

One Piece ဟာ စတင္ထြက္ရွိခဲ့တဲ့ အခ်ိန္တည္းကေန အခုခ်ိန္ထိ ပရိသတ္ေတြရဲ႕ မဲအေရအတြက္ေပၚကို မူတည္ၿပီး ေပၚျပဴလာအျဖစ္ဆုံး ဇာတ္ေကာင္ကို ေ႐ြးခ်ယ္ေလ့ရွိခဲ့ပါတယ္။ အဲ့လိုေ႐ြးခ်ယ္ထားတာဟာ (၆)ႀကိမ္ရွိၿပီ ျဖစ္ၿပီးေတာ့ ပထမဆုံးအႀကိမ္ကေန ေလးႀကိမ္ေျမာက္အထိကို Zoro ဟာ ဒုတိယေျမာက္ေပၚျပဴလာအျဖစ္ဆုံး ဇာတ္ေကာင္အျဖစ္နဲ႔ ရပ္တည္ေနခဲ့ပါတယ္။

ဒါေပမဲ့လည္း ငါးႀကိမ္ေျမာက္ပြဲမွာေတာ့ Zoro ဟာ တတိယေျမာက္ေနရာကို ေရာက္သြားခဲ့ပါတယ္။ ဒုတိယေနရာကိုေတာ့ Trafalgar Law က ရရွိသြားခဲ့တာ ျဖစ္ပါတယ္။ ေျခာက္ႀကိမ္ေျမာက္ ျပဳလုပ္တဲ့ပြဲမွာေတာ့ Zoro ဟာ မဲအေရအေပါင္း (၁၀,၄၀၀) ရရွိခဲ့ၿပီး ဒုတိယေနရာကို ျပန္လည္ရရွိခဲ့ပါတယ္။ ေျခာက္ႀကိမ္လုံးမွာ ပထမရထားတဲ့သူကေတာ့ Luffy ပဲ ျဖစ္ပါတယ္။

Zoro ကို Buggy ရဲ႕သက္ေတာ္ေစာင့္အျဖစ္နဲ႔ ေရးဆြဲဖို႔ အစီအစဥ္ရွိခဲ့ပါတယ္။
photo via cbr

Zoro ဟာ ေကာက္႐ိုးဉီးထုပ္ဓားျပေတြရဲ႕ အၾကမ္းဆုံး အဖြဲ႕ဝင္ေတြထဲကတစ္ေယာက္ ျဖစ္ၿပီးေတာ့ Luffy ၊ Sanji တို႔နဲ႔ သုံးေယာက္သာ ေပါင္းလိုက္ရင္ ေတာ္ေတာ္ေလးကို ၾကမ္းတမ္းတဲ့အတြဲ ျဖစ္သြားတယ္ဆိုတာကို ျငင္းမယ့္သူ ရွိမယ္မထင္ပါဘူး။ ဒါေပမဲ့လည္း manga ရဲ႕ အတြဲ(၃)ကို ေရးဆြဲၿပီးတဲ့ေနာက္မွာ Oda ဟာ Zoro ကို Buggy ရဲ႕အဖြဲ႕ဝင္တစ္ေယာက္အျဖစ္နဲ႔ ေရးဆြဲဖို႔ စီစဥ္ခဲ့တာပါလို႔ ဆိုခဲ့ပါတယ္။

Zoro ဟာ Buggy ရဲ႕တစ္ျခားသက္ေတာ္ေစာင့္ ႏွစ္ေယာက္ျဖစ္တဲ့ Mohji ၊ Cabaji တို႔နဲ႔အတူ သက္ေတာ္ေစာင့္လုပ္ရမွာ ျဖစ္ၿပီး သူတို႔ႏွစ္ေယာက္ရဲ႕ အစ္ကိုႀကီးအျဖစ္နဲ႔လည္း ထည့္သြင္းေရးဆြဲဖို႔ စဥ္းစားခဲ့ပါေသးတယ္။ ဒါေပမဲ့လည္း ေနာက္ပိုင္းမွာေတာ့ Oda ဟာ စိတ္ေျပာင္းသြားၿပီး သူ႔ကို Luffy ရဲ႕ပထမဆုံးအဖြဲ႕ဝင္အျဖစ္ ထည့္သြင္းခဲ့တာ ျဖစ္ပါတယ္။

Zoro ဟာ ဆာမူ႐ိုင္း Ryuma ၿပီးရင္ နဂါးကိုသတ္ဖူးတဲ့ တစ္ဉီးတည္းေသာလူ ျဖစ္ပါတယ္။
photo via cbr

Zoro ဟာ Time skip မျဖစ္ခင္ကတည္းက ေတာ္ေတာ္ေလးကို သန္မာတဲ့ လူတစ္ေယာက္ျဖစ္ၿပီးေတာ့ Dracule Mihawk ဆီမွာ (၂)ႏွစ္ၾကာေအာင္ ပညာသင္လာၿပီးတဲ့အခ်ိန္မွာ တားဆီးလို႔ မရႏိုင္ေလာက္ေအာင္ကို သန္မာေနခဲ့ၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ နဂါးကိုေတာင္ သတ္ျဖတ္ႏိုင္တဲ့အထိ စြမ္းအားႀကီးတဲ့လူတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

ဆာမူ႐ိုင္း Ryuma ကေတာ့ လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာတုန္းက ပထမဆုံးနဂါးကို သတ္ဖူးခဲ့တဲ့လူ ျဖစ္ၿပီးေတာ့ အဲ့ဒီေနာက္မွာ Zoro တစ္ေယာက္တည္းကသာ နဂါးကိုသတ္ခဲ့ဖူးတဲ့ လူတစ္ေယာက္ ျဖစ္ခဲ့တာပါ။ သူတို႔ႏွစ္ေယာက္လုံးရဲ႕ နဂါးကိုသတ္ျဖတ္တဲ့ပုံစံကလည္း အတူတူပဲ ျဖစ္ၿပီးေတာ့ ေလထဲမွာ နဂါးကို ဓားနဲ႔ခုတ္ၿပီး သတ္ခဲ့တာပါလို႔ Oda ကေျပာခဲ့ပါတယ္။

ဒါကေတာ့ Roronoa Zoro နဲ႔ ပတ္သက္ၿပီး စိတ္ဝင္စားဖို႔ေကာင္းတဲ့ အခ်ိဳ႕ေသာ အေၾကာင္းအရာေလးေတြ ျဖစ္ပါတယ္။ ဖတ္ၿပီးလို႔ စိတ္ေက်နပ္တယ္ဆိုရင္ မိတ္ေဆြေတြလည္း ဖတ္ႏိုင္ေအာင္ ရွဲသြားေပးပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular