HomeLifestyleသင့္ဘ၀ကို တစ္ႏွစ္အတြင္း ေျပာင္းလဲေပးႏိုင္မယ့္ ေသာ့ခ်က္(7)ခ်က္

သင့္ဘ၀ကို တစ္ႏွစ္အတြင္း ေျပာင္းလဲေပးႏိုင္မယ့္ ေသာ့ခ်က္(7)ခ်က္

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ကိုယ့္ရဲ႕လက္ရိွဘ၀ထက္ ပိုေကာင္းတဲ့ဘ၀ကို လူတိုင္း ရခ်င္ၾကပါတယ္။ တကယ္တမ္းမွာ ပိုေကာင္းမြန္ၿပီး ေပ်ာ္ရႊင္ဖြယ္ရာဘ၀ကို ရရိွဖို႔ရာမွာ ကိုယ္တိုင္က ေျပာင္းလဲႏိုင္မွသာ ျဖစ္ႏိုင္ပါတယ္။ တကယ္လို႔ သင္ဟာ လက္ရိွရင္ဆိုင္ေနရတဲ့ ဘ၀အေျခအေန၊ ရွင္သန္ေနထိုင္ေနရတဲ့ ပတ္၀န္းက်င္ကို မႀကိဳက္လို႔ ပိတ္မိေနသလို ခံစားေနရတယ္ဆိုရင္ေတာ့ သင့္ဘ၀ကို တစ္ႏွစ္အတြင္း သစ္လြင္လန္းဆန္းေအာင္ ေျပာင္းလဲေပးႏိုင္မယ့္ ဒီအခ်က္(၈)ခ်က္ကို ႀကိဳးစားၾကည့္လိုက္ပါ။

(၁) ကိုယ္ပိုင္ဆိုင္ထားတဲ့အရာေတြကို တန္ဖိုးထားပါ။

လူေတာ္ေတ္ာမ်ားမ်ား မေပ်ာ္ရႊင္ႏိုင္တဲ့ အေၾကာင္းရင္းတစ္ခုဟာ ကိုယ့္မွာရိွထားတဲ့ အရာေတြကို ေက်ာ္လြန္ၿပီး ၾကည့္ေနမိလို႔ ျဖစ္ပါတယ္။ ဘ၀မွာ ေအာင္ျမင္ေပ်ာ္ရႊင္ႏိုင္ဖို႔ ပထမဆုံး လိုအပ္တဲ့အခ်က္ဟာ ကိုယ့္ဘ၀ကို မေက်နပ္ခ်က္ေတြ ေလွ်ာ႔ၿပီး ကိုယ္ပိုင္ဆိုင္ထားၿပီးသား၊ ကိုယ့္မွာရိွၿပီးသား အရာေတြအေပၚ တန္ဖိုးထားတတ္ဖို႔ ျဖစ္ပါတယ္။ ဥပမာ – သင္ဟာ ေတာ္ရုံေနမေကာင္းျဖစ္ခဲတဲ့၊ က်န္းမာႀကံ႕ခိုင္တဲ့ လူတစ္ေယာက္ဆုိပါစို႔။ သို႔ေပမယ့္ ကိုယ့္ရဲ႕ရုပ္သြင္ဟာ မႈံေနေအာင္ လွမေနလို႔ စိတ္ဆင္းရဲေနမယ္ဆိုရင္ ကိုယ့္ကိုယ္ကို ညွင္းပန္းႏွိပ္စက္တာနဲ႔ အတူတူပါပဲ။ က်န္းမာျခင္းသည္ လာဘ္တစ္ပါးဆိုတဲ့အတိုင္း သိပ္ေကာင္းတဲ့ လက္ေဆာင္မြန္ကို ရထားၿပီးၿပီျဖစ္လို႔ အေၾကာင္းျပခ်က္ေတြရွာၿပီး ကိုယ့္ကိုယ္ကို စိတ္ေသာကေရာက္ေအာင္ လုပ္တတ္တဲ့ အက်င့္မ်ိဳးကို ျပင္ဆင္ဖို႔ လိုအပ္ပါတယ္။

(၂) အထီးက်န္မႈနဲ႔ ရင္ဆိုင္ေတြ႕ပါ။

ဒီဘက္ေခတ္ လူအမ်ားစုမွာ ထုတ္မေျပာရင္သာေနေပမယ့္ အထီးက်န္ဆန္မႈကို ခံစားေနၾကရပါတယ္။ ဘ၀ကို တစ္ေယာက္တည္း အထီးက်န္ ေလွ်ာက္လွမ္းရမွာ စိုးရြံ႕တဲ့အခါ ေဘးနားက ေကာက္ရိုးတစ္ပင္ပဲျဖစ္ျဖစ္ ဆုပ္ကိုင္ထားတတ္ၾကပါတယ္။ သို႔ေပမယ့္ ကိုယ့္ကို တကယ္နားလည္ ခ်စ္ခင္ေပးမွာ မဟုတ္တဲ့ လူေတြအေပၚ တြယ္ဖက္ထားရုံနဲ႔လည္း သင့္ရဲ႕ ဘ၀ကို ထူးၿပီး ေကာင္းတာေတြ ျဖစ္လာႏိုင္မွာ မဟုတ္ပါဘူး။ ဒီေတာ့ အထီးက်န္ဆန္မႈဆိုတာကို ရင္ဆိုင္ေတြ႕ပါ။ တစ္ေယာက္တည္း ေနတဲ့အခါ အခ်ိန္ေတြ ပိုေနတတ္တဲ့အတြက္ ကိုယ့္စိတ္ကို ေပ်ာ္ရႊင္ေစမယ့္အရာေတြနဲ႔ ေပ်ာ္ေမြ႕ပါ။ တျဖည္းျဖည္းနဲ႔ ဘ၀ကို သတၱိရိွရိွ ရင္ဆိုင္ႏိုင္လာပါလိမ့္မယ္။

Photo by Kristina Tripkovic on Unsplash
(၃) ဘယ္ေတာ့မွ အေကာင္းျမင္ေလ့မရိွသူေတြကို သင့္ဘ၀ထဲက ထုတ္ပယ္ပါ။

ကိုယ့္ရဲ႕ေဘးနားမွာ အနီးကပ္ရိွေနေပမယ့္ ကိုယ့္အတြက္ ဘယ္ေသာအခါကမွ အေကာင္းျမင္ေပးေလ့ မရိွတဲ့သူေတြ လူတိုင္းမွာ ရိွပါလိမ့္မယ္။ ဥပမာေျပာရရင္ အနီးကပ္ေပါင္းၿပီး ကိုယ့္အေၾကာင္း အူမေခ်းခါးကအစ သိတဲ့ သူငယ္ခ်င္းတစ္ေယာက္ဆုိပါစို႔။ ကိုယ့္ဘက္ကေတာ့ သူငယ္ခ်င္းအရင္းေခါက္ေခါက္ဆိုၿပီး ဘာပဲျဖစ္ျဖစ္ အျပစ္မျမင္ႏိုင္ဘဲ သံေယာဇဥ္နဲ႔ ခြင့္လႊတ္တတ္ေပမယ့္ တကယ္တမ္းမွာ သူဟာ ကိုယ့္ဘ၀ကို အဆိုးေတြ ျဖစ္ေစဖို႔ ေမွ်ာ္လင့္ေနသူ ျဖစ္ေနႏုိင္ပါတယ္။ ကိုယ္က တိုးတက္ရာ တိုးတက္ေၾကာင္းတစ္ခုခု လုပ္မယ္ဆိုပါစို႔။ မလုပ္ျဖစ္ေအာင္၊ စိတ္ပ်က္သြားေအာင္ ေျပာမယ္။ ကိုယ့္အရည္အခ်င္းနဲ႔ လိုက္မွီမွာ မဟုတ္ေၾကာင္းေတြ ေျပာမယ္ … အစရိွသျဖင့္ သင့္ဘ၀ထဲကို အဆိပ္အေတာက္ေတြသာ ယူလာတတ္သူကို ထားခဲ့လိုက္ပါ။

(၄) TV နဲ႔ အင္တာနက္သုံးတဲ့အခ်ိန္ေတြကို အကန္႔အသတ္နဲ႔ ထိန္းခ်ဳပ္ပါ။

ယေန႔ေခတ္ႀကီးမွာ လူအမ်ားစုရဲ႕ အခ်ိန္ေတြကို ခိုးမွန္းမသိ ခိုးယူေနသူေတြကေတာ့ TV နဲ႔ အင္တာနက္ပါပဲ။ အင္တာနက္ကို အေၾကာင္းျပဳလို႔ စပ္စုစရာေတြ၊ သိခ်င္စရာေတြ အမ်ားႀကီး ရိွလာတဲ့အခါ ကိုယ့္အတြက္ တကယ္အာရုံစိုက္ၿပီး ႀကိဳးစားရမယ့္အရာေတြေပၚမွာ အခ်ိန္ေပးတာ နည္းလာတတ္ပါတယ္။ ဥပမာ – ဘာသာစကားတစ္ခုခုကို တစ္ေန႔လွ်င္ တစ္နာရီေလာက္ ေလ့က်င့္သင္ၾကားသြားမယ္ဆိုရင္ ၂ႏွစ္ေလာက္ဆိုရင္ အဲ့ဒီ့ဘာသာစကားကို ေကာင္းေကာင္း တတ္ကၽြမ္းသြားႏိုင္ပါတယ္။ သို႔ေပမယ့္ အဲ့လိုအခ်ိန္မွာ ကၽြန္မတို႔ေတြဟာ ဖုန္းေတြ၊ တီဗီြေတြနဲ႔ အခ်ိန္ေတြ ကုန္ေနတတ္ၾကပါတယ္။ ဒါေၾကာင့္ ဒါေတြကို အကန္႔အသတ္နဲ႔ ထိန္းခ်ဳပ္ဖို႔ တကယ္လိုအပ္ပါတယ္။

Photo by Oleg Magni on Unsplash
(၅) သင့္၀ါသနာကို ကၽြမ္းက်င္မႈျဖစ္လာေအာင္ ေလ့က်င့္ပါ။

လူတိုင္းမွာ တကယ္ စိတ္၀င္စားၿပီး ၀ါသနာပါတဲ့အရာတစ္ခုေတာ့ ရိွတတ္ၾကပါတယ္။ သို႔ေပမယ့္ တစ္ခါတစ္ရံမွာ ကၽြန္မတို႔ဟာ အေၾကာင္းေၾကာင္းေၾကာင့္ အဲ့ဒီ့၀ါသနာေတြကို ေမ့ထားၿပီး လတ္တေလာ ကာလေလးမွာ အဆင္ေျပေအာင္ပဲ ႀကိဳးစားရုန္းကန္ေနတတ္ၾကပါတယ္။ တကယ္တမ္း စဥ္းစားၾကည့္မယ္ဆိုရင္ ကိုယ္၀ါသနာပါတဲ့အရာကို ကိုယ့္ရဲ႕ကၽြမ္းက်င္မႈ ျဖစ္လာေအာင္ ႀကိဳးစားေလ့က်င့္ၾကည့္တာက ေရရွည္မွာ သင့္ဘ၀အတြက္ တက္လမ္းေတြ အမ်ားႀကီး ရိွလာႏိုင္ပါတယ္။

(၆) ရည္မွန္းခ်က္ထားၿပီးရင္ ေနာက္မလွည့္တမ္း ႀကိဳးစားပါ။

ကၽြန္မတို႔ေတြဟာ ရည္မွန္းခ်က္ထားတဲ့ေနရာမွာေတာ့ စူပါေတြလို႔ ေျပာလို႔ရပါတယ္။ ရည္မွန္းခ်က္ေတြ ခပ္ျမင့္ျမင့္ထားတတ္သေလာက္ အဲ့ဒီ့ရည္မွန္းခ်က္ေတြ ျပည့္မွီေအာင္ ႀကိဳးစားဖို႔မွာေတာ့ အခက္အခဲေတြ႕တာနဲ႔ အလြယ္တကူ လက္ေလွ်ာ႔ပစ္လိုက္ၾကတာက ကၽြန္မတို႔ မတိုးတက္ရျခင္းရဲ႕ အေၾကာင္းရင္းတစ္ခုလည္း ျဖစ္ပါတယ္။ ေအာင္ျမင္မႈမွာ မ်က္ရည္ေတြ၊ ေခၽြးေတြ၊ ေသြးေတြ ကပ္ပါေနတာေၾကာင့္ ရည္မွနး္ခ်က္တစ္ခု ထားၿပီးၿပီဆိုရင္ ေနာက္မလွည့္တမ္း ဇြတ္နွစ္ႀကိဳးစားပါ။ မွန္ကန္တဲ့အခ်ိန္ေရာက္လာရင္ သင့္ရည္မွန္းခ်က္ေတြအားလုံး ျပည့္၀လာပါလိမ့္မယ္။

(၇) ေလ့က်င့္ခန္းတစ္ခုခု လုပ္ပါ။

ေန႔စဥ္ေန႔တိုင္း မဟုတ္ရင္ေတာင္ အနည္းဆုံး တစ္ပတ္ကို သုံးေလးရက္ေလာက္ ေလ့က်င့္ခန္း လုပ္ေပးပါ။ ေလ့က်င့္ခန္းလုပ္ျခင္းအားျဖင့္ ေသြးလည္ပတ္မႈေတြ ေကာင္းေစသလို စိတ္ကုိလည္း ၾကည္လင္လန္းဆန္းေစပါတယ္။ ေရရွည္မွာ က်န္းမာေရးအတြက္လည္း ေကာင္းၿပီး ကိုယ့္ကိုယ္ကိုလည္း ယုံၾကည္မႈ ပိုျဖစ္ေစပါတယ္။ ဒါေၾကာင့္ ေလ့က်င့္ခန္းတစ္ခုခုကို အၿမဲတမ္း အေလ့အက်င့္အေနနဲ႔ လုပ္ေပးပါ။

အထက္မွာ ေဖာ္ျပထားတဲ့ အခ်က္ေလးေတြကို တျဖည္းျဖည္းနဲ႔ ႀကိဳးစားၿပီး လုပ္ၾကည့္မယ္ဆိုရင္ေတာ့ တစ္ႏွစ္ေလာက္ ၾကာတဲ့အခါမွာ အရင္ကနဲ႔ မတူေတာ့တဲ့ သင့္ကိုယ္သင္ ျပန္ေတြ႕ရပါလိမ့္မယ္။ အားလုံးပဲ ေပ်ာ္ရႊင္ခ်မ္းေျမ႕ၿပီး ႏွလုံးစိတ္၀မ္း ေအးခ်မ္းတဲ့ဘ၀ေလးကို ရရိွပိုင္ဆိုင္ႏိုင္ၾကပါေစေနာ္။

Xei

(Unicode Version)

ကိုယ့်ရဲ့လက်ရှိဘဝထက် ပိုကောင်းတဲ့ဘဝကို လူတိုင်း ရချင်ကြပါတယ်။ တကယ်တမ်းမှာ ပိုကောင်းမွန်ပြီး ပျော်ရွှင်ဖွယ်ရာဘဝကို ရရှိဖို့ရာမှာ ကိုယ်တိုင်က ပြောင်းလဲနိုင်မှသာ ဖြစ်နိုင်ပါတယ်။ တကယ်လို့ သင်ဟာ လက်ရှိရင်ဆိုင်နေရတဲ့ ဘဝအခြေအနေ၊ ရှင်သန်နေထိုင်နေရတဲ့ ပတ်ဝန်းကျင်ကို မကြိုက်လို့ ပိတ်မိနေသလို ခံစားနေရတယ်ဆိုရင်တော့ သင့်ဘဝကို တစ်နှစ်အတွင်း သစ်လွင်လန်းဆန်းအောင် ပြောင်းလဲပေးနိုင်မယ့် ဒီအချက်(၈)ချက်ကို ကြိုးစားကြည့်လိုက်ပါ။

(၁) ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေကို တန်ဖိုးထားပါ။

လူတော်တေ်ာများများ မပျော်ရွှင်နိုင်တဲ့ အကြောင်းရင်းတစ်ခုဟာ ကိုယ့်မှာရှိထားတဲ့ အရာတွေကို ကျော်လွန်ပြီး ကြည့်နေမိလို့ ဖြစ်ပါတယ်။ ဘဝမှာ အောင်မြင်ပျော်ရွှင်နိုင်ဖို့ ပထမဆုံး လိုအပ်တဲ့အချက်ဟာ ကိုယ့်ဘဝကို မကျေနပ်ချက်တွေ လျှော့ပြီး ကိုယ်ပိုင်ဆိုင်ထားပြီးသား၊ ကိုယ့်မှာရှိပြီးသား အရာတွေအပေါ် တန်ဖိုးထားတတ်ဖို့ ဖြစ်ပါတယ်။ ဥပမာ – သင်ဟာ တော်ရုံနေမကောင်းဖြစ်ခဲတဲ့၊ ကျန်းမာကြံ့ခိုင်တဲ့ လူတစ်ယောက်ဆိုပါစို့။ သို့ပေမယ့် ကိုယ့်ရဲ့ရုပ်သွင်ဟာ မှုံနေအောင် လှမနေလို့ စိတ်ဆင်းရဲနေမယ်ဆိုရင် ကိုယ့်ကိုယ်ကို ညှင်းပန်းနှိပ်စက်တာနဲ့ အတူတူပါပဲ။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတဲ့အတိုင်း သိပ်ကောင်းတဲ့ လက်ဆောင်မွန်ကို ရထားပြီးပြီဖြစ်လို့ အကြောင်းပြချက်တွေရှာပြီး ကိုယ့်ကိုယ်ကို စိတ်သောကရောက်အောင် လုပ်တတ်တဲ့ အကျင့်မျိုးကို ပြင်ဆင်ဖို့ လိုအပ်ပါတယ်။

(၂) အထီးကျန်မှုနဲ့ ရင်ဆိုင်တွေ့ပါ။

ဒီဘက်ခေတ် လူအများစုမှာ ထုတ်မပြောရင်သာနေပေမယ့် အထီးကျန်ဆန်မှုကို ခံစားနေကြရပါတယ်။ ဘဝကို တစ်ယောက်တည်း အထီးကျန် လျှောက်လှမ်းရမှာ စိုးရွံ့တဲ့အခါ ဘေးနားက ကောက်ရိုးတစ်ပင်ပဲဖြစ်ဖြစ် ဆုပ်ကိုင်ထားတတ်ကြပါတယ်။ သို့ပေမယ့် ကိုယ့်ကို တကယ်နားလည် ချစ်ခင်ပေးမှာ မဟုတ်တဲ့ လူတွေအပေါ် တွယ်ဖက်ထားရုံနဲ့လည်း သင့်ရဲ့ ဘဝကို ထူးပြီး ကောင်းတာတွေ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ အထီးကျန်ဆန်မှုဆိုတာကို ရင်ဆိုင်တွေ့ပါ။ တစ်ယောက်တည်း နေတဲ့အခါ အချိန်တွေ ပိုနေတတ်တဲ့အတွက် ကိုယ့်စိတ်ကို ပျော်ရွှင်စေမယ့်အရာတွေနဲ့ ပျော်မွေ့ပါ။ တဖြည်းဖြည်းနဲ့ ဘဝကို သတ္တိရှိရှိ ရင်ဆိုင်နိုင်လာပါလိမ့်မယ်။

Photo by Kristina Tripkovic on Unsplash
(၃) ဘယ်တော့မှ အကောင်းမြင်လေ့မရှိသူတွေကို သင့်ဘဝထဲက ထုတ်ပယ်ပါ။

ကိုယ့်ရဲ့ဘေးနားမှာ အနီးကပ်ရှိနေပေမယ့် ကိုယ့်အတွက် ဘယ်သောအခါကမှ အကောင်းမြင်ပေးလေ့ မရှိတဲ့သူတွေ လူတိုင်းမှာ ရှိပါလိမ့်မယ်။ ဥပမာပြောရရင် အနီးကပ်ပေါင်းပြီး ကိုယ့်အကြောင်း အူမချေးခါးကအစ သိတဲ့ သူငယ်ချင်းတစ်ယောက်ဆိုပါစို့။ ကိုယ့်ဘက်ကတော့ သူငယ်ချင်းအရင်းခေါက်ခေါက်ဆိုပြီး ဘာပဲဖြစ်ဖြစ် အပြစ်မမြင်နိုင်ဘဲ သံယောဇဉ်နဲ့ ခွင့်လွှတ်တတ်ပေမယ့် တကယ်တမ်းမှာ သူဟာ ကိုယ့်ဘဝကို အဆိုးတွေ ဖြစ်စေဖို့ မျှော်လင့်နေသူ ဖြစ်နေနိုင်ပါတယ်။ ကိုယ်က တိုးတက်ရာ တိုးတက်ကြောင်းတစ်ခုခု လုပ်မယ်ဆိုပါစို့။ မလုပ်ဖြစ်အောင်၊ စိတ်ပျက်သွားအောင် ပြောမယ်။ ကိုယ့်အရည်အချင်းနဲ့ လိုက်မှီမှာ မဟုတ်ကြောင်းတွေ ပြောမယ် … အစရှိသဖြင့် သင့်ဘဝထဲကို အဆိပ်အတောက်တွေသာ ယူလာတတ်သူကို ထားခဲ့လိုက်ပါ။

(၄) TV နဲ့ အင်တာနက်သုံးတဲ့အချိန်တွေကို အကန့်အသတ်နဲ့ ထိန်းချုပ်ပါ။

ယနေ့ခေတ်ကြီးမှာ လူအများစုရဲ့ အချိန်တွေကို ခိုးမှန်းမသိ ခိုးယူနေသူတွေကတော့ TV နဲ့ အင်တာနက်ပါပဲ။ အင်တာနက်ကို အကြောင်းပြုလို့ စပ်စုစရာတွေ၊ သိချင်စရာတွေ အများကြီး ရှိလာတဲ့အခါ ကိုယ့်အတွက် တကယ်အာရုံစိုက်ပြီး ကြိုးစားရမယ့်အရာတွေပေါ်မှာ အချိန်ပေးတာ နည်းလာတတ်ပါတယ်။ ဥပမာ – ဘာသာစကားတစ်ခုခုကို တစ်နေ့လျှင် တစ်နာရီလောက် လေ့ကျင့်သင်ကြားသွားမယ်ဆိုရင် ၂နှစ်လောက်ဆိုရင် အဲ့ဒီ့ဘာသာစကားကို ကောင်းကောင်း တတ်ကျွမ်းသွားနိုင်ပါတယ်။ သို့ပေမယ့် အဲ့လိုအချိန်မှာ ကျွန်မတို့တွေဟာ ဖုန်းတွေ၊ တီဗွီတွေနဲ့ အချိန်တွေ ကုန်နေတတ်ကြပါတယ်။ ဒါကြောင့် ဒါတွေကို အကန့်အသတ်နဲ့ ထိန်းချုပ်ဖို့ တကယ်လိုအပ်ပါတယ်။

Photo by Oleg Magni on Unsplash
(၅) သင့်ဝါသနာကို ကျွမ်းကျင်မှုဖြစ်လာအောင် လေ့ကျင့်ပါ။

လူတိုင်းမှာ တကယ် စိတ်ဝင်စားပြီး ဝါသနာပါတဲ့အရာတစ်ခုတော့ ရှိတတ်ကြပါတယ်။ သို့ပေမယ့် တစ်ခါတစ်ရံမှာ ကျွန်မတို့ဟာ အကြောင်းကြောင်းကြောင့် အဲ့ဒီ့ဝါသနာတွေကို မေ့ထားပြီး လတ်တလော ကာလလေးမှာ အဆင်ပြေအောင်ပဲ ကြိုးစားရုန်းကန်နေတတ်ကြပါတယ်။ တကယ်တမ်း စဉ်းစားကြည့်မယ်ဆိုရင် ကိုယ်ဝါသနာပါတဲ့အရာကို ကိုယ့်ရဲ့ကျွမ်းကျင်မှု ဖြစ်လာအောင် ကြိုးစားလေ့ကျင့်ကြည့်တာက ရေရှည်မှာ သင့်ဘဝအတွက် တက်လမ်းတွေ အများကြီး ရှိလာနိုင်ပါတယ်။

(၆) ရည်မှန်းချက်ထားပြီးရင် နောက်မလှည့်တမ်း ကြိုးစားပါ။

ကျွန်မတို့တွေဟာ ရည်မှန်းချက်ထားတဲ့နေရာမှာတော့ စူပါတွေလို့ ပြောလို့ရပါတယ်။ ရည်မှန်းချက်တွေ ခပ်မြင့်မြင့်ထားတတ်သလောက် အဲ့ဒီ့ရည်မှန်းချက်တွေ ပြည့်မှီအောင် ကြိုးစားဖို့မှာတော့ အခက်အခဲတွေ့တာနဲ့ အလွယ်တကူ လက်လျှော့ပစ်လိုက်ကြတာက ကျွန်မတို့ မတိုးတက်ရခြင်းရဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။ အောင်မြင်မှုမှာ မျက်ရည်တွေ၊ ချွေးတွေ၊ သွေးတွေ ကပ်ပါနေတာကြောင့် ရည်မှန်းချက်တစ်ခု ထားပြီးပြီဆိုရင် နောက်မလှည့်တမ်း ဇွတ်နှစ်ကြိုးစားပါ။ မှန်ကန်တဲ့အချိန်ရောက်လာရင် သင့်ရည်မှန်းချက်တွေအားလုံး ပြည့်ဝလာပါလိမ့်မယ်။

(၇) လေ့ကျင့်ခန်းတစ်ခုခု လုပ်ပါ။

နေ့စဉ်နေ့တိုင်း မဟုတ်ရင်တောင် အနည်းဆုံး တစ်ပတ်ကို သုံးလေးရက်လောက် လေ့ကျင့်ခန်း လုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် သွေးလည်ပတ်မှုတွေ ကောင်းစေသလို စိတ်ကိုလည်း ကြည်လင်လန်းဆန်းစေပါတယ်။ ရေရှည်မှာ ကျန်းမာရေးအတွက်လည်း ကောင်းပြီး ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှု ပိုဖြစ်စေပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းတစ်ခုခုကို အမြဲတမ်း အလေ့အကျင့်အနေနဲ့ လုပ်ပေးပါ။

အထက်မှာ ဖော်ပြထားတဲ့ အချက်လေးတွေကို တဖြည်းဖြည်းနဲ့ ကြိုးစားပြီး လုပ်ကြည့်မယ်ဆိုရင်တော့ တစ်နှစ်လောက် ကြာတဲ့အခါမှာ အရင်ကနဲ့ မတူတော့တဲ့ သင့်ကိုယ်သင် ပြန်တွေ့ရပါလိမ့်မယ်။ အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ပြီး နှလုံးစိတ်ဝမ်း အေးချမ်းတဲ့ဘဝလေးကို ရရှိပိုင်ဆိုင်နိုင်ကြပါစေနော်။

Xei

RELATED ARTICLES

Most Popular