HomeCharacterBlack Panther: Wakanda Forever မှာ Black Panther အသစ် ဖြစ်လာနိုင်တဲ့ ဇာတ်ကောင်များ

Black Panther: Wakanda Forever မှာ Black Panther အသစ် ဖြစ်လာနိုင်တဲ့ ဇာတ်ကောင်များ

Black Panther: Wakanda Forever ကတော့ လာမယ့် နိုဝင်ဘာလ (၁၁)ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Black Panther: Wakanda Forever ရဲ့ ထွေလာထဲမှာတော့ Black Panther အသစ်ကို မြင်တွေ့ခဲ့ရပြီး လောလောဆယ်မှာတော့ MCU ပရိသတ်တွေကြားမှာ ဘယ်သူက Black Panther ဖြစ်လာမလည်းဆိုတာ ခန့်မှန်းနေကြပါတယ်။ ဒါကြောင့်ပဲ Black Panther အသစ် ဖြစ်လာနိုင်ချေ ရှိတဲ့ ဇာတ်ကောင်တွေကို ဖော်ပြပေးချင်ပါတယ်။

Nakia

photo via screenrant

မကြာခင်က ထွက်ရှိထားတဲ့ ထွေလာထဲမှာ မြင်တွေ့ခဲ့ရတဲ့ Black Panther အသစ်ဟာ Nakia လို့ ယုံကြည်နေတဲ့ ပရိသတ်တွေ အများအပြား ရှိပါတယ်။ Nakia ကတော့ Combat ပိုင်းမှာလည်း သေချာလေ့ကျင့်ထားသူ ဖြစ်ပြီး T’Challa ရဲ့ ကောင်မလေးလည်း ဖြစ်လာတာကြောင့် သူမဟာ T’Challa ရဲ့ နေရာကို အစားထိုး ဝင်ရောက်သွားနိုင်ပါတယ်။ ဒါ့အပြင် Nakia နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီး Lupita Nyong’o ကလည်း နာမည်ကြီး မင်းသမီးတစ်ယောက် ဖြစ်တာကြောင့် ဒီရုပ်ရှင်ထဲမှာတော့ ပထမဇာတ်ကားက အရေးပါတဲ့ Role တစ်ခု ပါလာသင့်တယ်လို့ ပရိသတ်တွေက ယူဆထားကြပါတယ်။

M’Baku

photo via screenrant

M’Baku ကတော့ ပထမ Black Panther ရုပ်ရှင်ထဲမှာ စတင်ပါဝင်လာခဲ့ပြီး စစချင်းမှာတော့ Wakanda တော်ဝင်မိသားစုရဲ့ ရန်သူအနေနဲ့ ပုံဖော်ခဲ့ပါတယ်။ သို့ပေမယ့်လည်း နောက်ပိုင်းမှာတော့ သူတို့ရဲ့ အားအကိုးရဆုံး မဟာမိတ် ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် သူဟာ Black Panther Franchise ထဲက လူအကြိုက်အများဆုံး Supporting Character တစ်ယောက် ဖြစ်ပြီး Jabari မျိူးနွယ်စုရဲ့ ခေါင်းဆောင်လည်း ဖြစ်တာကြောင့် သူဟာလည်း ဇာတ်လမ်းအရ Black Panther အသစ် ဖြစ်လာနိုင်ချေ ရှိပါတယ်။

Ramonda

photo via screenrant

Ramonda ကတော့ T’Challa ရဲ့မိခင် ဖြစ်ပြီး ပထမရုပ်ရှင်ထဲမှာတော့ Screen Time လည်း သိပ်မရခဲ့သလို သိပ်ပြီးအရေးပါတဲ့ နေရာမှာလည်း မပါဝင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း ဒုတိယရုပ်ရှင်အတွက် ထွေလာထဲမှာတော့ သူမရဲ့ ဇာတ်ဝင်ခန်းတွေအများစုကို မြင်တွေ့ခဲ့ရတာကြောင့် ပရိသတ်အချို့ကတော့ Ramonda ဟာ Black Panther အသစ် ဖြစ်လာမယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါပေမယ့်လည်း MCU ကတော့ ပိုပြီးငယ်ရွယ်တဲ့ ဇာတ်ကောင်တစ်ယောက်ကို Black Panther အသစ်အနေနဲ့ ဖန်တီးသွားဖို့ များပါတယ်။

Killmonger

photo via screenrant

Micheal B. Jordan သရုပ်ဆောင်ထားတဲ့ Killmonger ဇာတ်ကောင်ကိုတော့ ပရိသတ်အများအပြားက ကြိုက်နှစ်သက်ခဲ့ကြတာကြောင့် Black Panther: Wakanda Forever မှာတော့ သူ့ကို ပြန်လည် မြင်တွေ့ချင်နေကြပါတယ်။ ဒါတင်မကသေးဘဲ တချို့ပရိသတ်တွေကတော့ ဒီရုပ်ရှင်ထဲမှာ Killmonger ပြန်လည်ပါဝင်လာပြီး သူဟာ Black Panther အသစ်အနေနဲ့ Wakanda ကို Namor တို့ လက်ထဲက ကာကွယ်သွားမယ်လို့ ယုံကြည်နေကြပါတယ်။

ပထမရုပ်ရှင်ထဲမှာတော့ Killmonger ဟာ ဗီလိန်အဖြစ် ပါဝင်ထားပြီး MCU ထဲမှာတော့ ဗီလိန်ကနေ ဟီးရိုးအဖြစ် ပြောင်းလဲသွားတဲ့ ဇာတ်ကောင်တွေလည်း ရှိတာကြောင့် မဖြစ်နိုင်ဘူးလို့တော့ မပြောနိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် Killmonger ကို Black Panther အသစ်အနေနဲ့ မမြင်ရရင်တောင် သူ ပြန်လည်ပါဝင်လာမယ် ဆိုရင်တော့ ပရိသတ်များစွာကို စိတ်ကျေနပ်စေမှာပါ။

T’Challa Variant

photo via screenrant

မကြာခင်က ကျင်းပခဲ့တဲ့ Comic-Con ပွဲမှာတော့ Marvel ဥက္ကဌ Kevin Feige ဟာ Phase 4 ကနေ 6 အထိကို “Multiverse Saga” လို့ နာမည်ပေးထားကြောင်း ပြောသွားပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ထဲမှာတော့ Multiverse တွေ၊ Variant တွေ ပါဝင်လာနိုင်ပြီး သီအိုရီတစ်ခုအရ ဆိုရင်တော့ တခြား Universe က T’Challa ကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမယ်လို့ ဆိုပါတယ်။ T’Challa နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Chadwick Boseman ကတော့ ဆုံးပါးသွားပြီ ဖြစ်တာကြောင့် T’Challa နေရာမှာ လူစားထိုးရမှာ ဖြစ်ပြီး Variant ဖြစ်တာကြောင့်လည်း သရုပ်ဆောင်အသစ်ကို ထည့်သွင်းသွားဖို့ အဆင်ပြေပါတယ်။

မမြင်တွေ့ရသေးတဲ့ ဇာတ်ကောင်တစ်ယောက်

photo via screenrant

သီအိုရီတစ်ခုအရ ဆိုရင်တော့ Black Panther အသစ်ဟာ ကျွန်တော်တို့ သိထားတဲ့ ဇာတ်ကောင်တွေထဲက မဟုတ်ဘဲ MCU ထဲမှာ လုံးဝမပါဝင်သေးတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ထဲမှာလည်း ဇာတ်ကောင်အသစ်တွေများစွာ ပါဝင်လာမယ်လို့ Marvel က အတည်ပြုထားတာကြောင့် အသစ်ပါဝင်လာမယ့် ဇာတ်ကောင်တစ်ယောက်ယောက်ဟာ Black Panther အသစ် ဖြစ်သွားနိုင်ပါတယ်။

Okoye

photo via screenrant

Okoye ကတော့ Dora Milaje တွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့အပြင် တိုက်ခိုက်ရေးမှာလည်း အလွန်ကျွမ်းကျင်တာကို မြင်တွေ့ခဲ့ရပါတယ်။ သီအိုရီတစ်ခုအရ ဆိုရင်တော့ Okoye ဟာ Black Panther အသစ် ဖြစ်လာမယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ Michaela Coel ဟာ ဒီရုပ်ရှင်ထဲမှာ Aneka ဆိုတဲ့ ဇာတ်ကောင်နေရာမှာ ပါဝင်လာမယ်လို့ အတည်ပြုထားလို့ပါပဲ။ Aneka ဟာ Dora Milaje တွေရဲ့ ခေါင်းဆောင် ဖြစ်လာပြီး Okoye ကတော့ Black Panther အသစ် ဖြစ်လာမယ်လို့ ဆိုပါတယ်။

Shuri

photo via screenrant

ဘယ်သူဟာ Black Panther အသစ် ဖြစ်လာမလည်းလို့ ပရိသတ်တွေ စတင်ငြင်းခုံကြတဲ့ အချိန်တည်းက Shuri ကတော့ လူပြောအများဆုံး ဇာတ်ကောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ Shuri ဟာ T’Challa ရဲ့ ညီမလည်း ဖြစ်ပြီး ကောမစ်ထဲမှာလည်း သူမဟာ Black Panther ဖြစ်ခဲ့ဖူးတာကြောင့် ဒီရုပ်ရှင်ထဲမှာလည်း Shuri ဟာ Black Panther အသစ် ဖြစ်လာမယ်လို့ ပရိသတ်အများအပြားက ယုံကြည်နေကြပါတယ်။

ဒါကတော့ မကြာခင် ထွက်ရှိလာမယ့် Black Panther: Wakanda Forever ရုပ်ရှင်ထဲမှာ Black Panther အသစ် ဖြစ်လာနိုင်မယ့် ဇာတ်ကောင်တွေကို ခန့်မှန်းဖော်ပြထားတာ ဖြစ်ပါတယ်။ စာဖတ်သူတို့ တွေးထင်မိတဲ့ အခြားသော ဇာတ်ကောင်တွေ ရှိခဲ့ရင်လည်း ကောမန့်မှာ ပြန်လည်ဆွေးနွေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular