HomeEntertainmentFilm၁၉၉၀ခုနှစ်ဝန်းကျင်က ထွက်ရှိခဲ့တဲ့ အကောင်းဆုံး ကွင်းဆက်လူသတ်ကားများ 

၁၉၉၀ခုနှစ်ဝန်းကျင်က ထွက်ရှိခဲ့တဲ့ အကောင်းဆုံး ကွင်းဆက်လူသတ်ကားများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၁၉၉၀ခုနှစ်ဝန်းကျင်ကာလဟာ သွေးထွက်သံယို လူသတ်ကားတွေကို ပရိသတ်တွေ အကြိုက်ဆုံးအချိန် ဖြစ်ခဲ့ပါတယ်။ လူအများစုဟာ ထိတ်လန့်စရာ မြင်ကွင်းတွေ၊ ဇာတ်လမ်း ဇာတ်ကွက်တွေကို နှစ်သက်လာကြတဲ့အခါ ရုပ်ရှင်ထုတ်လုပ်ရေးတွေနဲ့ ဒါရိုက်တာတွေအတွက် လူသတ်ကားကောင်းကောင်းတွေကို ဖန်တီးထုတ်လုပ်ဖို့ အချိန်ကောင်းဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ၁၉၉၀ခုနှစ် ဝန်းကျင်ကာလမှာ ထွက်ရှိခဲ့တဲ့ IMDb အမြင့်ဆုံး ကွင်းဆက်လူသတ်ကားတွေကို ဖော်ပြပေးလိုက်ပါတယ်။

Kiss The Girls (1997)
photo via screenrant

မှုခင်းစာရေးဆရာ James Patterson ရဲ့ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ Kiss The Girls ဇာတ်ကားကတော့ ၁၉၉၇ခုနှစ်က ထွက်ရှိခဲ့တာပါ။ ဇာတ်လမ်းကတော့ ရဲဝန်ထမ်းဘဝကနေ မှုခင်းသိပ္ပံ စိတ်ပညာရှင်အဖြစ် ကူးပြောင်းလာတဲ့ Alex Cross ဆိုတဲ့ လူတစ်ယောက်အကြောင်း ဖြစ်ပြီးတော့ မင်းသားကြီး Morgan Freeman က အဓိက သရုပ်ဆောင်ထားပါတယ်။

Alex Cross ဟာ သူ့ရဲ့တူမတစ်ယောက် ကောလိပ်ကနေ ရုတ်တရက် ပျောက်ဆုံးသွားချိန်မှာတော့ တစ်မြို့လုံးကို ဗြောင်းဆန်အောင် နှောင့်ယှက်နေတဲ့ ကွင်းဆက်လူသတ်သမားက ဖမ်းဆီးသွားတယ်လို့ တွေးမိလိုက်ပါတယ်။ အဲ့ဒီ့လူသတ်သမားဟာ သူ့ရဲ့သားကောင်တွေကို လုံးဝပြန်လွှတ်ပေးလေ့ မရှိပေမယ့် Kate ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကတော့ ကံကောင်းစွာနဲ့ ထွက်ပြေးလွတ်မြောက်လာပါတယ်။ ဒီမှာတင် Kate ဟာ လူသတ်သမားရဲ့ တည်နေရာကို Alex Cross ကို ပြောပြလိုက်ချိန်မှာတော့ … ။

ဒီဇာတ်ကားဟာ Morgan Freeman ရဲ့အကောင်းဆုံးရုပ်ရှင် မဟုတ်ပေမယ့် ဇာတ်လမ်းရဲ့ လှည့်ကွက်တွေက ကြည့်လို့ကောင်းတာမို့ မကြည့်ရသေးရင် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ IMDb ကတော့ 6.6 ရရှိထားပါတယ်။

Kalifornia (1993)
Photo via IMDb

ဒီဇာတ်ကားကတော့ IMDb 6.7 ရရှိထားတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကွင်းဆက်လူသတ်သမားတွေရဲ့ နောက်ကြောင်းရာဇဝင်ကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားနေတဲ့ Brian Kessler ဆိုတဲ့ လူတစ်ယောက်ကနေ စတင်ပါတယ်။ သရုပ်ဆောင်တွေကတော့ David Duchovny ၊ Brad Pitt ၊ Michelle Forbes တို့က အဓိက သရုပ်ဆောင်ထားပါတယ်။

ဒီလိုနဲ့ Brian Kessler ဟာ သူ့ရဲ့ရည်းစားဖြစ်သူ ဓာတ်ပုံဆရာမလေး Carrie နဲ့အတူ လူသတ်မှုတွေဖြစ်ရာ အရပ်ကို ခရီးထွက်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဖြစ်ချင်တော့ ပိုက်ဆံအကုန် သက်သာအောင်ဆိုပြီး စုံတွဲတစ်တွဲနဲ့အတူ ကားတစ်စီးတည်း မျှစီးလိုက်ကြပါတယ်။ သူတို့နှစ်ယောက် မသိတာကတော့ တကယ့် ကွင်းဆက်လူသတ်သမား နှစ်ယောက်ဟာ သူတို့နဲ့ ကားတစ်စီးတည်း အတူတူစီးနေတယ်ဆိုတာပါပဲ။

The Bone Collector (1999)
photo via screenrant

၉၀ခုနှစ်တွေရဲ့ အကောင်းဆုံး မှုခင်းလူသတ်ကား စာရင်းထဲမှာတော့ The Bone Collector က အထင်ကရ ပါဝင်ပါတယ်။ ဇာတ်လမ်းကတော့ တာဝန်ချိန်မှာ မတော်တဆမှုတစ်ခုကြောင့် ခြေတွေ၊လက်တွေ အကုန်လုံး အကြောသေသွားတဲ့ မှုခင်းစုံထောက်ဟောင်း Lincoln Rhyme က ရက်စက်တဲ့ ကွင်းဆက်လူသတ်သမားကို ခြေရာခံ၊ အမှုလိုက်ပုံကို စိတ်ဝင်စားဖွယ် တင်ဆက်ထားပါတယ်။

လူသတ်သမားဟာ တက္ကစီသမား အယောင်ဆောင်ပြီးတော့ ခရီးသည်တွေကို ပြန်ပေးဆွဲခေါ်ဆောင်ကာ ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်တတ်သူ ဖြစ်ပါတယ်။ Lincoln ဟာ သူ့ကိုအမှုလိုက်ရာမှာ အကူအညီပေးနိုင်ဖို့ Amelia Donaghy လို့ခေါ်တဲ့ ရဲမေတစ်ယောက်ကို အကူအညီတောင်းခံခဲ့ပြီး Amelia ကလည်း ကူညီပေးဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးစွာပဲ လူသတ်သမားရဲ့ စာရင်းထဲမှာ နောက်တစ်ယောက်က Amelia ရဲ့အလှည့် ‌ဖြစ်နေပါတော့တယ်။

ဒီဇာတ်ကားထဲမှာ Denzel Washington နဲ့ Angelina Jolie တို့ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေကို တွေ့ရမှာဖြစ်ပြီး အခုနေ ပြန်ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုဆိုတာ အသေအချာပါပဲ။ IMDb ကတော့ 6.7 ရရှိထားပါတယ်။

Scream (1996)
photo via screenrant

၁၉၉၀ခုနှစ်များရဲ့ နောက်ထပ် အထင်ကရ လူသတ်ကားကောင်းတစ်ကားကတော့ IMDb 7.2 ရရှိထားတဲ့ Scream ဇာတ်ကားပဲဖြစ်ပါတယ်။ ဒါရိုက်တာ Wes Craven ရဲ့လက်ရာဖြစ်ပြီးတော့ ကွင်းဆက်လူသတ်ကားတွေထဲမှာ အထူးထင်ရှားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အကြောင်းမဲ့ လူလိုက်သတ်နေတဲ့ မျက်နှာဖုံးစွပ်နဲ့ လူသတ်သမားရဲ့အကြောင်းကို ရိုးရှင်းစွာ တင်ဆက်ထားတဲ့ ထိတ်လန့်ဖွယ်ဇာတ်လမ်း ဖြစ်ပါတယ်။

Sidney Prescott နဲ့ သူမရဲ့သူငယ်ချင်းတစ်သိုက်ဟာ မိခင်ရဲ့ဈာပန နှစ်ပတ်လည်မှာ ဟောလိုးဝင်းမျက်နှာဖုံး စွပ်ထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ အကြမ်းဖက်မှုကို ခံရပါတော့တယ်။ လူသတ်သမားဟာ ဆယ်ကျော်သက်ရွယ်လေးတွေကို မခံချိ မခံသာဖြစ်ပြီး ထိတ်လန့်ခြောက်ခြားလာအောင် နှိုးဆွပြီးမှ လူသတ်ဂိမ်းတစ်ခုလို ကစားလာတဲ့အခါ … ။

ဒီဇာတ်ကားထဲမှာတော့ Neve Campbell ၊ Courteney Cox ၊ David Arquette ၊ Drew Berrymore တို့က အဓိက ပါဝင်ထားပါတယ်။

Deep Crimson (1996)
photo via screenrant

Deep Crimson ကတော့ အကြမ်းတမ်းဆုံး၊ အရိုင်းစိုင်းဆုံး စိတ်အခြေအနေမှာတောင် ဖြူစင်ရိုးသားမှု မရှိနိုင်ပေမယ့် အချစ်ကို တွေ့ရှိနိုင်တယ်၊ ခံစားနိုင်တယ်ဆိုတာကို ပြသထားတဲ့ ထူးခြားတဲ့ လူသတ်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အပြင်မှာတကယ်ရှိခဲ့တဲ့ The Lonely Hearts Killers လို့ခေါ်တဲ့ လူသတ်သမား နှစ်ယောက်ရဲ့အကြောင်းကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပြီး ၁၉၄၀ခုနှစ်ဝန်းကျင် မက္ကဆီကိုနိုင်ငံမှာ အခြေတည်ထားပါတယ်။

အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ အမေရိကန်နိုင်ငံက ချမ်းသာကြွယ်ဝတဲ့ မုဆိုးမတွေကို ပစ်မှတ်ထားပြီး လူကိုသတ်ဖြတ်ကာ စည်းစိမ်ဥစ္စာတွေကို အပိုင်သိမ်းကြတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။ ဒီကားကတော့ အချစ်ကားကို လူသတ်ကားနဲ့ ရောနှောထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ IMDb ကတော့ 7.3 ရရှိထားပါတယ်။

Natural Born Killer (1994)
photo via screenrant

Mickey Knox နဲ့ Mallory Wilson တို့ဟာ Mallory ရဲ့ အကြမ်းဖက်တဲ့ ဖခင်ဖြစ်သူကို သတ်ဖြတ်အပြီးမှာတော့ ရောက်ရာပေါက်ရာကို လျှောက်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါ့အပြင် လမ်းတစ်လျှောက် သူတို့ရပ်နားတဲ့နေရာတိုင်းမှာ ကြုံရာကျပန်း စိတ်ပေါက်ရာ လူတိုင်းကို သုတ်သင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ တမူထူးခြားတာကတော့ သူတို့ ကျူးလွန်ခဲ့တဲ့ ခြောက်ခြားစရာ ဖြစ်ရပ်တွေကို ပြန်ပြောပြနိုင်ဖို့ မျက်မြင်သက်သေတစ်ယောက်ကို အမြဲတမ်း ချန်ထားတတ်တာပါပဲ။ ဒီလိုနဲ့ သူတို့ရဲ့သတင်းတွေဟာ မီဒီယာတွေကြားမှာ ဖောင်းပွလာပြီး သူတို့ဟာ နာမည်ဆိုးနဲ့ ကျော်ကြားလာပါတော့တယ်။

ဖြစ်ရပ်မှန်ကို တစ်စိတ်တစ်ပိုင်း အခြေခံ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ IMDb 7.3 ရရှိထားပြီး ဒါရိုက်တာ Oliver Stone ရဲ့ အကောင်းဆုံးရုပ်ရှင်တစ်ကားလည်း ဖြစ်သလို အငြင်းပွားဖွယ်ရာ အကောင်းဆုံး ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Natural Born Killer ဟာ အလွန်သေသပ်တဲ့ ကွင်းဆက်လူသတ်ကား ဖြစ်ရုံသာမက လူတွေအပေါ် အကြမ်းဖက်၊ နှိပ်စက်၊ အနိုင်ကျင့်ခြင်းရဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို နက်နက်နဲနဲ တင်ဆက်ထားတာကိုလည်းတွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Woody Harrelson ၊ Juliette Lewis ၊ Robert Downey Jr. တို့က အဓိကပါဝင်ထားပါတယ်။

Se7en (1995)
photo via screenrant

ရဲဝန်ထမ်းအသစ် Mills (Brad Pitt)နဲ့ ဝါရင့်ရဲအိုကြီး Somerset (Morgan Freeman)တို့ဟာ ကွင်းဆက်လူသတ်သမားနောက်ကို လိုက်ရင်းနဲ့ သူတို့ဘဝတွေဟာ ကမောက်ကမ ဖြစ်ကုန်ပါတယ်။ ကွင်းဆက်လူသတ်သမားကတော့ ခရစ်ယာန်ဘာသာ အယူအဆရဲ့ ဒုစရိုက်ခုနှစ်ပါးကို လက်ကိုင်ထားပြီးတော့ ကမ္ဘာကြီးက ဒီအကြောင်းတွေကို မသိနားမလည်ဘူးလို့ ယုံကြည်ထားတဲ့ စိတ္တဇလူတစ်ယောက် ဖြစ်ပါတယ်။

သူဟာ အဲ့ဒီဒုစရိုက်တွေကို အစဉ်လိုက် လုပ်တတ်ပြီးတော့ Mills နဲ့ Somerset တို့ဟာ ကြောင်နဲ့ကြွက် ပြေးတမ်းလိုက်တမ်း ကစားပွဲလိုပဲ သူ့ရဲ့ကစားပွဲထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ဒီဇာတ်ကားဟာ တကယ့်လက်တွေ့ဘဝက လူတွေရဲ့ စာရိတ္တပျက်ပြားခြင်းတွေ၊ ယုတ်မာခြင်းတွေကို ဖော်ပြထားပြီးတော့ ဒါရိုက်တာ David Fincher ရဲ့ လက်ရာကောင်းတစ်ခု ဖြစ်ပါတယ်။ IMDb ကတော့ 8.6 ရရှိထားပါတယ်။

The Silence of the Lambs (1991)
photo via screenrant

The Silence of the Lambs ကတော့ ၉၀ခုနှစ်ဝန်းကျင်မှာ ထွက်ရှိခဲ့တဲ့ ကွင်းဆက်လူသတ်ကားတွေထဲမှာ အကောင်းဆုံးရုပ်ရှင်တစ်ကားလို့ သတ်မှတ်နိုင်ပြီး IMDb 8.6 ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Clarice လို့ခေါ်တဲ့ သင်တန်းဆင်းကာစ အက်ဖ်ဘီအိုင်အရာရှိ အမျိုးသမီးတစ်ယောက်ဟာ မြို့ဝန်ရဲ့သမီးကို ပြန်ပေးဆွဲထားတဲ့ အမှုတစ်ခုထဲကို ပါဝင်ခဲ့ရပါတယ်။ အဲ့ဒီ့အမှုရဲ့လက်သည်ကတော့ Buffalo Bill လို့ခေါ်တဲ့ လူတစ်ယောက်ရဲ့ လက်ချက် ဖြစ်ပါတယ်။

ဒီမှာတင် Clarice ဟာ ဒီကွင်းဆက်လူသတ်သမားကို တားဆီးနိုင်ဖို့အတွက် ဇာတ်တူသား စားလို့ ထောင်ကျနေတဲ့ ဒေါက်တာ Hannibal Lecter ရဲ့ အကူအညီကိုယူပြီး Buffalo Bill က ဘယ်သူလည်းဆိုတာကို ဖော်ထုတ်ရမှာဖြစ်ပါတယ်။

Jodie Fosterနဲ့ Anthony Hopkins တို့က အဓိကသရုပ်ဆောင်ထားပြီး ဇာတ်ကားဆု၊ ဇာတ်ညွှန်းဆု၊ ဒါရိုက်တာဆု၊ မင်းသားဆု၊ မင်းသမီးဆုဆိုပြီး စုစုပေါင်း အော်စကာ ငါးဆု ရရှိထားတဲ့ ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။ မင်းသားကြီး Anthony Hopkins ဟာဆိုရင်လည်း ပိတ်ကားပေါ်မှာ (၁၆)မိနစ်စာလောက်သာ ပါဝင်ခဲ့ပေမယ့် ကျောချမ်းစရာ အကောင်းဆုံး ဗီလိန်ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်ခဲ့လို့ အော်စကာဆုကို ထိုက်တန်စွာ ရရှိခဲ့ပါတယ်။

ဒါတွေကတော့ ၉၀ခုနှစ်ဝန်းကျင်က အလွန်နာမည်ကြီးခဲ့တဲ့ ကွင်းဆက်လူသတ်ကားများဖြစ်ပြီး horror ကြိုက်တဲ့ ပရိသတ်တွေ မကြည့်ဖူးသေးဘူးဆိုရင် ကြည့်ဖြစ်အောင်ပြေးကြည့်သင့်တဲ့ ဇာတ်ကားများဖြစ်ပါတယ်။

C 21

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

၁၉၉၀ခုႏွစ္ဝန္းက်င္ကာလဟာ ေသြးထြက္သံယို လူသတ္ကားေတြကို ပရိသတ္ေတြ အႀကိဳက္ဆုံးအခ်ိန္ ျဖစ္ခဲ့ပါတယ္။ လူအမ်ားစုဟာ ထိတ္လန႔္စရာ ျမင္ကြင္းေတြ၊ ဇာတ္လမ္း ဇာတ္ကြက္ေတြကို ႏွစ္သက္လာၾကတဲ့အခါ ႐ုပ္ရွင္ထုတ္လုပ္ေရးေတြနဲ႔ ဒါ႐ိုက္တာေတြအတြက္ လူသတ္ကားေကာင္းေကာင္းေတြကို ဖန္တီးထုတ္လုပ္ဖို႔ အခ်ိန္ေကာင္းျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ ၁၉၉၀ခုႏွစ္ ဝန္းက်င္ကာလမွာ ထြက္ရွိခဲ့တဲ့ IMDb အျမင့္ဆုံး ကြင္းဆက္လူသတ္ကားေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Kiss The Girls (1997)
photo via screenrant

မႈခင္းစာေရးဆရာ James Patterson ရဲ႕ဝတၳဳကို အေျခခံ႐ိုက္ကူးထားတဲ့ Kiss The Girls ဇာတ္ကားကေတာ့ ၁၉၉၇ခုႏွစ္က ထြက္ရွိခဲ့တာပါ။ ဇာတ္လမ္းကေတာ့ ရဲဝန္ထမ္းဘဝကေန မႈခင္းသိပၸံ စိတ္ပညာရွင္အျဖစ္ ကူးေျပာင္းလာတဲ့ Alex Cross ဆိုတဲ့ လူတစ္ေယာက္အေၾကာင္း ျဖစ္ၿပီးေတာ့ မင္းသားႀကီး Morgan Freeman က အဓိက သ႐ုပ္ေဆာင္ထားပါတယ္။

Alex Cross ဟာ သူ႔ရဲ႕တူမတစ္ေယာက္ ေကာလိပ္ကေန ႐ုတ္တရက္ ေပ်ာက္ဆုံးသြားခ်ိန္မွာေတာ့ တစ္ၿမိဳ႕လုံးကို ေျဗာင္းဆန္ေအာင္ ေႏွာင့္ယွက္ေနတဲ့ ကြင္းဆက္လူသတ္သမားက ဖမ္းဆီးသြားတယ္လို႔ ေတြးမိလိုက္ပါတယ္။ အဲ့ဒီ့လူသတ္သမားဟာ သူ႔ရဲ႕သားေကာင္ေတြကို လုံးဝျပန္လႊတ္ေပးေလ့ မရွိေပမယ့္ Kate ဆိုတဲ့ အမ်ိဳးသမီးတစ္ေယာက္ကေတာ့ ကံေကာင္းစြာနဲ႔ ထြက္ေျပးလြတ္ေျမာက္လာပါတယ္။ ဒီမွာတင္ Kate ဟာ လူသတ္သမားရဲ႕ တည္ေနရာကို Alex Cross ကို ေျပာျပလိုက္ခ်ိန္မွာေတာ့ … ။

ဒီဇာတ္ကားဟာ Morgan Freeman ရဲ႕အေကာင္းဆုံး႐ုပ္ရွင္ မဟုတ္ေပမယ့္ ဇာတ္လမ္းရဲ႕ လွည့္ကြက္ေတြက ၾကည့္လို႔ေကာင္းတာမို႔ မၾကည့္ရေသးရင္ ၾကည့္ဖို႔ တိုက္တြန္းခ်င္ပါတယ္။ IMDb ကေတာ့ 6.6 ရရွိထားပါတယ္။

Kalifornia (1993)
Photo via IMDb

ဒီဇာတ္ကားကေတာ့ IMDb 6.7 ရရွိထားတဲ့ သည္းထိတ္ရင္ဖို ဇာတ္ကားေကာင္းတစ္ကား ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ ကြင္းဆက္လူသတ္သမားေတြရဲ႕ ေနာက္ေၾကာင္းရာဇဝင္ကို ရွာေဖြေဖာ္ထုတ္ဖို႔ ႀကိဳးစားေနတဲ့ Brian Kessler ဆိုတဲ့ လူတစ္ေယာက္ကေန စတင္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ David Duchovny ၊ Brad Pitt ၊ Michelle Forbes တို႔က အဓိက သ႐ုပ္ေဆာင္ထားပါတယ္။

ဒီလိုနဲ႔ Brian Kessler ဟာ သူ႔ရဲ႕ရည္းစားျဖစ္သူ ဓာတ္ပုံဆရာမေလး Carrie နဲ႔အတူ လူသတ္မႈေတြျဖစ္ရာ အရပ္ကို ခရီးထြက္ဖို႔ ဆုံးျဖတ္ခ်က္ခ်လိုက္ပါတယ္။ ျဖစ္ခ်င္ေတာ့ ပိုက္ဆံအကုန္ သက္သာေအာင္ဆိုၿပီး စုံတြဲတစ္တြဲနဲ႔အတူ ကားတစ္စီးတည္း မွ်စီးလိုက္ၾကပါတယ္။ သူတို႔ႏွစ္ေယာက္ မသိတာကေတာ့ တကယ့္ ကြင္းဆက္လူသတ္သမား ႏွစ္ေယာက္ဟာ သူတို႔နဲ႔ ကားတစ္စီးတည္း အတူတူစီးေနတယ္ဆိုတာပါပဲ။

The Bone Collector (1999)
photo via screenrant

၉၀ခုႏွစ္ေတြရဲ႕ အေကာင္းဆုံး မႈခင္းလူသတ္ကား စာရင္းထဲမွာေတာ့ The Bone Collector က အထင္ကရ ပါဝင္ပါတယ္။ ဇာတ္လမ္းကေတာ့ တာဝန္ခ်ိန္မွာ မေတာ္တဆမႈတစ္ခုေၾကာင့္ ေျခေတြ၊လက္ေတြ အကုန္လုံး အေၾကာေသသြားတဲ့ မႈခင္းစုံေထာက္ေဟာင္း Lincoln Rhyme က ရက္စက္တဲ့ ကြင္းဆက္လူသတ္သမားကို ေျခရာခံ၊ အမႈလိုက္ပုံကို စိတ္ဝင္စားဖြယ္ တင္ဆက္ထားပါတယ္။

လူသတ္သမားဟာ တကၠစီသမား အေယာင္ေဆာင္ၿပီးေတာ့ ခရီးသည္ေတြကို ျပန္ေပးဆြဲေခၚေဆာင္ကာ ညႇင္းပန္းႏွိပ္စက္ၿပီး သတ္ျဖတ္တတ္သူ ျဖစ္ပါတယ္။ Lincoln ဟာ သူ႔ကိုအမႈလိုက္ရာမွာ အကူအညီေပးႏိုင္ဖို႔ Amelia Donaghy လို႔ေခၚတဲ့ ရဲေမတစ္ေယာက္ကို အကူအညီေတာင္းခံခဲ့ၿပီး Amelia ကလည္း ကူညီေပးဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့ပါတယ္။ ဒါေပမယ့္ ကံဆိုးစြာပဲ လူသတ္သမားရဲ႕ စာရင္းထဲမွာ ေနာက္တစ္ေယာက္က Amelia ရဲ႕အလွည့္ ‌ျဖစ္ေနပါေတာ့တယ္။

ဒီဇာတ္ကားထဲမွာ Denzel Washington နဲ႔ Angelina Jolie တို႔ရဲ႕ ေျပာင္ေျမာက္တဲ့ သ႐ုပ္ေဆာင္မႈေတြကို ေတြ႕ရမွာျဖစ္ၿပီး အခုေန ျပန္ၾကည့္သင့္တဲ့ ဇာတ္ကားေကာင္းတစ္ခုဆိုတာ အေသအခ်ာပါပဲ။ IMDb ကေတာ့ 6.7 ရရွိထားပါတယ္။

Scream (1996)
photo via screenrant

၁၉၉၀ခုႏွစ္မ်ားရဲ႕ ေနာက္ထပ္ အထင္ကရ လူသတ္ကားေကာင္းတစ္ကားကေတာ့ IMDb 7.2 ရရွိထားတဲ့ Scream ဇာတ္ကားပဲျဖစ္ပါတယ္။ ဒါ႐ိုက္တာ Wes Craven ရဲ႕လက္ရာျဖစ္ၿပီးေတာ့ ကြင္းဆက္လူသတ္ကားေတြထဲမွာ အထူးထင္ရွားတဲ့ ဇာတ္ကားလည္း ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ အေၾကာင္းမဲ့ လူလိုက္သတ္ေနတဲ့ မ်က္ႏွာဖုံးစြပ္နဲ႔ လူသတ္သမားရဲ႕အေၾကာင္းကို ႐ိုးရွင္းစြာ တင္ဆက္ထားတဲ့ ထိတ္လန႔္ဖြယ္ဇာတ္လမ္း ျဖစ္ပါတယ္။

Sidney Prescott နဲ႔ သူမရဲ႕သူငယ္ခ်င္းတစ္သိုက္ဟာ မိခင္ရဲ႕ဈာပန ႏွစ္ပတ္လည္မွာ ေဟာလိုးဝင္းမ်က္ႏွာဖုံး စြပ္ထားတဲ့ ကြင္းဆက္လူသတ္သမားရဲ႕ အၾကမ္းဖက္မႈကို ခံရပါေတာ့တယ္။ လူသတ္သမားဟာ ဆယ္ေက်ာ္သက္႐ြယ္ေလးေတြကို မခံခ်ိ မခံသာျဖစ္ၿပီး ထိတ္လန႔္ေျခာက္ျခားလာေအာင္ ႏႈိးဆြၿပီးမွ လူသတ္ဂိမ္းတစ္ခုလို ကစားလာတဲ့အခါ … ။

ဒီဇာတ္ကားထဲမွာေတာ့ Neve Campbell ၊ Courteney Cox ၊ David Arquette ၊ Drew Berrymore တို႔က အဓိက ပါဝင္ထားပါတယ္။

Deep Crimson (1996)
photo via screenrant

Deep Crimson ကေတာ့ အၾကမ္းတမ္းဆုံး၊ အ႐ိုင္းစိုင္းဆုံး စိတ္အေျခအေနမွာေတာင္ ျဖဴစင္႐ိုးသားမႈ မရွိႏိုင္ေပမယ့္ အခ်စ္ကို ေတြ႕ရွိႏိုင္တယ္၊ ခံစားႏိုင္တယ္ဆိုတာကို ျပသထားတဲ့ ထူးျခားတဲ့ လူသတ္ကားတစ္ကား ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ အျပင္မွာတကယ္ရွိခဲ့တဲ့ The Lonely Hearts Killers လို႔ေခၚတဲ့ လူသတ္သမား ႏွစ္ေယာက္ရဲ႕အေၾကာင္းကို အေျခခံ ႐ိုက္ကူးထားတာ ျဖစ္ၿပီး ၁၉၄၀ခုႏွစ္ဝန္းက်င္ မကၠဆီကိုႏိုင္ငံမွာ အေျခတည္ထားပါတယ္။

အမ်ိဳးသားတစ္ဦးနဲ႔ အမ်ိဳးသမီးတစ္ဦးဟာ အေမရိကန္ႏိုင္ငံက ခ်မ္းသာႂကြယ္ဝတဲ့ မုဆိုးမေတြကို ပစ္မွတ္ထားၿပီး လူကိုသတ္ျဖတ္ကာ စည္းစိမ္ဥစၥာေတြကို အပိုင္သိမ္းၾကတဲ့ ဇာတ္လမ္း ျဖစ္ပါတယ္။ ဒီကားကေတာ့ အခ်စ္ကားကို လူသတ္ကားနဲ႔ ေရာေႏွာထားတဲ့ ဇာတ္ကားတစ္ကား ျဖစ္ပါတယ္။ IMDb ကေတာ့ 7.3 ရရွိထားပါတယ္။

Natural Born Killer (1994)
photo via screenrant

Mickey Knox နဲ႔ Mallory Wilson တို႔ဟာ Mallory ရဲ႕ အၾကမ္းဖက္တဲ့ ဖခင္ျဖစ္သူကို သတ္ျဖတ္အၿပီးမွာေတာ့ ေရာက္ရာေပါက္ရာကို ေလွ်ာက္သြားဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ ဒါ့အျပင္ လမ္းတစ္ေလွ်ာက္ သူတို႔ရပ္နားတဲ့ေနရာတိုင္းမွာ ႀကဳံရာက်ပန္း စိတ္ေပါက္ရာ လူတိုင္းကို သုတ္သင္ဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ တမူထူးျခားတာကေတာ့ သူတို႔ က်ဴးလြန္ခဲ့တဲ့ ေျခာက္ျခားစရာ ျဖစ္ရပ္ေတြကို ျပန္ေျပာျပႏိုင္ဖို႔ မ်က္ျမင္သက္ေသတစ္ေယာက္ကို အၿမဲတမ္း ခ်န္ထားတတ္တာပါပဲ။ ဒီလိုနဲ႔ သူတို႔ရဲ႕သတင္းေတြဟာ မီဒီယာေတြၾကားမွာ ေဖာင္းပြလာၿပီး သူတို႔ဟာ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားလာပါေတာ့တယ္။

ျဖစ္ရပ္မွန္ကို တစ္စိတ္တစ္ပိုင္း အေျခခံ ႐ိုက္ကူးထားတဲ့ ဒီဇာတ္ကားဟာ IMDb 7.3 ရရွိထားၿပီး ဒါ႐ိုက္တာ Oliver Stone ရဲ႕ အေကာင္းဆုံး႐ုပ္ရွင္တစ္ကားလည္း ျဖစ္သလို အျငင္းပြားဖြယ္ရာ အေကာင္းဆုံး ဇာတ္ကားတစ္ကားလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ Natural Born Killer ဟာ အလြန္ေသသပ္တဲ့ ကြင္းဆက္လူသတ္ကား ျဖစ္႐ုံသာမက လူေတြအေပၚ အၾကမ္းဖက္၊ ႏွိပ္စက္၊ အႏိုင္က်င့္ျခင္းရဲ႕ ဆိုးက်ိဳးသက္ေရာက္မႈေတြကို နက္နက္နဲနဲ တင္ဆက္ထားတာကိုလည္းေတြ႕ရမွာ ျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာေတာ့ Woody Harrelson ၊ Juliette Lewis ၊ Robert Downey Jr. တို႔က အဓိကပါဝင္ထားပါတယ္။

Se7en (1995)
photo via screenrant

ရဲဝန္ထမ္းအသစ္ Mills (Brad Pitt)နဲ႔ ဝါရင့္ရဲအိုႀကီး Somerset (Morgan Freeman)တို႔ဟာ ကြင္းဆက္လူသတ္သမားေနာက္ကို လိုက္ရင္းနဲ႔ သူတို႔ဘဝေတြဟာ ကေမာက္ကမ ျဖစ္ကုန္ပါတယ္။ ကြင္းဆက္လူသတ္သမားကေတာ့ ခရစ္ယာန္ဘာသာ အယူအဆရဲ႕ ဒုစ႐ိုက္ခုႏွစ္ပါးကို လက္ကိုင္ထားၿပီးေတာ့ ကမာၻႀကီးက ဒီအေၾကာင္းေတြကို မသိနားမလည္ဘူးလို႔ ယုံၾကည္ထားတဲ့ စိတၱဇလူတစ္ေယာက္ ျဖစ္ပါတယ္။

သူဟာ အဲ့ဒီဒုစ႐ိုက္ေတြကို အစဥ္လိုက္ လုပ္တတ္ၿပီးေတာ့ Mills နဲ႔ Somerset တို႔ဟာ ေၾကာင္နဲ႔ႂကြက္ ေျပးတမ္းလိုက္တမ္း ကစားပြဲလိုပဲ သူ႔ရဲ႕ကစားပြဲထဲကို ဝင္ေရာက္လာခဲ့ပါတယ္။ ဒီဇာတ္ကားဟာ တကယ့္လက္ေတြ႕ဘဝက လူေတြရဲ႕ စာရိတၱပ်က္ျပားျခင္းေတြ၊ ယုတ္မာျခင္းေတြကို ေဖာ္ျပထားၿပီးေတာ့ ဒါ႐ိုက္တာ David Fincher ရဲ႕ လက္ရာေကာင္းတစ္ခု ျဖစ္ပါတယ္။ IMDb ကေတာ့ 8.6 ရရွိထားပါတယ္။

The Silence of the Lambs (1991)
photo via screenrant

The Silence of the Lambs ကေတာ့ ၉၀ခုႏွစ္ဝန္းက်င္မွာ ထြက္ရွိခဲ့တဲ့ ကြင္းဆက္လူသတ္ကားေတြထဲမွာ အေကာင္းဆုံး႐ုပ္ရွင္တစ္ကားလို႔ သတ္မွတ္ႏိုင္ၿပီး IMDb 8.6 ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Clarice လို႔ေခၚတဲ့ သင္တန္းဆင္းကာစ အက္ဖ္ဘီအိုင္အရာရွိ အမ်ိဳးသမီးတစ္ေယာက္ဟာ ၿမိဳ႕ဝန္ရဲ႕သမီးကို ျပန္ေပးဆြဲထားတဲ့ အမႈတစ္ခုထဲကို ပါဝင္ခဲ့ရပါတယ္။ အဲ့ဒီ့အမႈရဲ႕လက္သည္ကေတာ့ Buffalo Bill လို႔ေခၚတဲ့ လူတစ္ေယာက္ရဲ႕ လက္ခ်က္ ျဖစ္ပါတယ္။

ဒီမွာတင္ Clarice ဟာ ဒီကြင္းဆက္လူသတ္သမားကို တားဆီးႏိုင္ဖို႔အတြက္ ဇာတ္တူသား စားလို႔ ေထာင္က်ေနတဲ့ ေဒါက္တာ Hannibal Lecter ရဲ႕ အကူအညီကိုယူၿပီး Buffalo Bill က ဘယ္သူလည္းဆိုတာကို ေဖာ္ထုတ္ရမွာျဖစ္ပါတယ္။

Jodie Fosterနဲ႔ Anthony Hopkins တို႔က အဓိကသ႐ုပ္ေဆာင္ထားၿပီး ဇာတ္ကားဆု၊ ဇာတ္ၫႊန္းဆု၊ ဒါ႐ိုက္တာဆု၊ မင္းသားဆု၊ မင္းသမီးဆုဆိုၿပီး စုစုေပါင္း ေအာ္စကာ ငါးဆု ရရွိထားတဲ့ ဇာတ္ကားႀကီးလည္း ျဖစ္ပါတယ္။ မင္းသားႀကီး Anthony Hopkins ဟာဆိုရင္လည္း ပိတ္ကားေပၚမွာ (၁၆)မိနစ္စာေလာက္သာ ပါဝင္ခဲ့ေပမယ့္ ေက်ာခ်မ္းစရာ အေကာင္းဆုံး ဗီလိန္ဇာတ္႐ုပ္ကို ပီျပင္စြာ သ႐ုပ္ေဆာင္ခဲ့လို႔ ေအာ္စကာဆုကို ထိုက္တန္စြာ ရရွိခဲ့ပါတယ္။

ဒါေတြကေတာ့ ၉၀ခုႏွစ္ဝန္းက်င္က အလြန္နာမည္ႀကီးခဲ့တဲ့ ကြင္းဆက္လူသတ္ကားမ်ားျဖစ္ၿပီး horror ႀကိဳက္တဲ့ ပရိသတ္ေတြ မၾကည့္ဖူးေသးဘူးဆိုရင္ ၾကည့္ျဖစ္ေအာင္ေျပးၾကည့္သင့္တဲ့ ဇာတ္ကားမ်ားျဖစ္ပါတယ္။

C 21

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular