HomeEntertainmentFilm၂၀၂၃ ခုနှစ်ရဲ့ ကြိုတင်လက်မှတ် အရောင်းရဆုံးရုပ်ရှင် ဖြစ်လာတဲ့ Barbie

၂၀၂၃ ခုနှစ်ရဲ့ ကြိုတင်လက်မှတ် အရောင်းရဆုံးရုပ်ရှင် ဖြစ်လာတဲ့ Barbie

ပရိသတ်တွေကြားမှာ ဟော့နေတဲ့ Barbie ရုပ်ရှင်ကတော့ ၂၀၂၃ ခုနှစ်ရဲ့ ကြိုတင်လက်မှတ် အရောင်းရဆုံးရုပ်ရှင် ဖြစ်လာပါပြီ။ ဒီရုပ်ရှင်ကတော့ ဒီကနေ့ ဇူလိုင်လ (၂၁)ရက်နေ့မှာ စတင်ပြီး ရုံတင်ပြသနေတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Margot Robbie ဟာ Barbie အနေနဲ့ ပါဝင်ထားသလို Ryan Gosling ကလည်း Ken အနေနဲ့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Barbie နဲ့ Ken တို့ဟာ အရာအားလုံး ပြီးပြည့်စုံနေတဲ့ Barbie Land ကနေ တကယ့်ကမ္ဘာအစစ်ကို ထွက်ခွာလာပြီး Self-Discovery ပြုလုပ်မယ့် ခရီးလမ်းကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

photo credit Warner Bros. Pictures

မကြာသေးခင်ကပဲ Barbie ရုပ်ရှင်ဟာ ၂၀၂၃ ခုနှစ်ရဲ့ ကြိုတင်လက်မှတ် အရောင်းရဆုံးရုပ်ရှင် ဖြစ်လာပြီလို့ Deadline သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါကြောင့်ပဲ Barbie ရုပ်ရှင်ရဲ့ ကြိုတင်လက်မှတ် ရောင်းရနှုန်းဟာ အခြားသော နာမည်ကြီးရုပ်ရှင်တွေဖြစ်တဲ့ The Super Mario Bros. Movie နဲ့ Spider-Man: Across the Spider-Verse တို့ထက်တောင် များနေပါတယ်။

Barbie ရုပ်ရှင်ရဲ့ ကြိုတင်လက်မှတ်ရောင်းရနှုန်းဟာ ၂၀၂၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Avatar: The Way of Water ထွက်လာပြီးကတည်းက အကောင်းဆုံး ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ရုံမတင်ရသေးခင်ကတည်းက အွန်လိုင်းပေါ်မှာ အလွန်ဟော့နေတာကြောင့် လူပေါင်းများစွာရဲ့ အာရုံစိုက်မှုကိုလည်း ရရှိထားပါတယ်။ ယခုအချိန်မှာလည်း ၂၀၂၃ ခုနှစ်ရဲ့ ကြိုတင်လက်မှတ် အရောင်းရဆုံးရုပ်ရှင် ဖြစ်နေတာကြောင့် Opening Weekend မှာတင် ‌Box Office ဒေါ်လာ သန်း(၁၀၀)ကျော် ရရှိသွားမယ်လို့ ခန့်မှန်းနေကြပါတယ်။

photo credit Warner Bros. Pictures

အကယ်၍ Barbie ရုပ်ရှင်ဟာ Opening Weekend မှာ ဒေါ်လာသန်း(၁၀၀)ကျော် ရရှိခဲ့မယ်ဆိုရင်တော့ The Little Mermaid နဲ့ Ant-Man 3 တို့ကို ကျော်တက်ပြီး ၂၀၂၃ ခုနှစ်ရဲ့ ဝင်ငွေအများဆုံး Opening Weekend စာရင်းမှာ Top 5 ဝင်သွားမှာပါ။ ခန့်မှန်းထားတဲ့အတိုင်း ဖြစ်လာမယ်ဆိုရင်တော့ Barbie ရုပ်ရှင်ဟာ အောင်မြင်မှုတွေများစွာ ရရှိမယ့် ရုပ်ရှင်တစ်ကား ဖြစ်လာဦးမှာပါ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular