The Boys ဇာတ်လမ်းတွဲရဲ့ Spin-Off စီးရီးဖြစ်တဲ့ Gen V ရဲ့ First Look ကတော့ မကြာခင်ကပဲ ထွက်ရှိလာပါတယ်။ ကောလိပ်ကျောင်းတစ်ခုမှာ ဇာတ်အိမ်တည်ထားပြီး Supe တွေကို ဖန်တီးဖို့အတွက် Vought ရဲ့ လျှို့ဝှက်စမ်းသပ်မှုတွေမှာ ပါဝင်နေတဲ့ လူငယ်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ရိုက်ကူးရေး ပြီးဆုံးခဲ့ပြီ ဖြစ်ပေမယ့် ထွက်ရှိလာမယ့် ရက်ကိုတော့ မကြေညာသေးပါဘူး။
![](https://sanyitwine.com/wp-content/uploads/2022/12/1-9.jpg)
The Boys ဇာတ်လမ်းတွဲကတော့ သွေးသံရဲရဲတွေနဲ့ ကလေးသူငယ်တွေ မကြည့်ရှုသင့်တဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်သလို Spin-Off ဖြစ်တဲ့ Gen V ကတော့ The Boys ထက်တောင် ပိုပြီးကြမ်းတမ်းလိမ့်မယ်လို့ ဆိုပါတယ်။ ဒီဇာတ်လမ်းတွဲဟာ R-Rated ဖြစ်နေမှာကိုတော့ အထူးတလည် ပြောစရာမလိုလောက်အောင်ပဲ ဒီထွေလာထဲက ဇာတ်ဝင်ခန်းအများစုမှာ ဇာတ်ကောင်တွေဟာ သွေးတွေနဲ့ စိုရွှဲနေတာကို တွေ့ရပါတယ်။
ယခုဆိုရင်တော့ CCXP ပွဲမှာ Prime Video ဟာ Gen V ရဲ့ First Look ကို ပြသသွားပါတယ်။ ဒီထွေလာထဲမှာတော့ The Boys ထဲက ဇာတ်ကောင်တွေ ဖြစ်တဲ့ A-Train နဲ့ Ashley တို့ကိုလည်း မြင်တွေ့ခဲ့ရသလို လူငယ်ဇာတ်ကောင်အသစ်တွေများစွာလည်း ပါဝင်ထားပါတယ်။ ဒီထွေလာကိုတော့ အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။
ဒီဇာတ်လမ်းတွဲထဲမှာတော့ လူငယ်သရုပ်ဆောင်တွေ ဖြစ်တဲ့ Lizzie Broadway ၊ Jazz Sinclair ၊ Chance Perdomo နဲ့ Maddie Phillips တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သတင်းတစ်ခုအရ ဆိုရင်တော့ Gen V ဇာတ်လမ်းတွဲဟာ The Boys Season 3 နဲ့ တစ်ချိန်တည်းမှာ ဖြစ်ပျက်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ ဒီဇာတ်လမ်းတွဲဟာလည်း The Boys ပရိသတ်တွေအကြိုက် ဖြစ်လာဦးမှာပါ။
Legos
Source: Screenrant