HomeEntertainmentFilmDoctor Strange in the Multiverse of Madness ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

Doctor Strange in the Multiverse of Madness ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

*** Spoiler Alert ***

Doctor Strange in the Multiverse of Madness ဟာ မေလ(၆)ရက်နေ့က စတင်ကာ ရုံတင်ပြသနေပြီး ယခုအချိန်မှာတော့ ပရိသတ်တွေ အများစု ကြည့်ပြီးကြပြီလို့ ထင်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ပရိသတ်တွေအတွက် အံ့ဩစရာတွေ မြင်တွေ့ခဲ့ရပြီး အလွန်စွမ်းအားကြီးတဲ့ Scarlet Witch ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီရုပ်ရှင်ရဲ့ အကောင်းဆုံးအချက်ကို ပြောပါဆိုရင်တော့ ဒါရိုက်တာ Sam Raimi ရဲ့ Horror ဆန်ဆန်ရိုက်ချက်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ပရိသတ်တွေအတွက် Doctor Strange 2 ထဲက Easter Egg တွေနဲ့ စိတ်ဝင်စားစရာအချက်တေွကို ဖော်ပြပေးချင်ပါတယ်။

(1) Defender Strange

photo via screenrant

ဒီရုပ်ရှင်ရဲ့ ပထမဆုံး ဇာတ်ဝင်ခန်းမှာတော့ America Chavez နဲ့ Defender Strange တို့ဟာ တိုက်ခိုက်ခံနေရတာကို မြင်တွေ့ခဲ့ရပါတယ်။ Defender Strange ကတော့ ကောမစ်ထဲက Defender ဝတ်စုံကို ဝတ်ဆင်ထားပါတယ်။ မူလ Defender အဖွဲ့ဝင်တွေကတော့ Hulk ၊ Namor ၊ Silver Surfer နဲ့ Doctor Strange တို့ပဲ ဖြစ်ပါတယ်။ Defender Strange ကတော့ သူ့ Universe ရဲ့ Sorcerer Supreme ပဲ ဖြစ်ပြီး စပိန်လိုလည်း ပြောတတ်ပါတယ်။

(2) Book of Vishanti

photo via screenrant

ဒီစာအုပ်ကတော့ မှော်ပညာရှင်တစ်ယောက်အတွက် အနိုင်ရဖို့ လိုအပ်တဲ့အရာ မှန်သမျှကို ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ ဒီစာအုပ်ကိုတော့ ပထမဆုံး Sorcerer Supreme ဖြစ်တဲ့ Agamotto နဲ့ God-Like Entities တွေဖြစ်တဲ့ Vishanti တို့က ပူးပေါင်းဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ‌တော့ Book of Vishanti ကို Universe တွေကြားထဲက နေရာမှာ သိမ်းထားပြီး Doctor Strange ဟာ Scarlet Witch ကို အနိုင်ယူဖို့အတွက် အဲဒီစာအုပ်ကို ရှာဖွေခဲ့ရပါတယ်။

(3) Darkhold စာအုပ်

photo via screenrant

Book of Vishanti ရဲ့ ပြောင်းပြန်ဖြစ်တဲ့ Darkhold စာအုပ်ကိုတော့ WandaVision ဇာတ်လမ်းတွဲအပြီးမှာ Wanda က Agatha Harkness ဆီကနေ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီစာအုပ်ကို Book of the Damned လို့လည်း ခေါ်ပါသေးတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Darkhold စာအုပ်ဟာ Wanda ရဲ့ စိတ်ဝိဉာဉ်ကို ဆိုးသွမ်းသွားအောင် ပြုလုပ်ခဲ့ပြီး Scarlet Witch ဖြစ်လာစေခဲ့ပါတယ်။

(4) No Way Home ထဲက ဒိုင်ယာလော့ခ်

photo via screenrant

Defender Strange ဟာ အခက်အခဲ ကြုံတွေ့လာရတဲ့ အချိန်မှာတော့ America Chavez ရဲ့ စွမ်းအားတွေကို စုပ်ယူခဲ့ပြီး သူမကို သတ်ဖို့ ကြိုးစားခဲ့ပါတယ်။ အကြောင်းကတော့ America ဟာ ဒီစွမ်းအားကို မထိန်းချုပ်နိုင်ဘဲ Defender Strange ကတော့ ထိန်းချုပ်နိုင်မှာ ဖြစ်တာကြောင့် “ဒါဟာ ပိုကောင်းတာတွေ ဖြစ်လာဖို့ပါ” လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် Defender Strange ဟာ No Way Home ထဲမှာ Doctor Strange ပြောခဲ့တဲ့ ဒိုင်ယာလော့ခ်ကိုပဲ ပြန်လည်ပြောဆိုခဲ့ပါတယ်။ အဲဒါကတော့ “Multiverse ကြီးနဲ့ ယှဉ်လိုက်ရင် သူတို့ရဲ့သေဆုံးမှုထက် သူတို့ရဲ့စတေးအနစ်နာခံမှုက ပိုပြီးအဓိပ္ပာယ် ရှိပါတယ်…” ဆိုတဲ့ ဒိုင်ယာလော့ခ်ပဲ ဖြစ်ပါတယ်။

(5) Gargantos/Shuma-Gorath

photo via screenrant

Gargantos ကတော့ America Chavez ကို ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့တဲ့ သတ္တဝါတွေထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ပုံစံကတော့ ကောမစ်ထဲက Doctor Strange ရဲ့ Classic ဗီလိန်ဖြစ်တဲ့ Shuma-Gorath ရဲ့ပုံစံနဲ့ အတော်လေးကို ဆင်တူနေပါတယ်။ ဒါပေမယ့်လည်း မူပိုင်ခွင့်ပြဿနာကြောင့် ဒီရုပ်ရှင်ထဲမှာတော့ Gargantos လို့ နာမည်ပြောင်းလဲခဲ့ရပါတယ်။

(6) WandaVision Theme

photo via screenrant

Gargantos ကို စုန်းအတတ်နဲ့ ဆင့်ခေါ်ထားတယ်လို့ Doctor Strange က သိလိုက်တဲ့ အချိန်မှာတော့ Wanda ဆီမှာ အကူအညီတောင်းဖို့အတွက် ပြောခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ Disney+ က ပြသခဲ့တဲ့ WandaVision ဇာတ်လမ်းတွဲရဲ့ နောက်ခံ Theme ကို ကြားခဲ့ရပါတယ်။

(7) Rintrah the Minotaur

photo via screenrant

Doctor Strange ဟာ Scarlet Witch နဲ့ ရင်ဆိုင်ရတော့မယ်လို့ သိလိုက်ရတဲ့ အချိန်မှာတော့ Kamar-Taj ဆီကို ပြန်သွားပြီး ခုခံဖို့အတွက် ပြင်ဆင်ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ တခြားနေရာတွေမှာ ရှိနေတဲ့ မှော်ပညာရှင်တွေပါ Kamar-Taj ကို ရောက်ရှိလာကြပြီး အဲဒီထဲမှာတော့ Rintrah the Minotaur ကို မြင်တွေ့ခဲ့ရပါတယ်။ ကောမစ်ထဲမှာတော့ Rintrah ဟာ မှော်ပညာကို အသုံးပြုနိုင်စွမ်းနဲ့ မွေးဖွားလာတဲ့ ဂြိုဟ်သားတစ်ယောက် ဖြစ်ပြီး Doctor Strange ဆီမှာလည်း ပညာသင်ခဲ့ဖူးပါတယ်။ လောလောဆယ်မှာတော့ သူဟာ Doctor Strange ဖွင့်ထားတဲ့ ကျောင်းတစ်ခုမှာ မှော်ပညာပါရမီ ပါသူတွေကို သင်ကြားပေးနေပါတယ်။

(8) The Ring Reference

photo via screenrant

Scarlet Witch ဟာ Kamar-Taj ထဲကို ဝင်ရောက်လာတဲ့ အချိန်မှာတော့ Doctor Strange ဟာ သူမကို Mirror Dimension ထဲမှာပိတ်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမဟာ အဲဒီဒိုင်မေးရှင်းထဲကနေ ထွက်လာနိုင်ခဲ့ပြီး သူမ ထွက်လာတဲ့ ပုံစံကတော့ The Ring ရုပ်ရှင်ကားထဲက Samara ထွက်လာတဲ့ပုံစံနဲ့ အတော်လေးကို ဆင်တူနေပါတယ်။

(9) Living Tribunal

photo via screenrant

Doctor Strange နဲ့ America Chavez တို့ဟာ ပေါ်တယ်ကနေတဆင့် Scarlet Witch လက်က လွတ်မြောက်လာခဲ့ပြီး နောက်မှာတော့ သူတို့နှစ်ယောက်ဟာ Universe တွေများစွာကို ဖြတ်သန်းသွားကြပါတယ်။ ပထမဦးဆုံး သူတို့ရောက်သွားတဲ့ Universe ကတော့ Living Tribunal နေထိုင်ရာ နေရာနဲ့ ဆင်တူနေပါတယ်။ Living Tribunal ကတော့ Multiverse ကို စောင့်ရှောက်နေတဲ့ Cosmic Entity တစ်ခုပဲ ဖြစ်ပါတယ်။

(10) Bruce Campbell Cameo

photo via screenrant

Doctor Strange နဲ့ America Chavez တို့နှစ်ယောက်ဟာ Earth-838 ကို ရောက်သွားတဲ့ အချိန်မှာတော့ ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။ အဲဒီအချိန်မှာတော့ သရုပ်ဆောင် Bruce Campbell ရဲ့ Cameo ကို မြင်တွေ့ခဲ့ရပါတယ်။ Bruce Campbell ကတော့ ဒါရိုက်တာ Sam Raimi ရဲ့ သူငယ်ချင်းတစ်ယောက် ဖြစ်ပြီး ဒါရိုက်တာ Sam Raimi ရိုက်ကူးခဲ့တဲ့ Evil Dead ရုပ်ရှင်ထဲမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါရိုက်တာ Sam Raimi ကတော့ သူရိုက်ကူးတဲ့ ရုပ်ရှင်တွေမှာ Bruce Campbell ကို Cameo အဖြစ် ပါဝင်စေလေ့ရှိပြီး မူလ Spider-Man Trilogy မှာလည်း ပါဝင်ခဲ့ပါသေးတယ်။

(11) McLeod စာအုပ်ဆိုင်

photo via screenrant

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Sanctum Sanctorum ရဲ့ အရှေ့မှာ McLeod ဆိုတဲ့ စာအုပ်ဆိုင်တစ်ဆိုင်ကို မြင်တွေ့ခဲ့ရပါတယ်။ ဒါကတော့ Marvel ရဲ့ Artist နဲ့ New Mutants တို့ကို ဖန်တီးခဲ့တဲ့ Bob McLeod ကို ရည်ညွှန်းထားတာပဲ ဖြစ်ပါတယ်။

(12) Sand of Nisanti

photo via screenrant

Earth-838 ရဲ့ Mordo ကတော့ Doctor Strange နဲ့ America Chavez တို့ကို လှည့်စားခဲ့ပြီး Sand of Nisanti ခပ်ထားတဲ့ လက်ဖက်ရည်ကို တိုက်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူတို့နှစ်ယောက်ဟာ မေ့မျောသွားခဲ့ပြီး Illuminati ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Sand of Nisanti ဟာ မှော်စွမ်းရည်တွေကို ခဏတာ ဖျောက်ဖျက်ပေးနိုင်စွမ်း ရှိပါတယ်။

(13) Disney Animation Easter Egg

photo via screenrant

Scarlet Witch ဟာ America ကို လိုက်လံဖမ်းဆီးဖို့အတွက် Darkhold ကို အသုံးပြုကာ Dream-Walking ပြုလုပ်ပြီး Earth-838 ရဲ့ Wanda ကို ထိန်းချုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ Earth-838 ရဲ့ Billy နဲ့ Tommy တို့ဟာ Disney Animation တွေ ကြည့်နေတာ တွေ့ရပါတယ်။ အဲဒီ Animation တွေကတော့ Oswald the Lucky Rabbit နဲ့ Snow White and the Seven Dwarfs တို့ပဲ ဖြစ်ပါတယ်။

(14) Mount Wundagore

photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Scarlet Witch ဟာ မူလ Darkhold ရဲ့ စွမ်းအားကို လိုအပ်တာကြောင့် Mount Wundagore ဆီကို သွားခဲ့ပါတယ်။ ဒီနေရာကတော့ ကောမစ်ထဲက အထင်ကရ နေရာတစ်ခုပဲ ဖြစ်ပါတယ်။ Elder God ဖြစ်သူ Chthon ကတော့ Darkhold ကို အဲဒီနေရာမှာ ရေးသားခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ ဗီလိန်တစ်ယောက်ဖြစ်တဲ့ High Evolutionary ရဲ့ နေထိုင်ရာနေရာလည်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ကောမစ်ထဲမှာတော့ Wanda နဲ့ Pietro တို့ဟာ ဒီနေရာမှာပဲ မွေးဖွားခဲ့ကြတာ ဖြစ်ပါတယ်။

(15) Baxter Foundation

photo via screenrant

Earth-838 ရဲ့ Christine Palmer ကတော့ Baxter Foundation ဟာ သိရှိထားတဲ့ Multiverse ကို လေ့လာပြီး အစီအစဉ်တကျ ခွဲခြားတာကို လုပ်ဆောင်တဲ့ သုတေသနအဖွဲ့အစည်းလို့ ဆိုပါတယ်။ ကောမစ်ထဲမှာတော့ Baxter အဆောက်အအုံဟာ Fantastic Four အဖွဲ့ရဲ့ ရုံးချုပ်ပဲ ဖြစ်ပြီး Foundation ကိုတော့ Reed Richards က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

(16) Chthon

photo via screenrant

Scarlet Witch ဟာ Mount Wundagore ပေါ်မှာ သူမရဲ့ပလ္လင်ကို ရှာဖွေခဲ့ပြီး အဲဒီအချိန်မှာပဲ Chthon နဲ့ ဆင်တူတဲ့ Stone Golem တွေ ထွက်လာခဲ့ပါတယ်။ Wong ရဲ့ ပြောစကားအရ ဆိုရင်တော့ Chthon ဟာ ပထမဆုံး Demon ဖြစ်တယ်လို့ သိရပါတယ်။

(17) Incursions

photo via screenrant

Illuminati အဖွဲ့ဟာ Earth-616 ရဲ့ Doctor Strange ကို ဖမ်းဆီးခဲ့ရတဲ့ အကြောင်းကတော့ Incursions လို့ ခေါ်တဲ့ အဖြစ်အပျက်တွေ ဖြစ်တော့မှာကြောင့်ပါပဲ။ Incursions ဆိုတာကတော့ Multiverse ထဲက Universe တွေဟာ အချင်းချင်း တိုက်မိပြီး ပျက်စီးကုန်တဲ့ အဖြစ်အပျက်ကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ တစ်ချိန်ချိန်မှာတော့ MCU ထဲမှာ Multiversal War တွေနဲ့ Incursions တွေကို မြင်တွေ့ရတော့မှာ ဖြစ်ပြီး Crossover တွေကိုလည်း မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

(18) Matrix Reference

photo via screenrant

Illuminati အဖွဲ့ဝင်တစ်ယောက် ဖြစ်တဲ့ Black Bolt ကတော့ အလွန်စွမ်းအားကြီးသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကောမစ်ထဲမှာ ဆိုရင်တော့ သူ့ရဲ့လေချွန်သံ တစ်ချက်ဟာ မြို့တစ်မြို့ကိုတောင် ပျက်စီးစေနိုင်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Scarlet Witch ဟာ Reality ကို ပြောင်းလဲခဲ့ပြီး Black Bolt ရဲ့ ပါးစပ်ကို ဖျောက်ပစ်ခဲ့ပါတယ်။ ဒီအချက်ကတော့ ပထမဆုံး Matrix ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခုကို Reference ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။

(19) Captain America Theme

photo via screenrant

Earth-838 ရဲ့ Illuminati အဖွဲ့ထဲမှာတော့ Captain Carter လည်း ပါဝင်နေပါတယ်။ သူမဟာ Scarlet Witch နဲ့ တိုက်ခိုက်နေတဲ့ အချိန်မှာတော့ Captain America ရဲ့ အထင်ကရစကား ဖြစ်တဲ့ “I Can Do This All Day” ကို ပြောဆိုခဲ့ပြီး အဲဒီအချိန်မှာပဲ Captain America ရဲ့ Theme ကိုလည်း ကြားခဲ့ရပါသေးတယ်။

(20) Maximoff မိသားစုရဲ့ သေဆုံးမှု

photo via screenrant

Professor X ကတော့ Scarlet Witch ထိန်းချုပ်ထားတဲ့ Earth-838 Wanda ရဲ့ စိတ်ထဲကို ဝင်ရောက်ခဲ့ပြီး Earth-838 Wanda ကို ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ သူမရဲ့ မသိစိတ်ဟာ အဆောက်အဦးတွေ ပြိုကျနေတဲ့ပုံစံကို ပုံဖော်ထားပြီး Earth-838 Wanda ကတော့ အပျက်အစီးတွေအောက်မှာ ပိတ်မိနေပါတယ်။ ဒီပုံစံကတော့ Sokovia မှာ သူမရဲ့မိဘတွေ သေဆုံးသွားတဲ့ အဖြစ်အပျက်ကို မသိစိတ်က အလိုလိုဖန်တီးထားမိတာ ဖြစ်ပါတယ်။

(21) Donna Strange

photo via screenrant

Earth-616 ရဲ့ Doctor Strange ဟာ Incursions ဖြစ်နေတဲ့ Universe တစ်ခုကို ရောက်သွားခဲ့ပြီး အဲဒီ Universe မှာတော့ Sinister Strange နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ Sinister Strange ဟာ Earth-616 Doctor Strange ကို Variant အစစ်ဖြစ်ကြောင်း သက်သေပြစေခဲ့ပြီး Doctor Strange ကတော့ သူရဲ့ညီမဖြစ်သူ Donna Strange အကြောင်းကို ပြောပြခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Donna ဟာ ရေခဲနေတဲ့ ကန်ထဲမှာ နစ်မြုပ်သွားခဲ့တယ်လို့ ပြောခဲ့ပြီး ကောမစ်ထဲမှာတော့ သူမဟာ ရေကူးနေရင်း ကြွက်တက်ပြီးတော့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ Strange လည်း ရှိနေခဲ့ပေမယ့် သူ့ညီမကိုတော့ မကယ်တင်လိုက်နိုင်ပါဘူး။

(22) Doctor Strange ရဲ့ တတိယမျက်လုံး

photo via screenrant

ဒီရုပ်ရှင်ရဲ့ အဆုံးသတ်မှာတော့ Earth-616 Doctor Strange ဟာ Sinister Strange လိုပဲ တတိယမျက်လုံး ပွင့်လာခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ကောမစ်ထဲမှာတော့ ဒီတတိယမျက်လုံးဟာ Agamotto ရဲ့ မျက်လုံးပဲ ဖြစ်ပြီး ဒီမျက်လုံးကြောင့်ပဲ Doctor Strange ဟာ Dark Arts တွေကို ခုခံနိုင်စွမ်း ရှိပြီး ပြန်လည်တိုက်ခိုက်နိုင်တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ သူဟာ Darkhold ကို အသုံးပြုခဲ့တာကြောင့် ဘေးထွက်ဆိုးကျိူးအနေနဲ့ တတိယမျက်လုံး ပွင့်လာတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် MCU ကတော့ တတိယမျက်လုံးကို ကောမစ်ထဲကနဲ့ မတူဘဲ ပြောင်းလဲဖန်တီးထားပါတယ်။

(23) Clea

photo via screenrant

Credit Scene မှာတော့ Charlize Theron သရုပ်ဆောင်ထားတဲ့ Clea ကို မြင်တွေ့ခဲ့ရပြီး သူမဟာ Incursions တွေကို တားဆီးဖို့အတွက် Doctor Strange ကို လာခေါ်သွားပါတယ်။ ကောမစ်ထဲမှာတော့ Clea ဟာ Doctor Strange ရဲ့ဇနီးပဲ ဖြစ်ပြီး Marvel ကောမစ်ရဲ့ လက်ရှိ Sorcerer Supreme လည်း ဖြစ်ပါတယ်။ သူမရဲ့အကြောင်းကိုတော့ တစ်ခြားစာတစ်ပုဒ်နဲ့ သေချာ ဖော်ပြပေးထားပါသေးတယ်။ စိတ်ဝင်စားတယ် ဆိုရင်တော့ Page ထဲကို ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular