ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။
မင်းသား Chris Hemsworth ဟာ အသစ်လာမယ့် Thor: Love and Thunder ရဲ့ ရုပ်ရှင်ဇာတ်ညွှန်းကို ဖတ်အပြီးမှာ သုံးကားမြောက် Thor ရုပ်ရှင်ဖြစ်တဲ့ Thor: Ragnarok ထက် ပိုပြီးစိတ်ပါသွားတယ်လို့ ဆိုလိုက်ပါတယ်။
မင်းသား Chris Hemsworth ဟာ လေးကားမြောက် Thor ရုပ်ရှင်ဖြစ်တဲ့ Thor: Love and Thunder အတွက် သိပ်ကိုစိတ်လှုပ်ရှားနေတယ်လို့ ဆိုထားပါတယ်။ Chris ဟာ ဒါရိုက်တာ Taika Waititi ရိုက်ကူးမယ့် Thor: Love and Thunder ရုပ်ရှင်မှာ အဓိကဇာတ်ကောင် Thor နေရာကနေ ပြန်လည်ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မင်းသမီး Natalie Portman ကလည်း Jane Foster အဖြစ် ပြန်လည်ပါဝင်မှာဖြစ်ပြီး Tessa Thompson ကလည်း Valkyrie အဖြစ် ထပ်မံသရုပ်ဆောင်သွားဦးမှာပါ။
ပိုလန်နိုင်ငံထုတ် Elle Man မဂ္ဂဇင်းနဲ့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဩဇီမင်းသားကြီး Chris ဟာ လာမယ့် လေးကားမြောက် Thor ရုပ်ရှင်အတွက် သူ့ရဲ့ရင်ခုန်သံတွေကို မျှဝေထားပါတယ်။
“ဇာတ်ညွှန်းဖတ်ပြီးသွားတော့ ကျွန်တော်ပြောနိုင်တာက ကျွန်တော် သိပ်ကိုစိတ်လှုပ်ရှားနေတယ်ဆိုတာပါ။ ဒီကားမှာတော့ ချစ်ခြင်းမေတ္တာအကြောင်းတွေ အများကြီးပါမယ်။ ပြီးတော့ မိုးကြိုးလျှပ်စီးတွေလည်း အများကြီး ပါမှာပေါ့ဗျာ။(ရယ်လျက်) Avengers: Endgame မှာ အကုန်လုံး ဖြစ်ပျက်သွားပြီးတော့ ကျွန်တော်က Marvel Cinematic Universe ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေတုန်းပဲဆိုတာရယ်၊ Thor ရဲ့ဇာတ်လမ်းကို ရှေ့ဆက်ပြီး လုပ်နိုင်သေးတယ်ဆိုတာရယ်ကြောင့် ကျွန်တော် ဝမ်းသာပါတယ် ….” လို့ Chris က ဆိုထားပါတယ်။
ဆက်လက်ပြီး “ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ပလော့တ်တွေတော့ ကျွန်တော် ပြောပြလို့ မရဘူးပေါ့ဗျာ။ ဒါပေမယ့် ခင်ဗျားတို့ရဲ့ သိချင်စိတ်ကို ဖြည့်ဆည်းပေးရမယ်ဆိုရင်တော့ အခုဇာတ်ညွှန်းကို ဖတ်ပြီးတဲ့အချိန်မှာ Thor: Ragnarok ထက် အများကြီး စိတ်ကျေနပ်မှု ဖြစ်မိတယ်လို့ပဲ ပြောပါရစေ …” လို့ Chris က ပြောပြထားပါတယ်။
လာမယ့် Thor: Love and Thunder ရုပ်ရှင်ဇာတ်ကားထဲမှာ အဓိကဗီလိန်အဖြစ် သရုပ်ဆောင်မယ့်သူကတော့ မင်းသား Christian Bale ဖြစ်ပါတယ်။ ဒါရိုက်တာ Waititi ရဲ့ အစောပိုင်း အတည်ပြုချက်တစ်ခုအရ သူနှစ်သက်ရတဲ့ ကာရိုက်တာတစ်ခုဖြစ်တဲ့ Korg ဟာလည်း ဒီဇာတ်ကားမှာ ပါဝင်လာမယ်လို့ သိရပါတယ်။
Thor: Love and Thunder ရုပ်ရှင်ဇာတ်ကားကိုတော့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့မှာ ရုံတင်ပြသဖို့ လျာထားပါတယ်။
Glasgow
Source: indianexpress
(Zawgyi Version)
မင္းသား Chris Hemsworth ဟာ အသစ္လာမယ့္ Thor: Love and Thunder ရဲ႕ ႐ုပ္ရွင္ဇာတ္ၫႊန္းကို ဖတ္အၿပီးမွာ သုံးကားေျမာက္ Thor ႐ုပ္ရွင္ျဖစ္တဲ့ Thor: Ragnarok ထက္ ပိုၿပီးစိတ္ပါသြားတယ္လို႔ ဆိုလိုက္ပါတယ္။
မင္းသား Chris Hemsworth ဟာ ေလးကားေျမာက္ Thor ႐ုပ္ရွင္ျဖစ္တဲ့ Thor: Love and Thunder အတြက္ သိပ္ကိုစိတ္လႈပ္ရွားေနတယ္လို႔ ဆိုထားပါတယ္။ Chris ဟာ ဒါ႐ိုက္တာ Taika Waititi ႐ိုက္ကူးမယ့္ Thor: Love and Thunder ႐ုပ္ရွင္မွာ အဓိကဇာတ္ေကာင္ Thor ေနရာကေန ျပန္လည္ပါဝင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ မင္းသမီး Natalie Portman ကလည္း Jane Foster အျဖစ္ ျပန္လည္ပါဝင္မွာျဖစ္ၿပီး Tessa Thompson ကလည္း Valkyrie အျဖစ္ ထပ္မံသ႐ုပ္ေဆာင္သြားဦးမွာပါ။
ပိုလန္ႏိုင္ငံထုတ္ Elle Man မဂၢဇင္းနဲ႔ မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာေတာ့ ဩဇီမင္းသားႀကီး Chris ဟာ လာမယ့္ ေလးကားေျမာက္ Thor ႐ုပ္ရွင္အတြက္ သူ႔ရဲ႕ရင္ခုန္သံေတြကို မွ်ေဝထားပါတယ္။
“ဇာတ္ၫႊန္းဖတ္ၿပီးသြားေတာ့ ကြၽန္ေတာ္ေျပာႏိုင္တာက ကြၽန္ေတာ္ သိပ္ကိုစိတ္လႈပ္ရွားေနတယ္ဆိုတာပါ။ ဒီကားမွာေတာ့ ခ်စ္ျခင္းေမတၱာအေၾကာင္းေတြ အမ်ားႀကီးပါမယ္။ ၿပီးေတာ့ မိုးႀကိဳးလွ်ပ္စီးေတြလည္း အမ်ားႀကီး ပါမွာေပါ့ဗ်ာ။(ရယ္လ်က္) Avengers: Endgame မွာ အကုန္လုံး ျဖစ္ပ်က္သြားၿပီးေတာ့ ကြၽန္ေတာ္က Marvel Cinematic Universe ရဲ႕ အစိတ္အပိုင္းတစ္ခုအျဖစ္ ရွိေနတုန္းပဲဆိုတာရယ္၊ Thor ရဲ႕ဇာတ္လမ္းကို ေရွ႕ဆက္ၿပီး လုပ္ႏိုင္ေသးတယ္ဆိုတာရယ္ေၾကာင့္ ကြၽန္ေတာ္ ဝမ္းသာပါတယ္ ….” လို႔ Chris က ဆိုထားပါတယ္။
ဆက္လက္ၿပီး “ဇာတ္လမ္းနဲ႔ ပတ္သက္ၿပီး ပေလာ့တ္ေတြေတာ့ ကြၽန္ေတာ္ ေျပာျပလို႔ မရဘူးေပါ့ဗ်ာ။ ဒါေပမယ့္ ခင္ဗ်ားတို႔ရဲ႕ သိခ်င္စိတ္ကို ျဖည့္ဆည္းေပးရမယ္ဆိုရင္ေတာ့ အခုဇာတ္ၫႊန္းကို ဖတ္ၿပီးတဲ့အခ်ိန္မွာ Thor: Ragnarok ထက္ အမ်ားႀကီး စိတ္ေက်နပ္မႈ ျဖစ္မိတယ္လို႔ပဲ ေျပာပါရေစ …” လို႔ Chris က ေျပာျပထားပါတယ္။
လာမယ့္ Thor: Love and Thunder ႐ုပ္ရွင္ဇာတ္ကားထဲမွာ အဓိကဗီလိန္အျဖစ္ သ႐ုပ္ေဆာင္မယ့္သူကေတာ့ မင္းသား Christian Bale ျဖစ္ပါတယ္။ ဒါ႐ိုက္တာ Waititi ရဲ႕ အေစာပိုင္း အတည္ျပဳခ်က္တစ္ခုအရ သူႏွစ္သက္ရတဲ့ ကာ႐ိုက္တာတစ္ခုျဖစ္တဲ့ Korg ဟာလည္း ဒီဇာတ္ကားမွာ ပါဝင္လာမယ္လို႔ သိရပါတယ္။
Thor: Love and Thunder ႐ုပ္ရွင္ဇာတ္ကားကိုေတာ့ ၂၀၂၂ခုႏွစ္ ေဖေဖာ္ဝါရီလ(၁၁)ရက္ေန႔မွာ ႐ုံတင္ျပသဖို႔ လ်ာထားပါတယ္။
Glasgow
Source: indianexpress