HomeEntertainmentFilmSpider-Man ရဲ့ ဗီလိန် Kraven the Hunter အဖြစ် သရုပ်ဆောင်သွားမယ့် Aaron Taylor-Johnson

Spider-Man ရဲ့ ဗီလိန် Kraven the Hunter အဖြစ် သရုပ်ဆောင်သွားမယ့် Aaron Taylor-Johnson

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Avengers: Age of Ultron ထဲမှာ Quicksilver အဖြစ် ပါဝင်ခဲ့တဲ့ သရုပ်ဆောင် Aaron Taylor-Johnson ဟာ Spider-Man ရဲ့ ဗီလိန်တစ်ယောက်ဖြစ်တဲ့ Kraven the Hunter ရဲ့ ရုပ်ရှင်ထဲမှာလည်း Kraven အဖြစ် ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Spider-Man ဟာ MCU ထဲကို ပါဝင်သွားတဲ့ နောက်မှာတော့ Sony ဟာ တခြား Marvel ဇာတ်ကောင်တွေကို သူတို့ရဲ့ universe ထဲမှာ ဆက်လက်ရိုက်ကူးနေပါတယ်။

photo via screenrant

Sony ဟာ ၂၀၁၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Venom နဲ့ စတင်ခဲ့ပြီး အခုချိန်မှာတော့ Venom: Let There Be Carnage နဲ့ Morbius တို့ကို ဆက်လက်ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ Sony ဟာ Venom ကို ဆိုလိုရုပ်ရှင် ထုတ်ခဲ့သလို Kraven ကိုလည်း မကြာခင်မှာ ဆိုလိုရုပ်ရှင်အဖြစ် ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ Sony ကတော့ ဒီရုပ်ရှင်ကို ရိုက်ကူးဖို့အတွက် ၂၀၂၀ နှစ်ကုန်ပိုင်းလောက်မှာ ဒါရိုက်တာ J.C. Chandor ကို ငှားရမ်းခဲ့ပါတယ်။

မကြာသေးခင်ကပဲ Sony ဟာ Kraven နေရာမှာ Aaron Taylor-Johnson က ပါဝင်လာမယ်လို့ ကြေညာခဲ့ပါတယ်။ Aaron အတွက်တော့ Kraven ဇာတ်ကောင်ဟာ ပထမဆုံး သရုပ်ဆောင်ဖူးတဲ့ ကောမစ်ဇာတ်ကောင် မဟုတ်ပါဘူး။ သူဟာ Kick-Ass ရုပ်ရှင်ထဲမှာလည်း အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်ခဲ့ဖူးပါတယ်။ ဒါတင်မကသေးဘဲ Avengers: Age of Ultron ထဲမှာလည်း Wanda ရဲ့ အမွှာမောင်ဖြစ်သူ Pietro အဖြစ်နဲ့ ပါဝင်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း စိတ်မကောင်းစရာပဲ သူဟာ အဲ့ဒီရုပ်ရှင်ထဲမှာပဲ သေဆုံးသွားခဲ့ပါတယ်။

photo via screenrant

Sony ဟာ Aaron ကို ဒီဇာတ်ကောင်အတွက် မကမ်းလှမ်းခင်တုန်းက Keanu Reeves ကို အရင်ချဉ်းကပ်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှသာ Aaron နဲ့ အဆင်ပြေသွားတာ ဖြစ်ပါတယ်။ Aaron ဟာ Kraven အနေနဲ့ ပါဝင်သွားဖို့ Sony နဲ့ ရုပ်ရှင်ကားတွေအတွဲလိုက် စာချုပ်ချုပ်ထားပါတယ်။ Kraven the Hunter ရုပ်ရှင်ကတော့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့မှာ ရုံတင်သွားမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်အတွက် ရိုက်ကူးရေးကိုတော့ ၂၀၂၁ နှစ်ကုန်ပိုင်း၊ ဒါမှမဟုတ် ၂၀၂၂ နှစ်ဆန်းပိုင်းလောက်မှာ စတင်သွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Avengers: Age of Ultron ထဲမွာ Quicksilver အျဖစ္ ပါဝင္ခဲ့တဲ့ သ႐ုပ္ေဆာင္ Aaron Taylor-Johnson ဟာ Spider-Man ရဲ႕ ဗီလိန္တစ္ေယာက္ျဖစ္တဲ့ Kraven the Hunter ရဲ႕ ႐ုပ္ရွင္ထဲမွာလည္း Kraven အျဖစ္ ပါဝင္သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

Spider-Man ဟာ MCU ထဲကို ပါဝင္သြားတဲ့ ေနာက္မွာေတာ့ Sony ဟာ တျခား Marvel ဇာတ္ေကာင္ေတြကို သူတို႔ရဲ႕ universe ထဲမွာ ဆက္လက္႐ိုက္ကူးေနပါတယ္။

photo via screenrant

Sony ဟာ ၂၀၁၈ ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Venom နဲ႔ စတင္ခဲ့ၿပီး အခုခ်ိန္မွာေတာ့ Venom: Let There Be Carnage နဲ႔ Morbius တို႔ကို ဆက္လက္ထုတ္လုပ္သြားမွာ ျဖစ္ပါတယ္။ Sony ဟာ Venom ကို ဆိုလို႐ုပ္ရွင္ ထုတ္ခဲ့သလို Kraven ကိုလည္း မၾကာခင္မွာ ဆိုလို႐ုပ္ရွင္အျဖစ္ ထုတ္လုပ္သြားမွာ ျဖစ္ပါတယ္။ Sony ကေတာ့ ဒီ႐ုပ္ရွင္ကို ႐ိုက္ကူးဖို႔အတြက္ ၂၀၂၀ ႏွစ္ကုန္ပိုင္းေလာက္မွာ ဒါ႐ိုက္တာ J.C. Chandor ကို ငွားရမ္းခဲ့ပါတယ္။

မၾကာေသးခင္ကပဲ Sony ဟာ Kraven ေနရာမွာ Aaron Taylor-Johnson က ပါဝင္လာမယ္လို႔ ေၾကညာခဲ့ပါတယ္။ Aaron အတြက္ေတာ့ Kraven ဇာတ္ေကာင္ဟာ ပထမဆုံး သ႐ုပ္ေဆာင္ဖူးတဲ့ ေကာမစ္ဇာတ္ေကာင္ မဟုတ္ပါဘူး။ သူဟာ Kick-Ass ႐ုပ္ရွင္ထဲမွာလည္း အဓိကဇာတ္ေကာင္အေနနဲ႔ ပါဝင္ခဲ့ဖူးပါတယ္။ ဒါတင္မကေသးဘဲ Avengers: Age of Ultron ထဲမွာလည္း Wanda ရဲ႕ အမႊာေမာင္ျဖစ္သူ Pietro အျဖစ္နဲ႔ ပါဝင္ခဲ့ပါေသးတယ္။ ဒါေပမယ့္လည္း စိတ္မေကာင္းစရာပဲ သူဟာ အဲ့ဒီ႐ုပ္ရွင္ထဲမွာပဲ ေသဆုံးသြားခဲ့ပါတယ္။

photo via screenrant

Sony ဟာ Aaron ကို ဒီဇာတ္ေကာင္အတြက္ မကမ္းလွမ္းခင္တုန္းက Keanu Reeves ကို အရင္ခ်ဥ္းကပ္ခဲ့ပါေသးတယ္။ ေနာက္ပိုင္းမွသာ Aaron နဲ႔ အဆင္ေျပသြားတာ ျဖစ္ပါတယ္။ Aaron ဟာ Kraven အေနနဲ႔ ပါဝင္သြားဖို႔ Sony နဲ႔ ႐ုပ္ရွင္ကားေတြအတြဲလိုက္ စာခ်ဳပ္ခ်ဳပ္ထားပါတယ္။ Kraven the Hunter ႐ုပ္ရွင္ကေတာ့ ၂၀၂၃ ခုႏွစ္ ဇန္နဝါရီလ (၁၃)ရက္ေန႔မွာ ႐ုံတင္သြားမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္အတြက္ ႐ိုက္ကူးေရးကိုေတာ့ ၂၀၂၁ ႏွစ္ကုန္ပိုင္း၊ ဒါမွမဟုတ္ ၂၀၂၂ ႏွစ္ဆန္းပိုင္းေလာက္မွာ စတင္သြားမွာ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular