HomeEntertainmentFilmLoki ရဲ့ဗားရှင်းအမျိူးမျိူးကို တွေ့ရနိုင်ချေရှိတဲ့ Loki ဇာတ်လမ်းတွဲ

Loki ရဲ့ဗားရှင်းအမျိူးမျိူးကို တွေ့ရနိုင်ချေရှိတဲ့ Loki ဇာတ်လမ်းတွဲ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Loki ဇာတ်လမ်းတွဲကို ဖန်တီးနေသူဖြစ်တဲ့ Michael Waldron ဟာ ဒီဇာတ်လမ်းတွဲထဲမှာ အချိန်ခရီးသွားခြင်းနဲ့ ပတ်သက်တဲ့ လှည့်ကွက်တွေအပြင် Loki ရဲ့ တခြားဗားရှင်းတွေကိုပါ မြင်တွေ့ရနိုင်သေးတယ်လို့ အရိပ်အမြွက် ပြောပြလိုက်ပါတယ်။

ဒီဇာတ်လမ်းတွဲကတော့ WandaVision နဲ့ The Falcon and the Winter Soldier တို့နောက်မှာ ထွက်ရှိလာမယ့် Disney+ ရဲ့ တတိယမြောက် ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဒါရိုက်တာအဖြစ် Kate Herron က ရိုက်ကူးသွားမှာ ဖြစ်ပြီး Tom Hiddleston ၊ Owen Wilson ၊ Gugu Mbatha-Raw နဲ့ Wunmi Mosaku တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

photo via screenrant

ပရိသတ်တွေဟာ Loki ကိုတော့ ဗီလိန်စစ်စစ်ကြီး အဖြစ်လည်း မြင်ခဲ့ဖူးသလို anti-hero နဲ့ တကယ့်ဟီးရိုးပုံစံတွေနဲ့လည်း မြင်တွေ့ခဲ့ရပါတယ်။ Loki ဟာ ဘယ်တော့မှ တစ်ဘက်တည်းမှာ ကြာကြာ မနေတတ်သူ ဖြစ်တာကြောင့် ဒီအချက်ကလည်း ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ အကြောင်းပြချက်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်ပဲ MCU စတင်တည်ထောင်ခဲ့တဲ့ အချိန်ကနေ အခုထိ Loki ဆိုရင် ပရိသတ်အားလုံးနီးပါးက ကြိုက်နှစ်သက်ကြတာ ဖြစ်ပါတယ်။ မကြာခင်မှာ ထွက်ရှိလာမယ့် Loki ဇာတ်လမ်းတွဲကတော့ သူ့ရဲ့တစ်ကိုယ်တော် ဇာတ်လမ်းဖြစ်ပြီး ပရိသတ်တွေ ချစ်ကြတဲ့ Loki ကို တီဗွီဖန်သားပြင်ပေါ်မှာ ပြန်လည်မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

photo via screenrant

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ Vanity Fair သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ Michael Waldron ဟာ ဒီဇာတ်လမ်းတွဲထဲမှာ ပါဝင်လာနိုင်တဲ့ အချိန်ခရီးသွားခြင်း သီအိုရီတွေကို ပြောပြခဲ့တဲ့အပြင် မတူညီတဲ့ Loki ဗားရှင်းအမျိူးမျိူးကိုလည်း တွေ့ရနိုင်သေးတယ်လို့ အရိပ်အမြွက် ပြောပြသွားပါတယ်။ Loki ဟာ တခြား timeline တစ်ခုကို သွားရင်းနဲ့ သူ့ရဲ့ တခြားဗားရှင်းကို မြင်တွေ့နိုင်တဲ့အကြောင်းကိုတော့ Back to the Future ရုပ်ရှင်ကို ဉပမာထားပြီး Michael က ပြောပြသွားပါတယ်။ ဒါကြောင့်ပဲ ဒီဇာတ်လမ်းတွဲထဲမှာတော့ Loki ရဲ့ ဗားရှင်းအမျိူးမျိူးကို မြင်တွေ့ရနိုင်တယ် ဆိုတာဟာ အတော်လေး သေချာတယ်လို့ ပြောလို့ရပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာ Loki ရဲ့ တခြားဗားရှင်းတွေကို မြင်တွေ့ရနိုင်တဲ့အကြောင်းကိုတော့ Michael ရဲ့ ပြောစကားတစ်ခုတည်း မဟုတ်ဘဲ ထွေလာထဲမှာလည်း အရိပ်အမြွက် ပြသထားပါတယ်။ အဲဒါကတော့ ထွေလာထဲမှာ Loki ကို အများကြီးထဲက တစ်ယောက်လို့ ခေါ်ဝေါ်သွားတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ အဓိကပါဝင်လာမယ့် Loki ကတော့ ၂၀၁၂ ခုနှစ်က Avengers တွေလက်ထဲက လွတ်မြောက်သွားတဲ့ Loki ပဲ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ အဲ့ဒီ Loki ဟာ Thor ကို Thanos လက်က ကယ်တင်ဖို့အတွက် ကိုယ့်ကိုယ်ကို အနစ်နာခံခဲ့တာလိုမျိူး သူရဲကောင်းဆန်တဲ့ လုပ်ရပ်တွေကို မလုပ်ရသေးပါဘူး။ ဒီအချက်ကြောင့်ပဲ တခြား timeline က Loki ဟာ အဓိကဇာတ်ကောင် Loki ကို သူရဲကောင်းဆန်တဲ့ လုပ်ရပ်တွေ လုပ်ဖို့ တွန်းအားပေးတာကိုလည်း မြင်ရနိုင်ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ကောင်က Loki ဖြစ်နေတာကြောင့် ပရိသတ်တွေအတွက် အံ့ဩစရာတွေများစွာကို ယူဆောင်လာပေးမယ် ဆိုတာကတော့ အသေအချာပါပဲ။

Legos

Source: Screenrant

(Zawgyi Version)

Loki ဇာတ္လမ္းတြဲကို ဖန္တီးေနသူျဖစ္တဲ့ Michael Waldron ဟာ ဒီဇာတ္လမ္းတြဲထဲမွာ အခ်ိန္ခရီးသြားျခင္းနဲ႔ ပတ္သက္တဲ့ လွည့္ကြက္ေတြအျပင္ Loki ရဲ႕ တျခားဗားရွင္းေတြကိုပါ ျမင္ေတြ႕ရႏိုင္ေသးတယ္လို႔ အရိပ္အႁမြက္ ေျပာျပလိုက္ပါတယ္။

ဒီဇာတ္လမ္းတြဲကေတာ့ WandaVision နဲ႔ The Falcon and the Winter Soldier တို႔ေနာက္မွာ ထြက္ရွိလာမယ့္ Disney+ ရဲ႕ တတိယေျမာက္ ဇာတ္လမ္းတြဲတစ္ခု ျဖစ္ပါတယ္။ ဒါ႐ိုက္တာအျဖစ္ Kate Herron က ႐ိုက္ကူးသြားမွာ ျဖစ္ၿပီး Tom Hiddleston ၊ Owen Wilson ၊ Gugu Mbatha-Raw နဲ႔ Wunmi Mosaku တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

photo via screenrant

ပရိသတ္ေတြဟာ Loki ကိုေတာ့ ဗီလိန္စစ္စစ္ႀကီး အျဖစ္လည္း ျမင္ခဲ့ဖူးသလို anti-hero နဲ႔ တကယ့္ဟီး႐ိုးပုံစံေတြနဲ႔လည္း ျမင္ေတြ႕ခဲ့ရပါတယ္။ Loki ဟာ ဘယ္ေတာ့မွ တစ္ဘက္တည္းမွာ ၾကာၾကာ မေနတတ္သူ ျဖစ္တာေၾကာင့္ ဒီအခ်က္ကလည္း ပရိသတ္ေတြကို ဆြဲေဆာင္ႏိုင္တဲ့ အေၾကာင္းျပခ်က္တစ္ခု ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ MCU စတင္တည္ေထာင္ခဲ့တဲ့ အခ်ိန္ကေန အခုထိ Loki ဆိုရင္ ပရိသတ္အားလုံးနီးပါးက ႀကိဳက္ႏွစ္သက္ၾကတာ ျဖစ္ပါတယ္။ မၾကာခင္မွာ ထြက္ရွိလာမယ့္ Loki ဇာတ္လမ္းတြဲကေတာ့ သူ႔ရဲ႕တစ္ကိုယ္ေတာ္ ဇာတ္လမ္းျဖစ္ၿပီး ပရိသတ္ေတြ ခ်စ္ၾကတဲ့ Loki ကို တီဗြီဖန္သားျပင္ေပၚမွာ ျပန္လည္ျမင္ေတြ႕ရဦးမွာ ျဖစ္ပါတယ္။

photo via screenrant

မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ Vanity Fair သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာေတာ့ Michael Waldron ဟာ ဒီဇာတ္လမ္းတြဲထဲမွာ ပါဝင္လာႏိုင္တဲ့ အခ်ိန္ခရီးသြားျခင္း သီအိုရီေတြကို ေျပာျပခဲ့တဲ့အျပင္ မတူညီတဲ့ Loki ဗားရွင္းအမ်ိဴးမ်ိဴးကိုလည္း ေတြ႕ရႏိုင္ေသးတယ္လို႔ အရိပ္အႁမြက္ ေျပာျပသြားပါတယ္။ Loki ဟာ တျခား timeline တစ္ခုကို သြားရင္းနဲ႔ သူ႔ရဲ႕ တျခားဗားရွင္းကို ျမင္ေတြ႕ႏိုင္တဲ့အေၾကာင္းကိုေတာ့ Back to the Future ႐ုပ္ရွင္ကို ဉပမာထားၿပီး Michael က ေျပာျပသြားပါတယ္။ ဒါေၾကာင့္ပဲ ဒီဇာတ္လမ္းတြဲထဲမွာေတာ့ Loki ရဲ႕ ဗားရွင္းအမ်ိဴးမ်ိဴးကို ျမင္ေတြ႕ရႏိုင္တယ္ ဆိုတာဟာ အေတာ္ေလး ေသခ်ာတယ္လို႔ ေျပာလို႔ရပါတယ္။

photo via screenrant

ဒီဇာတ္လမ္းတြဲထဲမွာ Loki ရဲ႕ တျခားဗားရွင္းေတြကို ျမင္ေတြ႕ရႏိုင္တဲ့အေၾကာင္းကိုေတာ့ Michael ရဲ႕ ေျပာစကားတစ္ခုတည္း မဟုတ္ဘဲ ေထြလာထဲမွာလည္း အရိပ္အႁမြက္ ျပသထားပါတယ္။ အဲဒါကေတာ့ ေထြလာထဲမွာ Loki ကို အမ်ားႀကီးထဲက တစ္ေယာက္လို႔ ေခၚေဝၚသြားတာပဲ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲမွာ အဓိကပါဝင္လာမယ့္ Loki ကေတာ့ ၂၀၁၂ ခုႏွစ္က Avengers ေတြလက္ထဲက လြတ္ေျမာက္သြားတဲ့ Loki ပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ပဲ အဲ့ဒီ Loki ဟာ Thor ကို Thanos လက္က ကယ္တင္ဖို႔အတြက္ ကိုယ့္ကိုယ္ကို အနစ္နာခံခဲ့တာလိုမ်ိဴး သူရဲေကာင္းဆန္တဲ့ လုပ္ရပ္ေတြကို မလုပ္ရေသးပါဘူး။ ဒီအခ်က္ေၾကာင့္ပဲ တျခား timeline က Loki ဟာ အဓိကဇာတ္ေကာင္ Loki ကို သူရဲေကာင္းဆန္တဲ့ လုပ္ရပ္ေတြ လုပ္ဖို႔ တြန္းအားေပးတာကိုလည္း ျမင္ရႏိုင္ပါေသးတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီဇာတ္လမ္းတြဲရဲ႕ အဓိကဇာတ္ေကာင္က Loki ျဖစ္ေနတာေၾကာင့္ ပရိသတ္ေတြအတြက္ အံ့ဩစရာေတြမ်ားစြာကို ယူေဆာင္လာေပးမယ္ ဆိုတာကေတာ့ အေသအခ်ာပါပဲ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular