HomeCharacterIncredible Hulk ရုပ်ရှင်အပြီးမှာ Abomination ဟာ ဘာတွေဆက်ဖြစ်ခဲ့သလဲ?

Incredible Hulk ရုပ်ရှင်အပြီးမှာ Abomination ဟာ ဘာတွေဆက်ဖြစ်ခဲ့သလဲ?

Emil Blonsky တဖြစ်လည်း Abomination ကတော့ Phase 1 ထဲက Incredible Hulk ရုပ်ရှင်ထဲမှာ ဗီလိန်အနေနဲ့ စတင်ပါဝင်လာခဲ့ပြီး ဆယ်နှစ်ကျော်လောက် ပျောက်သွားပါတယ်။ အဲဒီနောက်မှာတော့ Phase 4 ထဲက Shang-Chi and the Legend of Ten Rings ထဲမှာ Cameo အနေနဲ့ ပြန်လည်ပါဝင်လာခဲ့သလို လောလောဆယ်မှာ ထွက်ရှိနေတဲ့ She-Hulk ဇာတ်လမ်းတွဲထဲမှာလည်း ပြန်လည်ပါဝင်လာပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Abomination ဟာ Incredible Hulk ရုပ်ရှင်အပြီးမှာ ဘာတွေဖြစ်ခဲ့လည်းဆိုတာကို ဖော်ပြပေးချင်ပါတယ်။

photo via screenrant

Abomination ဟာ Incredible Hulk ရုပ်ရှင်ထဲမှာ Hulk နဲ့ တိုက်ခိုက်အပြီးမှာတော့ လူတိုင်းဟာ Abomination ကို အန္တရာယ်တစ်ခုလို့ မြင်သွားခဲ့ကြပါတယ်။ အစတုန်းကတော့ အမေရိကန်စစ်တပ်ဟာ Abomination ကို ထိန်းချုပ်ထားပြီး Agents of Shield Season 1 ထဲမှာတော့ သူဟာ Shield ရဲ့ ပြဿနာလည်း ဖြစ်တယ်လို့ ပြောသွားပါတယ်။ ဒါကြောင့်ပဲ Shield အဖွဲ့အစည်းဟာ သူ့ကို လျှို့ဝှက်စခန်းတစ်ခုမှာ ဖမ်းဆီးထားခဲ့ပါတယ်။

Emil Blonsky ဟာ ဖမ်းဆီးခံထားရတဲ့ အချိန်မှာတော့ သူ့ရဲ့စွမ်းအားတွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ She-Hulk ဇာတ်လမ်းတွဲ အပိုင်း(၂)ထဲမှာတော့ သူ့ရဲ့လူသားပုံစံကို မြင်တွေ့ခဲ့ရပြီး သူ့ရဲ့အစွမ်းတွေကို ပိုမိုထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အတည်ပြုသွားပါတယ်။ ဒါ့အပြင် Emil Blonsky ဟာ Hulk နဲ့ Bruce Banner လိုမျိူး စိတ်နှစ်မျိူး ကွဲမနေပါဘူး။ She-Hulk ဟာလည်း Emil နဲ့အလားတူပဲ ဖြစ်ပြီး She-Hulk ဟာ သူမရဲ့စွမ်းအားတွေကို လျင်လျင်မြန်မြန်ပဲ ထိန်းချုပ်နိုင်တာကို မြင်တွေ့ခဲ့ရတာကြောင့် Emil ဟာလည်း အလားတူပဲ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါလိမ့်မယ်။

photo via screenrant

Emil နဲ့ ပတ်သက်ပြီး အံ့ဩဖို့ကောင်းတဲ့ အချက်ကတော့ သူဟာ Avengers အဖွဲ့ဝင်တစ်ယောက်ဖြစ်ဖို့ နီးစပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအချက်ကတော့ Marvel One-Shot ဖြစ်တဲ့ The Consultant ထဲမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ Nick Fury ဟာ Avengers အဖွဲ့ကို ဖွဲ့စည်းဖို့ ကြိုးစားနေတဲ့အချိန်မှာ Abomination ဟာ ဒီအဖွဲ့နဲ့ အံဝင်ခွင်ကျပဲလို့ World Security Council က ထင်မှတ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ World Security Council ဟာ Emil ကို ဖမ်းဆီးရာက လွှတ်ပေးဖို့အထိ တောင်းဆိုခဲ့ပြီး Hulk နဲ့ တိုက်ပွဲဟာ ကိုယ့်ကိုယ်ကို ကာကွယ်တာပါလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း Shield ကတော့ ဒီတောင်းဆိုချက်ကို ငြင်းဆိုခဲ့ပြီး Hulk ကို Avengers အဖွဲ့ထဲ ရောက်လာအောင် ဆက်လက်ကြိုးစားခဲ့ပါတယ်။

photo via screenrant

အဲဒီနောက်မှာတော့ Emil ဟာ Shield အဖွဲ့ရဲ့ ထိန်းချုပ်မှုကနေ Damage Control ဌာနရဲ့ ထိန်းချုပ်မှုအောက်ကို ပြောင်းရွှေ့သွားရပါတယ်။ ဘယ်အချိန်အတိအကျမှာ ရွှေ့ပြောင်းသွားလည်း ဆိုတာကိုတော့ သေချာမသိရပါဘူး။ ဒီအဖွဲ့အစည်းကတော့ The Avengers ရုပ်ရှင်အပြီး ၂၀၁၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး Shield အဖွဲ့ကတော့ Captain America: The Winter Soldier အပြီး ၂၀၁၄ ခုနှစ်မှာ ပျက်စီးသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ Shield အဖွဲ့ ပျက်စီးသွားချိန်လောက်မှာ Emil ဟာ Damage Control ကို ရောက်သွားတာ ဖြစ်နိုင်ပါတယ်။ အဲဒီနောက်မှာတော့ Damage Control အဖွဲ့ဟာ တဖြည်းဖြည်းနဲ့ ကြီးထွားလာပြီး Shield ရဲ့နေရာကို ဝင်ယူသွားပါတယ်။

She-Hulk အပိုင်း(၂)ထဲမှာတော့ Emil ဟာ သူအရင်လိုမဟုတ်တော့ဘဲ ပြောင်းလဲနေပါပြီလို့ ပြောခဲ့သလို Hulk အပါအဝင် သူ့ကြောင့် ထိခိုက်ခဲ့ရသူတွေကို စာပို့ထားတယ်လို့လည်း ပြောသွားပါတယ်။ Jennifer နဲ့ Hulk တို့ ဖုန်းပြောနေကြတဲ့အချိန်မှာလည်း Hulk ဟာ Emil ပို့ထားတဲ့စာကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရရှိခဲ့ပါတယ်လို့ ပြောခဲ့သလို ရန်ညှိုးရန်စတွေလည်း မရှိတော့ပါဘူးလို့ ဆိုပါတယ်။

photo via screenrant

Shang-Chi ရုပ်ရှင်ထဲမှာတော့ Emil ရဲ့ Abomination ပုံစံဟာ ကောမစ်ထဲကနဲ့ ပိုမိုဆင်တူလာပြီး တရားမဝင် မြေအောက်တိုက်ခိုက်ပွဲတစ်ခုမှာ သူဟာ Wong နဲ့ တိုက်ခိုက်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ Wong ကိုယ်တိုင်ကပဲ Emil ကို သူ့ရဲ့အချုပ်ခန်းထဲ ပြန်ပို့ပေးခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ဘာကြောင့် ဒီတရားမဝင်တိုက်ပွဲမှာ တိုက်ခိုက်နေကြတာလည်း ဆိုတာကိုတော့ မသိရသေးပါဘူး။ လောလောဆယ်မှာတော့ Emil ဟာ သူ့ရဲ့ လွတ်မြောက်ရေးအတွက် အယူခံဝင်တဲ့အချိန်မှာ Jennifer Walters က ရှေ့နေလိုက်ပေးသွားမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular