HomeEntertainmentMusicနိုင်ငံပေါင်း(၄၀)မှာ နံပါတ်(၁)ချိတ်သွားတဲ့ Britney Spears နဲ့ Elton John တို့ရဲ့သီချင်းသစ်

နိုင်ငံပေါင်း(၄၀)မှာ နံပါတ်(၁)ချိတ်သွားတဲ့ Britney Spears နဲ့ Elton John တို့ရဲ့သီချင်းသစ်

Pop Princess လို့ တင်စားခေါ်ဝေါ်ကြတဲ့ Britney Spears ကတော့ ဂန္ထဝင်အဆိုတော်ကြီး Elton John နဲ့ တွဲဖက်ပြီး သီချင်းသစ်တစ်ပုဒ် ထွက်ရှိလာပါတယ်။ “Hold Me Closer”လို့ အမည်ရတဲ့ ဒီသီချင်းကတော့ ပြီးခဲ့တဲ့ သောကြာနေ့က ထွက်ရှိခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ အင်္ဂလန်အပါအဝင် နိုင်ငံပေါင်း(၄၀)ရဲ့ music chart တွေမှာ ထိပ်ဆုံး နံပါတ်(၁)နေရာကို ရောက်ရှိနေပါတယ်။

ဒါဟာ Britney အတွက်ကတော့ conservatorship ကနေ လွတ်မြောက်လာပြီးနောက် ပထမဆုံး ထွက်ရှိလာတဲ့ သီချင်းလည်း ဖြစ်သလို ခြောက်နှစ်အတွင်း ပထမဆုံး ဂီတလောကကို ပြန်လည် ဝင်ရောက်လာတဲ့ သီချင်းလည်း ဖြစ်ပါတယ်။ Hold Me Closer လို့ အမည်ပေးထားတဲ့ ဒီသီချင်းကတော့ ၁၉၇၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Sir Elton John ရဲ့ နာမည်ကျော်သီချင်း Tiny Dancer နဲ့ ၁၉၉၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကျော်သီချင်း The One တို့ကို mash up လုပ်ပြီး remix အဖြစ် ပြန်လည် ဖန်တီးထားတာ ဖြစ်ပါတယ်။

Photo:

“Sir Elton John က သူ့ရဲ့တကယ့် အထင်ကရသီချင်းမှာ ပါဝင်သီဆိုဖို့ ဖိတ်ခေါ်တဲ့အတွက် သိပ်ကိုဝမ်းသာရပါတယ်။ ပရိသတ်တွေရဲ့ တုံ့ပြန်မှုကိုလည်း သိပ်ပြီးစိတ်လှုပ်ရှားရသလို ကျွန်မကို အခုလို အတူတူ အလုပ်လုပ်ဖို့ ခေါ်ပေးတဲ့ Sir Elton John ကိုလည်း ကျေးဇူးတင်ပါတယ်…” လို့ ယခုလိုအောင်မြင်မှုနဲ့ ပတ်သက်ပြီး Britney က သူမရဲ့အင်စတာဂရမ်မှာ အလွန်ဝမ်းမြောက် ပျော်ရွှင်ရတဲ့အကြောင်း ဗွီဒီယိုတစ်ခုနဲ့ တုံ့ပြန်ထားပါတယ်။

အလားတူပဲ Sir Elton John ကလည်း Britney နဲ့ တွဲဖက်ပြီး အလုပ်လုပ်ရတာ အလွန်စိတ်လှုပ်ရှားဖို့ကောင်းတယ်လို့ ပြောထားပါသေးတယ်။ “Britney Spears နဲ့ အတူတူ အလုပ်တွဲလုပ်ခွင့် ရတဲ့အတွက် အရမ်းစိတ်လှုပ်ရှားမိပါတယ်။ သူက တကယ့် အထင်ကရ ပုဂ္ဂိုလ်တစ်ယောက်ပါပဲ။ အကောင်းဆုံး ပေါ့ပ်အဆိုတော်တွေထဲက တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူ့ကို သိပ်ပြီးတော့လည်း ရင်းနှီးချစ်ခင်ရပါတယ်။ ပြီးတော့ ကျွန်တော်တို့ အတူတူ ဖန်တီးထားတာလေးအတွက်လည်း အရမ်းပျော်မြူးမိပါတယ် ….” လို့ Sir Elton John က ဆိုပါတယ်။

လက်ရှိမှာတော့ Britney ရဲ့ ပရိသတ်တွေဟာ သူမရဲ့ ဂီတလောကဆီ တကျော့ပြန် ဝင်ရောက်လာမှုအတွက် ပျော်ရွှင်မြူးတူးနေကြပြီး ဆိုရှယ်မီဒီယာတွေမှာဆိုရင် Welcome Back Britney ဆိုတဲ့ hashtag နဲ့တောင် trending ဝင်နေတယ်လို့ သိရပါတယ်။

Vancouver

Source: billboard/hollywoodlife

RELATED ARTICLES

Most Popular