HomeEntertainmentFilmZootopia ထဲက မြေခွေးလေး Nick နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာများ 

Zootopia ထဲက မြေခွေးလေး Nick နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Zootopia ဇာတ်ကားဟာ ၂၀၁၆ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး IMDb (8.0) တောင် ရရှိထားတဲ့အပြင် Box Office မှာ ဒေါ်လာ တစ်ဘီလျံတောင် ရရှိထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဒီကားထဲက အဓိကဇာတ်ကောင်တွေကတော့ ယုန်မလေး Judy နဲ့ မြေခွေးလေး Nick တို့ဖြစ်ကြပြီး ဒီတစ်ခါမှာတော့ ဒီဇာတ်ကားလေးကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် မြေခွေးလေး Nick နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Nick ဟာ Big Hero 6 ထဲမှာ ပထမဆုံး ပါဝင်ခဲ့ပါတယ်။
photo via screenrant

Disney က ထုတ်လုပ်တဲ့ ရုပ်ရှင်တွေတော်တော်များများဟာ easter egg လို့ခေါ်တဲ့ မြှုပ်ကွက်တွေကို ထည့်သွင်းထားလေ့ရှိပါတယ်။ Disney ဟာ Zootopia ကို ထုတ်လုပ်ဖို့ စီစဉ်နေတဲ့အချိန်မှာပဲ အဲ့ဒီအကြောင်း အရိပ်အမြွက်ကို Big Hero 6 ထဲမှာ ထည့်သွင်းခဲ့ပါတယ်။ Honey Lemon ဟာ အဖွဲ့လိုက်ဆယ်လ်ဖီ ဓာတ်ပုံရိုက်ဖို့ ဖုန်းကို ထုတ်လိုက်တဲ့အခန်းမှာ သူမရဲ့ဖုန်းကာဗာဟာ Zootopia ထဲက Nick နဲ့ ဆင်တူနေတာကို တွေ့ရပါတယ်။ ဒါဟာ Disney ကရည်ရွယ်ချက်ရှိရှိနဲ့ ထည့်သွင်းခဲ့တဲ့ easter egg တစ်ခု ဖြစ်ပါတယ်။

သူ့ရဲ့မူလဇာတ်လမ်းဟာ သနားစရာပါ။
photo via screenrant

ဒီဇာတ်လမ်းဟာ အားလုံးသိကြတဲ့အတိုင်း တိရစာ္ဆန်တွေဟာ လူတွေလို နေထိုင်ကြတဲ့ နေထိုင်မှုပုံစံကို ပုံဖော်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီအခါမှာ ခြင်္သေ့နဲ့ကျားတို့လို အသားစားတဲ့ တိရိစာ္ဆန်တွေနဲ့ ပုံမှန်တိရစာ္ဆန်တွေ ယှဉ်တွဲပြီးနေထိုင်ဖို့အတွက် အခက်အခဲဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ ပထမဇာတ်ညွှန်းထဲမှာ အသားစားတိရိစာ္ဆန်တွေ သောင်းကျန်းလို့မရအောင် ဓာတ်လိုက်စေတဲ့ လည်ပတ်တွေကို အတင်းဝတ်ဆင်ခိုင်းထားပါတယ်။

Nick ဟာလည်း မြေခွေးဖြစ်တာကြောင့် အဲ့ဒီလည်ပတ်ကို ဝတ်ထားရပါတယ်။ အဲ့ဒီခံစားချက်ဟာ အသားစားသတ္တဝါတွေအားလုံးအတွက် ထောင်ကျနေသလိုမျိုး ခံစားနေရပြီး လွတ်လပ်မှုမရှိဘူး ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့်ပဲ Nick ရဲ့ အကြီးမားဆုံး ရည်မှန်းချက်ဟာ Wild Times လို့ခေါ်တဲ့ ပန်းခြံတစ်ခုကို ဖန်တီးပြီးတော့ အဲ့ဒီပန်းခြံထဲမှာဆိုရင် အသားစားသတ္တဝါတွေအားလုံးဟာ သူတို့ရဲ့လည်ပတ်တွေကို ချွတ်ထားလို့ရပြီး လွတ်လွတ်လပ်လပ်နေနိုင်မယ့် နေရာကို ဖန်တီးချင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Disney ဟာ နောက်ပိုင်းမှာ အဲ့ဒီဇာတ်ညွှန်းကို ပြန်ပြင်လိုက်တာကြောင့် အခုလိုမျိုး ပြောင်းလဲသွားခဲ့ပေမယ့်လည်း ဇာတ်လမ်းထဲမှာတော့ Wild Times ဆိုတဲ့ နေရာကို ထည့်သွင်းထားပါသေးတယ်။

မူလဇာတ်ညွှန်းထဲမှာ နှိပ်စက်တဲ့အခန်းတွေလည်း ပါဝင်ခဲ့ပါတယ်။
photo via screenrant

မပြောင်းလဲခင် ပထမဇာတ်ညွှန်းအတိုင်းဆိုရင် ဒီဇာတ်လမ်းထဲမှာ နှိပ်စက်တဲ့အခန်းတွေလည်း ပါဝင်ခဲ့ပါတယ်။ သူတို့ရဲ့လည်ပတ်တွေဟာ ဝတ်ထားတဲ့သူရဲ့ စိတ်ခံစားချက်တစ်ခုခု နည်းနည်းလေး မြင့်တက်လာရင်တောင်မှ ဝတ်ထားတဲ့သူကို မသေရုံတမယ် ဓာတ်လိုက်စေပါတယ်။ ဒါ့အပြင် ဇာတ်ညွှန်းအရ Nick ဟာလည်း ပြင်းပြင်းထန်ထန်ကို ဓာတ်လိုက်ခံခဲ့ရမှာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ဒီဇာတ်ညွှန်းဟာ အရမ်း dark ဖြစ်လွန်းတယ်ဆိုပြီးတော့ ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

စတင်ဖန်တီးတုန်းက Nick နဲ့ Judy တို့ဟာ အထူးအေးဂျင့်တွေ ဖြစ်ကြပါတယ်။
photo via screenrant

ဒီဇာတ်လမ်းကို စတင်ဖန်တီးတုန်းကဆိုရင် Nick နဲ့ Judy တို့ဟာ အထူးအေးဂျင့်တွေ ဖြစ်ကြပြီးတော့ သူတို့နှစ်ယောက်ဟာ ကျွန်းတစ်ခုပေါ်မှာ လျှို့ဝှက်မစ်ရှင်တစ်ခုကို လုပ်ဆောင်ဖို့အတွက် ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီကျွန်းဟာ နောက်ပိုင်းမှာတော့ Zootopia မြို့တော် ဖြစ်လာပြီးတော့ အဲ့ဒီမြို့မှာပဲ သတ္တဝါတွေ ပျောက်ဆုံးနေခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ အဲ့ဒီအမှုကို ဖြေရှင်းတဲ့ပုံစံကို ပြသဖို့ ရည်ရွယ်ထားခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ အကြောင်းအမျိူးမျိူးကြောင့် ဇာတ်ညွှန်းတွေ ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။

Ralph Breaks The Internet ထဲမှာလည်း cameo အနေနဲ့ ပါဝင်ခဲ့ပါတယ်။
photo via screenrant

Ralph Breaks The Internet ဟာ Disney က ထုတ်လုပ်ခဲ့ဖူးတဲ့ ဇာတ်ကားတွေထဲမှာ easter egg အများဆုံးပါဝင်တဲ့ ဇာတ်လမ်းလို့တောင် ပြောလို့ရပါတယ်။ အဲ့ဒီ easter egg တွေထဲမှာ Star War ထဲက Stormtroopers ၊ Disney Princess တွေအပြင် Stan Lee တောင် ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် Zootopia ဇာတ်ကားထဲက ရင်းနှီးနေတဲ့ ဇာတ်ကောင်တွေလည်း ပါဝင်ခဲ့ပါသေးတယ်။ Nick ကတော့ cameo အနေနဲ့ တစ်ခန်းပါဝင်ခဲ့ပြီး Judy ကလည်း လူအုပ်ကြီးထဲမှာ ပါဝင်ခဲ့ပါသေးတယ်။

ဒါကတော့ ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြရတဲ့ Zootopia ဇာတ်ကားထဲက ဇာတ်ကောင်မြေခွေးလေး Nick နဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာအချက်လေးတွေ ဖြစ်ပါတယ်။ ဖတ်ရတာ နှစ်သက်တယ်ဆိုရင် မိတ်ဆွေတွေလည်း ဖတ်နိုင်အောင် ရှဲပေးသွားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Zootopia ဇာတ္ကားဟာ ၂၀၁၆ခုႏွစ္က ထြက္ရွိခဲ့တာျဖစ္ၿပီး IMDb (8.0) ေတာင္ ရရွိထားတဲ့အျပင္ Box Office မွာ ေဒၚလာ တစ္ဘီလ်ံေတာင္ ရရွိထားတဲ့ ဇာတ္ကား ျဖစ္ပါတယ္။ ဒီကားထဲက အဓိကဇာတ္ေကာင္ေတြကေတာ့ ယုန္မေလး Judy နဲ႔ ေျမေခြးေလး Nick တို႔ျဖစ္ၾကၿပီး ဒီတစ္ခါမွာေတာ့ ဒီဇာတ္ကားေလးကို ႀကိဳက္ႏွစ္သက္ၾကတဲ့ ပရိသတ္ေတြအတြက္ ေျမေခြးေလး Nick နဲ႔ ပတ္သက္ၿပီး စိတ္ဝင္စားစရာေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Nick ဟာ Big Hero 6 ထဲမွာ ပထမဆုံး ပါဝင္ခဲ့ပါတယ္။
photo via screenrant

Disney က ထုတ္လုပ္တဲ့ ႐ုပ္ရွင္ေတြေတာ္ေတာ္မ်ားမ်ားဟာ easter egg လို႔ေခၚတဲ့ ျမႇဳပ္ကြက္ေတြကို ထည့္သြင္းထားေလ့ရွိပါတယ္။ Disney ဟာ Zootopia ကို ထုတ္လုပ္ဖို႔ စီစဥ္ေနတဲ့အခ်ိန္မွာပဲ အဲ့ဒီအေၾကာင္း အရိပ္အႁမြက္ကို Big Hero 6 ထဲမွာ ထည့္သြင္းခဲ့ပါတယ္။ Honey Lemon ဟာ အဖြဲ႕လိုက္ဆယ္လ္ဖီ ဓာတ္ပုံ႐ိုက္ဖို႔ ဖုန္းကို ထုတ္လိုက္တဲ့အခန္းမွာ သူမရဲ႕ဖုန္းကာဗာဟာ Zootopia ထဲက Nick နဲ႔ ဆင္တူေနတာကို ေတြ႕ရပါတယ္။ ဒါဟာ Disney ကရည္႐ြယ္ခ်က္ရွိရွိနဲ႔ ထည့္သြင္းခဲ့တဲ့ easter egg တစ္ခု ျဖစ္ပါတယ္။

သူ႔ရဲ႕မူလဇာတ္လမ္းဟာ သနားစရာပါ။
photo via screenrant

ဒီဇာတ္လမ္းဟာ အားလုံးသိၾကတဲ့အတိုင္း တိရစာၦန္ေတြဟာ လူေတြလို ေနထိုင္ၾကတဲ့ ေနထိုင္မႈပုံစံကို ပုံေဖာ္ဖန္တီးထားတာ ျဖစ္ပါတယ္။ ဒီအခါမွာ ျခေသၤ့နဲ႔က်ားတို႔လို အသားစားတဲ့ တိရိစာၦန္ေတြနဲ႔ ပုံမွန္တိရစာၦန္ေတြ ယွဥ္တြဲၿပီးေနထိုင္ဖို႔အတြက္ အခက္အခဲျဖစ္လာခဲ့ပါတယ္။ ဒါေၾကာင့္ပဲ ပထမဇာတ္ၫႊန္းထဲမွာ အသားစားတိရိစာၦန္ေတြ ေသာင္းက်န္းလို႔မရေအာင္ ဓာတ္လိုက္ေစတဲ့ လည္ပတ္ေတြကို အတင္းဝတ္ဆင္ခိုင္းထားပါတယ္။

Nick ဟာလည္း ေျမေခြးျဖစ္တာေၾကာင့္ အဲ့ဒီလည္ပတ္ကို ဝတ္ထားရပါတယ္။ အဲ့ဒီခံစားခ်က္ဟာ အသားစားသတၱဝါေတြအားလုံးအတြက္ ေထာင္က်ေနသလိုမ်ိဳး ခံစားေနရၿပီး လြတ္လပ္မႈမရွိဘူး ျဖစ္ေနခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Nick ရဲ႕ အႀကီးမားဆုံး ရည္မွန္းခ်က္ဟာ Wild Times လို႔ေခၚတဲ့ ပန္းၿခံတစ္ခုကို ဖန္တီးၿပီးေတာ့ အဲ့ဒီပန္းၿခံထဲမွာဆိုရင္ အသားစားသတၱဝါေတြအားလုံးဟာ သူတို႔ရဲ႕လည္ပတ္ေတြကို ခြၽတ္ထားလို႔ရၿပီး လြတ္လြတ္လပ္လပ္ေနႏိုင္မယ့္ ေနရာကို ဖန္တီးခ်င္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Disney ဟာ ေနာက္ပိုင္းမွာ အဲ့ဒီဇာတ္ၫႊန္းကို ျပန္ျပင္လိုက္တာေၾကာင့္ အခုလိုမ်ိဳး ေျပာင္းလဲသြားခဲ့ေပမယ့္လည္း ဇာတ္လမ္းထဲမွာေတာ့ Wild Times ဆိုတဲ့ ေနရာကို ထည့္သြင္းထားပါေသးတယ္။

မူလဇာတ္ၫႊန္းထဲမွာ ႏွိပ္စက္တဲ့အခန္းေတြလည္း ပါဝင္ခဲ့ပါတယ္။
photo via screenrant

မေျပာင္းလဲခင္ ပထမဇာတ္ၫႊန္းအတိုင္းဆိုရင္ ဒီဇာတ္လမ္းထဲမွာ ႏွိပ္စက္တဲ့အခန္းေတြလည္း ပါဝင္ခဲ့ပါတယ္။ သူတို႔ရဲ႕လည္ပတ္ေတြဟာ ဝတ္ထားတဲ့သူရဲ႕ စိတ္ခံစားခ်က္တစ္ခုခု နည္းနည္းေလး ျမင့္တက္လာရင္ေတာင္မွ ဝတ္ထားတဲ့သူကို မေသ႐ုံတမယ္ ဓာတ္လိုက္ေစပါတယ္။ ဒါ့အျပင္ ဇာတ္ၫႊန္းအရ Nick ဟာလည္း ျပင္းျပင္းထန္ထန္ကို ဓာတ္လိုက္ခံခဲ့ရမွာ ျဖစ္ပါတယ္။ သို႔ေပမယ့္လည္း ဒီဇာတ္ၫႊန္းဟာ အရမ္း dark ျဖစ္လြန္းတယ္ဆိုၿပီးေတာ့ ေျပာင္းလဲခဲ့တာ ျဖစ္ပါတယ္။

စတင္ဖန္တီးတုန္းက Nick နဲ႔ Judy တို႔ဟာ အထူးေအးဂ်င့္ေတြ ျဖစ္ၾကပါတယ္။
photo via screenrant

ဒီဇာတ္လမ္းကို စတင္ဖန္တီးတုန္းကဆိုရင္ Nick နဲ႔ Judy တို႔ဟာ အထူးေအးဂ်င့္ေတြ ျဖစ္ၾကၿပီးေတာ့ သူတို႔ႏွစ္ေယာက္ဟာ ကြၽန္းတစ္ခုေပၚမွာ လွ်ိဳ႕ဝွက္မစ္ရွင္တစ္ခုကို လုပ္ေဆာင္ဖို႔အတြက္ ေရာက္လာခဲ့ၾကတာ ျဖစ္ပါတယ္။ အဲ့ဒီကြၽန္းဟာ ေနာက္ပိုင္းမွာေတာ့ Zootopia ၿမိဳ႕ေတာ္ ျဖစ္လာၿပီးေတာ့ အဲ့ဒီၿမိဳ႕မွာပဲ သတၱဝါေတြ ေပ်ာက္ဆုံးေနခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ အဲ့ဒီအမႈကို ေျဖရွင္းတဲ့ပုံစံကို ျပသဖို႔ ရည္႐ြယ္ထားခဲ့တာပါ။ ဒါေပမယ့္ ေနာက္ပိုင္းမွာ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ ဇာတ္ၫႊန္းေတြ ေျပာင္းလဲသြားခဲ့တာ ျဖစ္ပါတယ္။

Ralph Breaks The Internet ထဲမွာလည္း cameo အေနနဲ႔ ပါဝင္ခဲ့ပါတယ္။
photo via screenrant

Ralph Breaks The Internet ဟာ Disney က ထုတ္လုပ္ခဲ့ဖူးတဲ့ ဇာတ္ကားေတြထဲမွာ easter egg အမ်ားဆုံးပါဝင္တဲ့ ဇာတ္လမ္းလို႔ေတာင္ ေျပာလို႔ရပါတယ္။ အဲ့ဒီ easter egg ေတြထဲမွာ Star War ထဲက Stormtroopers ၊ Disney Princess ေတြအျပင္ Stan Lee ေတာင္ ပါဝင္ခဲ့ပါတယ္။ ဒါ့အျပင္ Zootopia ဇာတ္ကားထဲက ရင္းႏွီးေနတဲ့ ဇာတ္ေကာင္ေတြလည္း ပါဝင္ခဲ့ပါေသးတယ္။ Nick ကေတာ့ cameo အေနနဲ႔ တစ္ခန္းပါဝင္ခဲ့ၿပီး Judy ကလည္း လူအုပ္ႀကီးထဲမွာ ပါဝင္ခဲ့ပါေသးတယ္။

ဒါကေတာ့ ပရိသတ္ေတြ အႀကိဳက္ေတြ႕ခဲ့ၾကရတဲ့ Zootopia ဇာတ္ကားထဲက ဇာတ္ေကာင္ေျမေခြးေလး Nick နဲ႔ ပတ္သက္လို႔ စိတ္ဝင္စားစရာအခ်က္ေလးေတြ ျဖစ္ပါတယ္။ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ မိတ္ေဆြေတြလည္း ဖတ္ႏိုင္ေအာင္ ရွဲေပးသြားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular