HomeEntertainmentFilmသုံးရက်တည်းနဲ့ Shazam 2 ရဲ့ရုံတင်ဝင်ငွေကို ကျော်တက်သွားတဲ့ Spider-Man: Across the Spider-Verse

သုံးရက်တည်းနဲ့ Shazam 2 ရဲ့ရုံတင်ဝင်ငွေကို ကျော်တက်သွားတဲ့ Spider-Man: Across the Spider-Verse

Spider-Man: Across the Spider-Verse ကတော့ ဇွန်လ (၂)ရက်နေ့မှာ စတင်ပြီး ရုံတင်နေတာ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ဒီရုပ်ရှင်ဟာ ရုပ်ရှင်ဝေဖန်ရေးတွေနဲ့ ပရိသတ်တွေရဲ့ ကောင်းမွန်တဲ့ ချီးကျူးမှုတွေကို ရရှိထားပြီး Box Office မှာလည်း အတော်လေး အခြေအနေကောင်းနေပါတယ်။ ဒီရုပ်ရှင်ဟာ ယခုမှရုံတင်တာ တစ်ပတ်တောင် မပြည့်သေးပေမယ့်လည်း မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Shazam 2 ရဲ့ ဝင်ငွေကို ကျော်တက်သွားပါပြီ။

photo credit Sony Pictures

Shazam! Fury of the Gods ကတော့ အမေရိကန်နိုင်ငံအတွင်းမှာ ဒေါ်လာ(၅၇.၆)သန်းသာ ဝင်ငွေရရှိခဲ့ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဆိုရင်တော့ ဒေါ်လာ(၁၃၃.၄)သန်းသာ ရရှိခဲ့ပါတယ်။ Spider-Man: Across the Spider-Verse ကတော့ ရုံတင်တာ သုံးရက်သာ ရှိသေးပေမယ့် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဒေါ်လာ(၂၀၈.၆)သန်း ရရှိနေပြီလို့ Box Office Mojo က ဖော်ပြထားပါတယ်။

Spider-Man Franchise ကတော့ Live Action မှာရော Animation မှာပါ Box Office အောင်မြင်မှုတွေများစွာ ရရှိနေတဲ့ Franchise တစ်ခု ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Spider-Man: Into the Spider-Verse ကတော့ ဒေါ်လာ(၃၈၄.၃)သန်း ရရှိခဲ့ပြီး Sequel ကတော့ တစ်ပတ်မပြည့်ခင်မှာတင် ဒေါ်လာသန်း(၂၀၀)ကျော် ရရှိထားပါတယ်။ ဒါကြောင့်ပဲ ဒီ Sequel ဟာ ပထမဇာတ်လမ်းရဲ့ Box Office ကိုလည်း မကြာခင်မှာ ကျော်တက်သွားဦးမယ်လို့ မျှော်လင့်ရပါတယ်။

photo credit Sony Pictures

Across the Spider-Verse ကတော့ Cliffhanger နဲ့ အဆုံးသတ်ထားပြီး Spider-Man: Beyond the Spider-Verse အတွက် Setup ပြုလုပ်သွားပါတယ်။ Beyond the Spider-Verse ကတော့ ၂၀၂၄ ခုနှစ်မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Across the Spider-Verse ဟာ Box Office မှာ အခြေအနေကောင်းနေပြီး နောက်ဆုံးမှာတော့ ဒေါ်လာသန်း(၆၀၀)နဲ့ သန်း(၈၀၀)ကြားလောက် ရရှိသွားမယ်လို့ ခန့်မှန်းထားကြပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular